ကမာၻေပၚမွာ လူ၈၀%ခန္႔က သူတို႔ရဲ႕ဘ၀တစ္ေလ်ာက္လံုး ေနာက္ေက်ာနာက်င္မႈကို ခံစားရေနပါတယ္။ ကၽြမ္းက်င္သူမ်ားရဲ႕အဆိုအရ ဒီနာက်င္မႈက အၿမဲတမ္းဆိုးရြားတဲ့ နာမက်န္းမႈ ၊ထိခိုက္ဒဏ္ရာရဲ႕ လကၡဏာမဟုတ္ပါဘူး။ ကၽြန္မတို႔ ေန႔စဥ္လႈပ္ရွား ျပဳလုပ္ေနတဲ့ မွားယြင္းတဲ့ အျပဳအမႈေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ကၽြန္မတို႔ကို ကေလးဘ၀ထဲက မိဘေတြက ထိုင္တဲ့အခါ ခါးကိုကုန္းမထားနဲ႔။ မတ္မတ္ထိုင္လို႔ေျပာတာက အလကားမဟုတ္ပါဘူး။ ခါးကိုညြတ္ၿပီး ထိုင္တဲ့အခါ အသက္ႀကီးလာလို႔ အခ်ိန္ၾကာလာတာနဲ႔အမွ် ခါးနာျခင္း၊ ေနာက္ေက်ာနာက်င္ျခင္း တို႔ျဖစ္လာေစပါတယ္။ ဒါ့ေၾကာင့္ ငယ္ရြယ္တဲ့အခ်ိန္တည္းက ဒီလိုအေလ့အထေတြကို ဂရုစိုက္မယ္ဆိုရင္ ခါး၊ ေနာက္ေက်ာနာက်င္ျခင္း ေ၀ဒနာေတြကို ခံစားရျခင္းမွ ေလ်ာ့နည္းႏိုင္ဖြယ္ ရွိပါတယ္။
ေျခေထာက္၊ ဒူးႏွင့္ တင္ပါးနာက်င္မႈ ေ၀ဒနာခံစားေနရလွ်င္ သက္သာေစမယ့္ ေလ့က်င့္ခန္း (၆)မ်ိဳး
၁။ အလုပ္ခြင္မွာ
ေနာက္ေက်ာနာက်င္မႈေတြက ေလးလံတဲ့ပစၥည္းေတြကို ‘မ’ ေနရတဲ့ အလုပ္သမား၊ ကာယအားကိုသံုးၿပီး ပင္ပင္ပန္းပန္းလုပ္ေနရတဲ့ လုပ္သားေတြမွ ျဖစ္တတ္တာမဟုတ္ပါဘူး။ အလွျပဳျပင္ေရး၊ လက္သည္း stylist၊ ဗိသုကာ၊ ယာဥ္ေမာင္း၊ အင္ဂ်င္နီယာမ်ား၊ ရံုးအလုပ္သမားမ်ားႏွင့္ အထည္ခ်ဳပ္အလုပ္သမားမ်ားမွာပါ ေတြ႕ႀကံဳခံစားၾကရပါတယ္။
ဒါ့ေၾကာင့္ အလုပ္မွာ နာရီတုိင္း အနညး္ဆံုးတစ္ႀကိမ္ေလာက္ ခဏတျဖဳတ္ အနားယူဖို႔ အလြန္အေရးႀကီးပါတယ္။ ျဖစ္ႏိုင္လွ်င္ လမ္းထေလွ်ာက္တာ၊ ခႏၶာကိုယ္ အေၾကာဆန္႔ေလ့က်င့္ခန္း၊ ေျခေထာက္ဆန္႔ေလ့က်င့္ခန္း စတဲ့ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းေလးေတြ ျပဳလုပ္ေပးပါ။ ေနာက္ေက်ာ ႀကြက္သားေတြအေပၚ ဖိစီးမႈကို ေလွ်ာ့ခ်ပါလိမ့္မယ္။
၂။ အိမ္မွာ သန္႔ရွင္းေရးလုပ္တဲ့အခါ
အိမ္အလုပ္လုပ္တဲ့အခါ သင့္ေက်ာကုန္းအတြက္ အႏၱရာယ္မရွိဘူးလို႔ ထင္ပါလိမ့္မယ္။ ပန္းကန္ေဆး၊ အစားအစာျပင္ဆင္ျခင္း၊ မီးပူတိုက္ျခင္း ကဲ့သို႔ေန႔စဥ္ အိမ္မႈကိစၥလုပ္ေနတဲ့အခ်ိန္မွာလည္း ကိုယ့္ရဲ႕ ကိုယ္ဟန္အေနအထားကို သင္သတိမထားဘူးဆိုလွ်င္ ခါးနာ၊ေက်ာနာျခင္းကို ျဖစ္ေစႏိုင္ပါတယ္။
