ကေလးအရြယ္ဟာ ညစ္ညစ္ပတ္ပတ္ကစားရတာကို ႏွစ္သက္ၾကၿပီး တစ္ကိုယ္ရည္သန္႔ရွင္းမႈကိုလည္း နားမလည္တတ္ၾကပါဘူး။ မိမိတို႔ရဲ႕ကေလး ကူးစက္ေရာဂါမ်ိဳးစံုးကေန ကာကြယ္ႏိုင္ဖို႔အတြက္ဆိုရင္ ေရာဂါပိုမႊားေတြရဲ႕ အေၾကာင္းနဲ႔တစ္ကိုယ္ရည္သန္႔ရွင္းမႈ ကိုသူတို႔နားလည္ေလာက္တဲ့အထိ ဂ႐ုတစိုက္ သင္ၾကားေပးဖို႔ လိုအပ္ပါတယ္။
ကေလးေတြရဲ႕ အေတြးမွာ ေရာဂါပိုးမႊားဆိုတာ ပိုးေကာင္၊ အင္းဆက္ေတြလိုမ်ိဳး ထင္ေနတတ္ၾကတာေၾကာင့္ ကြဲျပားျခားနားတဲ့ ေရာဂါပိုးမႊားေတြအေၾကာင္းနဲ႔ ဘယ္လိုကာကြယ္ရင္ ရႏိုင္တယ္ဆိုတာကို ေမေမေတြကိုယ္တိုင္လည္း ရွင္းရွင္းလင္းလင္း သိရွိဖို႔လိုအပ္ပါတယ္။
ေရာဂါပိုးမႊားဆိုတာဘာလဲ
ေရာဂါပိုးမႊားဆိုတာဟာ အလြန္ေသးငယ္တဲ့ ဇီဝသက္ရွိေတြျဖစ္ၿပီး ကၽြန္ေတာ္တို႔ရဲ႕ခႏၶာကိုယ္မွာ မွီခိုေနႏိုင္သကဲ့သို႔ ကၽြန္ေတာ္တို႔ကို ဖ်ားနာေအာင္လည္း လုပ္ႏိုင္တဲ့အရာေတြအျဖစ္ အၾကမ္းဖ်င္းမွတ္ယူလို႔ရပါတယ္။ ေရာဂါပိုးမႊားေတြကို ကၽြန္ေတာ္တို႔ေန႔စဥ္အသံုးျပဳေနတဲ့ ပစၥည္းေတြနဲ႔ ေနရာတိုင္းမွာ ေတြ႔ရွိရပါတယ္။ သူတို႔ဟာ ကၽြန္ေတာ္တို႔ သတိမထားႏိုင္ေအာင္ ကၽြန္ေတာ္တို႔ရဲ႕ခႏၶာကိုယ္မွာ ရွိေနတတ္ၾကၿပီး အလြန္ေသးငယ္တာေၾကာင့္ သာမာန္မ်က္လံုးနဲ႔ ျမင္ႏိုင္စြမ္း ရွိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ အဏုၾကည့္မွန္ဘီလူးနဲ႔ၾကည့္ရင္ေတာ့ ျမင္ရမွာျဖစ္ေၾကာင္း ကေလးေတြကို ရွင္းျပေပးပါ။
ကြဲျပားျခားနားတဲ့ ေရာဂါပိုးမႊားမ်ားအေၾကာင္း
ေရာဂါပိုးမႊားေတြကို အဓိကအားျဖင့္ fungi (မႈိ)၊ virus (ကူးစက္ေရာဂါပိုး ဗိုင္းရပ္စ္)၊ bacteria (ဘက္တီးရီးယား)၊ နဲ႔ protozoa (ပ႐ိုတိုဇြန္အေကာင္) ဟူ၍ ခြဲျခားသတ္မွတ္ထားပါတယ္။ အဆိုပါေရာဂါပိုးေတြဟာ လူ၊ တိရိစာၦန္နဲ႔ အပင္ေတြမွာ မွီခိုေနတတ္ၿပီး ေရာဂါေတြကို ျဖစ္ေစပါတယ္။ ဒီအခ်က္ေတြကို သင့္ကေလးအား နားလည္တဲ့အထိ မၾကာခဏ ရွင္းျပေပးပါ။
