
0
254
ခြုံပုဝါဖက်ရှင်




#Lifestyle_Myanmar
#LM_Nandar

Unicode

ဆောင်းရာသီမှာ ပျိုမေတို့ အထာကျကျ လန်းနေစေမယ့် ခြုံပုဝါဖက်ရှင်
အရွယ်အစားကြီးမားပြီး နွေးနွေးထွေးထွေးရှိမယ့် ခြုံပဝါတစ်ထည်ဟာ အမျိုးသမီးတိုင်းအတွက် ရှိနေရမယ့် accessory တစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီကို ရောက်လာပြီဆိုတော့ အနွေးထည်တွေ ၊ ခြုံပုဝါတွေကို ဖက်ရှင်ကျကျ ဝတ်ပြီး လန်းလို့ရပါပြီ။ ဆောင်းရာသီမှာ ပျိုမေတို့ ခရီးသွားတဲ့ အခါ ဒါမှမဟုတ် ရုံးတို့၊ ကျောင်းတို့သွားတဲ့အခါ ခြုံသွားလို့ရပြီး စတိုင်ကျလှပစေမယ့် ဖက်ရှင်တစ်ခုဖြစ်ပြီး Celebrities တွေဆင်မြန်းတတ်တဲ့ ဖက်ရှင်တစ်ခုလည်း ဖြစ်ပါတယ်နော်။ ဒါ့ကြောင့် ဒီဇင်ဘာလိုအေးတဲ့ ရာသီဥတုနဲ့ သင့်တော်တာကြောင့် ပျိုမေတို့အတွက် ဒီခြုံပုဝါလေးတွေကို ဘယ်လိုဖက်ရှင်ကျအောင် တွဲဖက်ဆင်မြန်းလို့ရမလဲဆိုတာ လမ်းညွှန်ပေးလိုက်ပါတယ်။
ခြုံပုဝါတစ်ထည်ကို ဘယ်လိုဝတ်ဆင်မလဲ?
ခြုံပုဝါတစ်ထည်ကို စတိုင်ကျအောင် ဝတ်ဆင်ဖို့ ရွေးချယ်စရာ အများကြီး ရှိပါတယ်။ လည်ပင်းမှာ ပတ်ပြီးအလှဆင်နိုင်သလို၊ ပခုံးပေါ်ခြုံပြီးလည်း အလှဆင်နိုင်ပါတယ်။ လည်ပင်းနဲ့ခါး ပတ်ပတ်လည်မှာ ချည်နှောင်ပြီး စတိုင်ထုတ်လို့လည်း ရပါသေးတယ်။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here