ေန႔စဥ္ေန႔တိုင္း မနက္ ၁၀ နာရီမထိုးခင္ သင္အလုပ္သင့္ဆံုး အရာ (၁၀) ခ်က္

0
225

လူအေတာ္မ်ားမ်ားကေတာ့ မနက္ခင္းႏိုးႏိုးခ်င္း မထေသးပဲ တစ္ေမွးေလာက္ ျပန္ေမွးၿပီးမွ ေက်ာင္း၊ ဒါမွမဟုတ္ အလုပ္သြားဖို႔အတြက္ ျပင္ရဆင္ရနဲ႔ plan မရွိပဲ မနက္ခင္းတိုင္းကို ျဖတ္ေက်ာ္ေနတတ္ၾကပါတယ္။ မနက္ခင္းမွာ ရရွိမယ့္ အက်ိဳးေက်းဇူးေတြ မ်ားစြာရွိၿပီး ဒီလိုအရာေတြကို မလစ္ဟင္းဖို႔အတြက္ အရမ္းအေစာႀကီးလည္း အိပ္ရာထစရာ မလိုပါဘူး။ မနက္ခင္းပိုင္းမွာ plan ခ်ထားတ့ဲအတိုင္း ကိစၥေတြကို သတိနဲ႔ ေဆာင္ရြက္ျခင္းေၾကာင့္ တစ္ေန႔လံုး စိတ္ခ်မ္းသာေပ်ာ္ရြင္မႈေတြအျပင္ ေပါင္းသင္းဆက္ဆံေရးနဲ႔ အခက္အခဲအားလံုးကို အလြယ္တကူ ေက်ာ္လႊားႏိုင္မွာ ျဖစ္ပါတယ္။ မနက္ခင္းတိုင္းမွာ သင္လုပ္သင့္တဲ့ အရာ (၁၀) ခုရွိပါတယ္။

(၁) တရားမွတ္ျခင္း
တရားမွတ္တာနဲ႔ အျခားအသက္႐ႈေလ့က်င့္ခန္းေတြဟာ သင့္ရဲ႕တစ္ေန႔တာကို စိတ္ေအးသက္သာျဖတ္သန္းႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ႏိုးႏိုးျခင္း ဖုန္းဖြင့္ၿပီး မက္ေဆ့ေတြစစ္တာေတြ၊ ေဖ့ဘြတ္သံုးတာေတြ လုပ္မယ့္အစား မိနစ္အနည္းငယ္ေလာက္ ၿငိမ္ၿငိမ္သက္သက္ေလးနဲ႔ ကိုယ့္ရဲ႕အာ႐ံုေတြ ပ်ံ႕လြင့္မသြားေအာင္ ထိုင္ေနေပးပါ။ ယခုလိုေန႔စဥ္ျပဳလုပ္ေပးျခင္းေၾကာင့္ တစ္ေန႔တာလံုးအတြက္ အာ႐ံုေတြ၊ စြမ္းအင္ေတြနဲ႔၊ အေကာင္းျမင္မႈေတြကို တိုးျမွင့္ေစပါတယ္။

(၂) အရာရာတိုင္းကို ေက်းဇူးတင္ပါ
“သင့္ရဲ႕ တစ္ဘဝစာလံုး ဆုေတာင္းျခင္းေတြအတြက္ ေက်းဇူးတင္ပါတယ္ ဆိုတဲ့ စကားတစ္ခြန္းနဲ႔တင္ လံုေလာက္ေနပါၿပီ” လို႔ meister Eckhart ကေျပာခဲ့ပါတယ္။ သင့္ရဲ႕ေက်းဇူးတင္မႈေတြအတြက္ ေရာင္ျပန္ဟပ္မႈေတြနဲ႔ အတူ သင့္ရဲ႕ေန႔သစ္ကို စတင္ပါ။ ဒီလိုအေလ့အက်င့္ေလးက သင့္ရဲ႕တစ္ေန႔တာလံုးမွာ ၾကံဳလာသမွ်တိုင္းကို ေက်းဇူးတင္စိတ္ႏွင့္ အသိအျမင္ေတြကို တိုးပြားေစဖို႔ ေလ့က်င့္ေပးသလိုပါပဲ။ ဒါေၾကာင့္ပဲ ဘယ္လိုစိတ္ေခၚမႈတိုင္းကိုမဆို ဒဏ္ခံႏိုင္စြမ္းရွိလာၿပီး ယဥ္ေက်းသိမ္ေမြ႕သူတစ္ေယာက္ ျဖစ္လာေစမွာပါ။

