အမွှေးအမျှင်တွေ မီးခိုးရောင်ပြောင်းလာတာ- အမွှေးအမျှင်ကုသမှုမှာ မီးခိုးရောင်ပြောင်းလဲခြင်းက တခါတရံမှာ ကြုံရပါလိမ့်မယ်။
ခရမ်းရောင် ပြောင်းလာတာ – အချို့သော ရှားရှားပါးပါးကိစ္စတွေမှာ သင့်သားအရေရဲ့ ခရမ်းရောင်ပြောင်းလာတာကို ကြုံရပါလိမ့်မယ်။ ဒါက အများအားဖြင့် လေဆာ treatment လုပ်သောအခါ နေရောင်ပုံမှန်ထိတွေ့မှုကတဆင့် နေလောင်တဲ့ ဧရိယာပေါ်မှာ တွေ့ကြုံရတတ်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Unicode
လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားတဲ့အခါ ဘာဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလဲ?
လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားခြင်းက အရမ်းထိရောက်ပြီး မလိုချင်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ သုံးလေ့ရှိကြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုကုသမှုမှာ လေဆာအလင်းကို အမွှေးပြန်ပေါက်နှုန်းကို လျော့ချပေးတဲ့ သင့်အမွှေးရောင်ခြယ်ဆီကို ပစ်မှတ်ထားပြီး ထုတ်လွှတ်ခြင်းဖြစ်ပါတယ်။ အများစုမှာ အမွှေးသန်စွမ်းမှုနှုန်းကို သိသိသာသာ လျှော့ချပေးပါတယ်။ ဒါပေမယ့် အရာရာတိုင်းကို laser hair removal နဲ့ဖြေရှင်းလို့မရပါဘူး။ တစ်ကြိမ်တည်း သုံးယုံနဲ့ ချောမွေ့တဲ့အသားအရေကို မရပါဘူး။ အမွှေးအမျှင်ကင်းပြီး ချောမွေ့တဲ့အသားအရေအတွက်ဆို laser hair removal ကို အနညး်ဆုံး ၆ခါ၊ ၈ခါလောက်ပြုလုပ်ပေးရပါတယ်။ laser hair removal ကတခြား ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါလိမ့်မယ်။ ဒါ့ကြောင့် လေဆာနဲ့ အမွှေးအမျှင် ဖယ်ရှားတော့မယ်ဆိုရင် သိထားသင့်တဲ့ laser hair removal ရဲ့ ဘေးထွက်ဆိုးကျိုး အများစုထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အရေပြားကို ရောင်ရမ်းစေပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေပါတယ်- ဒါက လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားတဲ့ လုပ်ထုံးလုပ်နည်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ပြုလုပ်ပြီးနောက်မှာ အသားအရေနီမြန်းခြင်း၊ အဖုပေါက်ခြင်းနှင့် အနည်းငယ်ယားယံခြငး်တို့ ဖြစ်လာနိုင်ပါတယ်။ ရောင်ရမ်းခြင်းနှင့် ယားယံခြင်းကို အေးမြစေတဲ့ ဂျယ်တို့၊ ဝေဒနာသက်သာစေတဲ့ လိမ်းဆေးတို့ကို လိမ်းနိုင်ပါတယ်။ ရောင်ရမ်းခြင်းက အများဆုံး နာရီအနည်းငယ်လောက် ကြာနိုင်ပါတယ်။ ဒါပေမယ့် ၂ရက် ၃ရက်လောက် မသက်သာသေးဘူးဆိုရင် laser hair ဆေးခန်းကို ပြန်သွားရမှာဖြစ်ပါတယ်။
