Home Health & Beauty ချွေးနံ့၊ ကိုယ်နံ့၊ ပါးစပ်နံ့အရမ်းပြင်းနေတဲ့သူတွေ အစားထိုး စားသုံးသင့်တဲ့အစားအစာ
0
2322
ကိုယ်နံ့ပြင်းသူတွေအတွက်
ကိုယ်နံ့ပြင်းသူတွေအတွက်
၁။ ဘီယာနဲ့ ရေ
၂။ နို့နဲ့ ဒိန်ချဉ်
၈။ ကညွှတ်နဲ့ တရုတ်နံနံ
#Lifestyle_Myanmar
#Thar_Nage
ပုရိသယောက်ျားလေးတွေအကုန် တန်ဖိုးထားတဲ့ ဆံကေသာကို ပျိုမေတို့ ဘယ်လိုထိန်းသိမ်းမလဲ
Unicode
ချွေးနံ့၊ ကိုယ်နံ့၊ ပါးစပ်နံ့အရမ်းပြင်းနေတဲ့သူတွေ အစားထိုး စားသုံးသင့်တဲ့အစားအစာ
ကားတိုးစီးတဲ့အခါ၊ နေပူထဲထွက်တဲ့အခါ၊ အကျီ င်္ဂျိုင်းပြတ်ဝတ်မိတဲ့အခါ ခန္ဓာကိုယ်က ချွေးနံ့၊ ကိုယ်နံ့ပြင်းတဲ့အခါ ဒါမှမဟုတ် ပါးစပ်ထဲက မကောင်းတဲ့အနံ့ထွက်တဲ့အခါ ရှက်ဖို့ကောင်းသလို ဘယ်သူမှလဲ သင့်နားကို ကပ်မှာမဟုတ်ပါဘူး။ ကိုယ်ပေါ်က မကောင်းတဲ့ အနံ့ထွက်ခြင်းဟာ မျိုးရိုးဗီဇကြောင့်လို့ဆိုပေမဲ့ သင်နေစဉ်စားသောက်တဲ့ အစားအသောက်နဲ့လည်း အများကြီးသက်ဆိုပါတယ်။ ဒါ့ကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ ဘယ်လိုအစားအစာတွေကိုအစားထိုးစားသုံးသင့်သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
၁။ ဘီယာနဲ့ ရေ
သောက်သုံးရေဟာ ခန္ဓာကိုယ်ပေါ်က မကောင်းတဲ့အနံ့ထွက်စေတဲ့ အဆိပ်ကို ရှင်းထုတ်ပေးရန် ကူညီပေးပါတယ်။ ဘီယာသောက်သုံးခြင်းဟာ တနေ့တာပင်ပန်းသမျှဖြေပျောက်စေဖို့ အကောင်းဆုံးအနားယူခြင်းလို့ထင်ပေမဲ့ အရက်ပါဝင်တာကြောင့်သောက်သုံးပြီးတဲ့အခါ ခန္ဓာကိုယ်ချွေးပေါက်ကနေ မကောင်းတဲ့အနံ့ဆိုးတွေကို စိမ့်ထွက်စေတာကြောင့် သင့်ကိုယ်နံ့ကို ပိုပြင်းစေပါတယ်။
၂။ နို့နဲ့ ဒိန်ချဉ်
ဒိန်ချဉ်ရဲ့ အနံ့ဟာ ကောင်းမွန်တဲ့အနံ့အသက်မျိုးဖြစ်ပြီး Sulfite ဒြပ်ပေါင်းပမာဏကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်ထဲမှာ ပါဝင်တဲ့ ဗီတာမင် D ဟာ မကောင်းတဲ့ အသက်ရှုခြင်းကို လျော့ချပေးပြီး ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါပေမဲ့ နို့ကတော့ ခန္ဓာကိုယ်မှာမကောင်းတဲ့အနံ့မျိုးကိုဖြစ်ပေါ်စေနိုင်တဲ့ choline ဓာတ်ပါဝင်တာကြောင့် ကိုယ်နံ့ပြင်းတဲ့သူတွေ သောက်သုံးဖို့ မသင့်တော်ပါဘူး။
၃။ ဝိုင်နဲ့ သံပုရာဖျော်ရည်
ညနေခင်းရဲ့ အရသာကို ဝိုင်လေးနဲ့ ခံစားတာက စိတ်ခံစားမှုအရ ကောင်းပေမဲ့ အလွန်အကျွံသောက်သုံးသူတွေအတွက် ကောင်းကျိုးမပေးတဲ့အပြင် ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့အနံ့ကိုလည်းဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ဝိုင်အစား သံပုရာရည်အစားထိုးသောက်သုံးကြည့်ပါ။ သံပုရာဖျော်ရည်ဟာ ခန္ဓာကိုယ်အတွင်းအနံ့ဆိုးတွေဖြစ်ပေါ်စေတဲ့ အဆိပ်တွေကို အမြင့်မားဆုံးဖယ်ရှားပေးနိုင်ပါတယ်။
