ခ်ိဳခ်ဥ္ေတြ၊ pastriesမုန္႔ေတြ အမ်ားႀကီးစားတာက အဝလြန္တယ္၊ က်န္းမာေရးအတြက္ မေကာင္းဘူးဆိုတာ ကၽြန္ေတာ္တို႔ သိၾကပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕သာမန္စားသံုးေနတဲ့ အစားအစာေတြက က်န္းမာတယ္လို႔ ထင္ရေပမယ့္ ကၽြန္ေတာ္တို႔ခႏၶာကိုယ္ကို ထိခိုက္ေစတာေတြ ရွိေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔ သတိထားရမယ့္ လူႀကိဳက္မ်ားတဲ့ အစားအစာမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ပုစြန္
ပုစြန္မွာ heavy metals ေတြစုၿပံဳႏိုင္လို႔ပါပဲ။ ပင္လယ္စာအားလံုးထဲမွာ ပုစြန္ဟာ ကိုလက္စထေရာေတြ ျမင့္မားစြာ ပါဝင္ပါတယ္။ မၾကာခဏ ပုစြန္စားလွ်င္ သင့္ေသြးထဲမွာ ကိုလက္စထေရာအဆင့္ ျမင့္တတ္မႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ခႏၶာကိုယ္က ကိုယ္လက္စထေရာေတြကို ဖယ္ရွားဖို႔ႏွင့္ ျပႆနာမ်ားကို ေလွ်ာ့ခ်ဖို႔ ပုစြန္ကို ဟင္းသီးဟင္းရြက္နဲ႔ ေရာစားဖို႔ အႀကံျပဳပါတယ္။
၂။ ျပဳျပင္ထားတဲ့ ဒိန္ခဲ(ခ်ိစ္)
ပလပ္စတစ္အခ်ပ္ထဲမွာ ထုပ္ပိုးထားတဲ့ ဒိန္ခဲကိုစားတာက က်န္းမာေရးႏွင့္ မညီညြတ္ပါဘူး။ ပလပ္စတစ္က ထြက္တဲ့ဓါတုပစၥည္းေတြက ဒိန္ခဲထဲကိုေရာက္ရွိေစတာေၾကာင့္ သင့္ဟာ တစ္ကယ္ေတာ့ ဒိန္ခဲကိုစားတာမဟုတ္ပါဘူး။ ပလပ္စတစ္ကို စားေနတာပါ။ ဒါ့ေၾကာင့္ အသင့္လွီးၿပီးထုပ္ပိုးထားတဲ့ ခ်ိစ္ကိုမဝယ္ဘဲ အတံုးကိုသာဝယ္ဖို႔ အႀကံျပဳပါတယ္။
၃။ အာလူး Chips မ်ား
စူပါမားကတ္ထဲမွာ သင္ဝယ္တဲ့ အာလူးေၾကာ္အမ်ားစုဟာ သင္ထင္ထားတာထက္ အာလူးနည္းၿပီး ျဖည့္စြက္ပစၥည္း ပိုမ်ားပါတယ္။ ေလ့လာမႈအခ်ိဳ႕မွာ အိတ္နဲ႔ထည့္ထားတဲ့ အာလူး Chips အမ်ားစုဟာ အာလူးပါဝင္မႈ 60%ထက္နည္းတယ္လို႔ ျပသထားပါတယ္။ ဆား၊ ျဖည့္စြက္ပစၥည္း၊ ဆိုးေဆး ၊တာရွည္ခံေဆးေတြရဲ႕ ပမာဏကေတာ့ ႀကီးမားပါတယ္။
၄။ ဆန္
ဆန္က ကၽြန္မတို႔ျမန္မာလူမ်ိဳးေတြရဲ႕ အဓိကအစားအစာတစ္ခုျဖစ္ၿပီး က်န္းမာေရးအတြက္မ်ားစြာ အေထာက္အကူျပဳတဲ့ အာဟာရဓါတ္မ်ားစြာပါဝင္ပါတယ္။ ဒါေပမယ့္ စို္က္ပ်ိဳးတဲ့ ေရေတြ၊ ေျမဆီလႊာထဲမွာ အင္ေအာ္ဂဲနစ္ အာဆင္းနစ္ေတြ ပါဝင္တာေၾကာင့္ ဆန္ေတြမွာ အာဆင္းနစ္ အနညး္နဲ႔အမ်ားေတာ့ ပါဝင္ေစႏိုင္ပါတယ္။ ဒီအာဆင္းနစ္ပါဝင္တဲ့ ဆန္ေတြက ဆီးခ်ိဳေရာဂါ၊ ဖြံ႕ၿဖိဳးႀကီးထြားမႈဆိုင္ရာ ပံုမမွန္တာ၊ ဦးေႏွာက္အာရံုေၾကာစနစ္ေရာဂါမ်ားနွင့္ အဆုတ္၊ ဆီးအိမ္ကင္ဆာ စတဲ့ေရာဂါျဖစ္ဖို႔ အခြင့္အလမ္းမ်ားပါတယ္။
