• Latest
  • Trending
  • All
  • News
  • Lifestyle
ေပ်ာ္ရြင္ရတဲ့ ဘဝကိုပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ႐ိုးရွင္းတဲ့ေန႔စဥ္အေလ့အထ (၈) ခ်က္

ေပ်ာ္ရြင္ရတဲ့ ဘဝကိုပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ႐ိုးရွင္းတဲ့ေန႔စဥ္အေလ့အထ (၈) ခ်က္

October 2, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Wednesday, February 8, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည္းစားေဟာင္း

    ကိုယ့္ရဲ႕ ရည္းစားေဟာင္း အေပၚ ေက်းဇူးတင္သင့္တဲ့ အခ်က္အခ်ိဳ႕

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    မိန္းမေခ်ာ့နည္း

    မိန္းမေခ်ာ့နည္း

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle

ေပ်ာ္ရြင္ရတဲ့ ဘဝကိုပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ႐ိုးရွင္းတဲ့ေန႔စဥ္အေလ့အထ (၈) ခ်က္

by Naung Naung Lwin
October 2, 2018
in Lifestyle
0
ေပ်ာ္ရြင္ရတဲ့ ဘဝကိုပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ႐ိုးရွင္းတဲ့ေန႔စဥ္အေလ့အထ (၈) ခ်က္
48
SHARES
275
VIEWS
Share on FacebookShare on Twitter

သင္ကိုယ္တိုင္ၾကံဳေတြ႕ရတဲ့ အျဖစ္အပ်က္ေတြ၊ အမွတ္ရစရာကိစၥေတြကေနတဆင့္ ေပ်ာ္ရြင္မႈဆိုတာ ျဖစ္ေပၚလာတယ္လို႔ ဆိုရေပမယ့္ တစ္ခါတစ္ေလမွာ ကိုယ့္ရဲ႕ဒုကၡေတြ၊ ျပႆနာေတြကို ေမ့ေလ်ာ့ေနတဲ့ အခ်ိန္မ်ိဳးမွာလည္း ေပ်ာ္ရြင္မႈဆိုတာ ေပၚေပါက္လာေလ့ရွိပါတယ္။ တစ္ခါတစ္ရံေတာ့လည္း ကိုယ္ႏွစ္သက္တဲ့ အရာေလးေတြကို ေပ်ာ္ေပ်ာ္ရြင္ရြင္
လုပ္ေဆာင္ေနရတဲ့ အခ်ိန္မွာ ေပ်ာ္ရြင္မႈက ေပၚေပါက္လာစျမဲပါပဲ။ ဘယ္လိုပဲ သတင္းေကာင္းေတြေၾကာင့္ ေပ်ာ္ရြင္ရပါေစ ကိုယ့္ရဲ႕ေန႔စဥ္ဘဝမွာ အျမဲတမ္းေပ်ာ္ရြင္မႈေတြကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ အ႐ိုးရွင္းဆံုး ေန႔စဥ္အေလ့အထေလးေတြကေနတဆင့္ ဖန္တီးယူႏိုင္စြမ္း ရွိပါတယ္။

