အခ်ိဳ႕လူေတြဟာ ညစာစားရင္းပဲျဖစ္ျဖစ္ gym သြားရင္ပဲျဖစ္ျဖစ္ ေရမေသာက္တတ္ၾကပါဘူး။ ေရမ်ားမ်ားေသာက္တဲ့ အေလ့အက်င့္ဟာ က်န္းမာေရးအတြက္ေကာင္းေပမယ့္ အလြန္အကၽြံဆိုရင္ေတာ့ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ အရည္ကိုအလြန္အကၽြံမွီ၀ဲျခင္းေၾကာင့္ က်န္းမာေရးဆိုင္ရာ ျပႆနာအခ်ိဳ႕ကို ခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ အရည္ကို အလြန္အကၽြံေသာက္သံုးျခင္းေၾကာင့္ ၾကံဳေတြ႔ရႏိုင္တဲ့ ျပႆနာအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ အိပ္ရာမ၀င္ခင္ ေရေသာက္ျခင္း
ေရေသာက္ၿပီးမွ အိပ္ျခင္းဟာ သာမာန္အေနနဲ႔ေတာင္မွ သင့္ကိုအိပ္ေရးပ်က္ေစပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ေရေသာက္ၿပီးမွအိပ္ျခင္းေၾကာင့္ ဆီးသြားဖို႔အတြက္ တဖန္ျပန္ႏိုးရလုိ႔ျဖစ္ၿပီး ေနာက္တစ္ေခါက္ ျပန္အိပ္ေပ်ာ္ဖို႔အတြက္ သင္ထပ္ႀကိဳးစာရပါလိမ့္မယ္။ ကၽြန္ေတာ္တို႔ရဲ႕ ေက်ာက္ကပ္ဟာ ေန႔အခ်ိန္နဲ႔ႏႈိင္းယွဥ္ရင္ ညဖက္မွာအလုပ္လုပ္မႈ ပိုေႏွးေကြးပါတယ္။ ဒါေၾကာင့္ပဲ မနက္ခင္းသင္အိပ္ရာႏိုးတဲ့အခါ သင့္ရဲ႕မ်က္ႏွာနဲ႔ ေျခလက္ေတြ ေဖာင္းကားေနတာျဖစ္ပါတယ္။ ညဖက္အိပ္ခါနီးေရေသာက္ျခင္းဟာ အဆိုပါလကၡဏာမ်ားကို တိုးျမွင့္ေစႏိုင္ပါတယ္။
၂။ ျပင္းထန္တဲ့ ေလ့က်င့္ခန္းလုပ္ေနစဥ္အတြင္း
ေလ့က်င့္ခန္းလုပ္ေနစဥ္အတြင္း ေရအလြန္အကၽြံေသာက္သံုးျခင္းေၾကာင့္လည္း မေကာင္းတဲ့ေဘးထြက္ဆိုးက်ိဳးေတြ ခံစားရႏိုင္ပါတယ္။ လူတစ္ေယာက္ရဲ႕ခႏၶာကိုယ္ဟာ ေလ့က်င္ခန္းလုပ္ေနစဥ္မွာ အပူခ်ိန္ျမင့္တက္လာတာေၾကာင့္ ပူအိုက္ျခင္းကို ခံစားရပါတယ္။ ဒါေပမယ့္ ယခုလိုပူအိုက္ျခင္းကို သက္သာဖို႔အတြက္ ေရကိုအလြန္အကၽြံေသာက္သံုးရင္ေတာ့ electrolyte ေတြကိုကုန္ခမ္းေစၿပီး ေခါင္းကိုက္ျခင္း၊ ေအာ္ဂလီဆန္ျခင္း၊ မူးေ၀ျခင္း၊ စတာေတြ ခံစားရႏိုင္ၿပီး ႏွလံုးအားစိုက္ရမႈကို တိုးပြားေစတာေၾကာင့္ ႏွလံုးအႏၱရာယ္ကိုလည္း ၾကံဳေတြ႔ရႏိုင္ပါတယ္။ ဒါေၾကာင့္ ဆရာ၀န္ေတြက ေလ့က်င့္ခန္းလုပ္ၿပီးမွသာ ေရေသာက္သင့္ေၾကာင္း အၾကံျပဳထားပါတယ္။
၃။ သင့္ဆီးက အေရာင္မဲ့ေနရင္
လံုး၀သန္႔ရွင္းေနတဲ့ ဆီးဟာ ေရဓါတ္လြန္က်ဴးျခင္းရဲ႕ လကၡဏာတစ္ရပ္ျဖစ္ၿပီးေတာ့ သင္ဟာေရမဆာပဲနဲ႔ေတာင္မွ ေရကိုအျမဲေသာက္သံုးတတ္တဲ့ လကၡဏာျဖစ္ပါတယ္။ ဒီလို ေရကိုအလြန္အကၽြံေသာက္သံုးျခင္းေၾကာင့္ sodium level ကိုနိမ့္ေစၿပီးေတာ့ ႏွလံုးနဲ႕ပတ္သတ္တဲ့ အႏၱရာယ္ကို ၾကံဳေတြ႔ႏိုင္ပါတယ္။
၄။ အစာစားတဲ့အခါ ေရေသာက္ျခင္း
