မှော်ဆန်တဲ့ အလှတရားအချို့ကို ပိုင်ဆိုင်ထားကြတဲ့ ရှားပါးအလှပိုင်ရှင်တွေ

0
2424
မှော်ဆန်တဲ့အလှတရား
မှော်ဆန်တဲ့အလှတရား

အလှတရားနဲ့ ပတ်သတ်ပြီး အများပြည်သူတွေလက်ခံထားတဲ့ စံချိန်စံညွှန်းတွေရှိပေမဲ့ အချို့သူတွေကတော့ ထိုစံချိန်စံညွှန်းနဲ့မကိုက်ညီဘဲ ရှားပါးထူးခြားတဲ့ အလှတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ အခြားသူတွေက ဒါကို အားနည်းချက်တစ်ခုလို့ဆိုပေမဲ့ ဒီအလှတရားကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့ အခြားသူတွေမှာမရှိတဲ့အရာမျိုးကို သူတို့ထံမှာရှိနေတဲ့အတွက် ဒါကို အားသာချက်ရှိတယ်၊ ကိုယ့်အလှကို ကိုယ်တိုင်ယုံကြည်မှုရှိတယ်လို့ ခံယူထားကြပါတယ်။

၁။ သူတို့နှစ်ယောက်ဟာ ရုပ်ရည်အပိုင်းမှာလည်း ပြောစရာမရှိအောင် ပြေပြစ်ပြီး ဘယ်သူမှာမှ မရှိတဲ့ မျက်လုံးအရောင်ကို ပိုင်ဆိုင်ထားတဲ့သူနှစ်ဦးပဲဖြစ်ပါတယ်။

၂။ အသားညိုပေမဲ့ မွေးရာပါ ထူးခြားတဲ့ မျက်ဝန်းအိမ်နဲ့ ဆံနွယ်ရှိတာကြောင့် အခြားသူတွေမှာမရှိတဲ့ အလှတရားမျိုးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

၃။ သူမရဲ့ မျက်နှာမှာ မှဲ့ခြောက်တွေ ဖုံးလွှမ်းနေပေမဲ့ မျက်ဝန်းဟာ တစ်လုံးနဲ့တစ်လုံးအရောင်မတူတာရယ်၊ မွေးရာပါ လှပတဲ့ဆံနွယ်ရယ်ကြောင့် အရုပ်မလေးတစ်ရုပ်လို ဖြစ်နေတာပါ။

၎။ သူမလဲ ထိုအတူပါပဲ။ မျက်နှာတစ်ခုလုံးမှာ မှဲ့ခြောက်တွေ ဖုံးလွှမ်းနေပေမဲ့ သူမရဲ့ မျက်နှာအနေအထား၊ စူးရှတဲ့မျက်ဝန်းနဲ့ ဆံနွယ်တွေက ဒီအားနည်းချက်ကို ဖုံးကွယ်သွားစေပါတယ်။

၅။ သူတို့နှစ်ဦးကတော့ မော်ဒယ်တွေပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မှာ အခြားသူတွေနဲ့ အသွင်မတူတဲ့ အချက်တွေရှိတာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။

၆။ မျိုးရိုးလိုက် ထူးခြားတဲ့ မျက်ဝန်းအိမ်တွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေပဲဖြစ်ပါတယ်။

၇။ မျက်နှာမှာ ခရုစွန်းတွေပေါက်နေတာတောင်မှ ကြည့်ကောင်းတယ်လို့ ခံယူထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မျက်နှာနဲ့ မျက်ခုံးမှာပေါက်တဲ့ ခရုစွန်းဟာ အခြားသူတွေနဲ့ မတူပဲ သူ့ကို ပိုပြီး ထူးခြားလှပစေလို့ပါ။

၈။ သူမကတော့ အခြားကမ္ဘာကလာတဲ့သူတစ်ယောက်လို့ သူ့မကိုယ် သူမ လှပတယ်လို့ ခံယူထားပါတယ်။

