0
428
Asian Chinese little sisters struggle for blocks on the floor in the living room at home.
စိတ်အေးမှုကိုပြပါ
LM_Naung_Naung
Lifestyle_Myanmar
မောင်နှမချင်း ရန်ဖြစ်တတ်တဲ့ အမူအကျင့်ကို မိဘတွေအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်လဲ
မိသားစုတစ်ခုမှာ မောင်နှမတွေအချင်းချင်း ရန်ဖြစ်မှုတွေက သိပ်တော့မဆန်းပါဘူး။ အချို့မိသားစုက ကလေးတွေကတော့ ကြီးလာတဲ့အခါမှ မောင်နှမချင်း ရန်မဖြစ်တော့ပဲ တည့်သွားကြပေမယ့် တချို့ကလေးတွေကတော့ ဘေးသူစိမ်းတွေနဲ့ တည့်အောင်ပေါင်းနိုင်ပြီး မောင်နှမချင်းဆိုရင် မျက်နှာချင်းဆိုင်မရအောင် မတည့်ကြပါဘူး။ ယခုလိုအကျင့်က သူတို့ကြီးလာတဲ့အချိန်ထိ ပါသွားတတ်ကြပါတယ်။
ကလေးတွေဟာ သဘာဝအားဖြင့် အာရုံစိုက်ခံရမှု အားလုံးကို ချစ်ကြပါတယ်။ သူတို့ရဲ့ ဆိုးတဲ့အမူအကျင့်ကြောင့် အာရုံစိုက်ခံရရင်တောင်မှ နှစ်သက်လေ့ရှိကြပါတယ်။ ဒါကြောင့် တကယ်လို့
ကလေးတွေရန်ဖြစ်လို့ သင်ကအာရုံစိုက်မှုတွေ ပေးတဲ့အခါ အနာဂတ်အတွက် ကြိုတင်စဉ်းစားပြီး ပြဿနာတွေကို ဖြေရှင်းဖို့၊ ရန်ဖြစ်တာတွေကို ရှောင်ရှားနိုင်စေဖို့အတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုရန်ဖြစ်တတ်တဲ့ အကျင့်ကိုဖျောက်ပေးဖို့အတွက်
၁။ ငိုတာတွေမစတင်ခင်မှာပဲ ရန်ဖြစ်တာကိုရပ်တန့်အောင်လုပ်ပါ
သူတို့တစ်ယောက်ကိုတစ်ယောက် ကိုယ်ထိလက်ရောက် ရန်ဖြစ်တဲ့အဆင့်မရောက်မီ တစ်ယောက်နဲ့တစ်ယောက် သီးခြားဆီခွဲထားပါ။
စိတ်အေးမှုကိုပြပါ
သူတို့ရန်ဖြစ်နေတဲ့အချိန်မှာ သင်ကဒေါသတကြီးနဲ့ မဆူပူပဲ စိတ်အေးအေးထားပြီး ပြောခြင်းက သူတို့ရဲ့ဒေါသကို ဘရိတ်အုပ်သွားစေပါလိမ့်မယ်။
သူတို့ရဲ့အမူအကျင့်အပေါ် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေက ပိုပြီးထိရောက်စေပါတယ်။
အကျိုးအကြောင်းကို နောက်မှပြောဆိုခြင်းက ပိုထိရောက်ပါတယ်
သူတို့ဒေါသထွက်နေတဲ့အချိန်မှာ ဆုံးမခြင်းထက် စိတ်ပြေသွားတဲ့ အချိန်လောက်မှ ကောင်းမွန်စွာပြောပြခြင်းက သူတို့ကိုပိုမိုသဘောပေါက်စေပါတယ်။
ကလေးတွေကို မျှမျှတတဆက်ဆံပါ
ကလေးတွေရဲ့စိတ်မှာ မျှတစွာဆက်ဆံခံရခြင်း မရှိဘူးလို့ ထင်တဲ့အခါ သူတို့ကိုပိုပြီးဆိုးစေပါတယ်။ ဒါပေမယ့် ၆နှစ်အရွယ်ကလေးနဲ့ ၂ နှစ်အရွယ်ကလေးကိုတော့ ယခုလိုမျှမျှတတဆက်ဆံတဲ့နည်းနဲ့ သိပ်ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒီအစားအငယ်ကို ကြင်နာဖို့အတွက် ဆုံးမပေးပါ။ အပျက်သဘောဆောင်တဲ့ အသုံးအနှုန်းတွေ နှိုင်းယှဉ်မှုတွေကို မသုံးပါနဲ့။ ဥပမာ နင်ကပြဿနာကောင်ပဲ၊ နင်ကအကြီးဖြစ်ပြီးတော့ အငယ်ကိုအလျှော့ပေးရမယ်ဆိုတာ မသိဘူးလား၊ ကလေးနဲ့တုပြီး ရန်မဖြစ်နဲ့ စတဲ့စကားတွေက ကလေးကို ပိုပြီးနာကျည်းစေပါတယ်။
ရန်ဖြစ်တဲ့အကြောင်းရင်းကို ဖော်ထုတ်ပါ
ကလေးတွေဘာကြောင့် မကြာခဏရန်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းတွေကို ရှာပြီး ဖြေရှင်းပေးဖို့ အရေးကြီးပါတယ်။ တကယ်လို့ အစားအသောက်ကြောင့် သို့မဟုတ် ကစားစရာ အရုပ်တွေကြောင့် ဖြစ်တယ်ဆိုရင် သင်ဖြေရှင်းပေးနိုင်ဖို့အတွက် နည်းလမ်းတွေကို ကြိုတင်စဉ်းစားထားလို့ရမှာပါ။
ပြဿနာရဲ့အကြောင်းရင်းကို နှစ်ဦးစလုံးအားသေချာအောင်မေးပါ
ကလေးနှစ်ယောက်ရဲ့ အမြင်နှစ်ခုလုံးကို သေချာအောင်မေးပြီး မမြင်မတူမှုနှစ်ခုကို ညှိနှိုင်းပေးဖို့ ကြိုးစားခြင်းက သူတို့ကိုယ်တိုင်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ အမြင်မတူတာတွေကို သိရှိနိုင်ဖို့ ကူညီပေးပါတယ်။ ပြီးလျှင်ကိုယ့်ရဲ့လုပ်ရပ်က မျှတမှုရှိမရှိစဉ်းစားနိုင်ဖို့အတွက် ကူညီပေးပါ။ သူတို့ရဲ့
အမြင်နဲ့အမူအကျင့်ကို ကိုယ်တိုင်သတိထားမိပြီး ပြင်ဆင်စေခြင်းက မိဘတွေကိုယ်တိုင်ပြောင်းလဲပေးတာထက် များစွာအကျိုးရှိစေပါတယ်။
ဘာပဲဖြစ်ဖြစ် မိဘတစ်ယောက်ရဲ့ တုံ့ပြန်မှုက အရေးအကြီးဆုံးဖြစ်တာကြောင့် သင်ဘယ်လောက်ပဲစိတ်တိုနေပါစေ။ စိတ်ကိုအတတ်နိုင်ဆုံး အေးအေးထားဖို့နဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေနဲ့ ဆိုဆုံးမခြင်း၊ ဖြေရှင်းပေးခြင်းက အနာဂတ်မှာ မောင်နှမချင်းချစ်ချစ်ခင်ခင် နေနိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here