အေရးႀကီးဆံုးအရာက သင့္ရဲ႕လုိအပ္ခ်က္ေတြကို ျဖည့္ဖို႔ သင့္ရဲ႕ပတ္၀န္းက်င္အေနအထားကို ေသေသခ်ာခ်ာ ထိန္းညိွဖို႔ ျဖစ္ပါတယ္။ သင့္ရဲ႕ဖုန္စုပ္စက္၊ စားပြဲ၊ မီးပူတုိက္တဲ့ခံု၊ ေဘစင္ေတြရဲ႕အျမင့္က သင့္အရပ္နဲ႔ ကိုက္ညီရမွာ ျဖစ္ပါတယ္။ ဒါက အိမ္အလုပ္လုပ္ရင္းနဲ႔ သင့္ေက်ာရိုးကို ေျဖာင့္ၿပီးေနာက္ေက်ာၾကြက္သားေတြကို ထိန္းသိမ္းဖို႔အတြက္ အေရးပါပါတယ္။
၃။ သက္ေတာင့္သက္သာမျဖစ္တဲ့ ဖိနပ္ေတြ
လူတိုင္းသိၾကပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြစီးတာက ေက်ာရိုးနဲ႔ ခါးကို နာက်င္ေစၿပီး နာတာရွည္ဆိုးရြားမႈကို ျဖစ္ေစတယ္ဆိုတာပါပဲ။ ဒါေပမယ့္ မစီးလို႔မျဖစ္တဲ့သူေတြ၊ ေဒါက္ဖိနပ္ကို ႏွစ္သက္တဲ့သူေတြကေတာ့ တစ္ေန႔ကို ၂နာရီထက္ပိုၿပီး မစီးသင့္ပါဘူး။
ဒါေပမယ့္ လံုး၀ပါးေနတဲ့ဖိနပ္ေတြကလညး္ သင့္ရဲ႕ေက်ာရိူးအေပၚ တူညီတဲ့ ထိခိုက္မႈကို ျဖစ္ေပၚေစပါတယ္။
ပံုမွန္လႈပ္ရွားမႈအတြက္ ေဒါက္နိမ့္တဲ့ဖိနပ္ကို ေရြးခ်ယ္ပါ။ ဒါ့အျပင္ ေႏြရာသီနဲ႔ လိုက္ဖက္တဲ့ ေျခညွပ္ဖိနပ္ေလးေတြကို စီးေပးပါ။
၄။အိတ္အႀကီးႀကီးေတြ
အိတ္ႀကီးႀကီးေတြက ပစၥည္းပစၥယ အစံုထည့္လို႔ရတာေၾကာင့္ မိန္းကေလးေတြ ႏွစ္သက္ၾကပါတယ္။ ဒီအိတ္အႀကီးႀကီးေတြက လက္ရွိမွာ ဖက္ရွင္ျဖစ္ေနေပမယ့္ သင့္ေက်ာကုန္းက်န္းမာေရးကို ဆိုးရြားတဲ့ ၿခိမ္းေျခာက္မႈ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ သင္အိတ္အႀကီးႀကီးေတြ လြယ္မယ္ဆိုရင္ မလိုအပ္တဲ့ ပစၥည္းေတြကို ဖယ္ရွားလိုက္ပါ။ ေန႔တိုင္း တကယ္သံုးေနတဲ့ ပစၥည္းေတြသာ ထည့္ပါ။
ေက်ာပိုးအိတ္ကေတာ့ သင့္အတြက္ အေကာင္းဆံုးျဖစ္မွာပါ။
၅။ အ၀တ္အစားက်ပ္က်ပ္ေတြ
Pencil skirts၊ ဂါ၀န္ေတြ၊ စေတာ္ကင္၊ ဂ်င္းေဘာင္းဘီအက်ပ္ေတြက ေသြးလည္ပတ္မႈစနစ္ကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။ ဒါ့အျပင္ ေနာက္ေက်ာၾကြက္သားေတြကို နာက်င္ေစတဲ့ တင္းမာမႈကို ျဖစ္ေစပါတယ္။
