ဟာဂျီဝန်သည် ၂၁ရက်နေ့အစောပိုင်းမှာကွယ်လွန်သွားတဲ့ မောင်ဖြစ်သူ Jeon Taesoo အတွက် သူမရဲ့နောက်ဆုံးမက်ဆေ့ခ်ျကို ဓါတ်ပုံများနှင့်အတူ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။
မောင်ဖြစ်သူ Jeon Tae Soo သေဆုံးမှုကြောင့် နောက်ပိုင်းပွဲအစီအစဉ်တွေကို ဖျက်သိမ်းခဲ့တဲ့ မင်းသမီး Ha Ji Won
#Lifestyle_Myanmar
#TB_Nandar
Unicode
မောင်ငယ်ဖြစ်သူ Jeon Tae soo အတွက် ဟာဂျီဝန်ရဲ့ အင်စတာဂရမ်ပေါ်က နောက်ဆုံးမက်ဆေ့ချ်
ဟာဂျီဝန်သည် ၂၁ရက်နေ့အစောပိုင်းမှာကွယ်လွန်သွားတဲ့ မောင်ဖြစ်သူ Jeon Taesoo အတွက် သူမရဲ့နောက်ဆုံးမက်ဆေ့ချ်ကို ဓါတ်ပုံများနှင့်အတူ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၄ရက်နေ့တွင် ဟာဂျီဝန်သည် သူမရဲ့အင်စတာဂရမ်အကောင့်မှာ မောင်ဖြစ်သူ Jeon Tae soo နှင့်အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုတင်ခဲ့ပါတယ်။ ဓါတ်ပုံနှင့်အတူ မင်းသမီးက “အလှဆုံးကြယ်ပွင့်လေး၊ ကြယ်ပွင့်လေးဟာ ထာဝရထွန်းလင်း နေလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ကြယ်လေးကို ငါချစ်တယ်။ ဒီကြယ်လေးဟာ ဒီကမ္ဘာပေါ်မှာ တခြားသူတွေထက် ပိုပျော်ရွင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကြယ်လေးကို ဒီကမ္ဘာပေါ်မှာ လူတိုင်းကချစ်နေမယ်လို့ မျှော်လင့်ပါတယ်။ ငါချစ်တဲ့ အလှဆုံးကြယ်ပွင့်လေး Jeon Taesoo လို့ရေးသားထားပါတယ်။
သိပ်မကြာခင်မှာပဲ ဟာဂျီဝန်သည် သူမရဲ့လက်ရေးဓါတ်ပုံလေးနှင့်အတူ အခြားပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။ဓါတ်ပုံနှင့်အတူ သူမက ” ‘Jeon Taesoo’ မင်းဟာ နေရောင်ခြည်ထက်ပိုမိုလှပပါတယ်” လို့ရေးသားထားပါတယ်။ အသက်၃၄နှစ်အရွယ်ရှိတဲ့ မင်းသား Jeon Tae sooဟာ ကာလအတန်ကြာ စိတ်ကျရောဂါကို ခံစားနေခဲ့ရပြီး ဇန်နဝါရီလ ၂၁ရက်နေ့မှာကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar