ေရႊအိုေရာင္အဆင္းနဲ႔ ေျဖာင့္စင္းေနတဲ့ ဆံသားပိုင္ရွင္ေလးရဲ႕ ဆံပင္နဲ႔ ပတ္သတ္ၿပီး အႀကံျပဳခ်က္

0
89
Anastasiya
Anastasiya

အသက္ ၁၈ႏွစ္အရြယ္ Anastasiya ရဲ႕ ဆံပင္ဟာ ၅ႏွစ္အတြင္းမွာ ဖြတ္ၿမီးထိုးထားတာေတာင္ ခါးေအာက္ကို ေရာက္ေနပါၿပီ။ အခုဆိုရင္ ထူးျခားၿပီး လွပတဲ့ သူမရဲ႕ ဆံေကသာကို ႀကိဳက္တာေၾကာင့္ Instagram ေပၚမွာ followers ၃သိန္းခြဲခန္႔ရွိပါတယ္။ သူမဟာ သူမဆံေကသာနဲ႔ ပတ္သတ္ၿပီး အႀကံေပးခ်က္အခ်ိဳ႕ကို မွ်ေဝေပးထားပါတယ္။
Anastasiya ရဲ႕ ဆံပင္နဲ႔ပတ္သတ္ၿပီး အႀကံေပးခ်က္ေတြကေတာ့ –

၁။ ဆံပင္ေကာင္းမြန္ဖို႔အတြက္ ေန႔စဥ္အစားအေသာက္ကလည္း အေရးပါတာေၾကာင့္ က်န္းမာေရးအတြက္ မွ်တတဲ့ အစားအစာမ်ိဳးကို စားသုံးပါ။

၂။ စိတ္ဖိစီးမႈဟာ ဆံသားဆုံး႐ႈံးမႈကိုျဖစ္ေပၚေစတာေၾကာင့္ အတတ္ႏိုင္ဆုံး စိတ္ဖိစီးမႈမရွိဘဲ ေပ်ာ္ရႊင္စြာေနထိုင္ပါ။

၃။ မိမိဆံပင္နဲ႔ လိုက္ဖက္ၿပီး သုံးရအဆင္ေျပေစမဲ့ ထုတ္ကုန္ကိုသာ ေရြးခ်ယ္အသုံးျပဳေပးပါ။ ဟိုဟာေကာင္းႏိုးႏိုး၊ ဒီဟာေကာင္းႏိုးႏိုးနဲ႔ ဟိုစပ္စပ္ ဒီစပ္စပ္ အသုံးမျပဳပါနဲ႔။

၄။ တစ္ပတ္ကို ၂ႀကိမ္ ဆံပင္ကို ၾကက္ဥ၊ ရွားေစာင္းလက္ပတ္ စတဲ့ သဘာဝပစၥည္းေတြနဲ႔ ေပါင္းတင္ေပးပါ။

၅။ ဆံပင္ကို ပိုမိုေကာင္းမြန္ေစဖို႔ ေထာပတ္ဆီကို အသုံးျပဳေပးပါ။ ေထာပတ္ဆီဟာ ဆံသားကုသဖို႔အတြက္ အေကာင္းဆုံး ထုတ္ကုန္တစ္မ်ိဳးျဖစ္ပါတယ္။

၆။ ဆံပင္ေရသုတ္တဲ့အခါ မွန္ကန္တဲ့ နည္းလမ္းကို အသုံးပါ။ ပထမဦးဆုံး ဆံပင္ကို ၆၀%ေလာက္ ေျခာက္ေအာင္ သဘက္ျဖင့္ ျဖည္းညင္းစြာသုတ္ၿပီး အေျခာက္ခံပါ။ ၿပီးမွ ဒုတိယအေနနဲ႔ ဘီးျဖင့္ ၿဖီးရင္း Dryer ကိုေလေအးေပးၿပီး ေျခာက္ေအာင္ တစ္ဖန္ျပန္မႈတ္ပါ။

၇။ သင့္ဆံပင္ဟာ တစ္ရက္ကို အနည္းဆုံး အပင္ ၅၀-၁၀၀ ေလာက္ ကၽြတ္ေနရင္ ဆံပင္နဲ႔ ပတ္သတ္ၿပီး ကၽြမ္းက်င္ပညာရွင္တစ္ဦးဦးနဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္လို႔ ဆိုပါတယ္။

လွပေၾကာ့ရွင္းတဲ့ ဆံေကသာကို ပိုင္ဆိုင္ခ်င္တာ မိန္းကေလးတိုင္းရဲ႕ အိမ္မက္ျဖစ္သလို ဆံပင္ဟာ မိန္းကေလးတစ္ေယာက္ရဲ႕ အလွကို အမ်ားႀကီးေဖာ္ေဆာင္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဆံပင္နဲ႔ပတ္သတ္ႀကီး Anastasiya ရဲ႕ အႀကံေပးခ်က္ေလးေတြကို တစ္ေစ့တစ္ေစာင္း ေလ့လာၿပီး သင့္ဆံေကသာကို ထိန္းသိမ္းၾကည့္ပါ။ ေကာင္းမြန္တဲ့ ရလဒ္တစ္ခုကို ပိုင္ဆိုင္မယ္လို႔ ယုံၾကည္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