ဘဲလ္ဖတ္တကၠသိုလ္က သိပၸံပညာရွင္မ်ားက ဆန္ခ်က္ျပဳတ္တဲ့အခါ အႏၱရာယ္ကင္းေစတဲ့ နည္းလမ္းတစ္ခုကို ေတြ႕ရိွခဲ့ပါတယ္။ ဆန္ကို ေရႏွင့္တစ္ညစိမ္ထားရင္ အာဆင္းနစ္စုစည္းမႈ 80%ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။
၅။ ဒိန္ခ်ဥ္
ဒိန္ခ်ဥ္မွာ ပရိုတင္းဓါတ္၊ ကယ္လ္ဆီယံဓါတ္ႏွင့္ ဗီတာမင္ဓါတ္ေတြ ပါဝင္ေပမယ့္ စူပါမားကတ္ေတြက ဒိန္ခ်ဥ္ေတြမွာ တာရွည္ခံေဆး၊ ေစးပ်စ္ေစတဲ့ေဆး၊ အေမႊးရနံ႔ေတြ ပါဝင္ႏိုင္ပါတယ္။ အဓိကအႏၱရာယ္က သၾကားႏွင့္ ႏို႔အဆီျဖစ္ပါတယ္။ တစ္န႔ကို သၾကားလက္ဖက္ရည္ဇြန္း ၆ဇြန္းထက္ပိုၿပီး မစားသံုးဖို႔ အႀကံျပဳပါတယ္။ ဒိန္ခ်ဥ္ ၄ေအာင္စ(၁၀၀ဂရမ္)မွာ သၾကား လက္ဖက္ရည္ဇြန္း၃ဇြန္း ပါဝင္ႏိုင္ပါတယ္။ ေဘးထြက္ဆိုးက်ိဳးက အဝလြန္ျခင္း၊ ဆီးခ်ိဳေရာဂါရျခင္း၊ ပန္ရိယအားနညး္ျခင္းတို႔ျဖစ္ေစပါတယ္။ ဒိန္ခ်ဥ္ပ်မ္းမွ်ႏႈန္းက အဆီပါဝင္မႈ (2.5%)ထက္မေက်ာ္ရပါဘူး။ ေလျဖတ္ျခင္း၊ ႏွလံုးေရာဂါကိုျဖစ္ေပၚေစနိုင္တဲ့ ကိုလက္စထေရာအဆင့္ကို တိုးျမွင့္ေစတာေၾကာင့္ပါ။
၆။ cracker အငန္ေတြ
cracker အငန္ေတြကို သင္ႏွစ္သက္ပါသလား? သူတို႔ကို အမ်ားႀကီးစားရင္ ဆီးခ်ဳိေရာဂါ၊ ေလျဖတ္ျခင္း၊ ႏွလံုးေရာဂါ၊ အဝလြန္ျခင္း၊ atherosclerosis ႏွင့္ အယ္လ္ဇိုင္းမားေရာဂါမ်ားကို ျဖစ္ေစပါတယ္။ တစ္ေန႔ကို ဆားပမာဏ 0.20ေအာင္စ(tsp 1)ထက္ေလ်ာ့နညး္ၿပီး စားဖို႔ အႀကံျပဳပါတယ္။ ဆားပမာဏမ်ားျပားတာေၾကာင့္ ေသြးတုိးေရာဂါျဖစ္ေစႏိုင္ပါတယ္။
၇။ ေခ်ာကလက္အုပ္ထားတဲ့ ကြက္ကီးေတြ
ဒီကြက္ကီးမ်ိဳးက လူႀကိဳက္အမ်ားဆံုး ကြက္ကီးတစ္ခုပါ။ ဒါေပမယ့္ ဒီကြက္ကီးေတြက အမ်ားအားျဖင့္ ေခ်ာကလက္ပါဝင္မႈနည္းၿပီး သၾကားႏွင့္ ကာဗိုဟိုက္ဒရိတ္ေတြသာ မ်ားျပားတာပါ။ ဒီေခ်ာကလက္ကြက္ကီးကို ပံုမွန္စားလွ်င္ ကိုယ္အေလးခ်ိန္တိုးလာႏိုင္ဖြယ္ရွိပါတယ္။ ဒီစားေသာက္ကုန္မ်ားမွာ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ားကိုဦးတည္ေနတဲ့ မေကာင္းတဲ့ အဆီမ်ားႏွင့္ ၾကြယ္ဝပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Unicode
