29 C
Yangon
May 23, 2018
  • Home
  • Uncategorized
  • ေလ့က်င့္ခန္းမလုပ္ခ်င္တဲ့ ငပ်င္းေလးေတြအတြက္ အျမန္ဆုံးဝိတ္က်ေစမဲ့နည္းလမ္းေကာင္းအခ်ိဳ႕
Health & Beauty Uncategorized

ေလ့က်င့္ခန္းမလုပ္ခ်င္တဲ့ ငပ်င္းေလးေတြအတြက္ အျမန္ဆုံးဝိတ္က်ေစမဲ့နည္းလမ္းေကာင္းအခ်ိဳ႕

ငပ်င္းေလးေတြအတြက္ အျမန္ဆုံးဝိတ္က်ေစမဲ့နည္းလမ္းေကာင္းအခ်ိဳ႕

၁။ ေရေသာက္ရန္ မေမ့ေလ်ာ့ပါနဲ႔။

ေရကသင့္အတြက္ မရွိမျဖစ္အေရးႀကီးတဲ့ အရာတစ္ခုပါပဲ။ ေရကိုအခ်ိန္မွန္စြာ ေသာက္သုံးေပးပါက သင့္ရဲ႕ ဇီဝျဖစ္စဥ္ေတြအတြက္ ရလဒ္ေကာင္းေတြရရွိႏိုင္ပါတယ္။ ဘယ္လိုအခ်ိန္မွာေရကို ေသာက္သုံးသင့္သလဲဆိုေတာ့ အစာမစားမွီ မိနစ္ ၃၀ အလိုမွာ
ေရကို ၁ခြက္ သို႔မဟုတ္ ၂ခြက္ ေသာက္သုံးေပးတာ အေကာင္းဆုံးပဲျဖစ္ပါတယ္။ အစာမစားခင္ေရကို ေသာက္သုံးျခင္းအားျဖင့္ အစာအိမ္ထဲမွာ ေရက တစ္စိတ္တစ္ပိုင္းေနရာယူသြားတဲ့အတြက္ သင့္အစားကို ေလ်ာ့စားဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။

၂။ အစားအေသာက္အေပၚ အာ႐ုံစိုက္ေပးပါ။

အစားအေသာက္အတြက္ တကူတကႀကီး အဆီအစိမ့္မ်ားမဲ့ဟင္းေကာင္းေတြ ခ်က္စားတာထက္ ႐ိုး႐ိုးေလးပဲ သင့္က်န္းမာေရးအတြက္ကိုက္ညီမႈရွိတဲ့ အသီးအႏွံ အစားအေသာက္ကိုသာ ျပဳလုပ္ၿပီး စားေသာက္ေပးပါ။ ဒါက သင့္အတြက္ အခ်ိန္အမ်ားႀကီး ကုန္ဆုံးမႈမရွိသလို အစားအေသာက္စားတဲ့အခါမွာလည္း အာ႐ုံစူးစိုက္မႈရွိပါ။ တီဗီၾကည့္ရင္ထမင္းစားျခင္း၊ ဖုန္းသုံးရင္ ထမင္းစားျခင္း၊ တစ္စုံတစ္ခုကိုေတြးေတားၿပီး အစာအစားျခင္း၊ အလွ်င္အျမန္ အစာအစားျခင္း မ်ိဳးကို ေရွာင္ၾကဥ္ပါ။ အစားအေသာက္ေပၚအာ႐ုံစိုက္ၿပီးစားတဲ့အခါမွာ သင့္ခႏၶာကိုယ္အတြက္ လိုအပ္တာထပ္ ပိုမိုစားသုံးျခင္းမျဖစ္ေတာ့ပါဘူး။

