ေရခ်ိဳးခန္း သန္႔စင္တဲ့ ဘယ္အစြန္းခၽြတ္ေဆးမဆို ျပင္းထန္တဲ့ ဓါတုပစၥည္းေတြ အနည္းႏွင့္ အမ်ားေတာ့ ပါ၀င္ပါတယ္။ တစ္ခ်ိဳ႕လူေတြက ဓါတုပစၥည္းေတြနဲ႔ ဓါတ္မတည့္တာ၊ မသံုးခ်င္တာေတြ ရွိပါတယ္။ ဒီအတြက္ ဓါတုပစၥည္းေတြကို အသံုးမျပဳဘဲ သဘာ၀ပစၥည္းမ်ားႏွင့္ သင့္ေရခ်ိဳးခန္းေလးကို ေတာက္ပေစဖို႔အတြက္ နည္းလမ္း သံုးမ်ိဳးကို မွ်ေ၀ေပးလိုက္ပါတယ္။
မုန္႔ဖုတ္ဆိုဒါ နဲ႔ ေမြ႕ယာေတြ၊ ဆိုဖာေတြကို ဘယ္လိုသန္႔ရွင္းမလဲ?
၁။ ေရပန္းေခါင္းေတြကို သန္႔ရွင္းေစဖို႔
တစ္ခ်ိဳ႕ ေရပန္းေခါင္းေတြက အညိွတတ္ၿပီး ညစ္ပတ္ေနတဲ့အခါ အလြယ္တကူ သန္႔ရွင္းလို႔ မရပါဘူး။ ဒီအတြက္ ပလတ္စတစ္အိတ္တစ္လံုး၊ ရွာလကာရည္၊ သားေရကြင္းႏွင့္ ဘရပ္တစ္ခု လိုအပ္ပါတယ္။
ပလတ္စတစ္အိတ္ထဲကို ရွာလကာရည္ေလာင္းထည့္ပါ။ ေရပန္းေခါင္းကုို ထိုပလတ္စတစ္အိတ္ထဲမွာ စြပ္ၿပီး သားေရကြင္းျဖင့္ လံုေအာင္ စည္းေႏွာင္ပါ။ တစ္ညစိမ္ထားၿပီး ေနာက္ေန႔မနက္မွာ အိတ္ကိုဖယ္လိုက္ပါ။ ၿပီးေနာက္ ဘရပ္တစ္ခုႏွင့္(သြားတိုက္တံအေဟာင္းကိုလည္း အသံုးျပဳလို႔ရ) ပြတ္တိုက္ေပးပါက အညစ္အေၾကးေတြ လံုး၀သန္႔စင္သြားပါလိမ့္မယ္။
၂။ အိမ္သာခြက္ေတြ သန္႔စင္ဖို႔အတြက္
အိမ္သာခြက္ေတြသန္႔စင္ဖို႔အတြက္ အစြန္းခၽြတ္ေဆးရည္ ကုန္သြားတဲ့အခါ သင့္အိမ္မွာ ရွိတဲ့ သဘာ၀ပစၥည္းေတြန႔ဲ သန္႔စင္လို႔ ရပါတယ္။ လိုအပ္တဲ့ ပါ၀င္ပစၥည္းမ်ားက ရွာလကာရည္ ၊မုန္႔ဖုတ္ေဆာ္ဒါႏွင့္ အိမ္သာတိုက္တဲ့ ဘရပ္တို႔ျဖစ္ပါတယ္။
ပထမဆံုး မုန္႔ဖုတ္ဆုိဒါကို အိမ္သာခြက္ အႏွံ႔လိုက္ျဖဴးလိုက္ပါ။ ၿပီးေနာက္ အိမ္သာတိုက္ဘရပ္ျဖင့္ အစြန္းအထင္းေတြကို ပြတ္တိုက္ေပးပါ။ ၿပီးေနာက္ ေရဆြဲခ်ပါ။ ေနာက္တစ္ဆင့္က အိမ္သာအိုးထဲကို ရွာလကာရည္ေလာင္းထည့္ၿပီး ဘရပ္ျဖင့္ ထပ္တိုက္ၿပီး ေရဆြဲခ်ပါ။ ရွာလကာရည္က ပိုးသတ္ေဆးအျဖစ္ လုပ္ေဆာင္ႏိုင္ၿပီး အန႔ံဆိုးေတြကို ဖယ္ရွားေပးပါတယ္။ ရွာလကာရည္ႏွင့္ မုန္႔ဖုတ္ဆိုဒါကို ေရာၿပီး တခါတည္းအသံုးျပဳလို႔လည္းရပါတယ္။ ဒါေပမယ့္ ပထမနည္းလမ္းက ပိုထိေရာက္ပါတယ္။
၃။ မွန္ေတြ သန္႔စင္ဖို႔အတြက္
Black tea၊ စပေရးဘူးႏွင့္ တစ္ရႈးစကၠဴတစ္ခ်ိဳ႕လိုအပ္ပါတယ္။ ေရပူတစ္ခြက္ထဲမွာ Black tea သံုးအိတ္ကို စိမ္ထားပါ။ တစ္နာရီေလာက္ အေအးခံထားၿပီး ထိုလက္ဖက္ရည္ကို စပေရးဘူးထဲ ေလာင္းထည့္ပါ။ ထိုအရည္ျဖင့္ သင့္ေရခ်ိဳးခန္းထဲက ၾကည့္မွန္ေတြ၊ မွန္ေတြကို ျဖန္းၿပီး Paper towel မ်ားႏွင့္ ပြတ္သုတ္ေပးပါ။ အနက္ေရာင္လက္ဖက္ရည္မွာ ေတြ႕ရွိရတဲ့ ဆိုးေဆးဟာ သန္႔ရွင္းေရးပစၥည္းအျဖစ္ ေဆာင္ရြက္ေပးပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Unicode
