Home Health & Beauty မေးရိုးနာကျင်မှုကို သက်သာစေဖို့ အိမ်တွင်းဆေးနည်း တစ်ချို့

မေးရိုးနာကျင်မှုကို သက်သာစေဖို့ အိမ်တွင်းဆေးနည်း တစ်ချို့

0
21
jaw pain

မေးရိုးနာကျင်မှုက သင်ထင်ထားတာထက် ပိုအဖြစ်များပါတယ်။ အရွယ်ရောက်ပြီးလူအတော်များများဟာ မေးရိုးနာကျင်မှုကို ရင်ဆိုင်ရလေ့ရှိပါတယ်။ မေးရိုးနာကျင်တဲ့အခါ မအီမသာဖြစ်မှုတွေ အများကြီးကို ဖြစ်ပေါ်စေပါတယ်။ မကုသဘဲထားမယ်ဆိုရင် နာကျင်မှုက စူးရှ၊ ပြင်းထန်လာနိုင်ပါတယ် ။ နာကျင်မှု အကြောင်းရင်းပေါ် မူတည်ပြီး မေးရိုးမအီမသာဖြစ်မှုနှင့်အတူ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာ အမျိုးမျိုး ရှိပါတယ်။ နာကျင်မှုက နောက်ဆုံးမှာ သင့်မျက်နှာကို ပျံ့နှံ့နိုင်တာကြောင့် ဒီအခြေအနေကို ကျိန်းသေကုသသင့်ပါတယ်။

jaw pain

မေးရိုးနာကျင်ရတဲ့ အကြောင်းရင်းများ

အများအားဖြင့် မေးရိုးနာကျင်မှုက မေးရိုးအဆစ်ပုံမှန်မဟုတ်ခြင်းရဲ့ ရလဒ်တစ်ခုခုကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ခုက သင့်အပေါ်သွားနဲ့ အောက်သွား မညီတာကြောင့်ပါ။ နောက်ထပ်အကြောင်းရင်းက သွားကြိတ်ခြင်းလို့ လူသိများတဲ့ bruxism ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် မေးရိုးနာကျင်မှုက မေးရိုးကို ခိုက်မိတာ သို့မဟုတ် လည်ပင်းဒဏ်ရာတစ်ခုရဲ့ ရလဒ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မေးရိုးနာကျင်မှုကို သက်သာစေဖို့ အသုံးပြုနိုင်တဲ့ အိမ်တွင်းဆေးနည်းအများအပြား ရှိပါတယ်။ သို့သော်လည်း ပထမဆုံးသင်လုပ်ရမှာက ဘယ်အရာက နာကျင်မှုကို ဖြစ်ပေါ်စေတာလဲဆိုတာ ခွဲခြားသတ်မှတ်ပြီး နာကျင်မှုကို ကုသရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်စားတဲ့အစားအစာ သို့မဟုတ် သင်မှာ မေးရိုးနာကျင်မှုကိုဖြစ်စေတဲ့ အလေ့အထအချို့ရှိရင် ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။
ပထမဆုံး ဆရာဝန်တစ်ဦးကို ပြသဖို့ အရေးကြီးပါတယ်။ ဒီနည်းလမ်းက မေးရိုးနာတာနဲ့ ပတ်သတ်ပြီး အတိအကျ သိနိုင်တာကြောင့် ဖြစ်ပါတယ်။ ဆရာဝန်က သင့်ရဲ့ ပြဿနာကို ပိုကောင်းအောင် ကုသပေးနိုင်ပါလိမ့်မယ်။

