0
8302
စပါးအုံးမြွေ
စပါးအုံးမြွေ
#Lifestyle_Myanmar
#Thar_Nage
သားဇောနဲ့ ကိုယ့်အသက်ကို မငဲ့ဘဲ ရေထဲဆင်းပြီး မိကျောင်းနဲ့ ဖက်ကိုက်တဲ့ ဖခင်
Unicode
ပေ ၂၀ အရွယ်အစားရှိတဲ့ စပါးအုံးမြွေစုံတွဲကို ချက်ပြုတ်စားသောက်လိုက်ကြတဲ့ ရွာသူရွာသားတွေ
ပေ ၂၀အရှည်ရှိတဲ့ စပါးအုံးမြွေစုံတွဲကို မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်မှာက သစ်တောထဲမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါသစ်တောထဲကို ဒေသခံတွေ အမဲလိုက်သွားရင် လဲကျနေတဲ့သစ်ပင်ကြီးမှာ ဆူညံတဲ့အသံကြားလို့ ခွဲကြည့်ရမှ မိတ်လိုက်နေတဲ့ စပါးအုံးမြွေစုံတွဲကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ ထိုသစ်ခေါင်းထဲကနေ ယောကျ်ားအများအပြားစွဲထုတ်ပြီး ထရပ်ကားပေါ်မှာတင်ပြီး သယ်ဆောင်လာခဲ့ပါတယ်။ ရွာရောက်တဲ့အခါမှာ အဆိုပါ စပါးအုံးကို လွှစက်ဖြင့်ပိုင်းဖြတ်ပြီး ရွာသားတွေကို ခွဲဝေပေးခဲ့ပါတယ်။
အဆိုပါမြွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ အသက် ၆၀အရွယ် Tinsung Ujang ဆိုသူက မြွေစုံတွဲကိုတွေ့တဲ့အခါ ဝမ်းသာသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ Kelawit မြစ်အနီးရှိ Bintulu ရွာက ရွာသူရွာသားတွေ မြွေသားပေါ်စားရတော့မယ်ဖြစ်တယ်လို့ဆိုပါတယ်။ သူအံ့သြသွားတာက သစ်ခေါင်းကို ငုံ့ကြည့်လိုက်တဲ့အခါ မိတ်လိုက်နေတဲ့ မြွေအထီးနဲ့ အမမှာ အမဖြစ်သူက ပေ ၂၀နီးပါးရှည်လျာပြီး လုံးပတ်လဲ တော်တော်ကြီးပါတယ်။ ဒါပေမဲ့ မြွေအထီးဖြစ်သူကတော့ အမ နဲ့ယှဉ်ရင် အဆမတန် သေးလွန်တယ်လို့ပါပဲ။ ဒါ့အပြင် သူတို့ကို ရဖို့ အရမ်းခက်ခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့အောင်းနေတဲ့ ကျွန်းသစ်ကိုလည်း ခွဲခဲ့ရတယ်ပြီး မိတ်လိုက်နေတဲ့အနေအထားကနေ စွဲထုတ်ဖို့ဆိုတာ တကယ့်ကို ခက်ခဲ့ပါတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ထရပ်ကားပေါ်မှာ အဆိုပါ မြွေကြီးကိုတင်ဆောင်လာပြီး ရွာကိုရောက်တော့ ရွာကလူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ကြိုဆိုကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွာကအသိုင်းအဝိုင်းက မြွေသားဆို အကြိုက်ဆုံးဟင်းလျာတစ်ခုဖြစ်တာကြောင့်ပါပဲ။ ဒီအချက်ကလည်း အခြားသူတွေအတွက်တော့ အံ့သြစရာပါပဲ။ ကျွန်တော်လဲ ဒီမြွေကြီးကို ရွာသူရွာသားတွေနဲ့ အနီးနားမှာရှိတဲ့ လယ်ယာလုပ်သားတွေကို အညီအမျှ ခွဲဝေပေးခဲ့တယ်လို့ဆိုပါတယ်။ ရွာသူရွာသားတွေဟာ သူတို့ရဲ့ ထုံးစံအတိုင်း အဆိုပါမြွေကို မီးကင်ခြင်း ဒါမှမဟုတ် ထမင်းနဲ့အတူ ဟင်းသီးဟင်းရွက်တွေရောပြီး ချက်ပြုတ်စားသောက်လေ့ရှိပါတယ်။
အဆိုပါဖမ်းမိတဲ့မြွေဟာ အရှေ့တောင်အာရှမှာတွေ့ရတဲ့ အရှည်းဆုံးနဲ့ အကြီးဆုံးမြွေမျိုးစိတ်ဖြစ်ပြီး သူတို့က ရေကူးလည်းသန်တယ် အဆိပ်လည်းပြင်းတယ်လို့ သိရပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here