အရေပြားမဲလာတာ- လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားတဲ့အခါ သင့်အသားအရေက ဝင်းလာတာ သို့မဟုတ် မည်းလာတာ ဖြစ်နိုင်ပါတယ်။ ဒါက လေဆာကုသမှုပြီးနောက် သင့်လျော်တဲ့ နေရောင်ကာကွယ်မှု မပါဘဲ နေရောင်ခြည်ကို တိုက်ရိုက်ထိတွေကတဲ့သူတွေမှာ အများစုဖြစ်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးက အသားမည်းတဲ့ သူတွေမှာ လည်းတွေ့ရှိရပါတယ်။ sunscreen ကို လေဆာကုသမှုပြီးနောက် ချက်ချငး်နဲ့ နောက်ရက်တွေမှာ လိမ်းပေးရပါမယ်။
အရေပြားမျက်နှာပြင်မှာ ပြောင်းလဲလာတာ- ဒါက ရှားပါးတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပေမယ့် တခါတရံမှာ သင့်အသားအရေကြမ်းတမ်းလာတာကို တွေ့ရနိုင်ပါတယ်။ ဒါက သင့်အရေပြားပေါ်မှာ အပူအလွန်အကျွံထိတွေ့မှုကြောင့် ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ကြုံရလျှင် သင်ပြုလုပ်ခဲ့တဲ့ လေဆာဆေးခန်း(သို့) ဆရာဝန်ဆီ ချက်ချင်းသွားပြသင့်ပါတယ်။
အမွှေးအမျှင်တွေ မီးခိုးရောင်ပြောင်းလာတာ- အမွှေးအမျှင်ကုသမှုမှာ မီးခိုးရောင်ပြောင်းလဲခြင်းက တခါတရံမှာ ကြံုရပါလိမ့်မယ်။
အမွှေးအမျှင် သန်လာတာ- အမွှေးအမျှင် အလွန်အကျွံသန်လာခြင်းက လေဆာ treatment ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလညး် ဖြစ်နိုင်ပါတယ်။ ဒါကို လေဆာ treatment လုပ်ထားတဲ့ နေရာတဝိုက်မှာ အများစုတွေ့ရပါတယ်။
Eye Infection -လေဆာ treatment ကို မျက်လုံးနားတဝိုက် အထူးသဖြင့် နဖူးအနီးတဝိုက်၊ eyelids ၊ မျက်ခုံးတွေ စတာတွေမှာ ပြုလုပ်ဖို့ အကြံမပြုပါဘူး။ လေဆာနည်းပညာရှင်က မျက်လုံးအကာအကွယ်ပစ္စည်းတွေ ပေးပေမယ့် မျက်လုံးထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
skin Infection – အချို့သောကိစ္စတွေမှာ လေဆာ treatment က skin Infectionကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ လေဆာရောင်ခြည်စွမ်းအင်က hair မွှေးညင်းပေါက်တွေကို ပစ်မှတ်ထားတာကြောင့် အရေပြားပိုးဝင်ခြင်းက လေဆာ treatment ပြီးနောက် သင့်လျော်တဲ့ ဂရုစိုက်မှု မရှိရင် ဖြစ်ပွားနိုင်ပါတယ်။ အဖုပေါက်လာတာ သို့မဟုတ်အနာဖြစ်လာတာတို့ တွေရင် လိမ်းဆေးနဲ့ ကိုယ့်ဘာသာမကုသပါနဲပ ဘာအရေပြားလိမ်းဆေးမှ မလိမး်ပါနဲ့ ။ဆရာဝန်ဆီ ချက်ချင်းပြသပါ။
ခရမ်းရောင် ပြောင်းလာတာ – အချို့သော ရှားရှားပါးပါးကိစ္စတွေမှာ သင့်သားအရေရဲ့ ခရမ်းရောင်ပြောင်းလာတာကို ကြံုရပါလိမ့်မယ်။ ဒါက အများအားဖြင့် လေဆာ treatment လုပ်သောအခါ နေရောင်ပုံမှန်ထိတွေ့မှုကတဆင့် နေလောင်တဲ့ ဧရိယာပေါ်မှာ တွေ့ကြံုရတတ်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar