ေလ့လာမႈအရ အိပ္ရာေစာေစာ၀င္တဲ့ ကေလးေတြဟာ ကေလးဘ၀ အ၀လြန္ျခင္း ျဖစ္ႏိုင္ေခ်နည္းပါး

0
42

ကၽြန္ေတ္ာတို႔ ကေလးေတြအတြက္ အိပ္ရာေစာေစာ၀င္ခ်ိန္ကို ဘာ့ေၾကာင့္ သတ္မွတ္သင့္လဲဆိုတဲ့ အေၾကာင္းရင္း မ်ားစြာရွိပါတယ္။ မ်ားေသာအားျဖင့္ အိပ္ရာေစာေစာအိပ္တဲ့ ကေလးေတြသည္ ေကာင္းစြာအနားရၿပီး စိတ္ၾကည္ၾကည္သာသာနဲ႔ႏိုးပါတယ္။ ဒါက သူတို႔ ငယ္ရြယ္စဥ္ကတည္းက ေလ့က်င့္ေပးရမယ့္ အေလ့အက်င့္ေကာင္းျဖစ္ပါတယ္။ ကေလးေတြဟာ ညဘက္ေစာေစာအိပ္တဲ့အခါ မနက္ခင္းမွာ စိတ္တိုမႈနည္းယံုသာမဟုတ္ဘဲ သူတို႔ကို အ၀လြန္ျခင္းမွလည္း ကာကြယ္ေပးတယ္လို႔ သိပၸံပညာက ေျပာပါတယ္။

ကေလးငယ္ေတြ အသက္သံုးႏွစ္အရြယ္ေရာက္တဲ့အထိ ဘာေၾကာင့္အေမနဲ႔အတူတူအိပ္သင့္တာလဲ

ကေလးႏွင့္ပတ္သတ္တဲ့ ေဆးပညာဂ်ာနယ္တစ္ခုမွာ ေလ့လာမႈတစ္ခုအရ စေန၊တနဂၤေႏြအပၾကားရက္ေတြမွာ အိပ္ရာေစာေစာ၀င္တဲ့ မူႀကိဳအသက္အရြယ္ ကေလးေတြဟာ ဆယ္ေက်ာ္သက္ေတြလို အ၀လြန္မႈ အႏၱရာယ္ေလ်ာ့နည္းတယ္လို႔ သက္ေသအေထာက္အထားမ်ားျဖင့္ ထုတ္ေ၀ထားပါတယ္။ ဒါ့ေၾကာင့္ ကေလးဘ၀ အ၀လြန္မႈ မျဖစ္ေစဖို႔ ကၽြန္ေတာ္တို႔ဟာ သူတို႔ငယ္ရြယ္စဥ္ကတည္းက တတ္ႏိုင္သမွ် အိပ္ရာထဲေစာေစာ ၀င္တဲ့အေလ့အက်င့္ လုပ္ေပးသင့္ပါတယ္။

အဆိုပါေလ့လာမႈကို ဦးေဆာင္ေရးသားသူ Sarah Anderson က အိပ္ခ်ိန္လံုေလာက္တဲ့ ကေလးေတြဟာ အမႈအက်င့္မ်ားႏွင့္ မွတ္ဥာဏ္ ဖြံ႔ၿဖိဳးတိုးတတ္မႈစတဲ့ အက်ိဳးေက်းဇူးမ်ား ရရွိေၾကာင္း CNNကို ေျပာၾကားခဲ့ပါတယ္။ ပံုမွန္အိပ္ရာ၀င္ခ်ိန္ သတ္မွတ္ျခင္းသည္ ညအခ်ိန္ ႏိုးျခင္းႏွင့္ အိပ္ေပ်ာ္ဖို႔ခက္ခဲျခင္း ကဲ့သို႔ အိပ္စက္မႈ ျပႆနာမ်ားမရွိျခင္းႏွင့္လည္း ဆက္စပ္လ်က္ရွိတယ္လို႔ အန္ဒါဆင္ကဆိုပါတယ္။
ဒါ့ေၾကာင့္ The American Academy of Sleep Medicine က သင့္ကေလးေတြ ညတိုင္းရရွိသင့္တဲ့ အိပ္စက္မႈပမာဏႏွင့္ပတ္သတ္ၿပီး ယခုလိုအႀကံျပဳထားပါတယ္။

၄ – ၁၂လအထိ – အိပ္ခ်ိန္ ၁၂ – ၁၆နာရီ
၁ – ၂ႏွစ္အထိ – အိပ္ခ်ိန္ ၁၁ – ၁၄နာရီ
၃ – ၅ႏွစ္အထိ -အိပ္ခ်ိန္ ၁၀ – ၁၃နာရီ
၆ – ၁၂ႏွစ္အထိ – အိပ္ခ်ိန္ ၉ – ၁၂နာရီ
၁၃ – ၁၈ႏွစ္အထိ – အိပ္ခ်ိန္ ၈ -၁၀နာရီ

