Home News ေလယာဥ္ေမာင္းေနရင္း အိပ္ေပ်ာ္သြားလို႔ ဖမ္းဆီးအေရးယူခံခဲ့ရတဲ့ ေလယာဥ္မွဴး

ေလယာဥ္ေမာင္းေနရင္း အိပ္ေပ်ာ္သြားလို႔ ဖမ္းဆီးအေရးယူခံခဲ့ရတဲ့ ေလယာဥ္မွဴး

0
165
ေလယာဥ္မွဴး
ေလယာဥ္မွဴး

သာမန္လုပ္ငန္းေတြမွာ လုပ္တဲ့ ဝန္းထမ္းေတြအတြက္ လုပ္ငန္းအခ်ိန္မွာ အိပ္ငိုက္လို႔ ျပႆနာႀကီးႀကီးမားမားမရွိေပမဲ့ လူေပါင္းမ်ားစြာရဲ႕ အသက္က ကိုယ့္အလုပ္ေပၚမွာ မူတည္ေနရင္ေတာ့ ဒီလိုလုပ္ငန္းတာဝန္အခ်ိန္မွာ အိပ္ငိုက္တာဟာ ႀကီးမားတဲ့ျပစ္မႈ တစ္ခုကို လုပ္ေဆာင္လိုက္တာပါပဲ။ မၾကာေသးမီွက တ႐ုတ္ေလးေၾကာင္းလိုင္းတစ္ခုမွာ ဘိုးအင္း ၇၄၇ ေလယာဥ္ကို ေမာင္းႏွင္းတဲ့ ေလယာဥ္မွဴးဟာ ေလယာဥ္ေမာင္းေနစဥ္အတြင္းမွာ အိပ္ေပ်ာ္သြားခဲ့လို႔ ဖမ္းဆီးအေရးယူခံခဲ့ရပါတယ္။

အဆိုပါ ေလယာဥ္မွဴး အိပ္ေပ်ာ္ေနတဲ့ ဗီဒီယိုဖိုင္ကို YouTube ေပၚမွာ မွ်ေဝခဲ့ၿပီး ထို ဗီဒီယိုထဲမွာဆိုရင္ ေလယာဥ္ပ်ံသန္းေနစဥ္အတြင္း ေလယာဥ္မွဴးဟာ မ်က္လုံးပိတ္၊ ေခါင္းငိုက္စိုက္နဲ႔ လုံးဝ အိပ္ေမာက်ေနတာကို ေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။ ဒီ ဗီဒီယိုဖိုင္ ကို အဆိုပါေလယာဥ္မွဴးနဲ႔ အတူ ပူးတြဲေမာင္းႏွင္ရတဲ့ လက္ေထာက္ေလယာဥ္မွဴးတစ္ေယာက္က ႐ိုက္ကူးထားတာျဖစ္တယ္လို႔ ယူဆပါတယ္။ အဆိုပါေလယာဥ္မွဴးဟာ တ႐ုတ္ေလေၾကာင္းလိုင္းရဲ႕ အဓိကအက်ဆုံး ဘိုးအင္း ၇၄၇ ေလယာဥ္မွဴးျဖစ္ၿပီး အဓိကအားျဖင့္ တိုက်ိဳ၊ အိုကီနာဝါ၊ ဆိုးလ္နဲ႔ ေဟာင္ေကာင္တို႔ကို ပ်ံသန္းေနရတဲ့သူလည္းျဖစ္ပါတယ္။

ေလယာဥ္မွဴးရဲ႕ အမည္ဟာ Mr. Weng Jiaqi လို႔ သိရၿပီး ေလယာဥ္ေမာင္းႏွင္ေနတာ ႏွစ္ ၂၀ အေတြ႕အႀကံဳရွိသူတစ္ဦးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ တ႐ုတ္ေလေၾကာင္းလိုင္းစင္တာမွာ သ႐ုပ္ျပဆရာအျဖစ္လည္း တာဝန္ထမ္းေဆာင္ေနသူျဖစ္ပါတယ္။ ဒီလို အသက္ေပါင္းမ်ားစြာအေပၚမူတည္ေနတဲ့ အလုပ္ကို လုပ္ကိုင္ေနတဲ့အခ်ိန္မွာ စည္းကမ္းမဲ့ အိပ္ေပ်ာ္ေနတာေၾကာင့္ ေလေၾကာင္းလိုင္းလုံၿခံဳေရး လုပ္ငန္းစဥ္ေတြကို လစ္လွ်ဴ႐ွဴမႈအပါအဝင္ ျပင္းထန္တဲ့ အေရးယူမႈေတြ ခံယူရမယ္လို႔ တ႐ုတ္ေလေၾကာင္းလိုင္းက ေျပာၾကားခဲ့ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

