1. Baek Gwang Suk
2. Yang Yun Mi
Baek Gwang Suk
3. Kim Eun Ah
4. Cho Myung Ae

#Lifestyle_Myanmar
#TB_Nandar
Unicode
တောင်ကိုရီးယားတွေတောင် နှစ်သက်အားပေးခဲ့ကြတဲ့ သဘာဝအလှကို ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား မိန်းကလေး ၅ဦး
တောင်ကိုရီးယားတွေတောင် နှစ်သက်အားပေးခဲ့ကြတဲ့ သဘာဝအလှကို ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားက အချောဆုံး မိန်းကလေး ၅ဦးပါ။
1. Baek Gwang Suk
Baek Gwang Suk ကို ၁၉၉၂ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမသည် ကမ္ဘာဒီးယားနိုင်ငံ Siem Reapမြို့က ပြုံးယမ်းစားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ စားသောက်ဆိုင်မှာ သူမရဲ့ဖျော်ဖြေတင်ဆက်မှု စွမ်းဆောင်ရည်နှင့် သူမရဲ့ထူးခြားတဲ့ အလှကြောင့် တောင်ကိုရီးယားကတောင် အသိအမှတ်ပြုခဲ့ပါတယ်။
2. Yang Yun Mi
Yang Yun Mi ဟာ ၁၉၉၈ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး အသက်၁၈နှစ်ဖြစ်ပါတယ်။ သူမသည် မြောက်ကိုရီးယားက Kumgangsan ဟိုတယ်မှာ ဧည့်ကြိုတစ်ဦးဖြစ်ပါတယ်။
3. Kim Eun Ah
Kim Eun Ah ဟာ ပြုံးယမ်းမြို့ စားသောက်ဆိုင်တစ်ဆိုင်က အကသမားတစ်ဦးဖြစ်ပါတယ်။ သူမသည် တောင်ကိုရီးယား အဆိုတော် Sulli နှင့် ရုပ်ခြင်းဆင်တာကြောင့် အွန်လိုင်းမှာ လူအများစိတ်ဝင်စားခံရသူတစ်ဦး ဖြစ်လာပါတယ်။
4. Cho Myung Ae
သဘာဝအလှတရားကို ပိုင်ဆိုင်ထားတဲ့ Cho Myung Ae ဟာ တောင်ကိုရီးယား အွန်လိုင်းပရိတ်သတ်တွေ အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပြီး မြောက်ကိုရီးယားတွေကို အားပေးလာအောင် လှုံ့ဆော်တဲ့ အသင်းရဲ့ တစိတ်တပိုင်း ဖြစ်ခဲ့ပါတယ်။ သူမသည် ကင်ဂျုံအီရဲ့ ခွင့်ပြုချက်နဲ့ 2005ခုနှစ်တုန်းက လီဟိုရီနှင့်အတူ ဆမ်ဆောင်းလျှပ်စစ်ပစ္စည်းအတွက် ကြော်ငြာရိုက်ကူးခဲ့ပါတယ်။ သူမသည် KBS ရဲ့ တောင်နဲ့မြောက် ပူးပေါင်းရေး ဒရမ်မာကား “Six Martyred Ministers” မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
5. မြောက်ကိုရီးယား အားပေးလှုံ့ဆော်ရေးအဖွဲ့က အမွှာ
ဒီအမွှာနှစ်ယောက်ရဲ့အလှအပကြောင့် 2005ခုနှစ်နောက်ပိုင်းမှာ အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုအများအပြားကို လက်ခံရရှိခဲ့ပါတယ်။ သူတို့ရဲ့ နူးညံ့သိမ်မွေ့သော ရုပ်ဆင်းအင်္ဂ ါက K-Popအဖွဲ့ဝင်ဖို့တောင် ကိုက်ညီပါတယ်။ မကြာသေးမီက သူတို့နှစ်ယောက်ကို ဆံပင်အတိုလေးတွေနဲ့ မြောက်ကိုရီးယားရုပ်မြင်သံကြားက ထုတ်လွှင့်မှုတစ်ခုမှာ မြင်တွေ့ခဲ့ကြရပါတယ်။
#Lifestyle_Myanmar
#TB_Nandar