အမ်ိဳးသမီးတိုင္း ယံုၾကည္မႈပိုရွိေစမယ့္ ႐ိုးရွင္းတဲ့နည္းလမ္း (၅) ခ်က္

Unicode

ရွှေအိုရောင်အဆင်းနဲ့ ဖြောင့်စင်းနေတဲ့ ဆံသားပိုင်ရှင်လေးရဲ့ ဆံပင်နဲ့ ပတ်သတ်ပြီး အကြံပြုချက်
အသက် ၁၈နှစ်အရွယ် Anastasiya ရဲ့ ဆံပင်ဟာ ၅နှစ်အတွင်းမှာ ဖွတ်မြီးထိုးထားတာတောင် ခါးအောက်ကို ရောက်နေပါပြီ။ အခုဆိုရင် ထူးခြားပြီး လှပတဲ့ သူမရဲ့ ဆံကေသာကို ကြိုက်တာကြောင့် Instagram ပေါ်မှာ followers ၃သိန်းခွဲခန့်ရှိပါတယ်။
သူမဟာ သူမဆံကေသာနဲ့ ပတ်သတ်ပြီး အကြံပေးချက်အချို့ကို မျှဝေပေးထားပါတယ်။
Anastasiya ရဲ့ ဆံပင်နဲ့ပတ်သတ်ပြီး အကြံပေးချက်တွေကတော့ –
၁။ ဆံပင်ကောင်းမွန်ဖို့အတွက် နေ့စဉ်အစားအသောက်ကလည်း အရေးပါတာကြောင့် ကျန်းမာရေးအတွက် မျှတတဲ့ အစားအစာမျိုးကို စားသုံးပါ။
၂။ စိတ်ဖိစီးမှုဟာ ဆံသားဆုံးရှုံးမှုကိုဖြစ်ပေါ်စေတာကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုမရှိဘဲ ပျော်ရွှင်စွာနေထိုင်ပါ။
၃။ မိမိဆံပင်နဲ့ လိုက်ဖက်ပြီး သုံးရအဆင်ပြေစေမဲ့ ထုတ်ကုန်ကိုသာ ရွေးချယ်အသုံးပြုပေးပါ။ ဟိုဟာကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုးနဲ့ ဟိုစပ်စပ် ဒီစပ်စပ် အသုံးမပြုပါနဲ့။
၄။ တစ်ပတ်ကို ၂ကြိမ် ဆံပင်ကို ကြက်ဥ၊ ရှားစောင်းလက်ပတ် စတဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ပေးပါ။
၅။ ဆံပင်ကို ပိုမိုကောင်းမွန်စေဖို့ ထောပတ်ဆီကို အသုံးပြုပေးပါ။ ထောပတ်ဆီဟာ ဆံသားကုသဖို့အတွက် အကောင်းဆုံး ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။
၆။ ဆံပင်ရေသုတ်တဲ့အခါ မှန်ကန်တဲ့ နည်းလမ်းကို အသုံးပါ။ ပထမဦးဆုံး ဆံပင်ကို ၆၀%လောက် ခြောက်အောင် သဘက်ဖြင့် ဖြည်းညင်းစွာသုတ်ပြီး အခြောက်ခံပါ။ ပြီးမှ ဒုတိယအနေနဲ့ ဘီးဖြင့် ဖြီးရင်း Dryer ကိုလေအေးပေးပြီး ခြောက်အောင် တစ်ဖန်ပြန်မှုတ်ပါ။
၇။ သင့်ဆံပင်ဟာ တစ်ရက်ကို အနည်းဆုံး အပင် ၅၀-၁၀၀ လောက် ကျွတ်နေရင် ဆံပင်နဲ့ ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဦးနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို့ ဆိုပါတယ်။
လှပကြော့ရှင်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်တာ မိန်းကလေးတိုင်းရဲ့ အိမ်မက်ဖြစ်သလို ဆံပင်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှကို အများကြီးဖော်ဆောင်နိုင်ပါတယ်။ ဒါ့ကြောင့် ဆံပင်နဲ့ပတ်သတ်ကြီး Anastasiya ရဲ့ အကြံပေးချက်လေးတွေကို တစ်စေ့တစ်စောင်း
လေ့လာပြီး သင့်ဆံကေသာကို ထိန်းသိမ်းကြည့်ပါ။ ကောင်းမွန်တဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်မယ်လို့ ယုံကြည်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here