ေရခ်ိဳးခန္းထဲ ဖုန္းသုံးရင္ ေသဆုံးသြားတဲ့ အသက္ ၁၄ႏွစ္အရြယ္ေကာင္မေလးနဲ႔ပတ္သတ္ၿပီး က်န္းမာေရးအႀကံျပဳခ်က္

0
8715

ဖုန္းကို ကၽြန္ေတာ္တို႔က စနစ္တက်အသုံးမျပဳတတ္ဘူးဆိုရင္ ေျမြးေပြးကို ခါးပိုက္ပိုက္ထားသလိုပဲ အရမ္းကို အႏၱရာယ္ရွိပါတယ္။ ဒါ့ေၾကာင့္ ဖုန္းနဲ႔ ပတ္သတ္ၿပီး သင့္ကို အႏၱရာယ္မျဖစ္ေအာင္ စနစ္တက်အသုံးျပဳႏိုင္မဲ့ နည္းလမ္းအခ်ိဳ႕အႀကံေပးခ်င္ပါတယ္။

-Advertisement-

Madison Coe ရဲ႕ အေၾကာင္း


Madison Coe ဟာအသက္ ၁၄ႏွစ္သာရွိၿပီး သူမဟာ ေရခ်ိဳးခန္းထဲတြင္ ဖုန္းသုံးေနစဥ္ ဓာတ္လိုက္ၿပီး ေသဆုံးခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ အဖြားျဖစ္သူေျပာဆိုခ်က္အရ သူမဟာ ေရခ်ိဳးခန္းထဲမွာ ဖုန္းကိုပလတ္ေပါက္မွ ဆြဲယူလိုက္တာ ဒါမွမဟုတ္ ကိုင္လိုက္ တာေၾကာင့္ ခုလို ဓာတ္လိုက္ၿပီး ေသဆုံးခဲ့တာလို႔ဆိုပါတယ္။ သူမဟာ ၈တန္းအရြယ္ေက်ာင္းသားတစ္ဦးျဖစ္ၿပီး လက္က မီးေလာင္ဒဏ္ရာကို ၾကည့္ၿပီး ဖုန္းအသုံးျပဳေနစဥ္အတြင္း ဓာတ္လုိက္ေသဆုံးခဲ့တာလို႔ ယူဆခဲ့ၾကပါတယ္။

ဒီလိုအျဖစ္အပ်က္ဟာ ပထမဦးဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။ ၂၀၁၇ခုႏွစ္ကလည္း Hoan Kiem ၿမိဳ႕ေန ဗီယက္နမ္အမ်ိဳးသမီးတစ္ဦးလည္း ဖုန္းအားသြင္းရင္ အိပ္ေပ်ာ္ေနစဥ္ ဓာတ္လိုက္ၿပီး ေသဆုံးမႈျဖစ္ပြားခဲ့ပါတယ္။ ဒါ့အျပင္ထိုႏွစ္အတြင္းမွာပဲ ကိုယ္ဝန္ရွိ ျပင္သစ္အမ်ိဳးသမီးတစ္ဦးလည္း ေရခ်ိဳးဇလားထဲမွာ ေရခ်ိဳးရင္ ဖုန္းသုံးေနစဥ္ ေသဆုံးမႈျဖစ္ပြားခဲ့ပါေသးတယ္။ ဒီလိုျဖစ္စဥ္ေတြနဲ႔ ပတ္သတ္ႀကီး ကၽြမ္းက်င္ပညာရွင္ေတြက ဖုန္းနဲ႔ပတ္သတ္ၿပီး အႀကံေပးခ်က္မ်ားထြက္ေပၚလာခဲ့ပါတယ္။

ဖုန္းအသုံးျပဳမႈနဲ႔ ပတ္သတ္ၿပီး အႀကဳံျပဳခ်က္အခ်ိဳ႕
၁။ အလြန္အေရးႀကီးတဲ့ ကိစၥအတြက္ အသုံးျပဳ႐ုံကလြဲၿပီး က်န္တဲ့အခ်ိန္ဆို သင့္ဖုန္းကို ဦးေခါင္းနဲ႔ ေဝးေဝးမွာ ထားထားပါ။

၂။ သင့္ခႏၶာကိုယ္/ ဦးေခါင္းနဲ႔ အနီးကပ္ဆုံးအသုံးျပဳမႈကို ေလ်ာ့ခ်ၿပီး (ဥပမာ ဖုန္းၾကာရွည္ေျပာျခင္း) တတ္ႏိုင္ရင္ စာပို႔ၿပီး စကားေျပာတာေလာက္ပဲ ျပဳလုပ္ဖို႔ႀကိဳးစားပါ။

၃။ အသုံးျပဳလို႔ မရတဲ့အခ်ိန္ေတြဆို Flight Mode ကို ဖြင့္ၿပီး ေနပါ။

၄။ ကား/ဆိုင္ကယ္ ေမာင္းႏွင္ေနစဥ္အတြင္းမွာ အတတ္ႏိုင္ဆုံး ဖုန္းကို အသုံးမျပဳပါနဲ႔။

၅။ ေရခ်ိဳးခန္းထဲမွာ ဖုန္းလုံးဝအသုံးမျပဳပါနဲ႔/ စိုစြတ္တဲ့လက္နဲ႔ ဖုန္းကို အကိုင္မိပါေစနဲ႔။


