ေလထီးဖြင့္ဖို႔ ေနာက္က်ခဲ့တဲ့အတြက္ ေသဆုံးသြားတဲ့ အသက္ ၅၀ အရြယ္ ဂ်ာမန္ႏိုင္ငံသား

0
1205
ေလထီးခုန္သူ

အသက္ ၅၀ အရြယ္ရွိတဲ့ ဂ်ာမန္သားတစ္ဦးဟာ ကမ္းေျခရဲ႕ အေနာက္ဘက္ ေက်ာက္ေဆာင္ေပၚကေန ေလထီးနဲ႔ ဆင္းသက္ရာမွာ အေပါင္းအပါေတြက ေကာင္းမြန္စြာ ဆင္းသက္ႏိုင္ခဲ့ေပမဲ့သူကေတာ့ ေလထီးဖြင့္ဖို႔ ေနာက္က်ခဲ့တဲ့အတြက္ ေက်ာက္ေဆာင္နဲ႔တိုက္မိၿပီး ေသဆုံးခဲ့ပါတယ္။ ဒီလို သက္စြန္႔စံဖ်ား စတန္႔ျပဳလုပ္မႈေတြဟာ ေၾကာက္မက္ဖြယ္ေကာင္းသလို အရမ္းကို အႏၱာရာယ္မ်ားလြန္းပါတယ္။

blob:https://www.thesun.co.uk/457a4560-0efd-4836-8398-0a88d0088c87

ဒီအျဖစ္အပ်က္ဟာ Nazare ကမ္းေျခေျမာက္ပိုင္း အျမင့္ေပ ၃၁၀ ရွိတဲ့ေက်ာက္ေဆာင္ကေန ေလထီးခုန္ရင္းျဖစ္ပ်က္ခဲ့ တာျဖစ္ပါတယ္။ အဆိုပါေနရာဟာ လူမႈကြန္ယက္ေပၚမွာတင္ေနတဲ့ စြန္႔စား ဗီြဒီယိုဖိုင္ေတြအၿမဲလိုလို ႐ိုက္ကူးေနၾကတဲ့ ေနရာတစ္ခုျဖစ္ၿပီး စြန္စားသူေတြအတြက္ ေရပန္းအစားဆုံးေနရာတစ္ခုလည္းျဖစ္ပါတယ္။ ထိုအဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္သူ Correio da Manha ရဲ႕ အဆိုအရ ေသဆုံးသြားသူဟာ အသက္ ၅၀ အရြယ္ ဂ်ာမန္ႏိုင္ငံသားတစ္ဦးျဖစ္ၿပီး ႏိုင္ငံျခားသားတစ္ေယာက္ပါလို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ အဆိုပါအျဖစ္အပ်က္ဟာ ၁၉ရက္ေန႔ ၁၂နာရီေလာက္မွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ရဲနဲ႔ မီးသတ္သမားမ်ား အခင္းျဖစ္ပြားတဲ့ေနရာကေန ေခၚေဆာင္ၿပီး အေရးေပၚကုသမႈေတြ ျပဳလုပ္ခဲ့ေပမဲ့ ထိခိုက္ဒဏ္ရာေၾကာင့္ ေန႔လည္ ၁နာရီမတိုင္ခင္မွာေသဆုံးသြားခဲ့ပါတယ္။ အဆိုပါ အျဖစ္အပ်က္ဟာ၂၀၁၃ခုႏွစ္က အသက္ ၂၉ႏွစ္အရြယ္ ဆြီဒင္ႏိုင္ငံသားေသဆုံးမႈနဲ႔ အလားတူပါပဲ။ အဆိုပါ ဆီြဒင္ႏိုင္ငံသားဟာလည္း ေလထီးဖြင့္ဖို႔ ေနာက္က်ခဲ့တာေၾကာင့္ ေသဆုံးသြားခဲ့ၾကတာျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ေသြးအိုင္ထဲက မိခင္ကို ေပြ႕ဖက္ေနတဲ့ ဝမ္းနည္းဖြယ္ေမ်ာက္သားေလး(႐ုပ္သံ)


Unicode

လေထီးဖွင့်ဖို့ နောက်ကျခဲ့တဲ့အတွက် သေဆုံးသွားတဲ့ အသက် ၅၀ အရွယ် ဂျာမန်နိုင်ငံသား
အသက် ၅၀ အရွယ်ရှိတဲ့ ဂျာမန်သားတစ်ဦးဟာ ကမ်းခြေရဲ့ အနောက်ဘက် ကျောက်ဆောင်ပေါ်ကနေ လေထီးနဲ့ ဆင်းသက်ရာမှာတော့ အပေါင်းအပါတွေက ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့ပေမဲ့သူကတော့ လေထီးဖွင့်ဖို့ နောက်ကျခဲ့တဲ့အတွက် ကျောက်ဆောင်နဲ့တိုက်မိပြီး သေဆုံးခဲ့ပါတယ်။ ဒီလို သက်စွန့်စံဖျား စတန့်ပြုလုပ်မှုတွေဟာ ကြောက်မက်ဖွယ်ကောင်းသလို အရမ်းကို အန္တာရာယ်များလွန်းပါတယ်။

ဒီအဖြစ်အပျက်ဟာ Nazare ကမ်းခြေမြောက်ပိုင်း အမြင့်ပေ ၃၁၀ ရှိတဲ့ကျောက်ဆောင်ကနေ လေထီးခုန်ရင်းဖြစ်ပျက်ခဲ့ တာဖြစ်ပါတယ်။ အဆိုပါနေရာဟာ လူမှုကွန်ယက်ပေါ်မှာတင်နေတဲ့ စွန့်စား ဗွီဒီယိုဖိုင်တွေအမြဲလိုလို ရိုက်ကူးနေကြတဲ့ နေရာတစ်ခုဖြစ်ပြီး စွန်စားသူတွေအတွက် ရေပန်းအစားဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ ထိုအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ Correio da Manha ရဲ့ အဆိုအရ သေဆုံးသွားသူဟာ အသက် ၅၀ အရွယ် ဂျာမန်နိုင်ငံသားတစ်ဦးဖြစ်ပြီး နိုင်ငံခြားသားတစ်ယောက်ပါလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်ဟာ ၁၉ရက်နေ့ ၁၂နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရဲနဲ့ မီးသတ်သမားများ အခင်းဖြစ်ပွားတဲ့နေရာကနေ ခေါ်ဆောင်ပြီး အရေးပေါ်ကုသမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာကြောင့် နေ့လည် ၁နာရီမတိုင်ခင်မှာသေဆုံးသွားခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်ဟာ၂၀၁၃ခုနှစ်က အသက် ၂၉နှစ်အရွယ် ဆွီဒင်နိုင်ငံသားသေဆုံးမှုနဲ့ အလားတူပါပဲ။ အဆိုပါ ဆွီဒင်နိုင်ငံသားဟာလည်း လေထီးဖွင့်ဖို့ နောက်ကျခဲ့တာကြောင့် သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here