စေန၊ တနဂၤေႏြမွအပ ၾကားရက္ေတြမွာ ကေလးေတြကို တတ္ႏိုင္သမွ် ေစာေစာ အိပ္ေစျခငး္က ကေလးေတြအိပ္ခ်ိန္လံုေလာက္ဖို႔အတြက္ တစ္ခုတည္းေသာ နည္းလမ္း ျဖစ္ပါတယ္။ နံနက္ပိုင္းႏိုးတဲ့အခါ စိတ္ၾကည္ၾကည္လင္လင္ႏွင့္ သင္ခန္းစာမ်ားကို က်က္မွတ္ႏိုင္မွာျဖစ္ၿပီး ေရရွည္ေကာငး္က်ိဳး ခံစားရမွာ ျဖစ္ပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Source-Babble

Unicode

လေ့လာမှုအရ အိပ်ရာစောစောဝင်တဲ့ ကလေးတွေဟာ ကလေးဘဝ အဝလွန်ခြင်း ဖြစ်နိုင်ချေနည်းပါး
ကျွန်တေ်ာတို့ ကလေးတွေအတွက် အိပ်ရာစောစောဝင်ချိန်ကို ဘာ့ကြောင့် သတ်မှတ်သင့်လဲဆိုတဲ့ အကြောင်းရင်း များစွာရှိပါတယ်။ များသောအားဖြင့် အိပ်ရာစောစောအိပ်တဲ့ ကလေးတွေသည် ကောင်းစွာအနားရပြီး စိတ်ကြည်ကြည်သာသာနဲ့နိုးပါတယ်။ ဒါက သူတို့ ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပေးရမယ့် အလေ့အကျင့်ကောင်းဖြစ်ပါတယ်။ ကလေးတွေဟာ ညဘက်စောစောအိပ်တဲ့အခါ မနက်ခင်းမှာ စိတ်တိုမှုနည်းယုံသာမဟုတ်ဘဲ သူတို့ကို အဝလွန်ခြင်းမှလည်း ကာကွယ်ပေးတယ်လို့ သိပ္ပံပညာက ပြောပါတယ်။

ကလေးနှင့်ပတ်သတ်တဲ့ ဆေးပညာဂျာနယ်တစ်ခုမှာ လေ့လာမှုတစ်ခုအရ စနေ၊တနင်္ဂနွေအပကြားရက်တွေမှာ အိပ်ရာစောစောဝင်တဲ့ မူကြိုအသက်အရွယ် ကလေးတွေဟာ ဆယ်ကျော်သက်တွေလို အဝလွန်မှု အန္တရာယ်လျော့နည်းတယ်လို့ သက်သေအထောက်အထားများဖြင့် ထုတ်ဝေထားပါတယ်။ ဒါ့ကြောင့် ကလေးဘဝ အဝလွန်မှု မဖြစ်စေဖို့ ကျွန်တော်တို့ဟာ သူတို့ငယ်ရွယ်စဉ်ကတည်းက တတ်နိုင်သမျှ အိပ်ရာထဲစောစော ၀င်တဲ့အလေ့အကျင့် လုပ်ပေးသင့်ပါတယ်။

အဆိုပါလေ့လာမှုကို ဦးဆောင်ရေးသားသူ Sarah Anderson က အိပ်ချိန်လုံလောက်တဲ့ ကလေးတွေဟာ အမှုအကျင့်များနှင့် မှတ်ဉာဏ် ဖွံ့ဖြိုးတိုးတတ်မှုစတဲ့ အကျိုးကျေးဇူးများ ရရှိကြောင်း CNNကို ပြောကြားခဲ့ပါတယ်။ ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်ခြင်းသည် ညအချိန် နိုးခြင်းနှင့် အိပ်ပျော်ဖို့ခက်ခဲခြင်း ကဲ့သို့ အိပ်စက်မှု ပြဿနာများမရှိခြင်းနှင့်လည်း ဆက်စပ်လျက်ရှိတယ်လို့ အန်ဒါဆင်ကဆိုပါတယ်။
ဒါ့ကြောင့် The American Academy of Sleep Medicine က သင့်ကလေးတွေ ညတိုင်းရရှိသင့်တဲ့ အိပ်စက်မှုပမာဏနှင့်ပတ်သတ်ပြီး ယခုလိုအကြံပြုထားပါတယ်။

၄ – ၁၂လအထိ – အိပ်ချိန် ၁၂ – ၁၆နာရီ
၁ – ၂နှစ်အထိ – အိပ်ချိန် ၁၁ – ၁၄နာရီ
၃ – ၅နှစ်အထိ -အိပ်ချိန် ၁၀ – ၁၃နာရီ
၆ – ၁၂နှစ်အထိ – အိပ်ချိန် ၉ – ၁၂နာရီ
၁၃ – ၁၈နှစ်အထိ – အိပ်ချိန် ၈ -၁၀နာရီ

စနေ၊ တနင်္ဂနွေမှအပ ကြားရက်တွေမှာ ကလေးတွေကို တတ်နိုင်သမျှ စောစော အိပ်စေခြငး်က ကလေးတွေအိပ်ချိန်လုံလောက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ နံနက်ပိုင်းနိုးတဲ့အခါ စိတ်ကြည်ကြည်လင်လင်နှင့် သင်ခန်းစာများကို ကျက်မှတ်နိုင်မှာဖြစ်ပြီး ရေရှည်ကောငး်ကျိုး ခံစားရမှာ ဖြစ်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-Babble

LEAVE A REPLY

Please enter your comment!
Please enter your name here