(၃) ေန႔စဥ္ ရည္ရြယ္ခ်က္ကို ခ်မွတ္ပါ
တစ္ေန႔တာ လုပ္ေဆာင္ရမယ့္ ကိစၥေတြအတြက္ ရည္ရြယ္ခ်က္၊ ရည္မွန္းခ်က္ေတြကို ခ်မွတ္ျခင္းဟာ သင့္ရဲ႕ေန႔ကေလးကို ပိုၿပီးတန္ဖိုးရွိလာသလို ခံစားရေစၿပီး ကိုယ္ခ်မွတ္ထားတဲ့ ပန္းတိုင္ကို ဦးစားေပးလုပ္ေဆာင္ျခင္းေၾကာင့္ target တစ္ခုအေနနဲ႔ ပိုမို ထိေရာက္ေစပါတယ္။ ယခုလိုအေလ့အက်င့္ဟာ ေန႔တစ္ေန႔ကုန္ဆံုးသြားတာနဲ႔ သင့္အတြက္အဓိပၸာယ္ရွိရွိ ျဖတ္သန္းလိုက္ရသလို ခံစားရေစမွာပါ။

female hands with pencil writing on notebook

(၄) ေရဓါတ္ျဖည့္တင္းပါ
သင္အိပ္ရာက ႏိုးလာတဲ့အခါ ေရဓါတ္ခမ္းေျခာက္လွ်က္ ရွိပါတယ္။ ဒါေၾကာင့္ပဲ မနက္ႏိုးႏိုးခ်င္း ေရေသာက္ျခင္းဟာ အေရးႀကီးတဲ့ အရာတစ္ခုပါ။ ခႏၶာေဗဒပညာရွင္ Donna Gates ရဲ႕အၾကံေပးခ်က္အရ တစ္ေန႔လံုးစာ ေသာက္သံုးရမယ့္ေရရဲ႕ တဝက္ကို မြန္းမတည့္ခင္ေသာက္သံုးျခင္းဟာ ဆာေလာင္မႈခံစားခ်က္၊ ေခါင္းကိုက္ေဝဒနာ နဲ႔ ကိုယ္တြင္းကအဆိပ္အေတာက္ေတြကို ဖယ္ရွားဖို႔အတြက္ အေကာင္းဆံုးကူညီေပးႏိုင္ပါတယ္လို႔ အၾကံေပးခဲ့ပါတယ္။

(၅) အေၾကာအခ်င္ေတြဆန္႔ပါ
မနက္ခင္းႏိုးလာတာနဲ႔ ဘာကိုမွမလုပ္ခ်င္ မကိုင္ခ်င္ေလာက္ေအာင္ အေၾကာအခ်င္ေတြ ေလးလံေနတတ္ပါတယ္။ ဒါေၾကာင့္ပဲ မနက္ခင္းေန႔စဥ္ေလ့က်င့္ခန္း လုပ္ျခင္းဟာ အခက္ခဲဆံုးအရာလို ျဖစ္ေနရတာပါ။ အေမရိကန္ အားကစားႏွင့္ေဆးပညာဂ်ာနယ္ေတြမွာဆိုရင္ မနက္ခင္းၾကြက္သားဆန္႔ ေလ့က်င့္ခန္းလိုအရာမ်ိဳးေတြကို အျမဲတမ္းေဖာ္ျပေနတတ္ၿပီး မနက္ခင္းအေၾကာအခ်င္ေတြ ႏိုးၾကားေအာင္လုပ္ျခင္းဟာ ကိုယ္ဟန္အေနအထား၊ ေပ်ာ့ေပ်ာင္းမႈနဲ႔ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း သိရပါတယ္။