၁။ ဘက္တီးရီးယား
ဘက္တီးရီးယားေတြဟာ ဆဲလ္တစ္ခုတည္းသာရွိၿပီး အလြန္ေသးငယ္တဲ့ သတၱဝါေလးေတြ ျဖစ္ၾကပါတယ္။ သူတို႔ေတြ အသက္ရွင္ႏိုင္ဖို႔အတြက္ ပတ္ဝန္းက်င္ကသက္ရွိေတြကေန အာဟာရေတြကို စုပ္ယူၾကပါတယ္။
အထူးသျဖင့္ သူတို႔အာဟာရရွိဖို႔အတြက္ လူရဲ႕ခႏၶာကိုယ္ကို ထိုးေဖာက္ဝင္ေရာက္ၾကပါတယ္။ ဘက္တီးရီးယားေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္အတြင္းအျပင္မွာ မ်ိဳးပြားၾကၿပီး ေရာဂါပိုးေတြကို ျဖစ္ေစပါတယ္။ ဘက္တီးရီးယားေၾကာင့္ ျဖစ္ေလ့ရွိတဲ့့ ကူးစက္ေရာဂါေတြကေတာ့ နားေရာဂါ၊ အဆုတ္ေရာင္အဆုတ္ပြေရာဂါ နဲ႔ လည္ေခ်ာင္းနာေရာဂါတို႔ကို ျဖစ္ေစတတ္ပါတယ္။
၂။ ဗိုင္းရပ္စ္
ဗိုင္းရပ္စ္ေတြကေတာ့ ကၽြန္ေတာ္တို႔ခႏၶာကိုယ္ အတြင္းမွာ အလြန္မ်ားျပားတဲ့ ပမာဏနဲ႔ ေနထိုင္ၾကပါတယ္။ ဗိုင္းရပ္စ္ပိုး အမ်ားစုကေတာ့ သက္ရွိေတြျဖစ္တဲ့ လူ၊ တိရိစာၦန္ နဲ႔ အပင္ေတြဆီမွာ အသက္မရွင္ႏိုင္ၾကပါဘူး။ ဒါေပမယ့္ တံခါးလက္ကိုင္၊ စားပြဲခံု၊ ပန္းကန္ သို႔မဟုတ္ ခြက္ေတြလို အရာဝတၱဳေတြအေပၚမွာ အခ်ိန္အနည္းငယ္ေလာက္ အသက္ရွင္ေနထိုင္ႏိုင္ၾကပါတယ္။ လူရဲ႕ခႏၶာကိုယ္အတြင္း ခုခံအားေကာင္းမြန္ေနရင္ ဗိုင္းရပ္စ္အႏၱရာယ္ကို ကာကြယ္ႏိုင္ေပမယ့္ ခုခံအားက်ဆင္းေနခ်ိန္မွာေတာ့ ခႏၶာကိုယ္ဟာ သူတို႔ရဲ႕အိမ္ကဲ့သို႔ ေပါက္ဖြားမ်ားျပားလာပါလိမ့္မယ္။ တခ်ိဳ႕ဗိုင္းရပ္စ္ေတြဟာ ၂၄နာရီေက်ာ္အထိ ပတ္ဝန္းက်င္နဲ႔ ေလထုမွာ အသက္ရွင္ႏိုင္ၾကၿပီး တခ်ိဳ႕ကေတာ့ ၃၀ မိနစ္ကေန ၄၅ မိနစ္ထိပဲ အသက္ရွင္ႏိုင္ၾကပါတယ္။ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တတ္တဲ့ ကူးစက္ေရာဂါေတြကေတာ့ ေရေက်ာက္၊ ဝက္သက္နဲ႔ တုပ္ေကြးေရာဂါတို႔ အျဖစ္မ်ားပါတယ္။
၃။ Fungi( မႈိ)