၁။ သွားကြိတ်ခြင်း

သွားကြိတ်ခြင်းဟာ မေးရိုးနာကျင်မှုရဲ့ အဓိကအကြောင်းရင်းများထဲက တစ်ခုဖြစ်ပါတယ်။ တချို့လူတွေဟာ စိတ်ဖိစီးမှုရှိတဲ့အခါ ညဘက်အိပ်နေရင်း သွားကြိတ်တတ်တဲ့အကျင့်ရှိပါတယ်။ သွားကြိတ်တဲ့အခါမှာ သွားပေါ်ကို သက်ရောက်တဲ့ ဖိအားက တစ်ခုခု ဝါးနေတဲ့အချိန်ထက် ငါးဆပိုများပါတယ်။ ဒီပြဿနာက သွားကြွေလွှာကို ပျက်စီးစေပြီး မေးရိုးနာကျင်မှုကို ဖြစ်စေပါတယ်။ သွားကြိတ်တာကို ထပ်တလဲလဲလုပ်မိလျှင် ခေါင်းကိုက်တာ၊ မျက်နှာကြွက်သားများနာကျင်တာ၊ မေးရိုးမှာ အဆစ်လွဲတာတို့လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ မေးရိုးရောင်တာ
မေးရိုးရောင်တာဟာ အရိုးနဲ့တစ်ရှုးတွေကို သက်ရောက်မှုရှိစေတဲ့ ကူးစက်မှုတစ်ခုဖြစ်ပါတယ်။ တချို့လူတွေက မေးရိုးနဲ့ ဦးခေါင်းရိုးဆုံတဲ့ အဆစ်ထဲမှာ ပြဿနာ ဖြစ်ပေါ်ပါတယ်။ ဒါက အများအားဖြင့် မေးရိုးအဆစ်နာကျင်ခြင်း၊ အဖျားတတ်ခြင်းနဲ့ မျက်နှာရောင်ရမ်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
ဒီအခြေအနေကို များသောအားဖြင့် ပဋိဇီဝဆေးများအသုံးပြုခြင်းမှတဆင့် ကုသနိုင်ပါတယ်။ သို့သော်လည်း ပြဿနာဟာ ပိုပြီးဆိုးတဲ့အခါ ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။

၃။ သွားနဲ့ သွားဖုံးပြည်တည်ခြင်း
သွားပြည်တည်ခြင်းက သွားရဲ့အရင်းမှာ သို့မဟုတ် သွားနဲ့ သွားဖုံးအကြားမှာ ရောဂါပိုးဝင်ရောက်မှုကြောင့် ဖြစ်ပေါ်ပါတယ်။ ဒါက အများအားဖြင့် မကုသဘဲထားတဲ့ သွားအခေါင်းပေါက်တွေကြောင့် ဖြစ်ပေါ်တာ သို့မဟုတ် တခြားသွားနှင့်ပတ်သတ်တဲ့ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။ အမျိုးအစား ၂မျိုးရှိပါတယ်။ periodontal အမျိုးအစားက သွားဖုံးထဲမှာ ဖြစ်ပေါ်ပြီး periapical အမျိုးအစားကို သွားအမြစ်မှာ တွေ့ရှိနိုင်ပါတယ်။
ဘက်တီးရီးယားတွေ သွားအမြစ်ကို ရောက်ရှိတဲ့အခါ အရိုးနားက တစ်ရှုးတွေကိုလည်း သက်ရောက်မှု ဖြစ်စေပါတယ်။ ဒါက မေးရိုးနာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။
ခံတွင်းထဲမှာ အရသာနဲ့အနံ့ဆိုးတွေ ခံစားရတဲ့ ဖျားနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံး သွားဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

မေးရိုးနာကျင်မှုကို သက်သာစေဖို့ အိမ်တွင်းဆေးနည်းများ

မေးရိုးနာကျင်မှုက ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းအမျိုးမျိုးနဲ့ ပြင်းထန်မှု အဆင့်တွေ ရှိနိုင်ပါတယ်။ ဂရုမစိုက်ဘဲ ထားရင် စကားပြောလို့မရတာ၊ အစာစားလို့မရတာကို ဖြစ်ပေါ်စေပါလိမ့်မယ်။

၁။ ရေခဲအိတ်ကပ်ပါ

ရေခဲအိတ်က နာကျင်မှုကို သက်သာစေပြီး အာရုံကြောထဲမှာ ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ ရေခဲအိတ်က မေးရိုးနာကျင်မှုကို သက်သာစေခြင်းမှာ အရမ်းထိရောက်ပါတယ်။ ရေခဲကို အရေပြားနဲ့ တိုက်ရိုက်မထိဖို့တော့ သတိထားပါ။
ရေခဲကို ပလတ်စတစ်အိတ်တစ်ခုထဲထည့်ပါ။ အဝတ်တစ်ခုနဲ့ အိတ်ကို ပတ်ပါ။ ၁၀မိနစ်လောက် နာကျင်နေတဲ့နေရာကို ရေခဲအိတ်နဲ့ ကပ်ပေးပါ။ ၁၀မိနစ်လောက်နားပြီးမှ ထပ်ကပ်ပေးပါ။

