#Lifestyle_Myanmar
#LM_Nandar
Unicode
ဒီနေ့မှာ BTS အဖွဲ့ဝင် Jin ဟာ အဓိပ္ပာယ်ရှိတဲ့ လှူဒါန်းမှုတစ်ခုနှင့်အတူ သူ့မွေးနေ့ကို ကျင်းပခဲ့ပါတယ်။
တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Korean Animal Welfare Association က BTS အဖွဲ့ဝင် Jin ဟာ တိရိစ္ဆာန်အစာတွေ၊ ပန်းကန်လုံးတွေ၊ စောင်တွေ ပေးပို့လှူဒါန်းခဲ့တယ်လို့ ဒီဇင်ဘာ ၄ရက်နေ့တွင် သူတို့တရားဝင်ဝက်ဆိုဒ်မှာ ရေးသားခဲ့ပါတယ်။ ပစ္စည်းလှူဒါန်းမှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ် လို့ရေးသားခဲ့ပါသေးတယ်။
ဒါနဲ့စပ်လျဉ်းပြီး Entertainment က Jin ဟာသူကိုယ်တိုင် လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ Jin ဟာ သူ့မွေးနေ့ကို ကျင်းပဖို့ စွန့်ပစ်ခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာကို လှူဒါန်းတဲ့ ပစ္စည်းတွေကို သူကိုယ်တိုင်ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီဇင်ဘာ၄ရက်နေ့ဟာ Jin ရဲ့မွေးနေ့ဖြစ်ပြီး ဒီနေ့ သူ့ရဲ့မွေးနေ့လေးကို ကမ္ဘာအနှံ့ကနေ from Jin to ARMYs ဆိုတဲ့စာလုံးကို Twitter ပေါ်မှာ ခေါင်းစဉ်တပ်ပြီး အမျိုးမျိုးသော နည်းလမ်းများနဲ့ ကျင်းပခဲ့ကြပါတယ်။ တခြား BTS အဖွဲ့ဝင်တွေကလည်း မွေးနေ့အထိမ်းအမှတ်ပွဲလေးတွေ ပြုလုပ်တဲ့ ပျော်စရာဓါတ်ပုံလေးတွေ မျှဝေခဲ့ပါတယ်။ သူ့ရဲ့ပရိတ်သတ်များက မွေးနေ့ကိုရည်စူးပြီး Jinရဲ့ဇာတိမြို့လေးမှ ဝင်ငွေနည်းပါးတဲ့ ကျောင်းသူ(၈၆)ဦးကို ကိုရီးယားဝမ် ၆သန်းတန်ကြေးရှိတဲ့ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းခဲ့ကြပါသေးတယ်။
#Lifestyle_Myanmar
#LM_Nandar