Home Health & Beauty ရောဂါအခြေအနေပိုဆိုးလာတာကြောင့် ဆေးရုံပြန်တင်နေရတဲ့ သစ်ပင်လူသား


0
1973
Abul Bajandar
Abul Bajandar




#Lifestyle_Myanmar

#Thar_Nage

စစ်ရေးလေ့ကျင့်ရေးစခန်းမှာ ဒဏ်ရာရပြီး သေဆုံးသွားတဲ့ စင်္ကာပူနိုင်ငံက သရုပ်ဆောင် Aloysius Pang

Unicode

ရောဂါအခြေအနေပိုဆိုးလာတာကြောင့် ဆေးရုံပြန်တင်နေရတဲ့ သစ်ပင်လူသား
Abul Bajandar အမည်ရှိ ၂၈နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ဟာ သစ်ပင်ကဲ့သို့ အကိုင်းအခက်တွေ၊ သစ်ပင်အခေါက်တွေကပ်တွယ်နေသလို ရှားပါတဲ့ အရေပြားရောဂါကို ခံစားနေရတာပဲဖြစ်ပါတယ်။ အများက သူ့ကို သစ်ပင်လူသားလို့ခေါ်ပြီး ၂၀၁၆ခုနှစ်က ခွဲစိတ်ကုသမှု ၂၅ကြိမ်တိုင်တိုင်ခံယူခဲ့ပါတယ်။ ဒါပေမဲ့ ယခုအခါ ရောဂါအခြေအနေပြန်ဆိုလာတာကြောင့် မကြာသေးမီရက်ပိုင်းအတွင်းက ဆေးရုံပြန်တင်ခဲ့ရတာဖြစ်ပါတယ်။

Abul Bajander ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်တဲ့ ရောဂါဟာ verruciformis epidermal လို့ခေါ်တဲ့ လူသိများတဲ့ ရှားပါးအရေပြားရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ သူ့ရဲ့ ရှားပြားတဲ့အရေပြားအမျိုးအစားကို ကျွမ်းကျင်ပညာရှင်များအားလုံးက လေ့လာမှုတွေ အဆင့်ဆင့်ပြုလုပ်ခဲ့ပြီး pidermodysplasia Verruciformis လို့ခေါ်တဲ့ မျိုးရိုးဗီဇရောဂါဗိုင်းရပ်ပိုးကြောင့်လို့ဆိုပါတယ်။ လက်တွေ ခြေထောက်တွေမှာ သစ်ပင်ကဲ့သို့ အကိုင်းအခက်တွေနဲ့ ကြမ်းတမ်းတဲ့ သစ်ခေါက်တွေတွယ်ကပ်နေသလိုမျိုးဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပြန့်ပွားလာပါတယ်။

ဒါ့အပြင် ဒီရောဂါဟာ ကူးစက်ခံရတဲ့အခါ သစ်ခေါက်ကဲ့သို အရေပြားဆဲလ်တွေမှာ ကြေးခွံတွေဖြစ်ပေါ်တတ်ပြီး အဆိုပါ ကြေးခွံကို မကြာခဏဆိုသလို ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ပေါက်တဲ့ ကြွက်နို့လို့လဲ ခေါ်ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here