အစားစားေနတဲ့အခ်ိန္ ေရေသာက္ျခင္းဟာ အစာမေၾကျခင္းကို ျဖစ္တတ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ခံတြင္းဟာ က်န္းမာတဲ့အစာေျချဖစ္စဥ္ေတြကို ေထာက္ပံ့ဖို႔အတြက္ အင္ဇိုင္းနဲ႔အတူတံေတြးကို ထုတ္လုပ္ေပးပါတယ္။ ဒါေၾကာင့္ အစာစားေနခ်ိန္ ေရကိုအလြန္အကၽြံေသာက္ျခင္းဟာ တံေတြးထုတ္လုပ္မႈကို ေလ်ာ့နည္းေစၿပီး တကယ္လို႔သင့္က်န္းမာေရးအတြက္ ေကာင္းတဲ့အစားအစာေတြကို စားေနရင္ေတာင္မွ က်န္းမာေရးအတြက္ ထိခိုက္ေစႏိုင္ပါတယ္။ ဒီလိုအစားစားခ်ိန္မွာ အခ်ိဳရည္ေတြ၊ ေရေအးေတြေသာက္သံုးျခင္းကို ေရွာင္ရွားပါ။
၅။ ပင္လယ္ေရ
ပင္လယ္ေရကို မေသာက္သံုးသင့္ဖူးဆိုတာ လူတိုင္းသိပါတယ္။ ဒါေပမယ့္ သင့္ရဲ႕က်န္းမာေရးအတြက္ ဘယ္လိုထိခိုက္ေစလဲ ဆိုတာေတာသိသူ နည္းပါတယ္။ တကယ္လို႔သင္ပင္လယ္ကမ္းေျခမွာ ေရကူးေနရင္း မေတာ္တဆပါးစပ္ထဲကို ပင္လယ္ေရေတြ၀င္တဲ့အခါ ခ်က္ျခင္းေထြးထုတ္သင့္ပါတယ္။ ပင္လယ္ေရဟာ သင့္ရဲ႕လည္ေခ်ာင္းေတြကို နာေစၿပီး ဆားပါ၀င္မႈမ်ားျပားတာေၾကာင့္ ကိုယ္တြင္းမွာလိုအပ္တဲ့ သန္႔စင္ေရကို ဖယ္ရွားေစတာေၾကာင့္ ေရဓါတ္ခမ္းေျခာက္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။
၆။ တစ္ေနကုန္ ေရအမ်ားႀကီးေသာက္ျခင္း
တစ္ေနကုန္ေရကို အမ်ားႀကီးေသာက္ျခင္းေၾကာင့္ sodium level ကိုနိမ့္ေစၿပီး ဆိုးက်ိဳးေတြကို ခံစားရႏိုင္သလို ေက်ာက္ကပ္အလုပ္လုပ္မႈႏွင့္ ေသြးထဲမွအစိတ္အပိုင္းမ်ား ထိန္းညွိေပးတဲ့ လုပ္ငန္းစဥ္ေတြကို ထိခိုက္ေစၿပီး အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-Brightside
ဒီလိုအေျခအေနမ်ိဳး သင့္မွာရွိလွ်င္ ဂ်င္း ကိုအသံုးမျပဳသင့္
Unicode
အချို့လူတွေဟာ ညစာစားရင်းပဲဖြစ်ဖြစ် gym သွားရင်ပဲဖြစ်ဖြစ် ရေမသောက်တတ်ကြပါဘူး။ ရေများများသောက်တဲ့ အလေ့အကျင့်ဟာ ကျန်းမာရေးအတွက်ကောင်းပေမယ့် အလွန်အကျွံဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အရည်ကိုအလွန်အကျွံမှီဝဲခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရည်ကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ပြဿနာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ရာမဝင်ခင် ရေသောက်ခြင်း
ရေသောက်ပြီးမှ အိပ်ခြင်းဟာ သာမာန်အနေနဲ့တောင်မှ သင့်ကိုအိပ်ရေးပျက်စေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရေသောက်ပြီးမှအိပ်ခြင်းကြောင့် ဆီးသွားဖို့အတွက် တဖန်ပြန်နိုးရလို့ဖြစ်ပြီး နောက်တစ်ခေါက် ပြန်အိပ်ပျော်ဖို့အတွက် သင်ထပ်ကြိုးစာရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ကျောက်ကပ်ဟာ နေ့အချိန်နဲ့နှိုင်းယှဉ်ရင် ညဖက်မှာအလုပ်လုပ်မှု ပိုနှေးကွေးပါတယ်။ ဒါကြောင့်ပဲ မနက်ခင်းသင်အိပ်ရာနိုးတဲ့အခါ သင့်ရဲ့မျက်နှာနဲ့ ခြေလက်တွေ ဖောင်းကားနေတာဖြစ်ပါတယ်။ ညဖက်အိပ်ခါနီးရေသောက်ခြင်းဟာ အဆိုပါလက္ခဏာများကို တိုးမြှင့်စေနိုင်ပါတယ်။