၃။ အတိုင္းအတာျဖင့္ စားသုံးပါ။


တန္ရင္ေဆးလြန္ရင္ေဘးဆိုတဲ့ စကားအတိုင္း အစားအေသာက္စားတဲ့အခါမွာလည္း စားေကာင္းတိုင္း အရမ္းမစားသုံးသင့္ပါဘူး။ သင့္အတြက္ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ အနည္းဆုံးေတာ့ ကိုယ္အေလးကို တိုးေစပါတယ္။ ဒါ့ေၾကာင့္အစားအေသာက္စားတဲ့အခါသင့္အတြက္ လုံေလာက္မေလာက္ကို မွန္းၿပီး အစားအေသာက္ကို စားေသာက္ပါ။ ျဖစ္ႏိုင္လွ်င္ ပန္းကန္ အရြယ္အစားေသးေသးႏွင့္ တူကို အသုံးျပဳၿပီး စားသုံးသင့္ပါတယ္။ ပန္းကန္ေသးေသးထဲ ထည့္စားတဲ့အတြက္ သင့္ကိုယ္အေလးခ်ိန္မတက္ေအာင္ ကန္႔သတ္ထားႏိုင္ၿပီး တူျဖင့္စားသုံးျခင္းဟာ ပုံမွန္ထက္ ေႏွးေႏွးေကြးေကြးျဖင့္တာေၾကာင့္ အစားအစာကို နည္းနည္းနဲ႔ ေသခ်ာညက္ေအာင္ဝါးႏိုင္ပါတယ္။ အစာအစားကို ညက္ေအာင္ ဝါးျခင္းဟာ အစာေခ်ရလြယ္ကူသလို ပုံမွန္အမ်ားႀကီးစားတာထက္ ပိုၿပီးထိေရာက္မႈရွိေစပါတယ္။

၄။ အိပ္ခ်ိန္ပိုေပးပါ။


မ်ားေသာအားျဖင့္ အိပ္လွ်င္ပိုဝတယ္လိုထင္ၾကပါတယ္။ တကယ္ေတာ့ အိပ္တာဟာ ကိုယ္အေလးကိုမတက္ေစပါဘူး။ အအိပ္မက္တဲ့သူဟာ ေတာ္႐ုံတန္႐ုံလည္း အစားအေသာက္ကို မစားျဖစ္ၾကပါဘူး။ ပုံမွန္ထက္ အစားအေသာက္ပိုနည္းလာၿပီး ခႏၶာကိုယ္ဇီဝျဖစ္စဥ္နဲ႔ ေဟာ္မုန္းပမာဏကို အက်ိဳးသက္ေရာက္မႈရွိေစပါတယ္။ အစားအေသာက္ပို သင့္ခႏၶာကိုယ္အတြက္ လိုအပ္သေလာက္ပဲ စားသုံးသင့္ၿပီး အိပ္ခ်ိန္ကို မ်ားမ်ားေပးျခင္းက ကိုယ္အေလးခ်ိန္ကို ျမန္ျမန္က်ဆင္းေစပါတယ္။

၅။ ေအးျမတဲ့ေနရာမ်ိဳး၊ အခ်ိန္မ်ိဳးမွာ အိပ္ေပးပါ။


သင့္အိပ္တဲ့အခါ အပူထိန္းကရိယာ ဒါမွမဟုတ္ ေလဝင္ေလထြက္ရွိတဲ့ တံခါးေပါက္မ်ိဳးကို ဖြင့္ၿပီး အိပ္စက္သင့္ပါတယ္။ အမ်ိဳးသားက်န္းမာေရးတကၠသိုလ္ရဲ႕ သုေတသနအရ အိပ္တဲ့အခါ အပူခ်ိန္ကို ၁၉ ဒီဂရီစင္တီဂရိတ္ေလာက္ပဲ ထားၿပီး အိပ္စက္ျခင္းက သင့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစၿပီး ကယ္လိုရီကိုလည္းက်ဆင္းေစပါတယ္။

၆။ အဆီက်ေစမဲ့ အစားအစာမ်ိဳးကိုစားသုံးပါ။


အေလးခ်ိန္ေလ်ာ့က်ဖို႔ဆိုတာ အစားအေသာက္က အမ်ားႀကီး အေရးႀကီးပါတယ္။ ကိုယ္အေလးခ်ိန္ကိုက်ဆင္းေစတဲ့အစားအစာ ေတြကေတာ့ ေဆာ္လမြန္ငါး၊ ၾကက္ဥ၊ အခြံမာသီး၊ သံလြင္ဆီ၊ င႐ုတ္၊ အစိမ္းေရာင္လက္ဖက္ရည္ စတဲ့ အစားအစာေတြပဲျဖစပါတယ္။အဆုိပါ အစားအစာေတြဟာ သင့္ရဲ႕ ဇီဝျဖစ္စဥ္ကို ျမွင့္တင္ရန္ ကူညီေပးၿပီး ထိထိေရာက္ေရာက္နဲ႔ အဆီေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