၉။ သူမမျက်နှာမှာ ပေါက်နေတဲ့ အမှတ်တွေက ရုပ်ဆိုးတယ်လို့ ထင်ရပေမဲ့ သူမကိုယ်တိုင်ကတော့ အခြားသူတွေဆီမှာ မရှိတဲ့ အလှတရားမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

၁၀။ သူမကတော့ ပင်ကိုယ်ရုပ်ရည်လေးရှိတဲ့အပြင် အခြားသူတွေနဲ့ အသွင်မတူဘဲ ထူးခြားတဲ့ မျက်ဝန်းအိမ်ကို ပိုင်ဆိုင်ထားတဲ့အတွက် သူမအလှက ထူးခြားပါတယ်။

၁၁။ Albino အများစုဟာ တစ်ကိုယ်လုံး မျက်တောင်မွှေးကအစ ဖြူစွတ်ပြီး ထူးခြားတဲ့ အလှတရားကို ပိုင်ဆိုင်ထားကြတဲ့သူတွေပဲဖြစ်ပါတယ်။

၁၂။ မျက်လုံးအိမ် ၂ခုလုံးက မတူညီသလို တစ်လုံးနဲ့တစ်လုံးမှာလည်း ထူးခြားတဲ့ အရောင်တွေရှိပါတယ်။

၁၃။ အခြားသူတွေ တကူးတက ခွဲစိတ်ပြုပြင်ရပေမဲ့ သူကတော့ မွေးရာပါ မျက်ဝန်းအိမ်ကြီးတာကြောင့် ထူးခြားတဲ့ အလှတရားရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၁၄။ တင်းတိပ်တွေ မျက်နှာအပြည့်ရှိနေပေမဲ့ သူမရဲ့ မျက်ဝန်း၊ မျက်ခုံး၊ မျက်တောင်တွေက ထူးခြားလှပနေတာကြောင့် ရုပ်ဆိုးတဲ့သူတစ်ယောက်လို့ကို ထင်ရက်စရာမရှိပါဘူး။

၁၅။ ဘယ်သူနဲ့မှ့ကို နှိုင်ယှဉ်လို့မရဘဲ မျက်နှာတစ်ခုလုံးမှာ မျက်ဝန်းတစ်စုံက ထူးခြားတောက်ပပြီး အရမ်းကို လှပနေတာကြောင့် ဒီတစ်ချက်တည်းနဲ့ သူမရဲ့ အလှတရားက ပြည့်စုံနေပါပြီ။

၁၆။ ကွဲပြားခြားနားတဲ့ မျက်ဝန်းနဲ့ ထူးခြားတဲ့ မွေးရာပါ ရွှေရောင်ဆံကေသာက သူများတွေမှာမရှိတဲ့ အလှတရားတွေပဲဖြစ်ပါတယ်။

၁၇။ သူမရဲ့ နိုင်ငံမှာ ဒီလို ထူးခြားတဲ့ မျက်ဝန်းနဲ့ အလှတရားမျိုးပိုင်ဆိုင်ထားတဲ့သူမရှိသေးတာကြောင့် သူမကိုတော့ ရှားပါတဲ့ အလှပိုင်ရှင်လို့ ဆိုရမလိုပါပဲ။

၁၈။ သူမရဲ့ အလှတရားကတော့ တောထဲက အရိုင်းပန်းလေးတစ်ပွင့်လိုပဲ မပြင်မဆင်ဘဲနဲ့ ထူးခြားလှပနေပါတယ်။

၁၉။ မျက်နှာတစ်ခုလုံးတင်းတိပ်တွေဖုံးလွှမ်းနေပေမဲ့ မတူညီတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားတာကြောင့် ထူးခြားနေတာပါ။

#Lifestyle_Myanmar

#Thar_Nage

Credit photo – Bright Side

LEAVE A REPLY

Please enter your comment!
Please enter your name here