၁။ ဗိုက်အဆီကျစေပါတယ်
၎။ Free redicals ကိုလည်းတိုက်ဖျက်ပေးပါတယ်
#Lifestyle_Myanmar
#LM_Nandar
Unicode
ရေနွေးကြမ်း သောက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ အံသြဖွယ်အရာ ၄ခု
ရေသောက်ခြင်းက ကျန်းမာရေးကိုအထောက်အကူပြုသလိုပဲ လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းကလည်း ဆေးတစ်ခွက်ဖြစ်ပါတယ်။ ရေနွေးကြမ်းက သင့်ကို အေးတဲ့ရာသီမှာ နွေးထွေးစေပြီး ရိုးရိုးရေသောက်ရလွန်းလို့ ငြီးငွေ့လာတဲ့အခါ အအေးခံပြီး သောက်ပေးတာကလည်း သင့်အတွက် ကောင်းပါတယ်။ ရေနွေးကြမ်းမှာ antioxidant တွေ အပြည့်အဝပါတာကြောင့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
၁။ ဗိုက်အဆီကျစေပါတယ်
လ့လာမှုတစ်ခုအရ နေ့တိုင်း Green tea လေးခွက် ပုံမှန်သောက်ပေးခြင်းက ကိုယ်အလေးချိန်ကျဆင်းမှုအပေါ် ကောင်းတဲ့အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ထို့အပြင် အဆီကို လောင်ကျွမ်းစေဖို့ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ စွမ်းရည်ကို တိုးမြှင့်ပေးပြီး ကြွက်သားခံနိုင်ရည်ကို ပိုမိုကောင်းမွန်စေပါတယ်။
၂။ သွေးပေါင်ချိန်ကို လျှော့ကျစေပါတယ်
Green tea လေးခွက်ကလည်း သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပြီး လေဖြတ်ခြင်းနှင့် သွေးချိုရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ပြောခဲ့ပါတယ်။ ဒါ့ကြောင့် သွေးတိုးတဲ့သူတွေဟာ လက်ဖက်ခြောက် ရေနွေးကြမ်းနှင့် လက်ဖက်စိမ်း ရေနွေးကြမ်းကို သောက်သုံးပေးသင့်ပါတယ်။
၃။ စိတ်ဖိစီးမှုကို သက်သာစေပါတယ်
Rooibos လို့ခေါ်တဲ့ တောင်အာဖရိကဒေသကထွက်တဲ့ လက်ဖက်ရည်သို့မဟုတ် အနီရောင်လက်ဖက်ရည်က စိတ်ဖိစီးမှုကို လျှော့ချရေးအတွက် စွမ်းအင်ရှိပါတယ်။ ၎င်းမှာ ကျွန်မတို့ခန္ဓာကိုယ်က စိတ်ပိုင်းဆိုင်ရာဖိအားတွေကို တွန်းလှန်ဖို့ ကူညီပေးတဲ့ စိတ်ဖိစီးမှုနှင့် aspalathin ကို ရှင်းထုတ်ပေးသော မဂ္ဂနီယမ် ပါ၀င်ပါတယ်။
၄။ Free redicals ကိုလညး်တိုက်ဖျက်ပေးပါတယ်
Free redicals များက ကျွန်မတို့ DNAကို ပျက်စီးစေခြင်းနှင့် ကင်ဆာနှင့် နှလုံးရောဂါကို ဆက်စပ်လျက်ရှိပါတယ်။ ရေနွေးကြမ်းက free radicals များကို ဖျက်ဆီးခြင်းမှာ များစွာအကူအညီပေးပါတယ်။ လက်ဖက် ခြောက်တွင် ပါဝင်သော ဖလေဗွန် နွိုက်ဓာတ် ပစ္စည်းက နှလုံးနှင့် ဦးနှောက်အတွက် အကောင်းဆုံး အကာအကွယ် ပေးပြီး အဆိုပါ ဓာတ်ပစ္စည်းက နှလုံး သွေးကြော ဆိုင်ရာ အန္တရာယ် ကိုလည်း ထိရောက်စွာ အကာအကွယ် ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့ပါတယ်။
#Lifestyle_Myanmar
#LM_Nandar