ေဘဘီေလးေတြကို စာဖတ္ျပျခင္းရဲ႕ အသံုးဝင္ေသာ အက်ိဳးေက်းဇူး (၅)ခု

0
220

ေမေမတို႔ရဲ႕ ေဘဘီေလးေတြကို စာဖတ္ျပျခင္းက ကေလးရဲ႕အလံုးစံုဖြံ႕ၿဖိဳးတိုးတတ္မႈႏွင့္ ကိုယ္ရည္ကိုယ္ေသြး ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ အကူအညီ ျဖစ္ေစပါတယ္ေနာ္။ စာဖတ္ျခင္းဟာ ေမေမတို႔အတြက္ ဗဟုသုတရေစသလို ရင္ေသြးေလးမွာလည္း သေႏၶသားေလးအရြယ္ကစၿပီး ႀကီးလာတဲ့အထိ အက်ိဳးေက်းဇူးေတြ မ်ားတဲ့ အေကာင္းဆံုး အေလ့အက်င့္ေလးျဖစ္ပါတယ္။ ယေန႔မိခင္အေတာ္မ်ားမ်ားက သူတို႔ရဲ႕ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အသံက်ယ္က်ယ္နဲ႔ စာဖတ္ျပေလ့ရွိၾကပါတယ္။ ဒါက သေႏၶသားကေလးဟာ မိခင္ရဲ႕အသံကို အကၽြမ္းတဝင္ ရွိေစတယ္လို႔ဆိုပါတယ္။
အေမရိကန္အကယ္ဒမီရဲ႕ အဆိုအရ ကေလးကို စာဖတ္ျပျခင္းက ေမြးဖြားၿပီးေနာက္မွာလည္း မရွိမျဖစ္ အေရးပါပါတယ္။ သတင္းေကာင္းက ကေလး စကားစေျပာတဲ့အထိ ေစာင့္ဖို႔မလိုတာေၾကာင့္ ျဖစ္ပါတယ္။ ကေလးကို စာဖတ္ျပျခင္းက မေရတြက္ႏိုင္တဲ့ အက်ိဳးေက်းဇူးေတြ ရွိပါေသးတယ္။
ကေလးတိုင္းက သင္ဘာဖတ္ျပေနသလဲဆိုတာေတာ့ နားလည္ႏိုင္မွာမဟုတ္ေသာ္လည္း ဘာသာစကားရဲ႕ စည္းခ်က္နဲ႔အသံေတြကို စတင္အသိအမွတ္ျပဳပါလိမ့္မယ္။

၁။ နားေထာင္မႈ skill ကိုတိုးတတ္ေစပါတယ္
ေမေမတို႔ ဖတ္ျပတဲ့အသံကို နားေထာင္ျခငး္ျဖင့္ ကေလးရဲ႕ အသံေတြမွာ စိတ္ဝင္စားမႈကို လံႈ႕ေဆာ္ေပးပါလိမ့္မယ္။ ကေလးရဲ႕ မ်က္ႏွာကိုၾကည့္ၿပီး ဖတ္ျပေပးမယ္ဆိုရင္ အသံကိုၾကားႏုိင္သလို မိခင္ရဲ႕လႈပ္ရွားမႈကိုပါ ျမင္ရတာေၾကာင့္ လက္ေလးေတြလႈပ္တာ၊ တခစ္ခစ္ရီတာေလးေတြနဲ႔ တံု႔ျပန္မႈေပးပါလိမ့္မယ္။
သင့္ေဘဘီေလးကို စာအုပ္ေတြဖတ္ျပျခင္းက သင့္ရဲ႕ကေလးေသးေသးေလးကို ေပ်ာ္ရြင္မႈႏွင့္ ႏွစ္သိမ့္တဲ့ခံစားခ်က္ေတြကို ေပးပါလိမ့္မယ္။