၁။ သင့္ပတ္ဝန္းက်င္က ေသးငယ္တဲ့အရာေလးေတြကေန ေပ်ာ္ရြင္စရာေတြကို ရွာေဖြပါ
သင့္ကိုေပ်ာ္ရြင္ေစတဲ့ အျဖစ္အပ်က္ေတြ ေပၚေပါက္လာတဲ့အခ်ိန္ထိ ေစာင့္မေနပါနဲ႔။ ေပ်ာ္ရြင္စရာ ျဖစ္ရပ္ေတြဟာ ေန႔တိုင္းသင့္ဆီကို အလိုလို ေရာက္လာမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေသးငယ္တဲ့အရာေလးေတြမွာလည္း သင့္ကိုေပ်ာ္ရြင္ေစႏိုင္တဲ့ စြမ္းအင္ေတြရွိတယ္ဆိုတာကိုေတာ့ သတိရပါ။
ဥပမာ- မနက္ခင္းအေစာႀကီး လမ္းေလွ်ာက္ထြက္တာေတြ၊ အိမ္ကေနအလုပ္ကို မသြားခင္ ေကာင္းမြန္ျပည့္စံုတဲ့ မနက္စာကို စားသြားတာ၊ စာအုပ္ေကာင္းေကာင္းတစ္အုပ္ကို ဖတ္ေနတာေတြ၊ ဟာသကားတစ္ကားကို ၾကည့္ေနတာ၊ ကေလးေတြနဲ႔ အခ်ိန္ျဖဳန္းေနတာ၊ စတဲ့ေသးငယ္တဲ့ လႈပ္ရွားမႈေလးေတြက သင့္ကိုေပ်ာ္ရြင္ေစႏိုင္ပါတယ္။ ဒီလိုေပ်ာ္စရာေလးေတြကို ရွာေဖြေနျခင္းဟာ သင့္ရဲ႕ျပႆနာေတြကို ေမ့ေလ်ာ့ေစၿပီး စိတ္ကိုသက္ေတာင့္သက္သာ ျဖစ္ေစႏုိင္ပါတယ္။

ADVERTISEMENT

၂။ သဘာဝတရားေတြနဲ႔ နီးကပ္စြာေနပါ
သဘာဝတရားႀကီးက ကၽြန္ေတာ္တို႔ရဲ႕စိတ္ကို တည္ၿငိမ္ေအးခ်မ္းေအာင္ ျပဳလုပ္ေပးႏိုင္ၿပီး ေပ်ာ္ရြင္မႈေတြကို ရရွိေစႏိုင္ပါတယ္။ ဒါေၾကာင့္ ပန္းျခံသြားတာေတြ၊ ကမ္းေျခ၊ ျမစ္၊ ေရကန္ စတဲ့ သဘာဝတရားေတြနဲ႔ ရင္းႏွီးေစဖို႔ မြန္းက်ပ္တဲ့လူေနမႈပံုစံကေန ခဏေလာက္ျဖစ္ျဖစ္ ႐ုန္းထြက္ၿပီး မၾကာခဏသြားေရာက္ေပးပါ။

၃။ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ရြင္မႈေတြကို မွ်ေဝခံစားပါ
သူငယ္ခ်င္းေတြနဲ႔ အတူတူရွိေနတဲ့ အခါမ်ိဳးမွာ ဖုန္းေပၚေခါင္းစိုက္ေနတာေတြကို ေလ်ာ့ၿပီး ေပ်ာ္ရြင္မႈ၊ ၾကည္ႏူးမႈေတြကိုသာ အာ႐ံုစိုက္ေပးပါ။ အတူတူစားေသာက္တာေတြ၊ အလာပသလာပ ေျပာတဲ့အခ်ိန္ေတြ၊ ကိုယ့္ရဲ႕ျပႆနာေတြကို ရင္ဖြင့္တဲ့ အခ်ိန္ေတြဟာ စိတ္ကိုၾကည္လင္ေစၿပီး သင့္အတြက္အေကာင္းဆံုး အခ်ိန္ေတြျဖစ္တာေၾကာင့္ ဖုန္းသံုးၿပီး လက္လြတ္မခံမိပါေစနဲ႔။

