ဘေဘီလေးတွေကို ဘာ့ကြောင့် ခေါင်းအုံးနဲ့ မသိပ်သင့်တာလဲ?

0
566

မိခင်တွေ ကလေးနဲ့ ပတ်သတ်လို့ သိထားသင့်တဲ့ အဓိကအကြောင်းအရာများထဲက တစ်ခုကတော့ ဘေဘီလေးကို ခေါင်းအုံးအသုံးပြုပြီး မသိပ်သင့်တာပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်ပါလဲ?

မွေးကင်းစကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ လူကြီးတစ်ယောက်ရဲ့ ခန္ဓာအချိုးအစားနဲ့ ကွဲပြားခြားနားတာကြောင့် ခေါင်းအုံးအသုံးမပြုသင့်ပါဘူး။ သူတို့လည်ပင်းဟာ သေးငယ်ပြီး သူတို့ခေါင်းဟာ သူတို့ခန္ဓာကိုယ်ရဲ့ ကျန်အရာများနဲ့ နှိုးယှဉ်ရင် ပိုပြီးကြီးတာကြောင့်ဖြစ်ပါတယ်။
သူတို့ အဆင်သင့်မဖြစ်သေးခင်မှာ ခေါင်းအုံးတစ်လုံးနှင့် သိပ်တာက ခေါင်းအုံးဖြင့် မွန်းကြပ်မှုအန္တရာယ်ကို ဖြစ်ပေါ်စေတာကြောင့် ဘေဘီလေးကို အသက် (၂)နှစ်အထိ ခေါင်းအုံးအသုံးပြုပေးခြင်း ရှောင်ကျဉ်ဖို့ အရေးကြီးပါတယ်။

ဘေဘီလေးတွေကို ခေါင်းအုံးအသုံးပြုပြီး ဘာ့ကြောင့် မသိပ်သင့်သေးတာလဲဆိုတဲ့ အကြောင်းရင်း တချို့ ရှိပါသေးတယ်။

ဘေဘီလေးတွေကို ဘာ့ကြောင့် ခေါင်းအုံးမသုံးပေးသင့်တာလဲ?

၁။ ခေါင်းအုံးက မွေးကင်းစကလေး ရုတ်တရက်သေဆုံးမှုကို ဖြစ်ပေါ်စေတဲ့ရောဂါများ ဖြစ်စေနိုင်လို့ပါကလေးကို ခေါင်းအုံးနဲ့သိပ်တဲ့အခါ ကလေးဟာ အိပ်နေရင်း မှောက်ခုံဖြစ်သွားရင် ပြန်ပြီးလှည့်နိုင်တာ မဟုတ်တာကြောင့် အသက်ရှုကျပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အလားတူပဲ ကလေးရဲ့အိပ်ရာထဲမှာ အရုပ်တွေ၊ တိရိစ္ဆာန်တွေ၊ ကူရှင်တွေ ထားတာကို ရှောင်ကြဉ်ရပါမယ်။ အကောင်းဆုံး ကလေးသိပ်နည်းကတော့ ကလေးအနားမှာ ဘာတစ်ခုမှမထားပါနဲ့။

၂။ ဘေဘီလေးကို ခေါင်းအုံးအသုံးပြုပေးပါက ကျောရိုးဖြောင့်တန်းမှု သဘာဝမကျတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးရဲ့လည်ပင်းက ပိုသေးငယ်ပြီး ခေါင်းက ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းထက် အချိုးအစားပိုကြီးတာကြောင့် ကလေးကခေါင်းကိုထိန်းမထားနိုင်သေးပါဘူး။ ဒါ့ကြောင့် ကလေးမှာ ကျောရိုးပုံစံ သဘာဝမကျတာတွေ ဖြစ်ပေါ်စေပါတယ်။

၃။ ခေါင်းအုံးတွေပေါ်မှာ အိပ်ဖို့ဆိုတာ ကလေးတစ်ယောက်အတွက် သက်တောင့်သက်သာ မဖြစ်သေးပါဘူး။ လူကြီးတွေအနေနဲ့ ခေါင်းအုံးများစွာပေါ်မှာ အိပ်ပျော်ပေမယ့် ကလေးတစ်ယောက်ဟာ သက်တောင့်သက်သာရှိတယ်လို့ မခံစားရပါဘူး။ သူကောင်းကောင်းအိပ်မပျော်ရင် နောက်နေ့ ဂျီကျပါလိမ့်မယ်။ ခေါင်းအုံးတစ်လုံးနဲ့ အိပ်ခြင်းဟာ သူတို့အတွက် အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။