(၆) သီခ်င္းနားေထာင္ပါ
မနက္ခင္းကို ျမဴးၾကြတဲ့သီခ်င္းနဲ႔ သာယာတဲ့သီခ်င္းေတြကို နားေထာင္ေပးျခင္းဟာ သင့္ကိုေကာင္းမြန္တဲ့စြမ္းအင္ေတြ ျဖည့္တင္းေပးႏိုင္ၿပီး ႏိုးၾကြသြက္လက္ေစပါတယ္။ ဂီတသံဟာ သင့္ရဲ႕ခံစားခ်က္ေတြကို ေကာင္းမြန္ေအာင္ ျပဳျပင္ေပးႏိုင္စြမ္း ရွိပါတယ္။ ေလ့လာမႈေတြအရ မနက္ခင္းသီခ်င္းနားေထာင္ျခင္းရဲ႕ အႀကီးဆံုး အက်ိဳးေက်းဇူးႏွစ္ခုက စိတ္ေနစိတ္ထားေကာင္းမြန္မႈနဲ႔ ကိုယ့္ကိုယ္ကိုသိျခင္း(သို႔)သတိျပဳမိျခင္း တို႔ကိုရရွိေစပါတယ္။ ဒါတင္မကပဲ သင့္ရဲ႕စိတ္အေနအထားကိုတိုးတက္ေစ႐ံုသာမက စိတ္အားတက္ၾကြမႈကို ျမွင့္တင္ျခင္း၊ လႈံ႕ေဆာ္မႈ နဲ႔ ညဖက္ေကာင္းစြာအိပ္စက္ႏိုင္ျခင္းတို႔လို အက်ိဳးေက်းဇူးေတြကို ရရွိေစပါတယ္။

(၇) ျပံဳးပါ
မနက္ခင္းတိုင္းမွာ သင့္ရဲ႕ေရခ်ိဳးခန္းမွာ ရွိတဲ့ မွန္ေရွ႕မွာပဲ ကိုယ့္ကိုယ္ကိုျပံဳျပျခင္းျဖင့္ စတင္ပါ။ ျပံဳးျခင္းေၾကာင့္ သင့္ကိုအျပဳသေဘာ သက္ေရာက္မႈေတြ သုခခ်မ္းသာေတြကို နဲ႔ စိတ္ေနစိတ္ထားအားလံုးအေပၚ ေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေစပါလိမ့္မယ္။ Montpellier တကၠသိုလ္ရဲ႕ ေလ့လာမႈအရ ျပံဳးျခင္းဟာ ေခါင္းေဆာင္မႈအတြက္ ပိုၿပီးထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္ၿပီး သင့္အေပၚယံုၾကည္မႈ ပိုမိုတိုးပြားေစပါတယ္။

(၈) သင့္ကိုယ္သင္ သန္႔ရွင္းၿပီးမွ အျခားအရာေတြကို သန္႔ရွင္းပါ
ဘဝဟာ အလုပ္႐ႈပ္တာေတြ မ်ားၿပီးေတာ့ မနက္ခင္းဟာလည္း အျမဲတမ္းပဲ အေလာတႀကီးျဖစ္ေနတတ္ပါတယ္။ဒါေၾကာင့္ပဲ ပြေနတာေတြကိုသိမ္းဆည္းတာေတြေၾကာင့္ အလုပ္မမွီမွာစိုးလို႔ ကမန္းကတန္းေရးမိုးခ်ိဳး အဝတ္လဲၿပီး အလုပ္ကို အေျပးသြားၾကရပါတယ္။ ဘယ္လိုပဲျဖစ္ေနပါေစ ကိုယ့္ကိုယ္ကိုသန္႔ရွင္းေရး အရင္ဆံုးလုပ္ၿပီးမွ ႐ႈပ္ပြေနတာေတြနဲ႔ အျခားသန္႔ရွင္းေရးေတြကို
လုပ္ေဆာင္သင့္ပါတယ္။ ဒါမွသာ သင့္ရဲ႕တစ္ကိုယ္ရည္သန္႔ရွင္းေရးကို ပိုၿပီးအေလးထားရာေရာက္ၿပီး အလုပ္မွာလည္း အေကာင္းဆံုးစြမ္းေဆာင္ႏိုင္သလို အိမ္ျပန္ေရာက္တဲ့အခါမွာလည္း အျပည့္အဝသက္ေတာင့္သက္သာ အနားယူႏိုင္ပါလိမ့္မယ္။
အနားယူႏိုင္မွာ ျဖစ္ပါတယ္။

