ယောက်ျားလေးအများစု အိမ်ထောင်ဖက်အဖြစ်မရွေးချယ်တဲ့ မိန်းကလေးတွေရဲ့ အကျင့်စရိုက်
0
129
အိမ်ထောင်ဖက်
အိမ်ထောင်ဖက်
၎။ ကြင်နာမှု ကင်းမဲ့သူ
၅။ စာနာမှုမရှိသူ
ယောက်ျားလေးအများစုဟာ မိမိရဲ့ ခံစားချက်ကို ဂရုတစိုက်နားထောင်ပေးပြီး အကြံဥာဏ်ပေးတတ်တဲ့ သူမျိုးကို ပိုပြီးတန်ဖိုးထားတတ်ကြပါတယ်။
၈။ စိတ်ပျက်တတ်သူ
၉။ ပွင့်လင်းမှုမရှိသူ
#Lifestyle_Myanmar
#Thar_Nage
မောင်နှမချင်း ရန်ဖြစ်တတ်တဲ့ အမူအကျင့်ကို မိဘတွေအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်လဲ
unicode
ယောက်ျားလေးအများစု လက်မထပ်ချင်တဲ့ မိန်းကလေးအချို့ရဲ့ အကျင့်စရိုက်များ
၁။ လုပ်ချင်တာလုပ်ပြီး ပတ်ဝန်းကျင်က ဂရုမစိုက်တတ်သူ
ထိုကဲ့သို့သော ပင်ကိုယ်စရိုက်ရှိသူနဲ့ တည်ငြိမ်တဲ့ Relationships ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ သူ့ရဲ့ အပြုအမူဟာ တခါတလေမှာပတ်ဝန်းကျင်အတွက် ရယ်စရာဖြစ်နေသလို တခါတလေမှာ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
၂။ သစ္စာမဲ့သူ သို့မဟုတ် လျှို့ဝှက်တတ်သူ
ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် အတတ်နိုင်ဆုံး သံသယဖြစ်မဲ့ အရာတွေကို ရှောင်ကြဉ်ရသလိုမိမိအပေါ်မှာ ပွင့်လင်းမှုမရှိခြင်း၊ ရိုးသားမှုမရှိခြင်း၊ ဖုံးကွယ်ခြင်း စတဲ့ လုပ်ရပ်များကိုလည်း ဘယ်သူကမှ နှစ်သက်ကြမှာမဟုတ်ပါဘူး။
၃။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသူ
ရုပ်ဆင်းအင်္ဂါထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ဟာ အများအမြင်မှာ ရင်သပ်ရှုမောချင်ဖွယ်ဖြစ်နေတတ်ပြီး အရာရာတိုင်းမှာစိတ်ဓာတ်ကျ အားငယ်နေရင်တော့ ဘယ်သူကမှ လက်တွဲခြင်မှာမဟုတ်ပါဘူး။
၄။ ကြင်နာမှု ကင်းမဲ့သူ
ကြင်နာမှု ကင်းမဲ့နေတဲ့သူတစ်ယောက်ရဲ့ အတွေးအခေါ်ဟာ အကောင်းမြင်ဖို့ နည်းပါးပါသလို ထိုသူကိုလည်း ဘယ်သူကမှ ယုံကြည်လေးစားကြမှာမဟုတ်ပါဘူး။
၅။ စာနာမှုမရှိသူ
မိမိဖြစ်ချင်တဲ့စိတ်ဆန္ဒကလွဲပြီး အခြားသူတို့ရဲ့ စိတ်သဘောထားကို စာနာနားလည်မပေးနိုင်ဘူးဆိုလျှင် ထိုသူကို ဘဝလက်တွဲဖော်အဖြစ်မရွေးချယ်သင့်သလို သူတို့ရဲ့ ဆက်ဆံရေးဟာလည်း ရေရှည် တည်မြဲမှုမရှိနိုင်ပါဘူး။
၆။ နားထောင်ပေးခြင်းမရှိသူ/ စိတ်ဝင်စားမှု လျော့နည်းသူ
ယောက်ျားလေးအများစုဟာ မိမိရဲ့ ခံစားချက်ကို ဂရုတစိုက်နားထောင်ပေးပြီး အကြံဉာဏ်ပေးတတ်တဲ့ သူမျိုးကို ပိုပြီးတန်ဖိုးထားတတ်ကြပါတယ်။
၇။ ကိုယ်ပိုင်အစွမ်းအစမရှိသူ
တခါတလေမှာ ကလေးဆန်ဆန်အတွေးမျိုးနဲ့ သာမန်ကိစ္စလောက်ကအစ မစွမ်းဆောင်နိုင်ဘဲ အမြဲလိုလို သူများရဲ့ အကြံပေးမှုအောက်မှာ နေထိုင်နေတတ်တဲ့သူမျိုးကို ဘယ်သူကမှအထင်ကြီးလေးစားမှာမဟုတ်ပါဘူး။
၈။ စိတ်ပျက်တတ်သူ
မိမိရဲ့ လုပ်ရက်တိုင်းကို အမြဲလိုလိုစိတ်တိုင်းမကျဘဲ စိတ်ပျက်စေမဲ့ အမူအရာ၊ အပြောအဆိုတွေနဲ့သာ ထိုးနှက်နေရင်တော့ ခိုင်မြဲတဲ့ အိမ်ထောင်ရေးဆိုတာလည်း တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။
၉။ ပွင့်လင်းမှုမရှိသူ
ဘယ်သူကမှ မိမိရဲ့ စိတ်ကို အတည်အကျဖတ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် တခါတလေမှာ မိမိရဲ့ အလိုဆန္ဒများ ကျေနပ်မှုမရှိပါက ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာအကောင်းဆုံးပါ။ ဒါမှ တစ်ဖက်ကလည်း သင်မကြိုက်တဲ့ အချက်တွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ပြီး သင့်အပေါ် ယခင်ကထက်ပိုပြီး
ဂရုစိုက်လာမှာဖြစ်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here