ေရခဲေတာင္ေပၚက ၅၉ႏွစ္ၾကာမွ ျပန္လည္ဆယ္ယူရတဲ့ ေတာင္တက္သမား အေလာင္း

0
2771
ေတာင္တက္သမား အေလာင္း
ေတာင္တက္သမား အေလာင္း

မကၠစီကို ေတာင္တက္သမား အေလာင္း သုံးေလာင္းကို Veracruz ျပည္နယ္နဲ႔ Puebla ျပည္နယ္ရွိ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၈၄၀၅ ေပမွာရွိတဲ့ Orizaba ေရခဲ ေတာင္ထိပ္ေပၚမွာေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ အဆိုပါ ႐ုပ္အေလာင္းကို ၂၀၁၅ခုႏွစ္မွာ ေဒသခံေတြေတြ႕ရွိခဲ့ေပမဲ့ အေလာင္းကို ျပန္လည္သယ္ယူဖို႔ မေအာင္ျမင္ခဲ့ပါဘူး။

ယခုအခါ ဒီအေလာင္း ၃ေလာင္းကို ျပန္လည္ ဆယ္ယူေရးနဲ႔ ပတ္သတ္ၿပီး Escuadron 303 ကယ္ဆယ္ေရးအဖြဲ႕တာဝန္ခံသူ တပ္မွဴးJose Luis Pablo က ေဒသခံ႐ုပ္ျမင္သံၾကားလိုင္း Foro TV ကို ခုလိုေျပာပါတယ္။ ဆိုးရြားတဲ့ ရာသီဥတုအေျခအေနေတြေၾကာင့္ အစပိုင္းမွာ ေတာင္ထိပ္အနီးတစ္ဝိႈက္ေရာက္ဖို႔ ခက္ခက္ခဲခဲပ်ံသန္းခဲ့ရေပမဲ့ ဒုတိယအႀကိမ္မွာေတာ့ အေလာင္းေတြကို ရွာေဖြေတြ႕ရွိခ့ဲၿပီး ျပန္လည္ယူေဆာင္ဖို႔ ေအာင္ျမင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ မတ္လ ပထမပတ္မွာေတာ့ ဒီေတာင္တက္သမားေတြရဲ႕ ႐ုပ္အေလာင္းနဲ႔ ပတ္သတ္ၿပီး ေခါင္းႀကီးပိုင္းမွာ သတင္းတစ္ခုအေနနဲ႔ ပါဝင္လာခဲ့ေပမဲ့ ယခုမွ ျပန္လည္ဆယ္ယူေရးကို လုပ္ရတာပါ။

အသက္ ၈၁ႏွစ္အရြယ္ရွိတဲ့ Luis Espinosa အမည္ရွိေတာင္တက္သမားဟာ လြန္ခဲ့တဲ့ ၁၉၅၉ ခုႏွစ္က Orizaba ေတာင္ကို ေလ့လာေရးခရီစဥ္ထြက္ခဲ့ရင္း ဆိုးရြားတဲ့ရာသီဥတုဒဏ္ေၾကာင့္ သူနဲ႔အတူ ပါလာတဲ့ေတာင္တက္သမား သုံးဦး ေသဆုံးခဲ့တာလို႔ ဆိုပါတယ္။ ထိုေလ့လာေရးခရီးစဥ္မွာ ေတာင္တက္သမား သုံးဦးေပ်ာက္ဆုံးေနခဲ့တာျဖစ္ၿပီး  ယခုေတြ႕ရွိရတဲ့႐ုပ္အေလာင္းမွာဝတ္ဆင္ထားတဲ့ ရွပ္အက်ီ ၤစနဲ႔ နာမည္အတိုေကာက္ပါ လက္စြပ္အရ ဒီ႐ုပ္အေလာင္းဟာ သူ႔နဲ႔အတူ ေတာက္တက္ခဲ့တဲ့ အေပါင္းအပါေတြရဲ႕ ႐ုပ္အေလာင္းပဲလို႔ အတည္အက်ဆိုပါတယ္။ ဒါေပမဲ့ DNA စပ္သမ္းခ်က္အရ ရရွိလာတဲ့ ရလဒ္အေပၚ Espinosa ရဲ႕အေပါင္းအပါး ၃ေယာက္ အေလာင္းဟုတ္မဟုတ္ဆိုတာ အတည္ျပဳမယ္လို႔သိရပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ရင္နင့္ဖြယ္ ေတာမီးေလာင္မႈေၾကာင့္ ေသေၾကပ်က္စီးသြားတဲ့ ေတာ႐ိုင္း တိရိစာၦန္အခ်ိဳ႕ နဲ႔ လူအခ်ိဳ႕