၄။ မနာလိုစိတ္မထားပါနဲ႔
အျခားသူေတြရဲ႕ ေအာင္ျမင္မႈေတြကို မနာလိုျဖစ္ေနမယ့္အစား သူတို႔ဘာေၾကာင့္ေအာင္ျမင္ရတယ္ ဆိုတဲ့အခ်က္ေတြကို ေလ့လာမွတ္သားၿပီး ကိုယ့္ကိုယ္ကိုစိတ္တက္ၾကြပါေစ။ လူတိုင္းမွာေအာင္ေအာင္ျမင္ဖို႔အတြက္ အခြင့္အေရးတန္းတူရွိၾကပါတယ္။ အျခားသူရဲ႕ေအာင္ျမင္မႈအေပၚ မနာလိုစိတ္ထားတာဟာ ကိုယ့္ရဲ႕ေအာင္ျမင္မႈကို ျပန္လည္ပိတ္ပင္လိုက္သလိုပါပဲ။ မနာလိုတယ္ ဆိုကတည္းကိုက ကိုယ္ဟာအ႐ံႈးသမားတစ္ေယာက္ ျဖစ္ေၾကာင္း မသိစိတ္ကဝန္ခံလိုက္သလိုျဖစ္ေနပါလိမ့္မယ္။ အျခားသူေတြရဲ႕ ေအာင္ျမင္မႈေတြဟာ သင့္ကို သံလိုက္ကဲ့သို႔ ေအာင္ျမင္မႈေတြဆီ ခ်ဥ္းကပ္ႏိုင္တယ္ ဆိုတာကိုေတာ့ ယံုၾကည္လိုက္ပါ။

၅။ အျခားသူေတြကို စာနာေထာက္ထားေပးပါ
အျခားသူေတြကုိ ၾကင္နာျခင္းဟာ ကိုယ့္ဆီကိုေကာင္းျခင္းေတြဟာ ျပန္လည္ေရာက္ရွိေစယံုသာမက စိတ္ကိုေအးခ်မ္းေစၿပီး လူတိုင္းရဲ႕ခ်စ္ခင္မႈကို ရရွိေစတာေၾကာင့္ သင့္ကို ပိုမိုေပ်ာ္ရြင္ေစပါလိမ့္မယ္။

၆။ အျခားသူေတြရဲ႕ စ႐ိုက္သြင္ျပင္ကို လက္ခံေပးပါ
ကိုယ့္စိတ္နဲ႔ႏႈိင္းယွဥ္ၿပီး အျခားသူေတြကို ဆံုးျဖတ္တာ စိတ္တိုင္းမက်တာေတြဟာ ကိုယ့္စိတ္ကိုသာ ပိုၿပီး ပင္ပန္းေစပါတယ္။ ဒါေၾကာင့္ အျခားသူေတြက ဘယ္လိုပဲျဖစ္ေနပါေစ လက္ခံေပးႏိုင္ေအာင္ ႀကိဳးစားေပးပါ။ သူကကိုယ္မွမဟုတ္တာပဲ ဆိုတဲ့ အသိမ်ိဳးထားေပးပါ။ ဒီလိုေျပာလို႔ သင့္ဘဝကိုျမွင့္တင္ဖို႔ မလိုအပ္ဖူးလို႔ မယူဆပါနဲ႔။ သင့္ရဲ႕အေကာင္းဆံုး
အရည္အခ်င္းေတြကို အျမဲတမ္းျမွင့္တင္ေနပါ။ အသိပညာ ရင့္သန္ျခင္းဟာ သင့္ရဲ႕အတြင္းစိတ္ကို ၿငိမ္းခ်မ္းေစၿပီး ေပ်ာ္ရြင္မႈေတြကို ျဖစ္ေပၚလာေစတတ္ပါတယ္။

၇။ လူေတြေျပာတာေတြ ထင္တာေတြဟာ သူတို႔ကိစၥျဖစ္ပါတယ္
လူေတြရဲ႕ အထင္အျမင္ေတြ၊ ေျပာဆိုတာေတြဟာ သင့္ရဲ႕ေပ်ာ္ရြင္မႈအေပၚ မူတည္မႈမရွိပါေစနဲ႔။ လူေတြသင့္အေပၚ ေဝဖန္တာေတြ၊ ထင္ျမင္၊ ေျပာဆိုတာေတြဟာ သူတို႔ရဲ႕ကိစၥသာျဖစ္ၿပီး ဒီကိစၥအေပၚ ပုဂၢိဳလ္ေရးဆန္စြာ အရမ္းႀကီးခံစားေနရင္ သင့္ကိုစိတ္ညစ္ေစႏိုင္ပါတယ္။ ဒီလိုကိစၥေတြကို လက္ခံျခင္း မလက္ခံျခင္းဟာ သင့္အေပၚကို မူတည္ေနၿပီး သင္ခြင့္ျပဳမွ ရမယ့္အရာသာ ျဖစ္ပါတယ္။