၂။ ေဝါဟာရေတြ တိုးတတ္ေကာင္းမြန္ပါတယ္
စာဖတ္ျပျခင္းက သင့္ကေလးရဲ႕စိတ္ကူးစိတ္သန္းႏွင့္ ေဝါဟာရတည္ေဆာက္ျခင္းမွာ အကူအညီျဖစ္ေစပါတယ္။
ဒါက ကေလးရဲ႕ ဆက္ဆံေျပာဆိုျခင္း skill ကိုတိုးတတ္ေကာင္းမြန္ေရးမွာ အကူအညီေပးပါတယ္။
စာမ်ားမ်ားဖတ္ေပးရင္ ေဘဘီေလးဟာ စကားလံုးေတြကို ပိုနားေထာင္တတ္လာၿပီး သူတို႔ကို သိရွိႏိုင္ဖို႔ တျဖည္းျဖည္း သင္ယူပါလိမ့္မယ္။

၃။ အျမင္အာရံု ကို တိုးတတ္ေစပါတယ္
စာဖတ္ျပျခင္းရဲ႕ ႀကီးမားတဲ့ ေကာင္းက်ိဳးတစ္ခုက သင့္ရဲ႕ေဘဘီေလးကို နံပါတ္ေတြ၊ အေရာင္ေတြ၊ အကၡရာစာလံုးေတြ၊ ပံုသ႑ာန္ေတြႏွင့္ ပံုျပင္တို႔ရဲ႕ သေဘာတရားကို စတင္မိတ္ဆတ္ေစပါလိမ့္မယ္။ ဒါက အျမင္အာရံုကို ပိုေကာင္းေစၿပီး မွတ္ဥာဏ္စြမ္းအားကို ျမင့္တက္ေစပါတယ္။

၄။ မွတ္ဥာဏ္ကို တည္ေဆာက္ေပးပါတယ္
သင့္ရဲ႕ေဘဘီေလးဟာ ပတ္ဝန္းက်င္ႏွင့္ပတ္သတ္ၿပီး ထိုးထြင္းသိျမင္ႏိုင္စြမ္း ရရွိပါလိမ့္မယ္။ ဒါက imagination skills ကို ျမွင့္တင္ေပးၿပီး မန္မိုရီတည္ေဆာက္ျခင္းမွာ တျဖည္းျဖည္း အကူအညီျဖစ္ေစပါလိမ့္မယ္။

၅။ စိတ္ခံစားမႈႏွင့္ Social Skills
ေလ့လာမႈတစ္ခုမွာ စိတ္ခံစားမႈကို ေဖာ္ျပေနတဲ့ စကားလံုးအမ်ိဳးမ်ိဳးကို နားေထာင္ျခင္းက ကေလးမွာစိတ္ခံစားမႈႏွင့္ လူမႈေရးအျပဳအမႈ ဝင္ေရာက္လာတယ္လို႔ ေဖာ္ျပထားပါတယ္။
စာဖတ္ျပျခင္းက သင့္ကေလးေသးေသးေလးကို သင့္ေမးခြန္းမ်ားကို တံု႔ျပန္ဖို႔ႏွင့္ ထိေတြ႕မႈ၊ အၾကည့္ႏွင့္ ညြန္ျပမႈကိုလည္း ကူညီေပးပါတယ္။
ဒီလႈပ္ရွားမႈမ်ားက စဥ္းစားေတြးေခၚမႈ skillsႏွင့္ ေပါင္းသင္းဆက္ဆံေရးတိုးတတ္မႈကို တိုးျမွင့္ေပးပါတယ္။

ဘာသာစကားကၽြမ္းက်င္မႈက ပံုေတြကိုအသိအမွတ္ျပဳျခင္း၊ စကားလံုးေတြကို ေလ့လာျခင္းႏွင့္ အသံအမ်ိဳးမ်ိဳးကို တုပျခင္းျဖင့္ တိုးျမွင့္လာေစပါတယ္။
စာဖတ္ျပတဲ့အခါ ေမေမတို႔ရဲ႕ေဘဘီေလးကို အသံက်ယ္က်ယ္နဲ႔ ဖတ္ျပသင့္ပါတယ္။ ေမေမတို႔ရဲ႕ေဘဘီေလးကို စာအုပ္ေတြ ဖတ္ျပျခင္းက ေမေမတို႔ရဲ႕အသံကို ေကာင္းစြာ ရင္းႏွီးမႈရွိၿပီး စာအုပ္ေတြနဲ႔အတူ စာဖတ္တဲ့အေလ့အက်င့္ တည္ေဆာက္မႈကို ကူညီေပးပါလိမ့္မယ္။
ေမေမတို႔ရဲ႕ေဘဘီေလး ၅လျပည့္ၿပီဆိုရင္္ စာစတင္ဖတ္ျပဖို႔ အေကာင္းဆံုးအခ်ိန္ျဖစ္ပါတယ္။ ပံုမွန္စာဖတ္ျပတာက ကေလးရဲ႕မွတ္ဥာဏ္စြမ္းအားကို တိုးတတ္ေစပါလိမ့္မယ္။