ဖန္ဂ်ိဳင္းဟာ အပင္ကဲ့သို႔ အသက္ရွင္တတ္တဲ့ မႈိတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေပမယ့္ အျခားအပင္ေတြနဲ႔ေတာ့ မတူပါဘူး။ အဆိုပါမႈိဟာ ေနေရာင္၊ ေလ နဲ႔ေရမွာ သူတို႔အတြက္အစာကို ထုတ္လုပ္ႏိုင္စြမ္း မရွိၾကပါဘူး။ အ့ဲဒီ့အစား လူ၊ တိရိစာၦန္နဲ႔ အပင္ေတြဆီကို က်ဴးေက်ာ္ၿပီး အာဟာရကို ရယူၾကပါတယ္။ သူတို႔ေတြဟာ ေႏြးေထြးတဲ့ေနရာေတြကို ႏွစ္သက္ၾကၿပီး ႀကီးထြားၾကသလို အရမ္းႀကီးေတာ့ အႏၱရာယ္မေပးႏိုင္ၾကပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္အတြက္ကေတာ့ ယားယံမႈေတြ အဖုအပိန္႔ေတြနဲ႔ ေပြး၊ ဝဲ၊ ညွင္း တို႔လို ယားနာေတြကို ျဖစ္ေစႏိုင္ပါတယ္။
၄။ Protozoa
ပ႐ိုတိုဇြန္အေကာင္ေလးေတြဟာ ဆဲလ္တစ္ခုတည္းသာရွိၿပီး အလြန္ေသးငယ္တဲ့ သက္ရွိေတြျဖစ္ၿပီး အစိုဓါတ္နဲ႔ ေရမွာ ေရာဂါပိုးမႊားမ်ားကို ပ်ံ႕ႏွံ႕ေစႏိုင္ပါတယ္။ ၎ေၾကာင့္ ဝမ္းေလွ်ာေရာဂါ၊ အစာအိမ္နာက်င္မႈ၊ စတဲ့အူနဲ႔ပတ္သတ္တဲ့့ ေရာဂါေျမာက္ျမားစြာကို ျဖစ္ေစႏိုင္ပါတယ္။
ေရာဂါပိုးမႊားေတြက ဘယ္လိုအႏၱရာယ္ေပးလဲ
ေရာဂါပိုးမႊားေတြ ကၽြန္ေတာ္တို႔ခႏၶာကိုယ္ထဲကို ဝင္ေရာက္လာတာနဲ႔ အခ်ိန္ၾကာျမင္စြာ ေနထိုင္ႏိုင္ဖို႔အတြက္ သူတို႔ႀကိဳးစားၾကပါလိမ့္မယ္။ သူတို႔ဟာ ကၽြန္ေတာ္တို႔ရဲ႕ စြမ္းအင္ေတြ အာဟာရေတြကို စားသံုးၾကၿပီး အဆိပ္အေတာက္ ျဖစ္ေစတဲ့အရာေတြကို ျပန္လည္ထုတ္လုပ္ၾကပါတယ္။ ဒီလိုအဆိပ္အေတာက္ေတြေၾကာင့္ ဖ်ားနာျခင္း၊ အဖုအပိန္႔၊ ဝမ္းေလွ်ာျခင္း၊ နဲ႔ ေအာ့အန္ျခင္းတို႔ကို ျဖစ္ေစပါတယ္။ ဆရာဝန္ေတြဟာ ေရာဂါျဖစ္ေစတဲ့ ေရာဂါပိုးမႊားေတြကို ေဖာ္ထုတ္ႏိုင္ဖို႔အတြက္ ေသြး နဲ႔ ဆီးကို နမူနာယူၿပီး မိုက္ခ႐ိုစကုတ္နဲ႔ စမ္းသပ္ၾကည့္႐ႈၾကပါလိမ့္မယ္။ ယခုအခ်က္ေတြဟာ သင့္ကေလးအတြက္ ႐ႈပ္ေထြးႏိုင္ေပမယ့္ သူတို႔ျပန္ေမးတဲ့ ေမးခြန္းမ်ိဳးစံုကို သင္ကစိတ္ရွည္ရွည္ထားၿပီး ျပန္လည္ေျဖၾကားဖို႔ လိုအပ္ပါတယ္။
ကူးစက္ေရာဂါေတြရဲ႕ ရန္ကကာကြယ္ႏိုင္ဖို႔အတြက္
ေရာဂါပိုးမႊားေတြဟာ သင္ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္းမွတဆင့္ ပ်ံ႕ႏွံ႔ၾကၿပီး ပါးစပ္ကိုအုပ္မထားတာေၾကာင့္ ပတ္ဝန္းက်င္ကိုပါ ကူးစက္ေစပါတယ္။ တကယ္လို႔ သင့္ရဲ႕လက္နဲ႔အုပ္ၿပီး ေခ်ာင္းဆိုးတဲ့အခါ အဆိုပါလက္နဲ႔ထိကိုင္လိုက္တဲ့ အရာဝတၱဳေတြဆီမွာ ကပ္ညိေနတတ္ပါတယ္။ ဒါေၾကာင့္ ႏွာေခ်၊ ေခ်ာင္းဆိုးတဲ့အခါတိုင္း လက္ကိုင္ပဝါ၊ တစ္႐ႈးနဲ႕ ပါးစပ္ကို
အုပ္ထားသင့္ၿပီး အဆိုပါတစ္႐ႈးကို အမႈိက္ပံု သို႔မဟုတ္စိတ္ခ်ရတဲ့ ေနရာသို႔ စနစ္တက်စြန္႔ပစ္ဖို႔ သင္ၾကားထားေပးပါ။ တကယ္လို႔ ကေလးမွာ တစ္႐ႈးမရွိတဲ့အခါ လက္ကို ဆပ္ျပာနဲ႔ ေသခ်ာေဆးေၾကာဖို႔ကို မွာၾကားထားေပးပါ။ အိမ္သာတက္ၿပီးခ်ိန္၊ ေဆာ့ကစားၿပီးခ်ိန္နဲ႔ အစာမစားခင္၊ အစာစားၿပီးတဲ့ အခ်ိန္တိုင္း လက္ကိုေသခ်ာစြာေဆးေၾကာဖို႔ကိုလည္း
သင္ၾကားထားေပးပါ။ ဖ်ားနာေနသူေတြနဲ႔ ပူးကပ္စြာေနျခင္း၊ အစားအတူတူစားျခင္း၊ လက္ဆြဲႏႈတ္ဆက္ျခင္းမွတဆင့္လည္း ကူးစက္ႏိုင္ေၾကာင္း သင္ၾကားထားေပးဖို႔လည္း လိုအပ္ပါတယ္။
လက္ကိုေဆးေၾကာဖို႔အတြက္ စီးဆင္းေနတဲ့ေရအရွင္ (ဥပမာ-ေရပိုက္ေခါင္းမွထြက္တဲ့ေရ) နဲ႔ေဆးေၾကာျခင္းဟာ ပိုေကာင္းၿပီး ဆပ္ျပာနဲ႔ေသခ်ာစြာေဆးေၾကာဖို႔ လိုအပ္ပါတယ္။ လက္ေဆးဖို႔အတြက္ အခ်ိန္ စကၠန္ႏွစ္ဆယ္ေလာက္ ၾကာျမင့္ပါေစ။ ဒါ့အျပင္ယင္နားစာေတြ မစားဖို႔နဲ႔ မစားခင္အစားအေသာက္ေတြရဲ႕ လတ္ဆတ္မႈကိုၾကည့္ဖို႔ အာဟာရျပည့္ဝၿပီး ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစတဲ့ အစားအစာေတြကို ပိုမိုစားသံုးဖို႔လိုအပ္ေၾကာင္း သင္ၾကားထားေပးပါ။ ယခုလို တစ္ကိုယ္ရည္သန္႔ရွင္းမႈနဲ႔ အာဟာရျပည့္ဝတဲ့ စားေသာက္မႈပံုစံက သင့္ကေလးကို ေရာဂါမ်ိဳးစံုကူးစက္မႈကေန ကာကြယ္ေပးႏိုင္ပါလိမ့္မယ္။
သင့္ခႏၶာကိုယ္ အခ်ိဳးအစားေပၚမႈတည္ၿပီး ဘယ္လိုမွန္ကန္ေအာင္ စားေသာက္မလဲ?