၂။ စိုစွက်ပြီးနွေးတဲ့အဝတ်နဲ့ ကပ်ပေးပါ

ရေနွေးနွေးလေးနဲ့ စိမ်ထားတဲ့ အဝတ်ကို ကပ်ပေးရမှာဖြစ်ပါတယ်။ ဒါက ကြွက်သားတွေ အရမ်းလှုပ်ရှားရတာကို relaxဖြစ်စေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းစေပြီး နာကျင်မှုကို လျော့ကျစေပါတယ်။ ရေနွေးဝတ်ကို မျက်နှာပေါ်မတင်ခင်မှာ အပူချိန်ကို သင့်လက်ဖြင့် စစ်ဆေးပါ။
အဝတ်ကို ရေနွေးနွေးနဲ့ စွတ်ပြီး ပိုလျှံတဲ့ရေတွေကို ညှစ်ပါ။ ၁၀မိနစ်လောက် နာကျင်နေတဲ့နေရာမှာ ဖိကပ်ပေးပါ။ မေးရိုးနာတာ ပျောက်သွားတဲ့အထိ ၂နာရီတစ်ခါ ပြုလုပ်ပေးပါ။

၃။ အစားအသောက်ကို ဂရုစိုက်ပါ

မေးရိုးနာကျင်မှု ခံစားရတဲ့အခါ တချို့ အစားအသောက်တွေကို စွန့်လွတ်ရပါမယ်။ တတ်နိုင်သလောက် ကျွတ်ကျွတ်ဝါးရတဲ့အစာတွေ၊ မာတဲ့အစာတွေကို ရှောင်ပါ။ ဥပမာအားဖြင့် အခွံမာသီး၊ ဟင်းသီးဟင်းရွက်အစိမ်း၊ ကွက်ကီးတွေဖြစ်ပါတယ်။ အဲ့ဒီ့အစား ဟင်းချိုများ၊ ချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်များ၊ အရည် အစားအစာများကို ရွေးချယ်ပါ
ဒါ့အပြင် ကော်ဖီသောက်ခြင်း၊ ပီကေဝါးခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဒါတွေက သင့်ရဲ့နာကျင်မှုကို ပိုကြာရှည်ပြီး ပြင်းထန်စေတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအစား ဗီတာမင် အေ၊ စီနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာများကို စားပါ။

၎။ ထိုဧရိယာကို နှိပ်နယ်ပေးပါ

နှိပ်ပေးခြင်းက သင့်သွေးဖိအားအဆင့်ကို တိုးတတ်ကောင်းမွန်စေပြီး နာကျင်နေတဲ့ ဧရိယာမှာ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ မေးရိုးနာကျင်မှု ဝေဒနာကို သက်သာစေဖို့ အကောင်းဆုံးရွေးချယ်စရာတစ်ခုပါ။ ညင်ညင်သာသာလေး နှိပ်ပေးရပါမယ်။
သံလွင်ဆီ၊ အုန်းဆီ သို့မဟုတ် ခရမ်ကို သင့်မေးရိုးတစ်လျှောက်မှာ လိမ်းပါ။ လက်ညှိုးနဲ့ လက်ခလယ်ကိုသုံးပြီး ၅မိနစ်လောက် စက်ဝိုင်းပုံလှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ သင့်ပါးစပ်ကို ၄-ငါးကြိမ်လောက်ဖွင့်ပါ။ ဒီဖြစ်စဉ်ကို တစ်နေ့ ၂- ၃ကြိမ် ပြုလုပ်ပေးပါ။

၅။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ

စိတ်ဖိစီမှုက သင့်မေးရိုးအတွက် အန္တရာယ်များတဲ့ အလေ့အထများကို ဖြစ်စေနိုင်ပါတယ်။ ဒီအလေ့အထများက လက်သည်းကိုက်ခြင်း၊ သွားကြိတ်ခြင်း တို့ပါဝင်ပါတယ်။ နေ့စဉ်ပုံမှန်တရားထိုင်ခြင်း၊ ယောဂပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့နည်းအောင် ပြုလုပ်ပေးပါ။ ကိုယ်ဟန်အနေအထားကောင်းမွန်ဖို့နဲ့ အလုံအလောက် အနားယူဖို့ လည်း အရေးကြီးပါတယ်။
ဒါ့အပြင် အေရိုးဘစ်လေ့ကျင့်ခန်းကို တစ်ပတ် ၂ကြိမ်၊ မိနစ် ၂၀မှ ၃၀ လောက် ပြုလုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး သင့်ခန္ဓာကိုယ်ကို လထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ ဒါတွေက မေးရိုးနာကျင်မှုကို သက်သာစေတဲ့ သဘာဝ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်ပါတယ်။
ပါးစပ်ကို အကျယ်ကြီးဟပြီးသမ်းခြင်း၊ ပီကေဝါးခြင်း၊ မာတဲ့အစားအစာတွေ စားခြင်းတို့က နာကျင်မှုကို ပြင်းထန်စေတာကြောင့် ဒီလိုအရာတွေကို ရှောင်သင့်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here