ချိုချဉ်တွေ၊ pastriesမုန့်တွေ အများကြီးစားတာက အဝလွန်တယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမယ့် တစ်ချို့သာမန်စားသုံးနေတဲ့ အစားအစာတွေက ကျန်းမာတယ်လို့ ထင်ရပေမယ့် ကျွန်တော်တို့ခန္ဓာကိုယ်ကို ထိခိုက်စေတာတွေ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သတိထားရမယ့် လူကြိုက်များတဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ပုစွန်
ပုစွန်မှာ heavy metals တွေစုပြုံနိုင်လို့ပါပဲ။ ပင်လယ်စာအားလုံးထဲမှာ ပုစွန်ဟာ ကိုလက်စထရောတွေ မြင့်မားစွာ ပါဝင်ပါတယ်။ မကြာခဏ ပုစွန်စားလျှင် သင့်သွေးထဲမှာ ကိုလက်စထရောအဆင့် မြင့်တတ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က ကိုယ်လက်စထရောတွေကို ဖယ်ရှားဖို့နှင့် ပြဿနာများကို လျှော့ချဖို့ ပုစွန်ကို ဟင်းသီးဟင်းရွက်နဲ့ ရောစားဖို့ အကြံပြုပါတယ်။
၂။ ပြုပြင်ထားတဲ့ ဒိန်ခဲ(ချိစ်)
ပလပ်စတစ်အချပ်ထဲမှာ ထုပ်ပိုးထားတဲ့ ဒိန်ခဲကိုစားတာက ကျန်းမာရေးနှင့် မညီညွတ်ပါဘူး။ ပလပ်စတစ်က ထွက်တဲ့ဓါတုပစ္စည်းတွေက ဒိန်ခဲထဲကိုရောက်ရှိစေတာကြောင့် သင့်ဟာ တစ်ကယ်တော့ ဒိန်ခဲကိုစားတာမဟုတ်ပါဘူး။ ပလပ်စတစ်ကို စားနေတာပါ။ ဒါ့ကြောင့် အသင့်လှီးပြီးထုပ်ပိုးထားတဲ့ ချိစ်ကိုမဝယ်ဘဲ အတုံးကိုသာဝယ်ဖို့ အကြံပြုပါတယ်။
၃။ အာလူး Chips များ
စူပါမားကတ်ထဲမှာ သင်ဝယ်တဲ့ အာလူးကြော်အများစုဟာ သင်ထင်ထားတာထက် အာလူးနည်းပြီး ဖြည့်စွက်ပစ္စည်း ပိုများပါတယ်။ လေ့လာမှုအချို့မှာ အိတ်နဲ့ထည့်ထားတဲ့ အာလူး Chips အများစုဟာ အာလူးပါဝင်မှု 60%ထက်နည်းတယ်လို့ ပြသထားပါတယ်။ ဆား၊ ဖြည့်စွက်ပစ္စည်း၊ ဆိုးဆေး ၊တာရှည်ခံဆေးတွေရဲ့ ပမာဏကတော့ ကြီးမားပါတယ်။
၄။ ဆန်
ဆန်က ကျွန်မတို့မြန်မာလူမျိုးတွေရဲ့ အဓိကအစားအစာတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုတဲ့ အာဟာရဓါတ်များစွာပါဝင်ပါတယ်။ ဒါပေမယ့် စို်က်ပျိုးတဲ့ ရေတွေ၊ မြေဆီလွှာထဲမှာ အင်အော်ဂဲနစ် အာဆင်းနစ်တွေ ပါဝင်တာကြောင့် ဆန်တွေမှာ အာဆင်းနစ် အနညး်နဲ့အများတော့ ပါဝင်စေနိုင်ပါတယ်။ ဒီအာဆင်းနစ်ပါဝင်တဲ့ ဆန်တွေက ဆီးချိုရောဂါ၊ ဖွံ့ဖြိုးကြီးထွားမှုဆိုင်ရာ ပုံမမှန်တာ၊ ဦးနှောက်အာရုံကြောစနစ်ရောဂါများနှင့် အဆုတ်၊ ဆီးအိမ်ကင်ဆာ စတဲ့ရောဂါဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။