အမ်ိဳးသမီးေတြအတြက္ အတြင္းခံအ၀တ္အစား ေရြးခ်ယ္မႈကလည္း အေရးပါတဲ့ အခန္းက႑မွ ပါ၀င္ပါတယ္။ အဆီက် ကိုယ္လံုးလွေစတဲ့ အတြင္းခံေတြက ေသြးလည္ပတ္မႈစနစ္ကို ေႏွာက္ယွက္ေပးတဲ့ ၾကြက္သားအေပၚ ဖိအားေတြ အမ်ားႀကီး ေရာက္ေစပါတယ္။ သင့္ရဲ႕ေန႔စဥ္ ဘရာစီယာကို ေရြးခ်ယ္တဲ့အခါ အလွအပထက္ သက္ေတာင့္သက္သာျဖစ္တာကို ေရြးခ်ယ္ဖို႔ သတိရပါ။ ႀကိဳးအျပားႀကီးတဲ့ ေဘာ္လီေတြကို ေရြးခ်ယ္ဖို႔ အႀကံျပဳပါတယ္။
၆။ စိတ္ဖိစီးမႈႏွင့္ စိတ္က်ေ၀ဒနာ
မၾကာေသးမီက သိပၸံနညး္က် သုေတသနတစ္ခုက က်ေနာ္တို႔ေန႔စဥ္ဘ၀မွာ ခံစားေနရတဲ့ စိတ္ပိုင္းဆိုင္ရာအဆင့္ေတြက ေနာက္ေက်ာၾကြက္သားမ်ားကို အလြန္အကၽြံတင္းမာမႈ ျဖစ္ေပၚေစႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ စိတ္ဓါတ္က်တဲ့အခါ လူေတြက ေခြေခါက္ၿပီးေနတတ္ပါတယ္။ ဒါက မလႊဲမေရွာင္ ေက်ာႏွင့္ခါးကို နာက်င္ေစပါတယ္။ ကိုယ္လက္လႈပ္ရွားမႈက စိတ္ဖိစီးမႈေပ်ာက္ေအာင္ ကူညီေပးတာေၾကာင့္ အခ်ိန္ယူၿပီး သင္အမွန္တကယ္ေပ်ာ္ရြင္ေစမယ့္ လႈပ္ရွားမႈကို ျပဳလုပ္ပါ။ ကခုန္ျခင္း၊ ေရကူးျခင္း၊ ေျပးျခင္းကလညး္ သင့္စိတ္ခံစားခ်က္ကုိ သက္သာေစပါတယ္။
စိတ္ဓါတ္က်ျခင္းက ၾကာလာၿပီဆိုရင္ေတာ့ ဆရာ၀န္ႏွင္ တိုင္ပင္ဖို႔လိုအပ္ပါတယ္။
၇။ မွားယြင္းတဲ့ အိပ္စက္ျခင္းအေနအထား
သက္ေတာင့္သက္သာမရွိတဲ့ ေမြ႕ယာႏွင့္ မွားယြင္းတဲ့ အိပ္စက္မႈအေနအခားက သင့္ေက်ာကုန္းကို နာက်င္ေစပါတယ္။ ေမြ႕ယာက အရမ္းမာလြန္း၊ အရမ္းေပ်ာ့လြန္းတာ မျဖစ္ရပါဘူး။ ေမြ႕ယာေရြးခ်ယ္တဲ့အခါ သက္ေတာင့္သက္သာျဖစ္တာကိုသာ ေရြးခ်ယ္ပါ။
အိပ္စက္တဲ့အခါ သင့္ေက်ာရိုးကို ေျဖာင့္ေျဖာင့္ထားရပါမယ္။ ေခါင္းအံုးက အရမ္းျမင့္လြန္း၊ အရမ္းနိိမ့္လြန္းတာ မျဖစ္ရပါဘူး။ ပက္လက္အိပ္ေလ့ရွိလွ်င္ ဒူးေခါင္းေအာက္မွာ ေခါင္းအံုးအေပ်ာ့တစ္ခု ခုၿပီးအိပ္ပါ။ ဒါက သင့္ခါးကို သက္ေတာင့္သက္သာျဖစ္ေစဖို႔ ကူညီေပးပါတယ္။
၈။ ေလးလံတဲ့ အရာ၀တၱဳေတြ ‘မ’ တဲ့အခါ
ပစၥည္းအေလးႀကီးေတြ’မ’တဲ့အခါ သင့္ရဲ႕ေက်ာကို အႏၱရာယ္ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ မလြဲေရွာင္သာ လုပ္ရတဲ့အခါ ပစၥည္းကို ကုန္းၿပီး မ’မ’ဘဲ ထိုင္ၿပီးမွသာ ‘မ’ သင့္ပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Source-brightside
Unicode
နောက်ကျောကျန်းမာရေးကို ထိန်းသိမ်းဖို့ ဂရုပြုရမယ့် အလေ့အထ (၈)မျိုး