၎။ ဓါတ်မတည့်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျွန်တော်တို့ အဝတ်လျှော်တဲ့အခါ ဆပ်ပြာ၊ အမွှေးဆီအနံ့မျိုးစုံကို အများအားဖြင့် သုံးတတ်ကြတာကြောင့် ဒါက ကူရှင်သို့မဟုတ် ခေါင်းအုံးတစ်လုံးကို လျှော်တဲ့အခါ စဉ်းစားဖို့ အရေးပါတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ကလေးရဲ့အသားအရေက နုနယ်ပြီး အနံ့အာရုံက ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် အနံ့ပြင်းတဲ့ ဆပ်ပြာတွေ၊ အမွှေးဆီတွေ သုံးတာက ဓါတ်မတည့်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကလေးတွေကို ဘယ်အချိန်မှာ ခေါင်းအုံးပေးသုံးနိုင်သလဲ?

ကလေးနဲ့ပတ်သတ်တဲ့ စပိန်ဆေးပညာအဖွဲ့အစည်းနဲ့ ကလေးအထူးကု အမေရိကန် အကယ်ဒမီက ကလေးတွေကို အသက် ၂နှစ်ကျော်မှ ခေါင်းအုံးစသုံးပေးဖို့ အကြံပြုထာပါတယ်။ ကလေးဘေးတိုက် အိပ်တဲ့အခါ ဇက်နာမှာစိုးလို့ သင့်ကလေးအတွက် ခေါင်းအုံးကိုစတင် အသုံးပြုပေးချင်တယ်ဆိုရင် အနည်းငယ်မာပြီး ပါးလွှာသေးငယ်တဲ့ ခေါင်းအုံးဖြစ်ရပါမယ်။ အသက်ရှုကြပ်တာမဖြစ်အောင် ပျော့တဲ့ခေါင်းအုံးကို ရှောင်ပါ။

cotton နဲ့ပြုလုပ်ထားတဲ့ ခေါင်းအုံးကို ရွေးချယ်ပါ။ polyester ကဲ့သို့သော ပစ္စည်းများကို အသုံးပြုထားတဲ့ ခေါင်းအုံးတွေက လေဝင်လေထွက်မကောင်းဘဲ လည်ပင်းဧရိယာနှင့် ခေါင်းကို အအလွန်အကျွံပူခြင်း ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ရှားတာ အကောင်းဆုံးဖြစ်ပါတယ်။

ရုတ်တရက် သေဆုံးခြင်း အန္တရာယ်မှ ရှောင်ရှားဖို့ အကြံပေးချက်များ

ခေါင်းအုံးအသုံးပြုခြင်းကို ရှောင်ရှားတဲ့အပြင် မွေးကင်းစကလေးရုတ်တရက် သေဆုံးမှုကိုဖြစ်စေတဲ့ ရောဂါများကို ကာကွယ်ဖို့ တခြားနည်းလမ်းတွေ ရှိပါတယ်။
သူတို့ကို ပက်လက်သိပ်ပါ။ ကလေးတွေကို အမြဲတမ်း ပက်လက်ပဲ သိပ်သင့်ပါတယ်။
ကလေးကို စောင်ပုခက်မဟုတ်တဲ့ စပရိန်ပုခက်ပေါ်မှာ သိပ်လို့ရပါတယ်။ ကလေးကိုသိပ်တဲ့ မွေ့ယာက အရမ်းပျော့လွန်းတာ မဖြစ်သင့်ပါဘူး။ အိပ်ရာခင်းကို ပြန့်ပြန်ပြူးပြူးခင်းပြီး အိပ်ရာခင်းအနားတွေကို မွေ့ယာအောက်မှာ ဖိထားရပါမယ်။ ပုခက်ထဲမှာ အရုပ်၊ စောင်ထူထူ၊ အင်္ကျီအပို၊ အနှီးတွေ မထားသင့်ပါဘူး။

elastic or plastic fabrics တွေနဲ့ ပြုလုပ်တဲ့ စောင်တွေ မသုံးစွဲဖို့ အကြံပြုလိုပါတယ်။
အခန်းအပူချိန်ဟာ ၆၄ မှ ၆၈ ဒီဂရီဖာရင်ဟိုက် အကြား ရှိနေသင့်ပါတယ်။ ကလေးအိပ်ပျော်တဲ့အခါ အရမ်းပူလွန်းတဲ့ အဝတ်အစားတွေ ဝတ်ပေးထားတာ၊ စောင်အထူကြီးအုပ်ပေးထားတာကို ရှောင်ရှားဖို့ အကြံပြုလိုပါတယ်။
အရေးအကြီးဆုံးကတော့ ကလေးအသက် ၂နှစ်မပြည့်ခင်အထိ ခေါင်းအုံးအသုံးပြုပြီး မသိပ်သင့်သေးပါဘူး။ ဒါက ကလေးရဲ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

#Lifestyle_Myanmar

#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here