Powder foundation ဟာ အထူးသျဖင့္ ပ်ိဳေမတို႔မွာ အဆီျပန္တဲ့အသားအေရရွိရင္ ပ်ိဳေမတို႔ အသားအေရအတြက္ အရမ္းေကာင္းပါတယ္။ Sensitive ျဖစ္လြန္း၊ ဝက္ၿခံျဖစ္လြန္းတဲ့ အသားအေရဆိုရင္ powder foundation ဟာ အေကာင္းဆံုးေရြးခ်ယ္မႈျဖစ္ပါတယ္။ ဒါေပမယ့္ ေပါင္ဒါေဖာင္ေဒးရွင္းကို တစ္မ်ိဳးတည္း သံုးလို႔ရႏိုင္ပါသလား?
အေျဖကေတာ့- သင့္အသားအေရေပၚမွာ ေပါင္ဒါေဖာင္ေဒးရွင္း တစ္မ်ိဳးတည္း သံုးႏိုင္ပါတယ္။ အဆီျပန္တဲ့အသားအေရရွိသူအမ်ိဳးသမီးေတြနဲ႔ ခပ္ပါးပါးေလး လိမ္းျခယ္ခ်င္သူအမ်ိဳးသမီးေတြဟာ ေပါင္ဒါေဖာင္ေဒးရွင္းကို သံုးနိုင္ပါတယ္။ ဒါ့အျပင္ အထိခိုက္မခံတဲ့ အသားအေရရွိသူေတြလည္း ေပါင္ဒါေဖာင္ေဒးရွင္း တစ္မ်ိဳးတည္းကို သံုးႏိုင္ပါတယ္။ ေပါင္ဒါေဖာင္ေဒးရွင္းမွာ minerals မ်ားပါဝင္ၿပီး sensitive အသားအေရရွိိသူေတြအတြက္ ေကာင္းပါတယ္။ Powder foundation ကို ေန႔စဥ္အေျခခံသံုးစြဲလို႔ရပါတယ္။ မိတ္ကပ္ေတြကို သန္႔စင္တဲ့အခါ ပံုမွန္မိတ္ကပ္ဖ်က္ေဆးကို သံုးေပးဖို႔ လိုၿပီး ညအိပ္ရာမဝင္္ခင္မွာ မိတ္ကပ္ေတြကို ဖ်က္ဖို႔ မေမ့ပါနဲ႔။
ေပါင္ဒါေဖာင္ေဒးရွင္း တစ္မ်ိဳးတည္းလိမ္းဖို႔ သင္စဥ္းစားေနတယ္ဆိုရင္ ၿပီးျပည့္စံုတဲ့ မိတ္ကပ္လိမ္းခ်ယ္ဖို႔ အႀကံျပဳခ်က္တစ္ခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။
သင့္မ်က္ႏွာကို ေဆးေၾကာသန္႔စင္ၿပီး ေျခာက္ေသြ႕ေအာင္ သုတ္ပါ။ သင့္မ်က္ႏွာမွာ ဘယ္မိတ္ကပ္အၾကြင္းအက်န္မွ ရွိမေနပါေစနဲ႔။ moisturizer နဲ႔သင့္အသားအေရကုိ ျပင္ဆင္ျခင္း စတင္ပါ။ moisturizer က သင့္အသားအေရအတြက္ ၿပီးျပည့္စံုတဲ့ မိတ္ကပ္ base တစ္ခုအျဖစ္ လုပ္ေဆာင္ေပးပါတယ္။ SPF ပါဝင္တဲ့ moisturizer ကိုအသံုးျပဳဖို႔ မေမ့ပါနဲ႔။ သင့္အသားအေရက ဘယ္အမ်ိဳးအစားပဲျဖစ္ျဖစ္၊ ဘယ္ရာသီဥတုပဲျဖစ္ျဖစ္ သင့္အသားေရကို ေနေရာင္မွ အၿမဲတမ္းကာကြယ္ဖို႔လိုပါတယ္။
ေနေရာင္ကာလိမ္းေဆး မျဖစ္မေနလိုပါတယ္။ Primer က မိတ္ကပ္သားၾကာရွည္ဖို႔နဲ႔ creasing မျဖစ္ပဲ ေခ်ာေမြ႕ေနဖို႔အတြက္ ေသခ်ာတာေၾကာင့္ အျပစ္ဆိုဖြယ္မရွိတဲ့ အသားအေရကို ပိုင္ဆိုင္ခ်င္ရင္ အေရးအႀကီးဆံုးအဆင့္က Primer လိမ္းဖို႔ပါပဲ။ Primer ကသင့္မိတ္ကပ္အတြက္ ေကာင္းမြန္တဲ့ base တစ္ခုအျဖစ္ လုပ္ေဆာင္ေပးပါတယ္။
ထို႔ေနာက္ သင့္မ်က္နွာေပၚမွာ ေပါင္ဒါေဖာင္ေဒးရွင္းကို လိမ္းပါ။ ေပါင္ဒါေဖာင္ေဒးရွင္းက သင့္မ်က္ႏွာကို ခပ္ပါးပါးေလးနဲ႔ ၾကည့္ေကာင္းေစမွာ အေသအခ်ာပါပဲ။ ပါးနီသို႔မဟုတ္ bronzer ကိုလည္း လိမ္းႏိုင္ပါတယ္။
ေနာက္ဆံုးမွာ မိတ္ကပ္စပေရး ျဖန္းဖို႔မေမ့ပါနဲ႔။ ဒါက မိတ္ကပ္ပုိလွ်ံတာေတြကို ဖယ္ရွားေပးၿပီး သင့္မ်က္ႏွာကို Perfect look ေလး ျဖစ္ေနေစမွာပါ။
#Lifestyle_Myanmar
#LM_Nandar
Unicode
ပေါင်ဒါဖောင်ဒေးရှင်းကို တစ်မျိုးတည်း သုံးလို့ရနိုင်ပါသလား?