#LM_Naung_Naung
#Lifestyle_Myanmar
Source-Momjunction
Unicode
ကလေးအရွယ်ဟာ ညစ်ညစ်ပတ်ပတ်ကစားရတာကို နှစ်သက်ကြပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုကိုလည်း နားမလည်တတ်ကြပါဘူး။ မိမိတို့ရဲ့ကလေး ကူးစက်ရောဂါမျိုးစုံးကနေ ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ရောဂါပိုမွှားတွေရဲ့ အကြောင်းနဲ့တစ်ကိုယ်ရည်သန့်ရှင်းမှု ကိုသူတို့နားလည်လောက်တဲ့အထိ ဂရုတစိုက် သင်ကြားပေးဖို့ လိုအပ်ပါတယ်။
ကလေးတွေရဲ့ အတွေးမှာ ရောဂါပိုးမွှားဆိုတာ ပိုးကောင်၊ အင်းဆက်တွေလိုမျိုး ထင်နေတတ်ကြတာကြောင့် ကွဲပြားခြားနားတဲ့ ရောဂါပိုးမွှားတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်ရင် ရနိုင်တယ်ဆိုတာကို မေမေတွေကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း သိရှိဖို့လိုအပ်ပါတယ်။
ရောဂါပိုးမွှားဆိုတာဘာလဲ
ရောဂါပိုးမွှားဆိုတာဟာ အလွန်သေးငယ်တဲ့ ဇီဝသက်ရှိတွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ မှီခိုနေနိုင်သကဲ့သို့ ကျွန်တော်တို့ကို ဖျားနာအောင်လည်း လုပ်နိုင်တဲ့အရာတွေအဖြစ် အကြမ်းဖျင်းမှတ်ယူလို့ရပါတယ်။ ရောဂါပိုးမွှားတွေကို ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေနဲ့ နေရာတိုင်းမှာ တွေ့ရှိရပါတယ်။ သူတို့ဟာ ကျွန်တော်တို့ သတိမထားနိုင်အောင် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ရှိနေတတ်ကြပြီး အလွန်သေးငယ်တာကြောင့် သာမာန်မျက်လုံးနဲ့ မြင်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဏုကြည့်မှန်ဘီလူးနဲ့ကြည့်ရင်တော့ မြင်ရမှာဖြစ်ကြောင်း ကလေးတွေကို ရှင်းပြပေးပါ။
ကွဲပြားခြားနားတဲ့ ရောဂါပိုးမွှားများအကြောင်း
ရောဂါပိုးမွှားတွေကို အဓိကအားဖြင့် fungi (မှို)၊ virus (ကူးစက်ရောဂါပိုး ဗိုင်းရပ်စ်)၊ bacteria (ဘက်တီးရီးယား)၊ နဲ့ protozoa (ပရိုတိုဇွန်အကောင်) ဟူ၍ ခွဲခြားသတ်မှတ်ထားပါတယ်။ အဆိုပါရောဂါပိုးတွေဟာ လူ၊ တိရိစ္ဆာန်နဲ့ အပင်တွေမှာ မှီခိုနေတတ်ပြီး ရောဂါတွေကို ဖြစ်စေပါတယ်။ ဒီအချက်တွေကို သင့်ကလေးအား နားလည်တဲ့အထိ မကြာခဏ ရှင်းပြပေးပါ။
၁။ ဘက်တီးရီးယား
ဘက်တီးရီးယားတွေဟာ ဆဲလ်တစ်ခုတည်းသာရှိပြီး အလွန်သေးငယ်တဲ့ သတ္တဝါလေးတွေ ဖြစ်ကြပါတယ်။ သူတို့တွေ အသက်ရှင်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ကသက်ရှိတွေကနေ အာဟာရတွေကို စုပ်ယူကြပါတယ်။