ကမ္ဘာပေါ်မှာ လူ၈၀%ခန့်က သူတို့ရဲ့ဘဝတစ်လျောက်လုံး နောက်ကျောနာကျင်မှုကို ခံစားရနေပါတယ်။ ကျွမ်းကျင်သူများရဲ့အဆိုအရ ဒီနာကျင်မှုက အမြဲတမ်းဆိုးရွားတဲ့ နာမကျန်းမှု ၊ထိခိုက်ဒဏ်ရာရဲ့ လက္ခဏာမဟုတ်ပါဘူး။ ကျွန်မတို့ နေ့စဉ်လှုပ်ရှား ပြုလုပ်နေတဲ့ မှားယွင်းတဲ့ အပြုအမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ကို ကလေးဘဝထဲက မိဘတွေက ထိုင်တဲ့အခါ ခါးကိုကုန်းမထားနဲ့။ မတ်မတ်ထိုင်လို့ပြောတာက အလကားမဟုတ်ပါဘူး။ ခါးကိုညွတ်ပြီး ထိုင်တဲ့အခါ အသက်ကြီးလာလို့ အချိန်ကြာလာတာနဲ့အမျှ ခါးနာခြင်း၊ နောက်ကျောနာကျင်ခြင်း တို့ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်တဲ့အချိန်တည်းက ဒီလိုအလေ့အထတွေကို ဂရုစိုက်မယ်ဆိုရင် ခါး၊ နောက်ကျောနာကျင်ခြင်း ဝေဒနာတွေကို ခံစားရခြင်းမှ လျော့နည်းနိုင်ဖွယ် ရှိပါတယ်။
၁။ အလုပ်ခွင်မှာ
နောက်ကျောနာကျင်မှုတွေက လေးလံတဲ့ပစ္စည်းတွေကို ‘မ’ နေရတဲ့ အလုပ်သမား၊ ကာယအားကိုသုံးပြီး ပင်ပင်ပန်းပန်းလုပ်နေရတဲ့ လုပ်သားတွေမှ ဖြစ်တတ်တာမဟုတ်ပါဘူး။ အလှပြုပြင်ရေး၊ လက်သည်း stylist၊ ဗိသုကာ၊ ယာဉ်မောင်း၊ အင်ဂျင်နီယာများ၊ ရုံးအလုပ်သမားများနှင့် အထည်ချုပ်အလုပ်သမားများမှာပါ တွေ့ကြုံခံစားကြရပါတယ်။
ဒါ့ကြောင့် အလုပ်မှာ နာရီတိုင်း အနညး်ဆုံးတစ်ကြိမ်လောက် ခဏတဖြုတ် အနားယူဖို့ အလွန်အရေးကြီးပါတယ်။ ဖြစ်နိုင်လျှင် လမ်းထလျှောက်တာ၊ ခန္ဓာကိုယ် အကြောဆန့်လေ့ကျင့်ခန်း၊ ခြေထောက်ဆန့်လေ့ကျင့်ခန်း စတဲ့ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးပါ။ နောက်ကျော ကြွက်သားတွေအပေါ် ဖိစီးမှုကို လျှော့ချပါလိမ့်မယ်။
၂။ အိမ်မှာ သန့်ရှင်းရေးလုပ်တဲ့အခါ
အိမ်အလုပ်လုပ်တဲ့အခါ သင့်ကျောကုန်းအတွက် အန္တရာယ်မရှိဘူးလို့ ထင်ပါလိမ့်မယ်။ ပန်းကန်ဆေး၊ အစားအစာပြင်ဆင်ခြင်း၊ မီးပူတိုက်ခြင်း ကဲ့သို့နေ့စဉ် အိမ်မှုကိစ္စလုပ်နေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ ကိုယ်ဟန်အနေအထားကို သင်သတိမထားဘူးဆိုလျှင် ခါးနာ၊ကျောနာခြင်းကို ဖြစ်စေနိုင်ပါတယ်။