၈။ သင့္ရဲ႕ေပ်ာ္ရြင္မႈဟာအျပင္ပန္းျဖစ္ရပ္ေတြအေပၚ မူတည္မႈမရွိပါေစနဲ႔
သင္ကိုယ္တိုင္ၾကံဳေတြရမယ့္ အေျခအေနတိုင္းကို အျမဲတမ္းေတာ့ သင္ထိန္းခ်ဳပ္ႏိုင္မွာ မဟုတ္ပါဘူး။ သင္ျဖစ္ေနတဲ့ အေျခအေနတိုင္းအတြက္ လိုက္လံၿပီးခံစားေနရမယ္ဆိုရင္ စိတ္ညစ္စရာေတြပဲ ထပ္ခါထပ္ခါ လာပါလိမ့္မယ္။ ကုန္ေစ်းႏႈန္းေတြ အရမ္းတက္ေနလို႔ သင္က်ပ္တည္းေနသလား သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။ တစ္ႏိုင္ငံလံုး ခံစားေနရတယ္ ဆိုတာကို သတိရေပးပါ။ ကားက်ပ္လို႔ စိတ္ပင္ပန္းေနၿပီလား ဒါဟာဘဝပါပဲ။ အခ်ိန္ခဏေလးေနရင္ ၿပီးသြားပါလိမ့္မယ္။ တစ္စံုတစ္ေယာက္က သင့္ကိုစိတ္အေႏွာက္အယွက္ ျဖစ္ေအာင္လုပ္ေနသလား။ သူနဲ႔ေဝးရာမွာေနလိုက္ေပါ့။ ဒီလို စိတ္ညစ္စရာကိစၥေတြကို ေခါင္းထဲက ထုတ္ႏိုင္ေအာင္ ႀကိဳးစားေနျခင္းဟာ သင့္ဆီကိုေပ်ာ္ရြင္မႈေတြခ်ည္းသာ ေရာက္ရွိဖို႔အတြက္ ျဖစ္လာေစပါလိမ့္မယ္။

#LM_Naung_Naung
#Lifestyle_Myanmar

သူငယ္ခ်င္းႏွစ္ေယာက္ၾကား ဆက္ဆံေရးကို ပ်က္ျပားေစတဲ့ လကၡဏာရပ္မ်ား

Unicode

သင်ကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ၊ အမှတ်ရစရာကိစ္စတွေကနေတဆင့် ပျော်ရွင်မှုဆိုတာ ဖြစ်ပေါ်လာတယ်လို့ ဆိုရပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဒုက္ခတွေ၊ ပြဿနာတွေကို မေ့လျော့နေတဲ့ အချိန်မျိုးမှာလည်း ပျော်ရွင်မှုဆိုတာ ပေါ်ပေါက်လာလေ့ရှိပါတယ်။ တစ်ခါတစ်ရံတော့လည်း ကိုယ်နှစ်သက်တဲ့ အရာလေးတွေကို ပျော်ပျော်ရွင်ရွင်
လုပ်ဆောင်နေရတဲ့ အချိန်မှာ ပျော်ရွင်မှုက ပေါ်ပေါက်လာစမြဲပါပဲ။ ဘယ်လိုပဲ သတင်းကောင်းတွေကြောင့် ပျော်ရွင်ရပါစေ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အမြဲတမ်းပျော်ရွင်မှုတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရိုးရှင်းဆုံး နေ့စဉ်အလေ့အထလေးတွေကနေတဆင့် ဖန်တီးယူနိုင်စွမ်း ရှိပါတယ်။