(၉) အခက္ခဲဆံုး အလုပ္ေတြကို အရင္ဆံုးလုပ္ပါ
မနက္ခင္းပိုင္းမွာတည္းက အခက္ခဲဆံုးလို႔ သတ္မွတ္ႏိုင္တဲ့ အလုပ္ေတြကို ေရြးၿပီး အရင္ဆံုးၿပီးေအာင္ ေဆာင္ရြက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ မနက္ခင္းမွာ သင္ရဲ႕ဦးေႏွာက္ကအလုပ္ေတြနဲ႔ ျပည့္က်ပ္မေနပဲ စြမ္းအင္ျပည့္ေနတာေၾကာင့္ သက္ေတာင့္သက္သာနဲ႔ ေဆာင္ရြက္ႏိုင္ၿပီး ေန႔လည္ပိုင္း ညေနပိုင္းေတြမွာ သင့္ကိုပိုၿပီးေပ်ာ္ရြင္ေစပါလိမ့္မယ္။

(၁၀) မနက္စာကိုျပည့့္ဝေအာင္စားပါ

သင္ဘယ္ေလာက္ပဲ အလွ်င္လိုေနပါေစ။ မနက္စာကိုေတာ့ လံုးဝေမ့လို႔ မျဖစ္ပါဘူး။ တစ္ညလံုး သင့္ရဲ႕ဝမ္းဗိုက္ကအစာခ်က္ေနတာေၾကာင့္ မနက္စာစားေပးျခင္းဟာ သင့္ရဲ႕ဝမ္းဗိုက္ကို ကူညီေပးရာေရာက္ၿပီး မ်ားျပားတဲ့ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြကို ရရွိေစပါလိမ့္မယ္။ မနက္စာကို ေကာင္းမြန္စြာစားေပးျခင္းဟာ သင္တစ္ေန႔လံုး လုပ္ေဆာင္သမွ်အရာအားလံုးအတြက္ အေကာင္းဆံုးစြမ္းအင္ေတြ ေပးႏိုင္ပါလိမ့္မယ္။ဒီလိုျပဳလုပ္တတ္တဲ့ အေလ့အထဟာ ႐ိုးရွင္းတယ္လို႔ ထင္ရေပမယ့္ ေန႔စဥ္သတိနဲ႔ ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ သင့္ကိုအရင္ကထက္ ေပ်ာ္ရြင္မႈေတြနဲ႔၊ ေအာင္ျမင္မႈေတြ ရရွိေစပါလိမ့္မယ္။