အရေးကြီးဆုံးအရာက သင့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဖို့ သင့်ရဲ့ပတ်ဝန်းကျင်အနေအထားကို သေသေချာချာ ထိန်းညှိဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ဖုန်စုပ်စက်၊ စားပွဲ၊ မီးပူတိုက်တဲ့ခုံ၊ ဘေစင်တွေရဲ့အမြင့်က သင့်အရပ်နဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။ ဒါက အိမ်အလုပ်လုပ်ရင်းနဲ့ သင့်ကျောရိုးကို ဖြောင့်ပြီးနောက်ကျောကြွက်သားတွေကို ထိန်းသိမ်းဖို့အတွက် အရေးပါပါတယ်။
၃။ သက်တောင့်သက်သာမဖြစ်တဲ့ ဖိနပ်တွေ
လူတိုင်းသိကြပါတယ်။ ဒေါက်မြင့်ဖိနပ်တွေစီးတာက ကျောရိုးနဲ့ ခါးကို နာကျင်စေပြီး နာတာရှည်ဆိုးရွားမှုကို ဖြစ်စေတယ်ဆိုတာပါပဲ။ ဒါပေမယ့် မစီးလို့မဖြစ်တဲ့သူတွေ၊ ဒေါက်ဖိနပ်ကို နှစ်သက်တဲ့သူတွေကတော့ တစ်နေ့ကို ၂နာရီထက်ပိုပြီး မစီးသင့်ပါဘူး။
ဒါပေမယ့် လုံးဝပါးနေတဲ့ဖိနပ်တွေကလညး် သင့်ရဲ့ကျောရိူးအပေါ် တူညီတဲ့ ထိခိုက်မှုကို ဖြစ်ပေါ်စေပါတယ်။
ပုံမှန်လှုပ်ရှားမှုအတွက် ဒေါက်နိမ့်တဲ့ဖိနပ်ကို ရွေးချယ်ပါ။ ဒါ့အပြင် နွေရာသီနဲ့ လိုက်ဖက်တဲ့ ခြေညှပ်ဖိနပ်လေးတွေကို စီးပေးပါ။
၄။အိတ်အကြီးကြီးတွေ
အိတ်ကြီးကြီးတွေက ပစ္စည်းပစ္စယ အစုံထည့်လို့ရတာကြောင့် မိန်းကလေးတွေ နှစ်သက်ကြပါတယ်။ ဒီအိတ်အကြီးကြီးတွေက လက်ရှိမှာ ဖက်ရှင်ဖြစ်နေပေမယ့် သင့်ကျောကုန်းကျန်းမာရေးကို ဆိုးရွားတဲ့ ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ ဒါ့ကြောင့် သင်အိတ်အကြီးကြီးတွေ လွယ်မယ်ဆိုရင် မလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ရှားလိုက်ပါ။ နေ့တိုင်း တကယ်သုံးနေတဲ့ ပစ္စည်းတွေသာ ထည့်ပါ။
ကျောပိုးအိတ်ကတော့ သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ။
၅။ အဝတ်အစားကျပ်ကျပ်တွေ
Pencil skirts၊ ဂါဝန်တွေ၊ စတော်ကင်၊ ဂျင်းဘောင်းဘီအကျပ်တွေက သွေးလည်ပတ်မှုစနစ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် နောက်ကျောကြွက်သားတွေကို နာကျင်စေတဲ့ တင်းမာမှုကို ဖြစ်စေပါတယ်။
