ယောက်ျားလေးအများစုနဲ့ မိန်းကလေးအများစုရဲ့ ဆန့်ကျင့်ဘက် ကွာခြားချက်အချို့

0
446
ယောက်ျားလေးနဲ့ မိန်းကလေး ဆန့်ကျင်ဘက်ကွာခြားချက်
ယောက်ျားလေးနဲ့ မိန်းကလေး ဆန့်ကျင်ဘက်ကွာခြားချက်

၁။ များသောအားဖြင့် မိန်းကလေးနဲ့ ယောက်ျားလေး ဆံပင်ညှပ်တဲ့အခါ ညှပ်ခက အရမ်းကို ကွာခြားမှုရှိတဲ့အပြင် ယောက်ျားလေးတွေ ဆံပင်ညှပ်လိုက်ရင် မျက်နှာအနေအထားကအစ သိသိသာသာပြောင်းလဲသွားပေမဲ့ မိန်းကတွေကတော့ ဈေးကြီးကြီးပေးညှပ်ရပြီး ပြောင်းလဲမှု သိ့ပ်မရှိကြပါဘူး။

၂။ ယောက်ျားလေးတွေအသည်းကွဲတဲ့အခါ ပထမဆုံးမှာတော့ လွပ်လပ်သွားပြီးဆိုပြီ ပျော်နေပေမဲ့ အချိန်တစ်ပတ်လောက်ကြာလာရင် သူတို့ချစ်သူကို သူတို့ သတိရလွမ်းဆွတ်တတ်ကြပါတယ်။ ဒါပေမဲ့ မိန်းကတွေကတော့ အသည်းကွဲတဲ့အခါ ပထမပိုင်းမှာ အရမ်းခံစားငိုကြွေးတတ်ကြပြီး နောက်ပိုင်းမှာ သူတို့ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ဘဲ ဖြတ်သန်းတတ်ကြပါတယ်။

၃။ ဒါကတော့ ယောက်ျားလေးတွေရဲ့ အားသာချက်လို့ ပြောရမလိုပါပဲ။ ကိုယ်ဖြေရှင်းချင်တဲ့ ကိစ္စကို အောင့်ပြီး အချိန်စောင့်ဆိုင်းစရာမလိုဘဲ ကြုံသလိုဖြေရှင်းလို့ ရပါတယ်။

၎။ မနက်ပိုင်း ရုံးသွားဖို့ အိပ်ယာထပြီး ပြင်ဆင်တဲ့အခါ ဘယ်သူအရင်ပြီးလဲ။ များသောအားဖြင့် ယောက်ျားလေးတွေက အရင်ပြီးတတ်ကြပါတယ်။

၅။ ယောက်ျားလေးများ facebook အကောင့်စသုံးတဲ့အခါ တစ်ပတ်လုံးနေမှ noti တစ်ခု နှစ်ခုလောက်တတ်ပေမဲ့ မိန်းကလေးတွေ facebook အကောင့်စသုံးရင်တော့ နာရီပိုင်းအတွင်း noti တွေ ရေမတွက်နိုင်အောင် တက်လေ့ရှိပါတယ်။

၆။ အိမ်ထောင်ကျလို့ အတူတူအိပ်တဲ့အခါ ကုတင်နေရာကို ဘယ်သူတွေ အပိုင်စီးတတ်လဲ အိမ်ထောင်ကျတဲ့သူတွေ ပိုသိပါလိမ့်မယ်။

၇။ အိမ်ထောင်မှု့ကို နိုင်နင်းတဲ့ မိန်းကလေးတွေက လုပ်ငန်းခွင်မှာလည်း သူတို့ စာပွဲကို သပ်ရပ်အောင်ထားတပ်ပါတယ်။ ဒါပေမဲ့ ယောက်ျားလေးအများစုကတေ့ အခြားနေရာမှာ မပျင်းမရိနဲ့ ထူးချွန်ထက်မြတ်တဲ့သူတစ်ဦးဖြစ်ပေမဲ့ သူတို့ စာပွဲကိုတော့ ရှင်းပေးတဲ့လူရှိတဲ့အချိန်ပဲ သပ်ရပ်ပါတယ်။

၈။ များသောအားဖြင့် ယောက်ျားလေးနဲ့ မိန်းကလေး computer desktop မြင်ကွင်းကတော့ အပေါ်ကအချက်နဲ့ ပြောင်းပြန်ဖြစ်တာများပါတယ်။

၉။ အလှအပမက်မောတဲ့ မိန်းကလေးတိုင်းက ခေါင်းလျှော်တဲ့အခါ သူတို့ ဒီခေါင်းလျှော်ရည်ကို ဘာကြောင့်သုံးရတယ်ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးရှိပေမဲ့ ယောက်ျားလေးတွေကတော့ Shampoo ဖြစ်ရင်ပြီးရော ဆိုတဲ့သူကများပါတယ်။

၁၀။ Shopping ထွက်တိုင်း အဝတ်အစားအမြဲလိုလို ဝယ်ပေမဲ့ အပြင်တစ်ခါသွားခါနီးတိုင်း ဝတ်စရာအဝတ်အစားမရှိတဲ့ မိန်းကတွေရဲ့ အကျင့်ပါ။ ယောက်ျားလေးတွေကတော့ ကိုယ်ကြိုက်တဲ့ အဝတ်အစား တစ်စုံရှိရင် မပြဲမချင်းဝတ်တတ်ကြပါတယ်။

၁၁။ ဘယ်အချိန် အပြင်သွားမှာဆိုပြီး အချိန်ကို သူတို့ကိုတိုင်သတ်မှတ်ပေမဲ့ သတ်မှတ်တဲ့အချိန်ကိုရောက်ရင် သူတို့ ကိုယ်တိုင် ပြီးလေ့မရှိပါဘူး။ ဒါ့ကတော့ လုံးဝအလှအပကြိုက်တတ်တဲ့ မိန်းကလေးတွေအများစုဖြစ်တတ်တဲ့ သဘာဝလေးတစ်ခုပဲဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Credit photo – Bright Side

ရင်သားခွဲစိတ်ပြီးနောက် လက်ဝဲဖက်ရင်သားက စတုရန်းပုံဖြစ်နေလို့ မကျေမနပ်ဖြစ်ခဲ့တဲ့ Beauty blogger

LEAVE A REPLY

Please enter your comment!
Please enter your name here