အထူးသဖြင့် သူတို့အာဟာရရှိဖို့အတွက် လူရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ကြပါတယ်။ ဘက်တီးရီးယားတွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွင်းအပြင်မှာ မျိုးပွားကြပြီး ရောဂါပိုးတွေကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်လေ့ရှိတဲ့ ကူးစက်ရောဂါတွေကတော့ နားရောဂါ၊ အဆုတ်ရောင်အဆုတ်ပွရောဂါ နဲ့ လည်ချောင်းနာရောဂါတို့ကို ဖြစ်စေတတ်ပါတယ်။
၂။ ဗိုင်းရပ်စ်
ဗိုင်းရပ်စ်တွေကတော့ ကျွန်တော်တို့ခန္ဓာကိုယ် အတွင်းမှာ အလွန်များပြားတဲ့ ပမာဏနဲ့ နေထိုင်ကြပါတယ်။ ဗိုင်းရပ်စ်ပိုး အများစုကတော့ သက်ရှိတွေဖြစ်တဲ့ လူ၊ တိရိစ္ဆာန် နဲ့ အပင်တွေဆီမှာ အသက်မရှင်နိုင်ကြပါဘူး။ ဒါပေမယ့် တံခါးလက်ကိုင်၊ စားပွဲခုံ၊ ပန်းကန် သို့မဟုတ် ခွက်တွေလို အရာဝတ္တုတွေအပေါ်မှာ အချိန်အနည်းငယ်လောက် အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ လူရဲ့ခန္ဓာကိုယ်အတွင်း ခုခံအားကောင်းမွန်နေရင် ဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်နိုင်ပေမယ့် ခုခံအားကျဆင်းနေချိန်မှာတော့ ခန္ဓာကိုယ်ဟာ သူတို့ရဲ့အိမ်ကဲ့သို့ ပေါက်ဖွားများပြားလာပါလိမ့်မယ်။ တချို့ဗိုင်းရပ်စ်တွေဟာ ၂၄နာရီကျော်အထိ ပတ်ဝန်းကျင်နဲ့ လေထုမှာ အသက်ရှင်နိုင်ကြပြီး တချို့ကတော့ ၃၀ မိနစ်ကနေ ၄၅ မိနစ်ထိပဲ အသက်ရှင်နိုင်ကြပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကတော့ ရေကျောက်၊ ဝက်သက်နဲ့ တုပ်ကွေးရောဂါတို့ အဖြစ်များပါတယ်။
၃။ Fungi( မှို)
ဖန်ဂျိုင်းဟာ အပင်ကဲ့သို့ အသက်ရှင်တတ်တဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အခြားအပင်တွေနဲ့တော့ မတူပါဘူး။ အဆိုပါမှိုဟာ နေရောင်၊ လေ နဲ့ရေမှာ သူတို့အတွက်အစာကို ထုတ်လုပ်နိုင်စွမ်း မရှိကြပါဘူး။ အဲ့ဒီ့အစား လူ၊ တိရိစ္ဆာန်နဲ့ အပင်တွေဆီကို ကျူးကျော်ပြီး အာဟာရကို ရယူကြပါတယ်။ သူတို့တွေဟာ နွေးထွေးတဲ့နေရာတွေကို နှစ်သက်ကြပြီး ကြီးထွားကြသလို အရမ်းကြီးတော့ အန္တရာယ်မပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက်ကတော့ ယားယံမှုတွေ အဖုအပိန့်တွေနဲ့ ပွေး၊ ဝဲ၊ ညှင်း တို့လို ယားနာတွေကို ဖြစ်စေနိုင်ပါတယ်။
၄။ Protozoa
ပရိုတိုဇွန်အကောင်လေးတွေဟာ ဆဲလ်တစ်ခုတည်းသာရှိပြီး အလွန်သေးငယ်တဲ့ သက်ရှိတွေဖြစ်ပြီး အစိုဓါတ်နဲ့ ရေမှာ ရောဂါပိုးမွှားများကို ပျံ့နှံ့စေနိုင်ပါတယ်။ ၎င်းကြောင့် ဝမ်းလျှောရောဂါ၊ အစာအိမ်နာကျင်မှု၊ စတဲ့အူနဲ့ပတ်သတ်တဲ့ ရောဂါမြောက်မြားစွာကို ဖြစ်စေနိုင်ပါတယ်။
ရောဂါပိုးမွှားတွေက ဘယ်လိုအန္တရာယ်ပေးလဲ
