ေရခဲဘုရင္မဆိုၿပီး ဓာတ္ပုံအ႐ိုက္ေကာင္းတာ ကံေကာင္းလို႔ အသက္ မေသခဲ့တဲ့ အဖြားရဲ႕ျဖစ္ရပ္

0
256
Judith Streng
Judith Streng

တကၠဆက္ျပည္နယ္ Flower Mound မွာေနထိုင္တဲ့ Judith Streng ဆိုတဲ့ အသက္ ၇၇ႏွစ္အရြယ္အဖြားအိုဟာ အိုက္စလန္မွာရွိတဲ့ Jokulsarlon Lagoon ေရခဲပင္လယ္ျပင္ကို သားျဖစ္သူမိသားစုနဲ႔ အတူ ခရီးထြက္ခဲ့ပါတယ္။ ပင္လယ္ကိုေရာက္တဲ့အခါ Judith အဖြားအိုဟာ သဘာဝအေလွ်ာက္ ပလႅင္ပုံစံ ျဖစ္ေပၚေနတဲ့ ေရခဲတုံးႀကီးကို ေတြ႕ၿပီး ဓာတ္ပုံ႐ိုက္ခ်င္စိတ္ျဖစ္ေပၚလာပါတယ္။

ေရခဲတုံးေပၚ တက္တက္ျခင္းမွာ လႈပ္တုပ္တုပ္ျဖစ္ေနေပမဲ့ အဖြားရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ကလည္း သိပ့္မေလးတဲ့ေၾကာင့္ ကၽြံက်မွာမဟုတ္ေလာက္ဘူးလို႔ေတြးၿပီး အဆိုပါေရခဲပလႅင္ေပၚထိုင္ကာ post ေပးခဲ့ပါတယ္။ ေရခဲတုံးကမကၽြံက်ေပမဲ့သိပ့္မၾကာခင္မွာဘဲ ပင္လင္ထဲက လိႈင္းလုံးႀကီးေတြပုတ္ခက္မႈေၾကာင့္ အဖြားထိုင္ေနတဲ့ေရခဲပလႅင္ဟာ ကမ္းေျခဘက္ကေန ပင္လယ္ထဲကို ပါသြားခဲ့ပါတယ္။ အဲ့ဒီေနာက္ ကမ္းေျခေစာင့္ တပ္က အဖြားကို ေလွျဖင့္ သြားေရာက္ကယ္ဆယ္ခဲ့တာျဖစ္ပါတယ္။

အဖြားရဲ႕ အဆိုအရ သူဟာ ယခင္ထဲက အၿမဲတမ္း ဘုရင္မျဖစ္ခ်င္တဲ့စိတ္ကေလးကရွိတာေၾကာင့္ ဒီေရခဲပလႅင္ကိုေတြ႕တဲ့အခါ အခြင့္အေရးကို လက္လြတ္မခံေတာ့ဘဲ အရဲစြန္႔ၿပီး သားျဖစ္သူကို ဓာတ္ပုံ႐ုိက္ခိုင္းခဲ့တာျဖစ္ပါတယ္။ ဒီပုံေတြကို အဖြားရဲ႕ သားျဖစ္သူက အသက္ ၂၄ႏွစ္အရြယ္ ေျမးမေလးဆီကို ပို႔ေပးခဲ့ပါတယ္။ ေျမးမေလးဆီ ပုံေတြ ပို႔တဲ့အခါ သားျဖစ္သူက ေရခဲပလႅင္ေပၚထိုင္ေနတဲ့ပုံကို “ေရခဲေတာင္ဘုရင္မႀကီး” ဆိုတဲ့စာနဲ႔ တြဲပို႔ေပးခဲ့ၿပီး ပင္လယ္ထဲေမွ်ာသြားတဲ့ပုံကို “ဘုရင္မႀကီး ပင္လယ္ထဲေမွ်ာသြားလို႔ တိုင္ျပည္ႀကီး ဆုံး႐ႈံးသြားတယ္ဆိုတဲ့” စာနဲ႔ တြဲပို႔ ေပးခဲ့တာျဖစ္ပါတယ္။ ၿပီးေတာ့မွ ေနာက္တာမဟုတ္ဘူး တကယ္ပင္လယ္ထဲေမွ်ာသြားလို႔ ကယ္ဆယ္ေရးေတြက လာဆယ္ေပးရတယ္လို႔ သမီးျဖစ္သူကို ေျပာျပခဲ့ပါတယ္။

အဲ့ဒီေနာက္ သမီးျဖစ္သူက သူ႔အဖြားရဲ႕ ပုံနဲ႔အတူ ႀကံဳေတြ႕ခဲ့တ့ဲ အျဖစ္အပ်က္ေလးကို Twitter ေပၚတင္ခဲ့တာေၾကာင့္ လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ အဖြား Judith အတြက္ေတာ့ ေရခဲေတာင္ ဘုရင္မနဲ႔ အိုက္စလန္က မေမ့ႏိုင္တဲ့ အမွတ္တရေတြပါလို႔ဆိုခဲ့ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ကံေကာင္းဖို႔အတြက္ ေလယာဥ္ပန္ကာထဲ အေၾကြေစ့ပစ္ထည့္လိုက္တဲ့ အမ်ိဳးသားေၾကာင့္ ေလေၾကာင္းခရီးစဥ္ရပ္ဆိုင္းခဲ့ရ