၁။ သင့်ပတ်ဝန်းကျင်က သေးငယ်တဲ့အရာလေးတွေကနေ ပျော်ရွင်စရာတွေကို ရှာဖွေပါ
သင့်ကိုပျော်ရွင်စေတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်လာတဲ့အချိန်ထိ စောင့်မနေပါနဲ့။ ပျော်ရွင်စရာ ဖြစ်ရပ်တွေဟာ နေ့တိုင်းသင့်ဆီကို အလိုလို ရောက်လာမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေးငယ်တဲ့အရာလေးတွေမှာလည်း သင့်ကိုပျော်ရွင်စေနိုင်တဲ့ စွမ်းအင်တွေရှိတယ်ဆိုတာကိုတော့ သတိရပါ။
ဥပမာ- မနက်ခင်းအစောကြီး လမ်းလျှောက်ထွက်တာတွေ၊ အိမ်ကနေအလုပ်ကို မသွားခင် ကောင်းမွန်ပြည့်စုံတဲ့ မနက်စာကို စားသွားတာ၊ စာအုပ်ကောင်းကောင်းတစ်အုပ်ကို ဖတ်နေတာတွေ၊ ဟာသကားတစ်ကားကို ကြည့်နေတာ၊ ကလေးတွေနဲ့ အချိန်ဖြုန်းနေတာ၊ စတဲ့သေးငယ်တဲ့ လှုပ်ရှားမှုလေးတွေက သင့်ကိုပျော်ရွင်စေနိုင်ပါတယ်။ ဒီလိုပျော်စရာလေးတွေကို ရှာဖွေနေခြင်းဟာ သင့်ရဲ့ပြဿနာတွေကို မေ့လျော့စေပြီး စိတ်ကိုသက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

၂။ သဘာဝတရားတွေနဲ့ နီးကပ်စွာနေပါ
သဘာဝတရားကြီးက ကျွန်တော်တို့ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းအောင် ပြုလုပ်ပေးနိုင်ပြီး ပျော်ရွင်မှုတွေကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ပန်းခြံသွားတာတွေ၊ ကမ်းခြေ၊ မြစ်၊ ရေကန် စတဲ့ သဘာဝတရားတွေနဲ့ ရင်းနှီးစေဖို့ မွန်းကျပ်တဲ့လူနေမှုပုံစံကနေ ခဏလောက်ဖြစ်ဖြစ် ရုန်းထွက်ပြီး မကြာခဏသွားရောက်ပေးပါ။

၃။ သူငယ်ချင်းတွေနဲ့ ပျော်ရွင်မှုတွေကို မျှဝေခံစားပါ
သူငယ်ချင်းတွေနဲ့ အတူတူရှိနေတဲ့ အခါမျိုးမှာ ဖုန်းပေါ်ခေါင်းစိုက်နေတာတွေကို လျော့ပြီး ပျော်ရွင်မှု၊ ကြည်နူးမှုတွေကိုသာ အာရုံစိုက်ပေးပါ။ အတူတူစားသောက်တာတွေ၊ အလာပသလာပ ပြောတဲ့အချိန်တွေ၊ ကိုယ့်ရဲ့ပြဿနာတွေကို ရင်ဖွင့်တဲ့ အချိန်တွေဟာ စိတ်ကိုကြည်လင်စေပြီး သင့်အတွက်အကောင်းဆုံး အချိန်တွေဖြစ်တာကြောင့် ဖုန်းသုံးပြီး လက်လွတ်မခံမိပါစေနဲ့။

၄။ မနာလိုစိတ်မထားပါနဲ့
အခြားသူတွေရဲ့ အောင်မြင်မှုတွေကို မနာလိုဖြစ်နေမယ့်အစား သူတို့ဘာကြောင့်အောင်မြင်ရတယ် ဆိုတဲ့အချက်တွေကို လေ့လာမှတ်သားပြီး ကိုယ့်ကိုယ်ကိုစိတ်တက်ကြွပါစေ။ လူတိုင်းမှာအောင်အောင်မြင်ဖို့အတွက် အခွင့်အရေးတန်းတူရှိကြပါတယ်။ အခြားသူရဲ့အောင်မြင်မှုအပေါ် မနာလိုစိတ်ထားတာဟာ ကိုယ့်ရဲ့အောင်မြင်မှုကို ပြန်လည်ပိတ်ပင်လိုက်သလိုပါပဲ။ မနာလိုတယ် ဆိုကတည်းကိုက ကိုယ်ဟာအရှုံးသမားတစ်ယောက် ဖြစ်ကြောင်း မသိစိတ်ကဝန်ခံလိုက်သလိုဖြစ်နေပါလိမ့်မယ်။ အခြားသူတွေရဲ့ အောင်မြင်မှုတွေဟာ သင့်ကို သံလိုက်ကဲ့သို့ အောင်မြင်မှုတွေဆီ ချဉ်းကပ်နိုင်တယ် ဆိုတာကိုတော့ ယုံကြည်လိုက်ပါ။

