#Lifestyle_Myanmar
#LM_Nandar
Unicode
တောင်ကိုရီးယား အနုပညာရှင်အမျိုးသမီး နှစ်ဦးရဲ့ အဝတ်လဲခန်းထဲမှာ တွေ့ရှိခဲ့တဲ့ လှို့ဝှက်ကင်မရာ
တောင်ကိုရီးယားမင်းသမီး Shin Se-kyung နဲ့ Apink မိန်းကလေးအဖွဲ့ Yoon Bo-mi တို့ဟာ ပရိုဂရမ်တစ်ခု ရိုက်ကူးစဉ် သူတို့အခန်းထဲမှာ ဘက်ထရီ charger တစ်ခုကဲ့သို့ ပြုလုပ်ထားတဲ့ စပိုင်ကင်မရာတစ်ခုကို ရှာဖွေတွေ့ရှိပြီး တုန်လှုပ်သွားခဲ့ကြတယ်လို့ Sin Chew Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။ Shin ဟာ သူတို့ရဲ့ Borderless Food Cart ရူတင်ရဲ့ ၁၅ရက်မြောက်နေ့မှာ ကင်မရာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကို ရှိုးအတွက် ကင်မရာတပ်ဆင်ဖို့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီရဲ့ အမျိုးသားဝန်ထမ်းတစ်ယောက်က တပ်ဆင်ထားခဲ့တဲ့ စပိုင်ကင်မရာဖြစ်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ programme’s channel Olive ကတော့ အမျိုးသမီးတွေရဲ့မကောင်းတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးမိခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
#Lifestyle_Myanmar
#LM_Nandar