Powder foundation ဟာ အထူးသဖြင့် ပျိုမေတို့မှာ အဆီပြန်တဲ့အသားအရေရှိရင် ပျိုမေတို့ အသားအရေအတွက် အရမ်းကောင်းပါတယ်။ Sensitive ဖြစ်လွန်း၊ ဝက်ခြံဖြစ်လွန်းတဲံ အသားအရေဆိုရင် powder foundation ဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ ဒါပေမယ့် ပေါင်ဒါဖောင်ဒေးရှင်းကို တစ်မျိုးတည်း သုံးလို့ရနိုင်ပါသလား?
အဖြေကတော့- သင့်အသားအရေပေါ်မှာ ပေါင်ဒါဖောင်ဒေးရှင်း တစ်မျိုးတည်း သုံးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေရှိသူအမျိုးသမီးတွေနဲ့ ခပ်ပါးပါးလေး လိမ်းခြယ်ချင်သူအမျိုးသမီးတွေဟာ ပေါင်ဒါဖောင်ဒေးရှင်းကို သုံးနိုင်ပါတယ်။ ဒါ့အပြင် အထိခိုက်မခံတဲ့ အသားအရေရှိသူတွေလည်း ပေါင်ဒါဖောင်ဒေးရှင်း တစ်မျိုးတည်းကို သုံးနိုင်ပါတယ်။ ပေါင်ဒါဖောင်ဒေးရှင်းမှာ minerals များပါဝင်ပြီး sensitive အသားအရေရှိိသူတွေအတွက် ကောင်းပါတယ်။ Powder foundation ကို နေ့စဉ်အခြေခံသုံးစွဲလို့ရပါတယ်။ မိတ်ကပ်တွေကို သန့်စင်တဲ့အခါ ပုံမှန်မိတ်ကပ်ဖျက်ဆေးကို သုံးပေးဖို့ လိုပြီး ညအိပ်ရာမဝင််ခင်မှာ မိတ်ကပ်တွေကို ဖျက်ဖို့ မမေ့ပါနဲ့။
ပေါင်ဒါဖောင်ဒေးရှင်း တစ်မျိုးတည်းလိမ်းဖို့ သင်စဉ်းစားနေတယ်ဆိုရင် ပြီးပြည့်စုံတဲ့ မိတ်ကပ်လိမ်းချယ်ဖို့ အကြံပြုချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။
သင့်မျက်နှာကို ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင် သုတ်ပါ။ သင့်မျက်နှာမှာ ဘယ်မိတ်ကပ်အကြွင်းအကျန်မှ ရှိမနေပါစေနဲ့။ moisturizer နဲ့သင့်အသားအရေကို ပြင်ဆင်ခြင်း စတင်ပါ။ moisturizer က သင့်အသားအရေအတွက် ပြီးပြည့်စုံတဲ့ မိတ်ကပ် base တစ်ခုအဖြစ် လုပ်ဆောင်ပေးပါတယ်။ SPF ပါဝင်တဲ့ moisturizer ကိုအသုံးပြုဖို့ မမေ့ပါနဲ့။ သင့်အသားအရေက ဘယ်အမျိုးအစားပဲဖြစ်ဖြစ်၊ ဘယ်ရာသီဥတုပဲဖြစ်ဖြစ် သင့်အသားရေကို နေရောင်မှ အမြဲတမ်းကာကွယ်ဖို့လိုပါတယ်။
နေရောင်ကာလိမ်းဆေး မဖြစ်မနေလိုပါတယ်။ Primer က မိတ်ကပ်သားကြာရှည်ဖို့နဲ့ creasing မဖြစ်ပဲ ချောမွေ့နေဖို့အတွက် သေချာတာကြောင့် အပြစ်ဆိုဖွယ်မရှိတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ရင် အရေးအကြီးဆုံးအဆင့်က Primer လိမ်းဖို့ပါပဲ။ Primer ကသင့်မိတ်ကပ်အတွက် ကောင်းမွန်တဲ့ base တစ်ခုအဖြစ် လုပ်ဆောင်ပေးပါတယ်။
ထို့နောက် သင့်မျက်နှာပေါ်မှာ ပေါင်ဒါဖောင်ဒေးရှင်းကို လိမ်းပါ။ ပေါင်ဒါဖောင်ဒေးရှင်းက သင့်မျက်နှာကို ခပ်ပါးပါးလေးနဲ့ ကြည့်ကောင်းစေမှာ အသေအချာပါပဲ။ ပါးနီသို့မဟုတ် bronzer ကိုလည်း လိမ်းနိုင်ပါတယ်။
နောက်ဆုံးမှာ မိတ်ကပ်စပရေး ဖြန်းဖို့မမေ့ပါနဲ့။ ဒါက မိတ်ကပ်ပိုလျှံတာတွေကို ဖယ်ရှားပေးပြီး သင့်မျက်နှာကို Perfect look လေး ဖြစ်နေစေမှာပါ။
#Lifestyle_Myanmar
#LM_Nandar