သင့္ခႏၶာကိုယ္ကို ပိုၿပီးေသးသြယ္သေယာင္ထင္ရေစမယ့္ ဖက္ရွင္သိေကာင္းစရာေလးေတြ

#LM_Naung_Naung
#Lifestyle_Myanmar
Source-Powerofpossitively
Unicode

နေ့စဉ်နေ့တိုင်း မနက် ၁၀ နာရီမထိုးခင် သင်အလုပ်သင့်ဆုံး အရာ (၁၀) ချက်
လူအတော်များများကတော့ မနက်ခင်းနိုးနိုးချင်း မထသေးပဲ တစ်မှေးလောက် ပြန်မှေးပြီးမှ ကျောင်း၊ ဒါမှမဟုတ် အလုပ်သွားဖို့အတွက် ပြင်ရဆင်ရနဲ့ plan မရှိပဲ မနက်ခင်းတိုင်းကို ဖြတ်ကျော်နေတတ်ကြပါတယ်။ မနက်ခင်းမှာ ရရှိမယ့် အကျိုးကျေးဇူးတွေ များစွာရှိပြီး ဒီလိုအရာတွေကို မလစ်ဟင်းဖို့အတွက် အရမ်းအစောကြီးလည်း အိပ်ရာထစရာ မလိုပါဘူး။ မနက်ခင်းပိုင်းမှာ plan ချထားတဲ့အတိုင်း ကိစ္စတွေကို သတိနဲ့ ဆောင်ရွက်ခြင်းကြောင့် တစ်နေ့လုံး စိတ်ချမ်းသာပျော်ရွင်မှုတွေအပြင် ပေါင်းသင်းဆက်ဆံရေးနဲ့ အခက်အခဲအားလုံးကို အလွယ်တကူ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ မနက်ခင်းတိုင်းမှာ သင်လုပ်သင့်တဲ့ အရာ (၁၀) ခုရှိပါတယ်။

(၁) တရားမှတ်ခြင်း
တရားမှတ်တာနဲ့ အခြားအသက်ရှုလေ့ကျင့်ခန်းတွေဟာ သင့်ရဲ့တစ်နေ့တာကို စိတ်အေးသက်သာဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် နိုးနိုးခြင်း ဖုန်းဖွင့်ပြီး မက်ဆေ့တွေစစ်တာတွေ၊ ဖေ့ဘွတ်သုံးတာတွေ လုပ်မယ့်အစား မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်သက်သက်လေးနဲ့ ကိုယ့်ရဲ့အာရုံတွေ ပျံ့လွင့်မသွားအောင် ထိုင်နေပေးပါ။ ယခုလိုနေ့စဉ်ပြုလုပ်ပေးခြင်းကြောင့် တစ်နေ့တာလုံးအတွက် အာရုံတွေ၊ စွမ်းအင်တွေနဲ့၊ အကောင်းမြင်မှုတွေကို တိုးမြှင့်စေပါတယ်။

(၂) အရာရာတိုင်းကို ကျေးဇူးတင်ပါ
“သင့်ရဲ့ တစ်ဘဝစာလုံး ဆုတောင်းခြင်းတွေအတွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် လုံလောက်နေပါပြီ” လို့ meister Eckhart ကပြောခဲ့ပါတယ်။ သင့်ရဲ့ကျေးဇူးတင်မှုတွေအတွက် ရောင်ပြန်ဟပ်မှုတွေနဲ့ အတူ သင့်ရဲ့နေ့သစ်ကို စတင်ပါ။ ဒီလိုအလေ့အကျင့်လေးက သင့်ရဲ့တစ်နေ့တာလုံးမှာ ကြုံလာသမျှတိုင်းကို ကျေးဇူးတင်စိတ်နှင့် အသိအမြင်တွေကို တိုးပွားစေဖို့ လေ့ကျင့်ပေးသလိုပါပဲ။ ဒါကြောင့်ပဲ ဘယ်လိုစိတ်ခေါ်မှုတိုင်းကိုမဆို ဒဏ်ခံနိုင်စွမ်းရှိလာပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက် ဖြစ်လာစေမှာပါ။

(၃) နေ့စဉ် ရည်ရွယ်ချက်ကို ချမှတ်ပါ
တစ်နေ့တာ လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကို ချမှတ်ခြင်းဟာ သင့်ရဲ့နေ့ကလေးကို ပိုပြီးတန်ဖိုးရှိလာသလို ခံစားရစေပြီး ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ကို ဦးစားပေးလုပ်ဆောင်ခြင်းကြောင့် target တစ်ခုအနေနဲ့ ပိုမို ထိရောက်စေပါတယ်။ ယခုလိုအလေ့အကျင့်ဟာ နေ့တစ်နေ့ကုန်ဆုံးသွားတာနဲ့ သင့်အတွက်အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းလိုက်ရသလို ခံစားရစေမှာပါ။

