ခႏၶာကိုယ္ ခြဲစိတ္ျပဳျပင္ရတာႀကိဳက္တယ္ဆိုတဲ့ အမ်ိဳးသမီးေတြအတြက္ သတိထားစရာ အျဖစ္အပ်က္တစ္ခုပါ။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၂ရက္ေန႔က ထိုင္ဝမ္မွ ဗီယက္နမ္သို႔ ပ်ံသန္းလာတဲ့ေလယာဥ္ေပၚမွာ Mai Tuong Vi အမည္ရွိဗီယက္နမ္အဆိုေတာ္တစ္ဦးဟာေလယာဥ္စီးေနစဥ္အတြင္း သူမရဲ႕ ရင္သားေတြ နာက်င္ျခင္းေဝဒနာကို ခံစားခဲ့ရၿပီး ရင္သားအတြင္းမွထည့္ထားတဲ့ စီလီကြန္ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ရင္သားခြဲစိတ္ျပဳျပင္ေတာ့မယ္ဆိုရင္ အရင္ဦးဆုံး ယုံၾကည္စိတ္ခ်မႈရွိတဲ့ ပေရာ္ဖက္ရွင္နယ္ပုဂၢိဳလ္မ်ားနဲ႔ ေရြးခ်ယ္ျပဳလုပ္တာပိုေကာင္းပါတယ္။
သူမ ေလယာဥ္စီးေနစဥ္အတြင္းမွာ ဘယ္ဘက္ရင္သားဟာ နာက်င္မႈျဖစ္ၿပီး ေပါက္ကြဲတဲ့အသံတစ္ခုထြက္ေပၚလာပါတယ္။ ပထမကေတာ့ဒီလိုျဖစ္တာဟာ ေလယာဥ္အတြင္း ေလဖိအားထိန္းညႇိမႈေၾကာင့္လို႔ ထင္ခဲ့ၿပီး အကိုက္အခဲေပ်ာက္ေဆး ေသာက္လုိက္ပါတယ္။ ဒါေပမဲ့ သူမရဲ႕ နာက်င္မႈဟာ အေျခအေနပိုဆိုးလာတာေၾကာင့္ ဆရာဝန္နဲ႔ သြားေရာက္စစ္ေဆးတဲ့အခါမွာေတာ့ ရင္သားအတြက္ ထည့္ထားတဲ့ ဆီလီကြန္ေပါက္ကြဲတာေၾကာင့္ ျဖစ္တာလို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့ ၇ႏွစ္က သူမရဲ႕ ရင္သားကို ခြဲစိတ္ခဲ့တာျဖစ္ၿပီး ခြဲစိတ္ျပဳျပင္ေပးတဲ့ ဆရာဝန္က အရည္အေသြးမေကာင္းတဲ့ ပစၥည္းကို အသုံးျပဳခဲ့တာေၾကာင့္ အခုလိုျဖစ္ခဲ့တာလို႔ဆိုပါတယ္။ သူမ ခြဲစိတ္ခဲ့တုန္းက အားလုံးေပါင္ အေမရိကန္ေဒၚလာ ၂၀၀၀ ပဲကုန္က်ခဲ့ၿပီးတစ္သက္တာအာမခံတယ္လို႔ ခြဲစိတ္ဆရာဝန္က ဆိုခဲ့ပါတယ္။ အခုလို စီလီကြန္ထည့္တာနဲ႔ပတ္သတ္ၿပီး ေပါက္ကြဲမႈျဖစ္တာေၾကာင့္ ယခင္ကခြဲစိတ္ျပဳျပင္ခဲ့တဲ့ဆရာဝန္ဆီ ဆက္သြယ္ၾကည့္တဲ့အခါ အဆိုပါ ဆရာဝန္က ထိုအလုပ္မွ အနားယူလိုက္ၿပီးျဖစ္ေၾကာင္းနဲ႔သူမျဖစ္တဲ့ ကိစၥနဲ႔ ပတ္သတ္ၿပီး တာဝန္မယူေပးႏိုင္ဘူးလို႔ ဆိုခဲ့ပါတယ္။
ဒါ့ေၾကာင့္ အျခားခြဲစိတ္ဆရာဝန္တစ္ဦးနဲ႔ ဆက္လက္ျပသရန္ ဆုံးျဖတ္ခဲ့ၿပီး သူမရင္သားထဲက စီလီကြန္ကုိ ေအာင္ေအာင္ျမင္ျမင္နဲ႔ ဖယ္ထုတ္ႏိုင္ခဲ့ပါတယ္။ သူမေနျပန္ေကာင္းလာတဲ့အခ်ိန္မွာေတာ့ ဒီအေၾကာင္းေတြကို သူမရဲ႕ အေကာင့္မွာေရသားေဖာ္ျပခဲ့ပါတယ္။ မိမိလိုမျဖစ္ေအာင္ အျခားသူေတြအေနနဲ႔ ကိုယ့္ရဲ႕ ခႏၶာကိုယ္ ခြဲစိတ္ျပဳျပင္မႈေတြ ျပဳလုပ္ေတာ့မယ္ဆိုရင္ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္မႈရွိတဲ့ ပေရာ္ဖက္ရွင္နယ္ ဆရာဝန္မ်ိဳးနဲ႔ ေသေသခ်ာခ်ာေရြးခ်ယ္ျပဳလုပ္ၾကပါလို႔ မီဒီယာေတြကေနတစ္ဆင့္ သတိေပးလိုက္ပါတယ္။
#Lifestyle_Myanmar
Ref – worldofbuzz
#Thar_Nage
ကြယ္လြန္ၿပီး အႏုပညာရွင္ေတြထဲမွာ ဝင္ေငြအျမင့္ဆံုးျဖစ္တဲ့ မိုက္ကယ္ဂ်က္ဆင္
Unicode
လေယာဉ်စီးနေစဉ်အတွင်း ရင်သားထဲက စီလီကွန်ပေါက်ကွဲမှုဖြစ်သွားခဲ့တဲ့ ဗီယက်နမ်အဆိုတော်
ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်ရတာကြိုက်တယ်ဆိုတဲ့ အမျိုးသမီးတွေအတွက် သတိထားစရာ အဖြစ်အပျက်တစ်ခုပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်နေ့က ထိုင်ဝမ်မှ ဗီယက်နမ်သို့ ပျံသန်းလာတဲ့လေယာဉ်ပေါ်မှာ Mai Tuong Vi အမည်ရှိဗီယက်နမ်အဆိုတော်တစ်ဦးဟာလေယာဉ်စီးနေစဉ်အတွင်း သူမရဲ့ ရင်သားတွေ နာကျင်ခြင်းဝေဒနာကို ခံစားခဲ့ရပြီး ရင်သားအတွင်းမှထည့်ထားတဲ့ စီလီကွန်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်ရင်သားခွဲစိတ်ပြုပြင်တော့မယ်ဆိုရင် အရင်ဦးဆုံး ယုံကြည်စိတ်ချမှုရှိတဲ့ ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်များနဲ့ ရွေးချယ်ပြုလုပ်တာပိုကောင်းပါတယ်။
သူမ လေယာဉ်စီးနေစဉ်အတွင်းမှာ ဘယ်ဘက်ရင်သားဟာ နာကျင်မှုဖြစ်ပြီး ပေါက်ကွဲတဲ့အသံတစ်ခုထွက်ပေါ်လာပါတယ်။ ပထမကတော့ဒီလိုဖြစ်တာဟာ လေယာဉ်အတွင်း လေဖိအားထိန်းညှိမှုကြောင့်လို့ ထင်ခဲ့ပြီး အကိုက်အခဲပျောက်ဆေး သောက်လိုက်ပါတယ်။ ဒါပေမဲ့ သူမရဲ့ နာကျင်မှုဟာ အခြေအနေပိုဆိုးလာတာကြောင့် ဆရာဝန်နဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာတော့ ရင်သားအတွက် ထည့်ထားတဲ့ ဆီလီကွန်ပေါက်ကွဲတာကြောင့် ဖြစ်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရနှစ်က သူမရဲ့ ရင်သားကို ခွဲစိတ်ခဲ့တာဖြစ်ပြီး ခွဲစိတ်ပြုပြင်ပေးတဲ့ ဆရာဝန်က အရည်အသွေးမကောင်းတဲ့ ပစ္စည်းကို အသုံးပြုခဲ့တာကြောင့် အခုလိုဖြစ်ခဲ့တာလို့ဆိုပါတယ်။ သူမ ခွဲစိတ်ခဲ့တုန်းက အားလုံးပေါင် အမေရိကန်ဒေါ်လာ ၂၀၀၀ ပဲကုန်ကျခဲ့ပြီးတစ်သက်တာအာမခံတယ်လို့ ခွဲစိတ်ဆရာဝန်က ဆိုခဲ့ပါတယ်။ အခုလို စီလီကွန်ထည့်တာနဲ့ပတ်သတ်ပြီး ပေါက်ကွဲမှုဖြစ်တာကြောင့် ယခင်ကခွဲစိတ်ပြုပြင်ခဲ့တဲ့ဆရာဝန်ဆီ ဆက်သွယ်ကြည့်တဲ့အခါ အဆိုပါ ဆရာဝန်က ထိုအလုပ်မှ အနားယူလိုက်ပြီးဖြစ်ကြောင်းနဲ့သူမဖြစ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်မယူပေးနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။
ဒါ့ကြောင့် အခြားခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ ဆက်လက်ပြသရန် ဆုံးဖြတ်ခဲ့ပြီး သူမရင်သားထဲက စီလီကွန်ကို အောင်အောင်မြင်မြင်နဲ့ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ သူမနေပြန်ကောင်းလာတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သူမရဲ့ အကောင့်မှာရေသားဖော်ပြခဲ့ပါတယ်။ မိမိလိုမဖြစ်အောင် အခြားသူတွေအနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်တော့မယ်ဆိုရင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုရှိတဲ့ ပရော်ဖက်ရှင်နယ် ဆရာဝန်မျိုးနဲ့ သေသေချာချာရွေးချယ်ပြုလုပ်ကြပါလို့ မီဒီယာတွေကနေတစ်ဆင့် သတိပေးလိုက်ပါတယ်။