၅။ အခြားသူတွေကို စာနာထောက်ထားပေးပါ
အခြားသူတွေကို ကြင်နာခြင်းဟာ ကိုယ့်ဆီကိုကောင်းခြင်းတွေဟာ ပြန်လည်ရောက်ရှိစေယုံသာမက စိတ်ကိုအေးချမ်းစေပြီး လူတိုင်းရဲ့ချစ်ခင်မှုကို ရရှိစေတာကြောင့် သင့်ကို ပိုမိုပျော်ရွင်စေပါလိမ့်မယ်။

၆။ အခြားသူတွေရဲ့ စရိုက်သွင်ပြင်ကို လက်ခံပေးပါ
ကိုယ့်စိတ်နဲ့နှိုင်းယှဉ်ပြီး အခြားသူတွေကို ဆုံးဖြတ်တာ စိတ်တိုင်းမကျတာတွေဟာ ကိုယ့်စိတ်ကိုသာ ပိုပြီး ပင်ပန်းစေပါတယ်။ ဒါကြောင့် အခြားသူတွေက ဘယ်လိုပဲဖြစ်နေပါစေ လက်ခံပေးနိုင်အောင် ကြိုးစားပေးပါ။ သူကကိုယ်မှမဟုတ်တာပဲ ဆိုတဲ့ အသိမျိုးထားပေးပါ။ ဒီလိုပြောလို့ သင့်ဘဝကိုမြှင့်တင်ဖို့ မလိုအပ်ဖူးလို့ မယူဆပါနဲ့။ သင့်ရဲ့အကောင်းဆုံး
အရည်အချင်းတွေကို အမြဲတမ်းမြှင့်တင်နေပါ။ အသိပညာ ရင့်သန်ခြင်းဟာ သင့်ရဲ့အတွင်းစိတ်ကို ငြိမ်းချမ်းစေပြီး ပျော်ရွင်မှုတွေကို ဖြစ်ပေါ်လာစေတတ်ပါတယ်။

၇။ လူတွေပြောတာတွေ ထင်တာတွေဟာ သူတို့ကိစ္စဖြစ်ပါတယ်
လူတွေရဲ့ အထင်အမြင်တွေ၊ ပြောဆိုတာတွေဟာ သင့်ရဲ့ပျော်ရွင်မှုအပေါ် မူတည်မှုမရှိပါစေနဲ့။ လူတွေသင့်အပေါ် ဝေဖန်တာတွေ၊ ထင်မြင်၊ ပြောဆိုတာတွေဟာ သူတို့ရဲ့ကိစ္စသာဖြစ်ပြီး ဒီကိစ္စအပေါ် ပုဂ္ဂိုလ်ရေးဆန်စွာ အရမ်းကြီးခံစားနေရင် သင့်ကိုစိတ်ညစ်စေနိုင်ပါတယ်။ ဒီလိုကိစ္စတွေကို လက်ခံခြင်း မလက်ခံခြင်းဟာ သင့်အပေါ်ကို မူတည်နေပြီး သင်ခွင့်ပြုမှ ရမယ့်အရာသာ ဖြစ်ပါတယ်။