ဘဲလ်ဖတ်တက္ကသိုလ်က သိပ္ပံပညာရှင်များက ဆန်ချက်ပြုတ်တဲ့အခါ အန္တရာယ်ကင်းစေတဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဆန်ကို ရေနှင့်တစ်ညစိမ်ထားရင် အာဆင်းနစ်စုစည်းမှု 80%လျော့ကျစေတယ်လို့ ဆိုပါတယ်။
၅။ ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်းဓါတ်၊ ကယ်လ်ဆီယံဓါတ်နှင့် ဗီတာမင်ဓါတ်တွေ ပါဝင်ပေမယ့် စူပါမားကတ်တွေက ဒိန်ချဉ်တွေမှာ တာရှည်ခံဆေး၊ စေးပျစ်စေတဲ့ဆေး၊ အမွှေးရနံ့တွေ ပါဝင်နိုင်ပါတယ်။ အဓိကအန္တရာယ်က သကြားနှင့် နို့အဆီဖြစ်ပါတယ်။ တစ်န့ကို သကြားလက်ဖက်ရည်ဇွန်း ၆ဇွန်းထက်ပိုပြီး မစားသုံးဖို့ အကြံပြုပါတယ်။ ဒိန်ချဉ် ၄အောင်စ(၁ဝဝဂရမ်)မှာ သကြား လက်ဖက်ရည်ဇွန်း၃ဇွန်း ပါဝင်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးက အဝလွန်ခြင်း၊ ဆီးချိုရောဂါရခြင်း၊ ပန်ရိယအားနညး်ခြင်းတို့ဖြစ်စေပါတယ်။ ဒိန်ချဉ်ပျမ်းမျှနှုန်းက အဆီပါဝင်မှု (2.5%)ထက်မကျော်ရပါဘူး။ လေဖြတ်ခြင်း၊ နှလုံးရောဂါကိုဖြစ်ပေါ်စေနိုင်တဲ့ ကိုလက်စထရောအဆင့်ကို တိုးမြှင့်စေတာကြောင့်ပါ။
၆။ cracker အငန်တွေ
cracker အငန်တွေကို သင်နှစ်သက်ပါသလား? သူတို့ကို အများကြီးစားရင် ဆီးချိုရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ atherosclerosis နှင့် အယ်လ်ဇိုင်းမားရောဂါများကို ဖြစ်စေပါတယ်။ တစ်နေ့ကို ဆားပမာဏ 0.20အောင်စ(tsp 1)ထက်လျော့နညး်ပြီး စားဖို့ အကြံပြုပါတယ်။ ဆားပမာဏများပြားတာကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။
၇။ ချောကလက်အုပ်ထားတဲ့ ကွက်ကီးတွေ
ဒီကွက်ကီးမျိုးက လူကြိုက်အများဆုံး ကွက်ကီးတစ်ခုပါ။ ဒါပေမယ့် ဒီကွက်ကီးတွေက အများအားဖြင့် ချောကလက်ပါဝင်မှုနည်းပြီး သကြားနှင့် ကာဗိုဟိုက်ဒရိတ်တွေသာ များပြားတာပါ။ ဒီချောကလက်ကွက်ကီးကို ပုံမှန်စားလျှင် ကိုယ်အလေးချိန်တိုးလာနိုင်ဖွယ်ရှိပါတယ်။ ဒီစားသောက်ကုန်များမှာ နှလုံးသွေးကြောဆိုင်ရာရောဂါများကိုဦးတည်နေတဲ့ မကောင်းတဲ့ အဆီများနှင့် ကြွယ်ဝပါတယ်။
#Lifestyle_Myanmar
#LM_Nandar