၇။ ရယ္ေမာေပးျခင္း


အဓိကကေတာ့ ရယ္ေမာျခင္းေၾကာင့္ ဝမ္းဗိုက္ၾကြက္သားေတြ ေကာင္းေကာင္းအလုပ္လုပ္ေစပါတယ္။ ေလ့က်င့္ခန္းတကူးတကလုပ္စရာမလိုတာေၾကာင့္ အႀကိဳက္ဆုံး ဟာသကားေတြၾကည့္ၿပီး ထိုင္ရယ္လိုက္ပါ။ ဘယ္ရီ႐ိုက္သလို သင့္ခႏၶာကိုယ္အတြက္ အက်ိဳးရွိၿပီး စိတ္ကိုလည္းလြတ္လပ္ေပါ့ပါးေစပါတယ္။

၈။ အပူျဖင့္ ဖိေပးျခင္း

သင္ တီဗီြၾကည့္ေနရင္းျဖစ္ျဖစ္၊ စာအုပ္ဖတ္ေနရင္းျဖစ္ျဖစ္ သက္ေသာက္သက္သာလုပ္ႏိုင္မဲ့ နည္းလမ္းေလးပဲျဖစ္ပါတယ္။ အပူရွိန္ေၾကာင့္ ေခၽြးထြက္တဲ့အခါ ခႏၶာကိုယ္ရဲ႕ မလိုအပ္တဲ့ အရည္ေတြဖယ္ရွားလိုက္သလိုပါပဲ။ ဒါ့ကို သင့္ဝမ္းဗိုက္ပူတဲ့အခါမွာ အပူနဲ႔ ဖိေပးျခင္းကသင့္အတြက္ မ်ားစြာအက်ိဳးျပဳပါတယ္။ အပူနဲ႔ ဖိေပးတယ္ဆိုတာ သင့္ရဲ႕ ဝမ္းဗိုက္ကို ဆားအိတ္သို႔မဟုတ္ ဂ်င္းတစ္ခုခု ကပ္ၿပီး ဆံပင္ေလမႈတ္စက္ Dryer ျဖင့္မႈတ္ေပးပါ။ အပူရွိန္ေၾကာင့္ ေခၽြးမ်ားမ်ားထြက္တဲ့အခါ ဝမ္းဗိုက္မွ မလိုအပ္တဲ့ အရာေတြကို ေခၽြးအျဖင့္ ျပန္ထြက္လာပါလိမ့္မယ္။

သၾကားကို ဘာေၾကာင့္ေလွ်ာ့စားသင့္လဲဆိုတဲ့ အေၾကာင္းရင္း (၇) ခ်က္

#Lifestyle_Myanmar

#Thar_Nage


Unicode

လေ့ကျင့်ခန်းမလုပ်ချင်တဲ့ ငပျင်းလေးတွေအတွက် အမြန်ဆုံးဝိတ်ကျစေမဲ့နည်းလမ်းကောင်းအချို့
၁။ ရေသောက်ရန် မမေ့လျော့ပါနဲ့။
ရေကသင့်အတွက် မရှိမဖြစ်အရေးကြီးတဲ့ အရာတစ်ခုပါပဲ။ ရေကိုအချိန်မှန်စွာ သောက်သုံးပေးပါက သင့်ရဲ့ ဇီဝဖြစ်စဉ်တွေအတွက် ရလဒ်ကောင်းတွေရရှိနိုင်ပါတယ်။ ဘယ်လိုအချိန်မှာရေကို သောက်သုံးသင့်သလဲဆိုတော့ အစာမစားမှီ မိနစ် ၃၀ အလိုမှာ
ရေကို ၁ခွက် သို့မဟုတ် ၂ခွက် သောက်သုံးပေးတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ အစာမစားခင်ရေကို သောက်သုံးခြင်းအားဖြင့် အစာအိမ်ထဲမှာ ရေက တစ်စိတ်တစ်ပိုင်းနေရာယူသွားတဲ့အတွက် သင့်အစားကို လျော့စားဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