၈။ သင့်ရဲ့ပျော်ရွင်မှုဟာအပြင်ပန်းဖြစ်ရပ်တွေအပေါ် မူတည်မှုမရှိပါစေနဲ့
သင်ကိုယ်တိုင်ကြုံတွေရမယ့် အခြေအနေတိုင်းကို အမြဲတမ်းတော့ သင်ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ သင်ဖြစ်နေတဲ့ အခြေအနေတိုင်းအတွက် လိုက်လံပြီးခံစားနေရမယ်ဆိုရင် စိတ်ညစ်စရာတွေပဲ ထပ်ခါထပ်ခါ လာပါလိမ့်မယ်။ ကုန်ဈေးနှုန်းတွေ အရမ်းတက်နေလို့ သင်ကျပ်တည်းနေသလား သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ တစ်နိုင်ငံလုံး ခံစားနေရတယ် ဆိုတာကို သတိရပေးပါ။ ကားကျပ်လို့ စိတ်ပင်ပန်းနေပြီလား ဒါဟာဘဝပါပဲ။ အချိန်ခဏလေးနေရင် ပြီးသွားပါလိမ့်မယ်။ တစ်စုံတစ်ယောက်က သင့်ကိုစိတ်အနှောက်အယှက် ဖြစ်အောင်လုပ်နေသလား။ သူနဲ့ဝေးရာမှာနေလိုက်ပေါ့။ ဒီလို စိတ်ညစ်စရာကိစ္စတွေကို ခေါင်းထဲက ထုတ်နိုင်အောင် ကြိုးစားနေခြင်းဟာ သင့်ဆီကိုပျော်ရွင်မှုတွေချည်းသာ ရောက်ရှိဖို့အတွက် ဖြစ်လာစေပါလိမ့်မယ်။

#LM_Naung_Naung
#Lifestyle_Myanmar

Share48TweetShare
Naung Naung Lwin

Naung Naung Lwin

Related Posts

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

by Thinzar
December 20, 2022
0

အောင်မြင်မှုကို ရယူလိုသူတိုင်း ဇွဲနပဲ ကြီးစွာ ကြိုးစားရမှာပါ။ ဒါပေမယ့် ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆိုရင်လည်း အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါပဲ။ အောင်မြင်မှုရရှိဖို့အတွက် နေ့စဉ်ဆောင်ရွက်သင့်တဲ့ အချက်ကလေးတွေကို ညွှန်းပေးပါရစေ။ ရည်မှန်းချက်ထားပါ အောင်မြင်မှုရဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်က...

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

by Thinzar
December 20, 2022
0

လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ...

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

by Thinzar
December 20, 2022
0

ဝိတ်ချဖို့စဉ်းစားကြတဲ့အခါ တော်တော်များများက အစားအသောက်ထိန်းတာ အားကစားအပြင်းထန်လုပ်တာတွေလောက်ပဲ တွေးမိကြပါတယ်။ သင်ဟာ ချွေးသံရွှဲရွှဲလုပ်ရတဲ့ အားကစားနည်းတွေနဲ့ ဝိတ်ချရတာ အဆင်မပြေဘူးဆိုရင်တော့ ရေကူးခြင်းဟာ အကောင်းဆုံး အားကစားနည်းတစ်ခုလို့ ညွှန်းပေးချင်ပါတယ်။ ရေကူးခြင်းဟာ ဝိတ်ကျစေတဲ့အပြင် စိတ်ဖိစီးမှုလျော့စေခြင်း ၊ အမောခံနိုင်ခြင်း ၊...

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

by Thinzar
December 20, 2022
0

Relationship တစ်ခုတည်ဆောက်ကြတဲ့ အခါလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိပါတယ်။ ဒီစည်းမျဉ်းတွေဟာ ဘယ်ပညာရှင်တွေကမှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ကိုယ့်ချစ်သူကောင်မလေးနဲ့ ကြားမှာ အဆင်ပြေပြေလက်တွဲနိုင်ဖို့ နှစ်ဦးသဘောတူ ညှိနှိုင်းချမှတ်ရတဲ့ အခြေခံစည်းမျဉ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေထဲကမှ ဘယ်လိုစကားတွေဟာ...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!