Unicode

ရေခဲတောင်ပေါ်က ၅၉နှစ်ကြာမှ ပြန်လည်ဆယ်ယူရတဲ့ တောင်တက်သမား အလောင်း
မက္ကစီကို တောင်တက်သမား အလောင်း သုံးလောင်းကို Veracruz ပြည်နယ်နဲ့ Puebla ပြည်နယ်ရှိ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၄၀၅ ပေမှာရှိတဲ့ Orizaba ရေခဲ တောင်ထိပ်ပေါ်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရုပ်အလောင်းကို ၂၀၁၅ခုနှစ်မှာ ဒေသခံတွေတွေ့ရှိခဲ့ပေမဲ့ အလောင်းကို ပြန်လည်သယ်ယူဖို့ မအောင်မြင်ခဲ့ပါဘူး။

ယခုအခါ ဒီအလောင်း ၃လောင်းကို ပြန်လည် ဆယ်ယူရေးနဲ့ ပတ်သတ်ပြီး Escuadron 303 ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံသူ တပ်မှူးJose Luis Pablo က ဒေသခံရုပ်မြင်သံကြားလိုင်း Foro TV ကို ခုလိုပြောပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် အစပိုင်းမှာ တောင်ထိပ်အနီးတစ်ဝှိုက်ရောက်ဖို့ ခက်ခက်ခဲခဲပျံသန်းခဲ့ရပေမဲ့ ဒုတိယအကြိမ်းမှာတော့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ပြန်လည်ယူဆောင်ဖို့ အောင်မြင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ မတ်လ ပထမပတ်မှာတော့ ဒီတောင်တက်သမားတွေရဲ့ ရုပ်အလောင်းနဲ့ ပတ်သတ်ပြီး ခေါင်းကြီးပိုင်းမှာ သတင်းတစ်ခုအနေနဲ့ ပါဝင်လာခဲ့ပေမဲ့ ယခုမှ ပြန်လည်ဆယ်ယူရေးကို လုပ်ရတာပါ။

အသက် ၈၁နှစ်အရွယ်ရှိတဲ့ Luis Espinosa အမည်ရှိတောင်တက်သမားဟာ လွန်ခဲ့တဲ့ ၁၉၅၉ ခုနှစ်က Orizaba တောင်ကို လေ့လာရေးခရီစဉ်ထွက်ခဲ့ရင်း ဆိုးရွားတဲ့ရာသီဥတုဒဏ်ကြောင့် သူနဲ့အတူ ပါလာတဲ့တောင်တက်သမား သုံးဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ထိုလေ့လာရေးခရီးစဉ်မှာ တောင်တက်သမား သုံးဦးပျောက်ဆုံးနေခဲ့တာဖြစ်ပြီး  ယခုတွေ့ရှိရတဲ့ရုပ်အလောင်းမှာဝတ်ဆင်ထားတဲ့ ရှပ်အကျီ င်္စနဲ့ နာမည်အတိုကောက်ပါ လက်စွပ်အရ ဒီရုပ်အလောင်းဟာ သူ့နဲ့အတူ တောက်တက်ခဲ့တဲ့ အပေါင်းအပါတွေရဲ့ ရုပ်အလောင်းပဲလို့ အတည်အကျဆိုပါတယ်။ ဒါပေမဲ့ DNA စပ်သမ်းချက်အရ ရရှိလာတဲ့ ရလဒ်အပေါ် Espinosa ရဲ့အပေါင်းအပါး ၃ယောက် အလောင်းဟုတ်မဟုတ်ဆိုတာ အတည်ပြုမယ်လို့သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here