၂။ အစားအသောက်အပေါ် အာရုံစိုက်ပေးပါ။
အစားအသောက်အတွက် တကူတကကြီး အဆီအစိမ့်များမဲ့ဟင်းကောင်းတွေ ချက်စားတာထက် ရိုးရိုးလေးပဲ သင့်ကျန်းမာရေးအတွက်ကိုက်ညီမှုရှိတဲ့ အသီးအနှံ အစားအသောက်ကိုသာ ပြုလုပ်ပြီး စားသောက်ပေးပါ။ ဒါက သင့်အတွက် အချိန်အများကြီး ကုန်ဆုံးမှုမရှိသလို အစားအသောက်စားတဲ့အခါမှာလည်း အာရုံစူးစိုက်မှုရှိပါ။ တီဗီကြည့်ရင်ထမင်းစားခြင်း၊ ဖုန်းသုံးရင် ထမင်းစားခြင်း၊ တစ်စုံတစ်ခုကိုတွေးတေားပြီး အစာအစားခြင်း၊ အလျှင်အမြန် အစာအစားခြင်း မျိုးကို ရှောင်ကြဉ်ပါ။ အစားအသောက်ပေါ်အာရုံစိုက်ပြီးစားတဲ့အခါမှာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တာထပ် ပိုမိုစားသုံးခြင်းမဖြစ်တော့ပါဘူး။

၃။ အတိုင်းအတာဖြင့် စားသုံးပါ။
တန်ရင်ဆေးလွန်ရင်ဘေးဆိုတဲ့ စကားအတိုင်း အစားအသောက်စားတဲ့အခါမှာလည်း စားကောင်းတိုင်း အရမ်းမစားသုံးသင့်ပါဘူး။ သင့်အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အနည်းဆုံးတော့ ကိုယ်အလေးကို တိုးစေပါတယ်။ ဒါ့ကြောင့်အစားအသောက်စားတဲ့အခါသင့်အတွက် လုံလောက်မလောက်ကို မှန်းပြီး အစားအသောက်ကို စားသောက်ပါ။ ဖြစ်နိုင်လျှင် ပန်းကန် အရွယ်အစားသေးသေးနှင့် တူကို အသုံးပြုပြီး စားသုံးသင့်ပါတယ်။ ပန်းကန်သေးသေးထဲ ထည့်စားတဲ့အတွက် သင့်ကိုယ်အလေးချိန်မတက်အောင် ကန့်သတ်ထားနိုင်ပြီး တူဖြင့်စားသုံးခြင်းဟာ ပုံမှန်ထက် နှေးနှေးကွေးကွေးဖြင့်တာကြောင့် အစားအစာကို နည်းနည်းနဲ့ သေချာညက်အောင်ဝါးနိုင်ပါတယ်။ အစာအစားကို ညက်အောင် ဝါးခြင်းဟာ အစာချေရလွယ်ကူသလို ပုံမှန်အများကြီးစားတာထက် ပိုပြီးထိရောက်မှုရှိစေပါတယ်။

၄။ အိပ်ချိန်ပိုပေးပါ။
များသောအားဖြင့် အိပ်လျှင်ပိုဝတယ်လိုထင်ကြပါတယ်။ တကယ်တော့ အိပ်တာဟာ ကိုယ်အလေးကိုမတက်စေပါဘူး။ အအိပ်မက်တဲ့သူဟာ တော်ရုံတန်ရုံလည်း အစားအသောက်ကို မစားဖြစ်ကြပါဘူး။ ပုံမှန်ထက် အစားအသောက်ပိုနည်းလာပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နဲ့ ဟော်မုန်းပမာဏကို အကျိုးသက်ရောက်မှုရှိစေပါတယ်။ အစားအသောက်ပို သင့်ခန္ဓာကိုယ်အတွက် လိုအပ်သလောက်ပဲ စားသုံးသင့်ပြီး အိပ်ချိန်ကို များများပေးခြင်းက ကိုယ်အလေးချိန်ကို မြန်မြန်ကျဆင်းစေပါတယ်။