ရောဂါပိုးမွှားတွေ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာနဲ့ အချိန်ကြာမြင်စွာ နေထိုင်နိုင်ဖို့အတွက် သူတို့ကြိုးစားကြပါလိမ့်မယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ စွမ်းအင်တွေ အာဟာရတွေကို စားသုံးကြပြီး အဆိပ်အတောက် ဖြစ်စေတဲ့အရာတွေကို ပြန်လည်ထုတ်လုပ်ကြပါတယ်။ ဒီလိုအဆိပ်အတောက်တွေကြောင့် ဖျားနာခြင်း၊ အဖုအပိန့်၊ ဝမ်းလျှောခြင်း၊ နဲ့ အော့အန်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဆရာဝန်တွေဟာ ရောဂါဖြစ်စေတဲ့ ရောဂါပိုးမွှားတွေကို ဖော်ထုတ်နိုင်ဖို့အတွက် သွေး နဲ့ ဆီးကို နမူနာယူပြီး မိုက်ခရိုစကုတ်နဲ့ စမ်းသပ်ကြည့်ရှုကြပါလိမ့်မယ်။ ယခုအချက်တွေဟာ သင့်ကလေးအတွက် ရှုပ်ထွေးနိုင်ပေမယ့် သူတို့ပြန်မေးတဲ့ မေးခွန်းမျိုးစုံကို သင်ကစိတ်ရှည်ရှည်ထားပြီး ပြန်လည်ဖြေကြားဖို့ လိုအပ်ပါတယ်။
ကူးစက်ရောဂါတွေရဲ့ ရန်ကကာကွယ်နိုင်ဖို့အတွက်
ရောဂါပိုးမွှားတွေဟာ သင်နှာချေခြင်း၊ ချောင်းဆိုးခြင်းမှတဆင့် ပျံ့နှံ့ကြပြီး ပါးစပ်ကိုအုပ်မထားတာကြောင့် ပတ်ဝန်းကျင်ကိုပါ ကူးစက်စေပါတယ်။ တကယ်လို့ သင့်ရဲ့လက်နဲ့အုပ်ပြီး ချောင်းဆိုးတဲ့အခါ အဆိုပါလက်နဲ့ထိကိုင်လိုက်တဲ့ အရာဝတ္တုတွေဆီမှာ ကပ်ညိနေတတ်ပါတယ်။ ဒါကြောင့် နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်း လက်ကိုင်ပဝါ၊ တစ်ရှုးနဲ့ ပါးစပ်ကို
အုပ်ထားသင့်ပြီး အဆိုပါတစ်ရှုးကို အမှိုက်ပုံ သို့မဟုတ်စိတ်ချရတဲ့ နေရာသို့ စနစ်တကျစွန့်ပစ်ဖို့ သင်ကြားထားပေးပါ။ တကယ်လို့ ကလေးမှာ တစ်ရှုးမရှိတဲ့အခါ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ကို မှာကြားထားပေးပါ။ အိမ်သာတက်ပြီးချိန်၊ ဆော့ကစားပြီးချိန်နဲ့ အစာမစားခင်၊ အစာစားပြီးတဲ့ အချိန်တိုင်း လက်ကိုသေချာစွာဆေးကြောဖို့ကိုလည်း
သင်ကြားထားပေးပါ။ ဖျားနာနေသူတွေနဲ့ ပူးကပ်စွာနေခြင်း၊ အစားအတူတူစားခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှတဆင့်လည်း ကူးစက်နိုင်ကြောင်း သင်ကြားထားပေးဖို့လည်း လိုအပ်ပါတယ်။
လက်ကိုဆေးကြောဖို့အတွက် စီးဆင်းနေတဲ့ရေအရှင် (ဥပမာ-ရေပိုက်ခေါင်းမှထွက်တဲ့ရေ) နဲ့ဆေးကြောခြင်းဟာ ပိုကောင်းပြီး ဆပ်ပြာနဲ့သေချာစွာဆေးကြောဖို့ လိုအပ်ပါတယ်။ လက်ဆေးဖို့အတွက် အချိန် စက္ကန်နှစ်ဆယ်လောက် ကြာမြင့်ပါစေ။ ဒါ့အပြင်ယင်နားစာတွေ မစားဖို့နဲ့ မစားခင်အစားအသောက်တွေရဲ့ လတ်ဆတ်မှုကိုကြည့်ဖို့ အာဟာရပြည့်ဝပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ အစားအစာတွေကို ပိုမိုစားသုံးဖို့လိုအပ်ကြောင်း သင်ကြားထားပေးပါ။ ယခုလို တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံက သင့်ကလေးကို ရောဂါမျိုးစုံကူးစက်မှုကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Momjunction