၆။ လိုအပ္တာထက္ပိုၿပီး ဖုန္းအားသြင္းျခင္း၊ တစ္ညလုံးအားသြင္းအိပ္ျခင္း ေရွာင္ၾကဥ္ပါ။

#Lifestyle_Myanmar

#Thar_Nage

သာမာန္ထက္ ၃ဆႀကီးမားတဲ့ ရင္သားအရြယ္အစားရရွိဖို႔ ေပါင္ ၃၈၀၀၀ အကုန္က်ခံၿပီး ခြဲစိတ္ျပဳျပင္ခဲ့တဲ့ အမ်ိဳးသမီး


Unicode

ရေချိုးခန်းထဲ ဖုန်းသုံးရင် သေဆုံးသွားတဲ့ အသက် ၁၄နှစ်အရွယ်ကောင်မလေးနဲ့ပတ်သတ်ပြီး ကျန်းမာရေးအကြံပြုချက်
ဖုန်းကို ကျွန်တော်တို့က စနစ်တကျအသုံးမပြုတတ်ဘူးဆိုရင် မြွေးပွေးကို ခါးပိုက်ပိုက်ထားသလိုပဲ အရမ်းကို အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ဖုန်းနဲ့ ပတ်သတ်ပြီး သင့်ကို အန္တရာယ်မဖြစ်အောင် စနစ်တကျအသုံးပြုနိုင်မဲ့ နည်းလမ်းအချို့အကြံပေးချင်ပါတယ်။

Madison Coe ရဲ့ အကြောင်း
Madison Coe ဟာအသက် ၁၄နှစ်သာရှိပြီး သူမဟာ ရေချိုးခန်းထဲတွင် ဖုန်းသုံးနေစဉ် ဓာတ်လိုက်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အဖွားဖြစ်သူပြောဆိုချက်အရ သူမဟာ ရေချိုးခန်းထဲမှာ ဖုန်းကိုပလတ်ပေါက်မှ ဆွဲယူလိုက်တာ ဒါမှမဟုတ် ကိုင်လိုက် တာကြောင့် ခုလို ဓာတ်လိုက်ပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။ သူမဟာ ၈တန်းအရွယ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်က မီးလောင်ဒဏ်ရာကို ကြည့်ပြီး ဖုန်းအသုံးပြုနေစဉ်အတွင်း ဓာတ်လိုက်သေဆုံးခဲ့တာလို့ ယူဆခဲ့ကြပါတယ်။

ဒီလိုအဖြစ်အပျက်ဟာ ပထမဦးဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၇ခုနှစ်ကလည်း Hoan Kiem မြို့နေ ဗီယက်နမ်အမျိုးသမီးတစ်ဦးလည်း ဖုန်းအားသွင်းရင် အိပ်ပျော်နေစဉ် ဓာတ်လိုက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင်ထိုနှစ်အတွင်းမှာပဲ ကိုယ်ဝန်ရှိ ပြင်သစ်အမျိုးသမီးတစ်ဦးလည်း ရေချိုးဇလားထဲမှာ ရေချိုးရင် ဖုန်းသုံးနေစဉ် သေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သတ်ကြီး ကျွမ်းကျင်ပညာရှင်တွေက ဖုန်းနဲ့ပတ်သတ်ပြီး အကြံပေးချက်များထွက်ပေါ်လာခဲ့ပါတယ်။

ဖုန်းအသုံးပြုမှုနဲ့ ပတ်သတ်ပြီး အကြုံပြုချက်အချို့
၁။ အလွန်အရေးကြီးတဲ့ ကိစ္စအတွက် အသုံးပြုရုံကလွဲပြီး ကျန်တဲ့အချိန်ဆို သင့်ဖုန်းကို ဦးခေါင်းနဲ့ ဝေးဝေးမှာ ထားထားပါ။
၂။ သင့်ခန္ဓာကိုယ်/ ဦးခေါင်းနဲ့ အနီးကပ်ဆုံးအသုံးပြုမှုကို လျော့ချပြီး (ဥပမာ ဖုန်းကြာရှည်ပြောခြင်း) တတ်နိုင်ရင် စာပို့ပြီး စကားပြောတာလောက်ပဲ ပြုလုပ်ဖို့ကြိုးစားပါ။
၃။ အသုံးပြုလို့ မရတဲ့အချိန်တွေဆို Flight Mode ကို ဖွင့်ပြီး နေပါ။
၄။ ကား/ဆိုင်ကယ် မောင်းနှင်နေစဉ်အတွင်းမှာ အတတ်နိုင်ဆုံး ဖုန်းကို အသုံးမပြုပါနဲ့။
၅။ ရေချိုးခန်းထဲမှာ ဖုန်းလုံးဝအသုံးမပြုပါနဲ့/ စိုစွတ်တဲ့လက်နဲ့ ဖုန်းကို အကိုင်မိပါစေနဲ့။
၆။ လိုအပ်တာထက်ပိုပြီး ဖုန်းအားသွင်းခြင်း၊ တစ်ညလုံးအားသွင်းအိပ်ခြင်း ရှောင်ကြဉ်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here