Lifestyle_Myanmar

LM_Nandar

Unicode

ဘေဘီလေးတွေကို စာဖတ်ပြခြင်းရဲ့ အသုံးဝင်သော အကျိုးကျေးဇူး (၅)ခု
မေမေတို့ရဲ့ ဘေဘီလေးတွေကို စာဖတ်ပြခြင်းက ကလေးရဲ့အလုံးစုံဖွံ့ဖြိုးတိုးတတ်မှုနှင့် ကိုယ်ရည်ကိုယ်သွေး ပြုစုပျိုးထောင်တဲ့နေရာမှာ အကူအညီ ဖြစ်စေပါတယ်နော်။ စာဖတ်ခြင်းဟာ မေမေတို့အတွက် ဗဟုသုတရစေသလို ရင်သွေးလေးမှာလည်း သန္ဓေသားလေးအရွယ်ကစပြီး ကြီးလာတဲ့အထိ အကျိုးကျေးဇူးတွေ များတဲ့ အကောင်းဆုံး အလေ့အကျင့်လေးဖြစ်ပါတယ်။ ယနေ့မိခင်အတော်များများက သူတို့ရဲ့ကိုယ်ဝန်ဆောင်ချိန်မှာ အသံကျယ်ကျယ်နဲ့ စာဖတ်ပြလေ့ရှိကြပါတယ်။ ဒါက သန္ဓေသားကလေးဟာ မိခင်ရဲ့အသံကို အကျွမ်းတဝင် ရှိစေတယ်လို့ဆိုပါတယ်။
အမေရိကန်အကယ်ဒမီရဲ့ အဆိုအရ ကလေးကို စာဖတ်ပြခြင်းက မွေးဖွားပြီးနောက်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သတင်းကောင်းက ကလေး စကားစပြောတဲ့အထိ စောင့်ဖို့မလိုတာကြောင့် ဖြစ်ပါတယ်။ ကလေးကို စာဖတ်ပြခြင်းက မရေတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါသေးတယ်။
ကလေးတိုင်းက သင်ဘာဖတ်ပြနေသလဲဆိုတာတော့ နားလည်နိုင်မှာမဟုတ်သော်လည်း ဘာသာစကားရဲ့ စည်းချက်နဲ့အသံတွေကို စတင်အသိအမှတ်ပြုပါလိမ့်မယ်။

၁။ နားထောင်မှု skill ကိုတိုးတတ်စေပါတယ်
မေမေတို့ ဖတ်ပြတဲ့အသံကို နားထောင်ခြငး်ဖြင့် ကလေးရဲ့ အသံတွေမှာ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးပါလိမ့်မယ်။ ကလေးရဲ့ မျက်နှာကိုကြည့်ပြီး ဖတ်ပြပေးမယ်ဆိုရင် အသံကိုကြားနိုင်သလို မိခင်ရဲ့လှုပ်ရှားမှုကိုပါ မြင်ရတာကြောင့် လက်လေးတွေလှုပ်တာ၊ တခစ်ခစ်ရီတာလေးတွေနဲ့ တုံ့ပြန်မှုပေးပါလိမ့်မယ်။
သင့်ဘေဘီလေးကို စာအုပ်တွေဖတ်ပြခြင်းက သင့်ရဲ့ကလေးသေးသေးလေးကို ပျော်ရွင်မှုနှင့် နှစ်သိမ့်တဲ့ခံစားချက်တွေကို ပေးပါလိမ့်မယ်။