၅။ အေးမြတဲ့နေရာမျိုး၊ အချိန်မျိုးမှာ အိပ်ပေးပါ။
သင့်အိပ်တဲ့အခါ အပူထိန်းကရိယာ ဒါမှမဟုတ် လေဝင်လေထွက်ရှိတဲ့ တံခါးပေါက်မျိုးကို ဖွင့်ပြီး အိပ်စက်သင့်ပါတယ်။ အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့ သုတေသနအရ အိပ်တဲ့အခါ အပူချိန်ကို ၁၉ ဒီဂရီစင်တီဂရိတ်လောက်ပဲ ထားပြီး အိပ်စက်ခြင်းက သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး ကယ်လိုရီကိုလည်းကျဆင်းစေပါတယ်။

၆။ အဆီကျစေမဲ့ အစားအစာမျိုးကိုစားသုံးပါ။
အလေးချိန်လျော့ကျဖို့ဆိုတာ အစားအသောက်က အများကြီး အရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကိုကျဆင်းစေတဲ့အစားအစာ တွေကတော့ ဆော်လမွန်ငါး၊ ကြက်ဥ၊ အခွံမာသီး၊ သံလွင်ဆီ၊ ငရုတ်၊ အစိမ်းရောင်လက်ဖက်ရည် စတဲ့ အစားအစာတွေပဲဖြစပါတယ်။အဆိုပါ အစားအစာတွေဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ရန် ကူညီပေးပြီး ထိထိရောက်ရောက်နဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၇။ ရယ်မောပေးခြင်း
အဓိကကတော့ ရယ်မောခြင်းကြောင့် ဝမ်းဗိုက်ကြွက်သားတွေ ကောင်းကောင်းအလုပ်လုပ်စေပါတယ်။ လေ့ကျင့်ခန်းတကူးတကလုပ်စရာမလိုတာကြောင့် အကြိုက်ဆုံး ဟာသကားတွေကြည့်ပြီး ထိုင်ရယ်လိုက်ပါ။ ဘယ်ရီရိုက်သလို သင့်ခန္ဓာကိုယ်အတွက် အကျိုးရှိပြီး စိတ်ကိုလည်းလွတ်လပ်ပေါ့ပါးစေပါတယ်။

၈။ အပူဖြင့် ဖိပေးခြင်း
သင် တီဗွီကြည့်နေရင်းဖြစ်ဖြစ်၊ စာအုပ်ဖတ်နေရင်းဖြစ်ဖြစ် သက်သောက်သက်သာလုပ်နိုင်မဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ အပူရှိန်ကြောင့် ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့ အရည်တွေဖယ်ရှားလိုက်သလိုပါပဲ။ ဒါ့ကို သင့်ဝမ်းဗိုက်ပူတဲ့အခါမှာ အပူနဲ့ ဖိပေးခြင်းကသင့်အတွက် များစွာအကျိုးပြုပါတယ်။ အပူနဲ့ ဖိပေးတယ်ဆိုတာ သင့်ရဲ့ ဝမ်းဗိုက်ကို ဆားအိတ်သို့မဟုတ် ဂျင်းတစ်ခုခု ကပ်ပြီး ဆံပင်လေမှုတ်စက် Dryer ဖြင့်မှုတ်ပေးပါ။ အပူရှိန်ကြောင့် ချွေးများများထွက်တဲ့အခါ ဝမ်းဗိုက်မှ မလိုအပ်တဲ့ အရာတွေကို ချွေးအဖြင့် ပြန်ထွက်လာပါလိမ့်မယ်။

Related posts

အေမ့ေလ်ာ့ခံ ထန္းလ်က္ကို ျမန္မာ့႐ိုးရာ ထမင္း၀ိုင္းထဲ ျပန္ေရာက္ေစခ်င္သူတစ္ဦး

OMCTC

10ႏွစ္တာေလ့လာမႈမွာ ဒီေသေစႏိုင္ေသာေရာဂါမ်ားက ဆိုဒါအခ်ိဳရည္ အစားအေသာက္မ်ား ႏွင့္ ဆက္စပ္ေန

Nandar Lwin

အသားအရည္လွပျခင္း၏ လိႈ႕၀ွက္ခ်က္မ်ား

Nandar Lwin

Leave a Comment