ရေချိုးခန်းသန့်ရှင်းရေးအတွက် အသုံးပြုနိုင်တဲ့ သဘာဝပါ၀င်ပစ္စည်းများ
ရေချိုးခန်း သန့်စင်တဲ့ ဘယ်အစွန်းချွတ်ဆေးမဆို ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေ အနည်းနှင့် အများတော့ ပါ၀င်ပါတယ်။ တစ်ချို့လူတွေက ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာ၊ မသုံးချင်တာတွေ ရှိပါတယ်။ ဒီအတွက် ဓါတုပစ္စည်းတွေကို အသုံးမပြုဘဲ သဘာဝပစ္စည်းများနှင့် သင့်ရေချိုးခန်းလေးကို တောက်ပစေဖို့အတွက် နည်းလမ်း သုံးမျိုးကို မျှဝေပေးလိုက်ပါတယ်။
၁။ ရေပန်းခေါင်းတွေကို သန့်ရှင်းစေဖို့
တစ်ချို့ ရေပန်းခေါင်းတွေက အညှိတတ်ပြီး ညစ်ပတ်နေတဲ့အခါ အလွယ်တကူ သန့်ရှင်းလို့ မရပါဘူး။ ဒီအတွက် ပလတ်စတစ်အိတ်တစ်လုံး၊ ရှာလကာရည်၊ သားရေကွင်းနှင့် ဘရပ်တစ်ခု လိုအပ်ပါတယ်။
ပလတ်စတစ်အိတ်ထဲကို ရှာလကာရည်လောင်းထည့်ပါ။ ရေပန်းခေါင်းကိုု ထိုပလတ်စတစ်အိတ်ထဲမှာ စွပ်ပြီး သားရေကွင်းဖြင့် လုံအောင် စည်းနှောင်ပါ။ တစ်ညစိမ်ထားပြီး နောက်နေ့မနက်မှာ အိတ်ကိုဖယ်လိုက်ပါ။ ပြီးနောက် ဘရပ်တစ်ခုနှင့်(သွားတိုက်တံအဟောင်းကိုလည်း အသုံးပြုလို့ရ) ပွတ်တိုက်ပေးပါက အညစ်အကြေးတွေ လုံးဝသန့်စင်သွားပါလိမ့်မယ်။
၂။ အိမ်သာခွက်တွေ သန့်စင်ဖို့အတွက်
အိမ်သာခွက်တွေသန့်စင်ဖို့အတွက် အစွန်းချွတ်ဆေးရည် ကုန်သွားတဲ့အခါ သင့်အိမ်မှာ ရှိတဲ့ သဘာဝပစ္စည်းတွေနဲ့ သန့်စင်လို့ ရပါတယ်။ လိုအပ်တဲ့ ပါ၀င်ပစ္စည်းများက ရှာလကာရည် ၊မုန့်ဖုတ်ဆော်ဒါနှင့် အိမ်သာတိုက်တဲ့ ဘရပ်တို့ဖြစ်ပါတယ်။ ပထမဆုံး မုန့်ဖုတ်ဆိုဒါကို အိမ်သာခွက် အနှံ့လိုက်ဖြူးလိုက်ပါ။ ပြီးနောက် အိမ်သာတိုက်ဘရပ်ဖြင့် အစွန်းအထင်းတွေကို ပွတ်တိုက်ပေးပါ။ ပြီးနောက် ရေဆွဲချပါ။ နောက်တစ်ဆင့်က အိမ်သာအိုးထဲကို ရှာလကာရည်လောင်းထည့်ပြီး ဘရပ်ဖြင့် ထပ်တိုက်ပြီး ရေဆွဲချပါ။ ရှာလကာရည်က ပိုးသတ်ဆေးအဖြစ် လုပ်ဆောင်နိုင်ပြီး အန့ံဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါကို ရောပြီး တခါတည်းအသုံးပြုလို့လည်းရပါတယ်။ ဒါပေမယ့် ပထမနည်းလမ်းက ပိုထိရောက်ပါတယ်။
၃။ မှန်တွေ သန့်စင်ဖို့အတွက်
Black tea၊ စပရေးဘူးနှင့် တစ်ရှုးစက္ကူတစ်ချို့လိုအပ်ပါတယ်။ ရေပူတစ်ခွက်ထဲမှာ Black tea သုံးအိတ်ကို စိမ်ထားပါ။ တစ်နာရီလောက် အအေးခံထားပြီး ထိုလက်ဖက်ရည်ကို စပရေးဘူးထဲ လောင်းထည့်ပါ။ ထိုအရည်ဖြင့် သင့်ရေချိုးခန်းထဲက ကြည့်မှန်တွေ၊ မှန်တွေကို ဖြန်းပြီး Paper towel များနှင့် ပွတ်သုတ်ပေးပါ။ အနက်ရောင်လက်ဖက်ရည်မှာ တွေ့ရှိရတဲ့ ဆိုးဆေးဟာ သန့်ရှင်းရေးပစ္စည်းအဖြစ် ဆောင်ရွက်ပေးပါတယ်။
#Lifestyle_Myanmar
#TB_Nandar