Unicode

ရေခဲတောင်ဘုရင်မဆိုပြီး ဓာတ်ပုံအရိုက်ကောင်းတာ ကံကောင်းလို့ အသက် မသေခဲ့တဲ့ ရ၇နှစ်အရွယ်အဖွားရဲ့ဖြစ်ရပ်
တက္ကဆက်ပြည်နယ် Flower Mound မှာနေထိုင်တဲ့ Judith Streng ဆိုတဲ့ အသက် ရ၇နှစ်အရွယ်အဖွားအိုဟာ အိုက်စလန်မှာရှိတဲ့ Jokulsarlon Lagoon ရေခဲပင်လယ်ပြင်ကို သားဖြစ်သူမိသားစုနဲ့ အတူ ခရီးထွက်ခဲ့ပါတယ်။ ပင်လယ်ကိုရောက်တဲ့အခါ Judith အဖွားအိုဟာ သဘာဝအလျှောက် ပလ္လင်ပုံစံ ဖြစ်ပေါ်နေတဲ့ ရေခဲတုံးကြီးကို တွေ့ပြီး ဓာတ်ပုံရိုက်ချင်စိတ်ဖြစ်ပေါ်လာပါတယ်။

ရေခဲတုံးပေါ် တက်တက်ခြင်းမှာ လှုပ်တုပ်တုပ်ဖြစ်နေပေမဲ့ အဖွားရဲ့ ခန္ဓာကိုယ်အလေးချိန်ကလည်း သိပ့်မလေးတဲ့ကြောင့် ကျွံကျမှာမဟုတ်လောက်ဘူးလို့တွေးပြီး အဆိုပါရေခဲပလ္လင်ပေါ်ထိုင်ကာ post ပေးခဲ့ပါတယ်။ ရေခဲတုံးကမကျွံကျပေမဲ့သိပ့်မကြာခင်မှာဘဲ ပင်လင်ထဲက လှိုင်းလုံးကြီးတွေပုတ်ခက်မှုကြောင့် အဖွားထိုင်နေတဲ့ရေခဲပလ္လင်ဟာ ကမ်းခြေဘက်ကနေ ပင်လယ်ထဲကို ပါသွားခဲ့ပါတယ်။ အဲ့ဒီနောက် ကမ်းခြေစောင့် တပ်က အဖွားကို လှေဖြင့် သွားရောက်ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

အဖွားရဲ့ အဆိုအရ သူဟာ ယခင်ထဲက အမြဲတမ်း ဘုရင်မဖြစ်ချင်တဲ့စိတ်ကလေးကရှိတာကြောင့် ဒီရေခဲပလ္လင်ကိုတွေ့တဲ့အခါ အခွင့်အရေးကို လက်လွတ်မခံတော့ဘဲ အရဲစွန့်ပြီး သားဖြစ်သူကို ဓာတ်ပုံရိုက်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဒီပုံတွေကို အဖွားရဲ့ သားဖြစ်သူက အသက် ၂၄နှစ်အရွယ် မြေးမလေးဆီကို ပို့ပေးခဲ့ပါတယ်။ မြေးမလေးဆီ ပုံတွေ ပို့တဲ့အခါ သားဖြစ်သူက ရေခဲပလ္လင်ပေါ်ထိုင်နေတဲ့ပုံကို “ရေခဲတောင်ဘုရင်မကြီး” ဆိုတဲ့စာနဲ့ တွဲပို့ပေးခဲ့ပြီး ပင်လယ်ထဲမျှောသွားတဲ့ပုံကို “ဘုရင်မကြီး ပင်လယ်ထဲမျှောသွားလို့ တိုင်ပြည်ကြီး ဆုံးရှုံးသွားတယ်ဆိုတဲ့” စာနဲ့ တွဲပို့ ပေးခဲ့တာဖြစ်ပါတယ်။ ပြီးတော့မှ နောက်တာမဟုတ်ဘူး တကယ်ပင်လယ်ထဲမျှောသွားလို့ ကယ်ဆယ်ရေးတွေက လာဆယ်ပေးရတယ်လို့ သမီးဖြစ်သူကို ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက် သမီးဖြစ်သူက သူ့အဖွားရဲ့ ပုံနဲ့အတူ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးကို Twitter ပေါ်တင်ခဲ့တာကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ အဖွား Judith အတွက်တော့ ရေခဲတောင် ဘုရင်မနဲ့ အိုက်စလန်က မမေ့နိုင်တဲ့ အမှတ်တရတွေပါလို့ဆိုခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here