အမျိုးသမီးတွေအတွက် အတွင်းခံအဝတ်အစား ရွေးချယ်မှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ အဆီကျ ကိုယ်လုံးလှစေတဲ့ အတွင်းခံတွေက သွေးလည်ပတ်မှုစနစ်ကို နှောက်ယှက်ပေးတဲ့ ကြွက်သားအပေါ် ဖိအားတွေ အများကြီး ရောက်စေပါတယ်။ သင့်ရဲ့နေ့စဉ် ဘရာစီယာကို ရွေးချယ်တဲ့အခါ အလှအပထက် သက်တောင့်သက်သာဖြစ်တာကို ရွေးချယ်ဖို့ သတိရပါ။ ကြိုးအပြားကြီးတဲ့ ဘော်လီတွေကို ရွေးချယ်ဖို့ အကြံပြုပါတယ်။
၆။ စိတ်ဖိစီးမှုနှင့် စိတ်ကျဝေဒနာ
မကြာသေးမီက သိပ္ပံနညး်ကျ သုတေသနတစ်ခုက ကျနော်တို့နေ့စဉ်ဘဝမှာ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာအဆင့်တွေက နောက်ကျောကြွက်သားများကို အလွန်အကျွံတင်းမာမှု ဖြစ်ပေါ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ စိတ်ဓါတ်ကျတဲ့အခါ လူတွေက ခွေခေါက်ပြီးနေတတ်ပါတယ်။ ဒါက မလွှဲမရှောင် ကျောနှင့်ခါးကို နာကျင်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက စိတ်ဖိစီးမှုပျောက်အောင် ကူညီပေးတာကြောင့် အချိန်ယူပြီး သင်အမှန်တကယ်ပျော်ရွင်စေမယ့် လှုပ်ရှားမှုကို ပြုလုပ်ပါ။ ကခုန်ခြင်း၊ ရေကူးခြင်း၊ ပြေးခြင်းကလညး် သင့်စိတ်ခံစားချက်ကို သက်သာစေပါတယ်။
စိတ်ဓါတ်ကျခြင်းက ကြာလာပြီဆိုရင်တော့ ဆရာဝန်နှင် တိုင်ပင်ဖို့လိုအပ်ပါတယ်။
၇။ မှားယွင်းတဲ့ အိပ်စက်ခြင်းအနေအထား
သက်တောင့်သက်သာမရှိတဲ့ မွေ့ယာနှင့် မှားယွင်းတဲ့ အိပ်စက်မှုအနေအခားက သင့်ကျောကုန်းကို နာကျင်စေပါတယ်။ မွေ့ယာက အရမ်းမာလွန်း၊ အရမ်းပျော့လွန်းတာ မဖြစ်ရပါဘူး။ မွေ့ယာရွေးချယ်တဲ့အခါ သက်တောင့်သက်သာဖြစ်တာကိုသာ ရွေးချယ်ပါ။
အိပ်စက်တဲ့အခါ သင့်ကျောရိုးကို ဖြောင့်ဖြောင့်ထားရပါမယ်။ ခေါင်းအုံးက အရမ်းမြင့်လွန်း၊ အရမ်းနိိမ့်လွန်းတာ မဖြစ်ရပါဘူး။ ပက်လက်အိပ်လေ့ရှိလျှင် ဒူးခေါင်းအောက်မှာ ခေါင်းအုံးအပျော့တစ်ခု ခုပြီးအိပ်ပါ။ ဒါက သင့်ခါးကို သက်တောင့်သက်သာဖြစ်စေဖို့ ကူညီပေးပါတယ်။
၈။ လေးလံတဲ့ အရာဝတ္တုတွေ ‘မ’ တဲ့အခါ
ပစ္စည်းအလေးကြီးတွေ’မ’တဲ့အခါ သင့်ရဲ့ကျောကို အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မလွဲရှောင်သာ လုပ်ရတဲ့အခါ ပစ္စည်းကို ကုန်းပြီး မ’မ’ဘဲ ထိုင်ပြီးမှသာ ‘မ’ သင့်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-brightside