(၄) ရေဓါတ်ဖြည့်တင်းပါ
သင်အိပ်ရာက နိုးလာတဲ့အခါ ရေဓါတ်ခမ်းခြောက်လျှက် ရှိပါတယ်။ ဒါကြောင့်ပဲ မနက်နိုးနိုးချင်း ရေသောက်ခြင်းဟာ အရေးကြီးတဲ့ အရာတစ်ခုပါ။ ခန္ဓာဗေဒပညာရှင် Donna Gates ရဲ့အကြံပေးချက်အရ တစ်နေ့လုံးစာ သောက်သုံးရမယ့်ရေရဲ့ တဝက်ကို မွန်းမတည့်ခင်သောက်သုံးခြင်းဟာ ဆာလောင်မှုခံစားချက်၊ ခေါင်းကိုက်ဝေဒနာ နဲ့ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးကူညီပေးနိုင်ပါတယ်လို့ အကြံပေးခဲ့ပါတယ်။

(၅) အကြောအချင်တွေဆန့်ပါ
မနက်ခင်းနိုးလာတာနဲ့ ဘာကိုမှမလုပ်ချင် မကိုင်ချင်လောက်အောင် အကြောအချင်တွေ လေးလံနေတတ်ပါတယ်။ ဒါကြောင့်ပဲ မနက်ခင်းနေ့စဉ်လေ့ကျင့်ခန်း လုပ်ခြင်းဟာ အခက်ခဲဆုံးအရာလို ဖြစ်နေရတာပါ။ အမေရိကန် အားကစားနှင့်ဆေးပညာဂျာနယ်တွေမှာဆိုရင် မနက်ခင်းကြွက်သားဆန့် လေ့ကျင့်ခန်းလိုအရာမျိုးတွေကို အမြဲတမ်းဖော်ပြနေတတ်ပြီး မနက်ခင်းအကြောအချင်တွေ နိုးကြားအောင်လုပ်ခြင်းဟာ ကိုယ်ဟန်အနေအထား၊ ပျော့ပျောင်းမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

(၆) သီချင်းနားထောင်ပါ
မနက်ခင်းကို မြူးကြွတဲ့သီချင်းနဲ့ သာယာတဲ့သီချင်းတွေကို နားထောင်ပေးခြင်းဟာ သင့်ကိုကောင်းမွန်တဲ့စွမ်းအင်တွေ ဖြည့်တင်းပေးနိုင်ပြီး နိုးကြွသွက်လက်စေပါတယ်။ ဂီတသံဟာ သင့်ရဲ့ခံစားချက်တွေကို ကောင်းမွန်အောင် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ လေ့လာမှုတွေအရ မနက်ခင်းသီချင်းနားထောင်ခြင်းရဲ့ အကြီးဆုံး အကျိုးကျေးဇူးနှစ်ခုက စိတ်နေစိတ်ထားကောင်းမွန်မှုနဲ့ ကိုယ့်ကိုယ်ကိုသိခြင်း(သို့)သတိပြုမိခြင်း တို့ကိုရရှိစေပါတယ်။ ဒါတင်မကပဲ သင့်ရဲ့စိတ်အနေအထားကိုတိုးတက်စေရုံသာမက စိတ်အားတက်ကြွမှုကို မြှင့်တင်ခြင်း၊ လှုံ့ဆော်မှု နဲ့ ညဖက်ကောင်းစွာအိပ်စက်နိုင်ခြင်းတို့လို အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၇) ပြံုးပါ
မနက်ခင်းတိုင်းမှာ သင့်ရဲ့ရေချိုးခန်းမှာ ရှိတဲ့ မှန်ရှေ့မှာပဲ ကိုယ့်ကိုယ်ကိုပြံုပြခြင်းဖြင့် စတင်ပါ။ ပြံုးခြင်းကြောင့် သင့်ကိုအပြုသဘော သက်ရောက်မှုတွေ သုခချမ်းသာတွေကို နဲ့ စိတ်နေစိတ်ထားအားလုံးအပေါ် ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါလိမ့်မယ်။ Montpellier တက္ကသိုလ်ရဲ့ လေ့လာမှုအရ ပြံုးခြင်းဟာ ခေါင်းဆောင်မှုအတွက် ပိုပြီးထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး သင့်အပေါ်ယုံကြည်မှု ပိုမိုတိုးပွားစေပါတယ်။