၂။ ဝေါဟာရတွေ တိုးတတ်ကောင်းမွန်ပါတယ်
စာဖတ်ပြခြင်းက သင့်ကလေးရဲ့စိတ်ကူးစိတ်သန်းနှင့် ဝေါဟာရတည်ဆောက်ခြင်းမှာ အကူအညီဖြစ်စေပါတယ်။
ဒါက ကလေးရဲ့ ဆက်ဆံပြောဆိုခြင်း skill ကိုတိုးတတ်ကောင်းမွန်ရေးမှာ အကူအညီပေးပါတယ်။
စာများများဖတ်ပေးရင် ဘေဘီလေးဟာ စကားလုံးတွေကို ပိုနားထောင်တတ်လာပြီး သူတို့ကို သိရှိနိုင်ဖို့ တဖြည်းဖြည်း သင်ယူပါလိမ့်မယ်။

၃။ အမြင်အာရုံ ကိုတိုးတတ်စေပါတယ်
စာဖတ်ပြခြင်းရဲ့ ကြီးမားတဲ့ ကောင်းကျိုးတစ်ခုက သင့်ရဲ့ဘေဘီလေးကို နံပါတ်တွေ၊ အရောင်တွေ၊ အက္ခရာစာလုံးတွေ၊ ပုံသဏ္ဍာန်တွေနှင့် ပုံပြင်တို့ရဲ့ သဘောတရားကို စတင်မိတ်ဆတ်စေပါလိမ့်မယ်။ ဒါက အမြင်အာရုံကို ပိုကောင်းစေပြီး မှတ်ဉာဏ်စွမ်းအားကို မြင့်တက်စေပါတယ်။

၄။ မှတ်ဉာဏ်ကို တည်ဆောက်ပေးပါတယ်
သင့်ရဲ့ဘေဘီလေးဟာ ပတ်ဝန်းကျင်နှင့်ပတ်သတ်ပြီး ထိုးထွင်းသိမြင်နိုင်စွမ်း ရရှိပါလိမ့်မယ်။ ဒါက imagination skills ကို မြှင့်တင်ပေးပြီး မန်မိုရီတည်ဆောက်ခြင်းမှာ တဖြည်းဖြည်း အကူအညီဖြစ်စေပါလိမ့်မယ်။

၅။ စိတ်ခံစားမှုနှင့် Social Skills
လေ့လာမှုတစ်ခုမှာ စိတ်ခံစားမှုကို ဖော်ပြနေတဲ့ စကားလုံးအမျိုးမျိုးကို နားထောင်ခြင်းက ကလေးမှာစိတ်ခံစားမှုနှင့် လူမှုရေးအပြုအမှု ဝင်ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။
စာဖတ်ပြခြင်းက သင့်ကလေးသေးသေးလေးကို သင့်မေးခွန်းများကို တုံ့ပြန်ဖို့နှင့် ထိတွေ့မှု၊ အကြည့်နှင့် ညွန်ပြမှုကိုလည်း ကူညီပေးပါတယ်။
ဒီလှုပ်ရှားမှုများက စဉ်းစားတွေးခေါ်မှု skillsနှင့် ပေါင်းသင်းဆက်ဆံရေးတိုးတတ်မှုကို တိုးမြှင့်ပေးပါတယ်။
ဘာသာစကားကျွမ်းကျင်မှုက ပုံတွေကိုအသိအမှတ်ပြုခြင်း၊ စကားလုံးတွေကို လေ့လာခြင်းနှင့် အသံအမျိုးမျိုးကို တုပခြင်းဖြင့် တိုးမြှင့်လာစေပါတယ်။
စာဖတ်ပြတဲ့အခါ မေမေတို့ရဲ့ဘေဘီလေးကို အသံကျယ်ကျယ်နဲ့ ဖတ်ပြသင့်ပါတယ်။ မေမေတို့ရဲ့ဘေဘီလေးကို စာအုပ်တွေ ဖတ်ပြခြင်းက မေမေတို့ရဲ့အသံကို ကောင်းစွာ ရင်းနှီးမှုရှိပြီး စာအုပ်တွေနဲ့အတူ စာဖတ်တဲ့အလေ့အကျင့် တည်ဆောက်မှုကို ကူညီပေးပါလိမ့်မယ်။
မေမေတို့ရဲ့ဘေဘီလေး ၅လပြည့်ပြီဆိုရင်် စာစတင်ဖတ်ပြဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ပုံမှန်စာဖတ်ပြတာက ကလေးရဲ့မှတ်ဉာဏ်စွမ်းအားကို တိုးတတ်စေပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here