Home General Knowledge ပေ ၅၀ ကျော်အရှည်ရှိ ထိတ်လန့်စရာအကောင်းဆုံး ကမ္ဘာ့အကြီးဆုံးမြွေ Titanoboa

ပေ ၅၀ ကျော်အရှည်ရှိ ထိတ်လန့်စရာအကောင်းဆုံး ကမ္ဘာ့အကြီးဆုံးမြွေ Titanoboa

0
2312


Titanoboa လို့ခေါ်တဲ့ မြွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၆၀ လောက်ကတည်းက တောင်အမေရိကရဲ့ တောနက်ထဲမှာ ရှိခဲ့ကြောင်း သမိုင်းအထောက်ထားတွေ အရသိရှိရပါတယ်။ အဆိုပါမြွေဟာ ပေပေါင်း၅၀ခန့် အရှည်ရှိသလို အလေးချိန်၂၅၀၀ပေါင်လောက် ရှိပြီး သူ့ရဲ့ကိုယ်လုံးအရွယ်အစားကို လူတွေနဲ့နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။


Titanoboa ဟာ ယခုခေတ် Anaconda မြွေနဲ့ သဏ္ဍာန်တူညီပြီး သူကပိုမိုကြီးမာတဲ့ အရွယ်အစားကို ပိုင်ဆိုင်ထားပါတယ်။ အရွယ်အစားနဲ့ မလိုက်အောင် လျှင်မြန်စွာအမဲလိုက်တတ်ပြီး ရှိမှန်မသိအောင် သားကောင်းအနားကိုတဖြည်းဖြည်းတိုးကပ်သွားပြီး လည်ပင်းကိုလျှပ်တပြက် ကိုက်ခဲတတ်တဲ့ မုဆိုးတွေပါ။


Titanoboa မြွေတွေဟာ ဒိုင်နိုဆောတွေ မျိုးသုဉ်းပြီးနောက်ပိုင်း အမေရိကရဲ့ အပူပိုင်းတောတွေထဲမှာ ပိုမိုများပြားလာကြပါတယ်။
ခန္ဓာကိုယ်ကြီးမားပြီး အမဲလိုက်တော်တာကြောင့် အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ Titanoboa မြွေတွေကို ဖမ်းဆီးဖို့မလွယ်ကူတဲ့အပြင် နက်ရှိုင်းတဲ့တောထဲမှာ ရှိနေကြတဲ့အတွက် အရိုးစုတွေကနေတဆင့် သတ္တဗေဒပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။ အဆိုပါမြွေတွေရဲ့ အဓိကအစားအစာမှာ မိချောင်းတွေဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု အစာရှားပါးမှုတွေ မြင့်မားလာတဲ့အချိန်မှာ မျိုးသုဉ်းပျောက်ကွယ်ဖို့ ရှိနေကြောင်း သိရှိရပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here