၂။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ရေအလွန်အကျွံသောက်သုံးခြင်းကြောင့်လည်း မကောင်းတဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ လေ့ကျင်ခန်းလုပ်နေစဉ်မှာ အပူချိန်မြင့်တက်လာတာကြောင့် ပူအိုက်ခြင်းကို ခံစားရပါတယ်။ ဒါပေမယ့် ယခုလိုပူအိုက်ခြင်းကို သက်သာဖို့အတွက် ရေကိုအလွန်အကျွံသောက်သုံးရင်တော့ electrolyte တွေကိုကုန်ခမ်းစေပြီး ခေါင်းကိုက်ခြင်း၊ အော်ဂလီဆန်ခြင်း၊ မူးဝေခြင်း၊ စတာတွေ ခံစားရနိုင်ပြီး နှလုံးအားစိုက်ရမှုကို တိုးပွားစေတာကြောင့် နှလုံးအန္တရာယ်ကိုလည်း ကြံုတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက လေ့ကျင့်ခန်းလုပ်ပြီးမှသာ ရေသောက်သင့်ကြောင်း အကြံပြုထားပါတယ်။
၃။ သင့်ဆီးက အရောင်မဲ့နေရင်
လုံးဝသန့်ရှင်းနေတဲ့ ဆီးဟာ ရေဓါတ်လွန်ကျူးခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီးတော့ သင်ဟာရေမဆာပဲနဲ့တောင်မှ ရေကိုအမြဲသောက်သုံးတတ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီလို ရေကိုအလွန်အကျွံသောက်သုံးခြင်းကြောင့် sodium level ကိုနိမ့်စေပြီးတော့ နှလုံးနဲ့ပတ်သတ်တဲ့ အန္တရာယ်ကို ကြံုတွေ့နိုင်ပါတယ်။
၄။ အစာစားတဲ့အခါ ရေသောက်ခြင်း
အစားစားနေတဲ့အချိန် ရေသောက်ခြင်းဟာ အစာမကြေခြင်းကို ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခံတွင်းဟာ ကျန်းမာတဲ့အစာခြေဖြစ်စဉ်တွေကို ထောက်ပံ့ဖို့အတွက် အင်ဇိုင်းနဲ့အတူတံတွေးကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် အစာစားနေချိန် ရေကိုအလွန်အကျွံသောက်ခြင်းဟာ တံတွေးထုတ်လုပ်မှုကို လျော့နည်းစေပြီး တကယ်လို့သင့်ကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေကို စားနေရင်တောင်မှ ကျန်းမာရေးအတွက် ထိခိုက်စေနိုင်ပါတယ်။ ဒီလိုအစားစားချိန်မှာ အချိုရည်တွေ၊ ရေအေးတွေသောက်သုံးခြင်းကို ရှောင်ရှားပါ။
၅။ ပင်လယ်ရေ
ပင်လယ်ရေကို မသောက်သုံးသင့်ဖူးဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် သင့်ရဲ့ကျန်းမာရေးအတွက် ဘယ်လိုထိခိုက်စေလဲ ဆိုတာတောသိသူ နည်းပါတယ်။ တကယ်လို့သင်ပင်လယ်ကမ်းခြေမှာ ရေကူးနေရင်း မတော်တဆပါးစပ်ထဲကို ပင်လယ်ရေတွေဝင်တဲ့အခါ ချက်ခြင်းထွေးထုတ်သင့်ပါတယ်။ ပင်လယ်ရေဟာ သင့်ရဲ့လည်ချောင်းတွေကို နာစေပြီး ဆားပါ၀င်မှုများပြားတာကြောင့် ကိုယ်တွင်းမှာလိုအပ်တဲ့ သန့်စင်ရေကို ဖယ်ရှားစေတာကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
၆။ တစ်နေကုန် ရေအများကြီးသောက်ခြင်း
တစ်နေကုန်ရေကို အများကြီးသောက်ခြင်းကြောင့် sodium level ကိုနိမ့်စေပြီး ဆိုးကျိုးတွေကို ခံစားရနိုင်သလို ကျောက်ကပ်အလုပ်လုပ်မှုနှင့် သွေးထဲမှအစိတ်အပိုင်းများ ထိန်းညှိပေးတဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်စေပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-Brightside