(၈) သင့်ကိုယ်သင် သန့်ရှင်းပြီးမှ အခြားအရာတွေကို သန့်ရှင်းပါ
ဘဝဟာ အလုပ်ရှုပ်တာတွေ များပြီးတော့ မနက်ခင်းဟာလည်း အမြဲတမ်းပဲ အလောတကြီးဖြစ်နေတတ်ပါတယ်။ဒါကြောင့်ပဲ ပွနေတာတွေကိုသိမ်းဆည်းတာတွေကြောင့် အလုပ်မမှီမှာစိုးလို့ ကမန်းကတန်းရေးမိုးချိုး အဝတ်လဲပြီး အလုပ်ကို အပြေးသွားကြရပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ကိုယ်ကိုသန့်ရှင်းရေး အရင်ဆုံးလုပ်ပြီးမှ ရှုပ်ပွနေတာတွေနဲ့ အခြားသန့်ရှင်းရေးတွေကို
လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ သင့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးကို ပိုပြီးအလေးထားရာရောက်ပြီး အလုပ်မှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်သလို အိမ်ပြန်ရောက်တဲ့အခါမှာလည်း အပြည့်အဝသက်တောင့်သက်သာ အနားယူနိုင်ပါလိမ့်မယ်။
အနားယူနိုင်မှာ ဖြစ်ပါတယ်။

(၉) အခက်ခဲဆုံး အလုပ်တွေကို အရင်ဆုံးလုပ်ပါ
မနက်ခင်းပိုင်းမှာတည်းက အခက်ခဲဆုံးလို့ သတ်မှတ်နိုင်တဲ့ အလုပ်တွေကို ရွေးပြီး အရင်ဆုံးပြီးအောင် ဆောင်ရွက်ပါ။ ဘာကြောင့်လဲဆိုတော့ မနက်ခင်းမှာ သင်ရဲ့ဦးနှောက်ကအလုပ်တွေနဲ့ ပြည့်ကျပ်မနေပဲ စွမ်းအင်ပြည့်နေတာကြောင့် သက်တောင့်သက်သာနဲ့ ဆောင်ရွက်နိုင်ပြီး နေ့လည်ပိုင်း ညနေပိုင်းတွေမှာ သင့်ကိုပိုပြီးပျော်ရွင်စေပါလိမ့်မယ်။

(၁၀) မနက်စာကိုပြည့့်ဝအောင်စားပါ

သင်ဘယ်လောက်ပဲ အလျှင်လိုနေပါစေ။ မနက်စာကိုတော့ လုံးဝမေ့လို့ မဖြစ်ပါဘူး။ တစ်ညလုံး သင့်ရဲ့ဝမ်းဗိုက်ကအစာချက်နေတာကြောင့် မနက်စာစားပေးခြင်းဟာ သင့်ရဲ့ဝမ်းဗိုက်ကို ကူညီပေးရာရောက်ပြီး များပြားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိစေပါလိမ့်မယ်။ မနက်စာကို ကောင်းမွန်စွာစားပေးခြင်းဟာ သင်တစ်နေ့လုံး လုပ်ဆောင်သမျှအရာအားလုံးအတွက် အကောင်းဆုံးစွမ်းအင်တွေ ပေးနိုင်ပါလိမ့်မယ်။ဒီလိုပြုလုပ်တတ်တဲ့ အလေ့အထဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် နေ့စဉ်သတိနဲ့ ပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်ကိုအရင်ကထက် ပျော်ရွင်မှုတွေနဲ့၊ အောင်မြင်မှုတွေ ရရှိစေပါလိမ့်မယ်။

#LM_Naung_Naung
#Lifestyle_Myanmar
Source-Powerofpossitively

LEAVE A REPLY

Please enter your comment!
Please enter your name here