လူျမင္ကြင္းမွာ ကေလးႏို႔တိုက္ျခင္း အခြင့္အေရးအတြက္ အုပ္စုလိုက္ဓါတ္ပံု႐ိုက္ခဲ့ၾကတဲ့ မိခင္ေတြ

Unicode

လေယာဉ်မောင်းနေရင်း အိပ်ပျော်သွားလို့ ဖမ်းဆီးအရေးယူခံခဲ့ရတဲ့ လေယာဉ်မှူး
သာမန်လုပ်ငန်းတွေမှာ လုပ်တဲ့ ဝန်းထမ်းတွေအတွက် လုပ်ငန်းအချိန်မှာ အိပ်ငိုက်လို့ ပြဿနာကြီးကြီးမားမားမရှိပေမဲ့ လူပေါင်းများစွာရဲ့ အသက်က ကိုယ့်အလုပ်ပေါ်မှာ မူတည်နေရင်တော့ ဒီလိုလုပ်ငန်းတာဝန်အချိန်မှာ အိပ်ငိုက်တာဟာ ကြီးမားတဲ့ပြစ်မှု တစ်ခုကို လုပ်ဆောင်လိုက်တာပါပဲ။ မကြာသေးမှီက တရုတ်လေးကြောင်းလိုင်းတစ်ခုမှာ ဘိုးအင်း ရ၄၇ လေယာဉ်ကို မောင်းနှင်းတဲ့ လေယာဉ်မှူးဟာ လေယာဉ်မောင်းနေစဉ်အတွင်းမှာ အိပ်ပျော်သွားခဲ့လို့ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။

အဆိုပါ လေယာဉ်မှူး အိပ်ပျော်နေတဲ့ ဗီဒီယိုဖိုင်ကို YouTube ပေါ်မှာ မျှဝေခဲ့ပြီး ထို ဗီဒီယိုထဲမှာဆိုရင် လေယာဉ်ပျံသန်းနေစဉ်အတွင်း လေယာဉ်မှူးဟာ မျက်လုံးပိတ်၊ ခေါင်းငိုက်စိုက်နဲ့ လုံးဝ အိပ်မောကျနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုဖိုင် ကို အဆိုပါလေယာဉ်မှူးနဲ့ အတူ ပူးတွဲမောင်းနှင်ရတဲ့ လက်ထောက်လေယာဉ်မှူးတစ်ယောက်က ရိုက်ကူးထားတာဖြစ်တယ်လို့ ယူဆပါတယ်။ အဆိုပါလေယာဉ်မှူးဟာ တရုတ်လေကြောင်းလိုင်းရဲ့ အဓိကအကျဆုံး ဘိုးအင်း ရ၄၇ လေယာဉ်မှူးဖြစ်ပြီး အဓိကအားဖြင့် တိုကျို၊ အိုကီနာဝါ၊ ဆိုးလ်နဲ့ ဟောင်ကောင်တို့ကို ပျံသန်းနေရတဲ့သူလည်းဖြစ်ပါတယ်။

လေယာဉ်မှူးရဲ့ အမည်ဟာ Mr. Weng Jiaqi လို့ သိရပြီး လေယာဉ်မောင်းနှင်နေတာ နှစ် ၂၀ အတွေ့အကြုံရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်လေကြောင်းလိုင်းစင်တာမှာ သရုပ်ပြဆရာအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဒီလို အသက်ပေါင်းများစွာအပေါ်မူတည်နေတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့အချိန်မှာ စည်းကမ်းမဲ့ အိပ်ပျော်နေတာကြောင့် လေကြောင်းလိုင်းလုံခြံုရေး လုပ်ငန်းစဉ်တွေကို လစ်လျှူရှူမှုအပါအဝင် ပြင်းထန်တဲ့ အရေးယူမှုတွေ ခံယူရမယ်လို့ တရုတ်လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here