၄။ ကော်ဖီနဲ့ ဆေးဖက်ဝင်လက်ဖက်ရည်
ဆေးဖက်ဝင်အပင်များနဲ့ ဖော်စပ်ထားတဲ့ လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ပေါ်က မကောင်းတဲ့ ကိုယ်နံ့ပြင်းခြင်းဖြစ်ပေါ်စေတဲ့ အဆိပ်ကို လျော့ချပေးပြီး ပိုကောင်းတဲ့ ရနံ့ကို ရရှိစေပါတယ်။ ကော်ဖီ နဲ့ အခြား ကဖိန်းဓာတ်ပါဝင်တဲ့ အဖော်ယမကာတွေဟာကိုယ်တွင်မကောင်းတဲ့အနံ့ကိုဖြစ်ပေါ်စေတဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်စေပါတယ်။
၅။ ပန်းဂေါ်ဖီနဲ့ ပန်းသီး
ပန်းသီးကိုစားသုံးပေးခြင်းဟာ သဘာဝဆပ်ပြာတစ်ခုလို့ဘဲ သူ့ရဲ့ ဂုဏ်သတ္တိက မကောင်းတဲ့ လေဝင်လေထွက်အနံ့နံခြင်းကို ရှင်းထုတ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီဟာ Choline ဓာတ်နဲ့ ခန္ဓာကိုယ်ကို ပုပ်အက်အက်အနံ့ဖြစ်ပေါ်စေနိုင်တဲ့ ဗီတာမင် B နဲ့တူတဲ့ အဟာရမျိုးပါရှိပါတယ်။
၆။ ရွှေဖရုံသီး နဲ့ လိမ္မော်သီး
Citrus အသီးအုပ်စုဖြစ်တဲ့ လိမ္မောသီးဟာ ခန္ဓာကိုအတွင်းဖြစ်ပေါ်တဲ့ အနံဆိုးတွေကို စုတ်ယူပေးနိုင်ပါတယ်။ ရွှေဖရုံသီးကတော့ ခန္ဓာကိုယ်အတွင်းမကောင်းတဲ့အနံ့ကိုဖြစ်ပေါ်စေတဲ့ choline ဓာတ်ပါရှိပါတယ်။ ဒါ့အပြင်ရွှေဖရုံသီမှာ Trimethylamine ဓာတ်ပါဝင်ပြီးအဆိုပါ ဓာတ်ကို ခန္ဓာကိုယ်အတွင်းကိန်းအောင်းနေလျှင် မကောင်းတဲ့ အနံ့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
၇။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဖာလာစေ့၊ သစ်ကြံပိုး
ဖာလာစေ့နဲ့ သစ်ကြံပိုးဟာ အရသာရှိတဲ့အစားအစာတွေကို လတ်ဆတ်စေပြီး ကောင်းမွန်တဲ့အနံ့မျိုးကို ကြာရှည်ထိန်းပေးထားနိုင်ပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူ၊ နီကတော့ ခန္ဓာကိုယ်ရဲ့ ချွေးနံ့ကိုပြင်းစေပြီး ပါးစပ်ကိုလည်း အနံ့နံစေပါတယ်။
၈။ ကညွှတ်နဲ့ တရုတ်နံနံ
တရုတ်နံနံဟာ ဆန့်ကျင်ဘက် လိင်ကို စွဲဆောင်ပေးနိုင်တဲ့ pheromones ထုတ်လွှင်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။ ကညွှတ်ကတော့ မလိုလားအပ်တဲ့ Asparagusic အက်ဆစ်နဲ့ ခန္ဓာကိုယ်တွင်မကောင်းတဲ့အနံ့ကိုဖြစ်ပေါ်စေတဲ့ ဆာလဖာဒြပ်ပေါင်းတွေပါဝင်နေပါတယ်။
၉။ အနီရောင်အသားနဲ့ အဖြူရောင်ငါး
လေ့လာမှုတွေအရ အမျိုးသမီးတစ်ဦးဟာ အနီရောင်ရှိတဲ့အသားကို နေ့စဉ်စားသုံးပြီး ၂ပတ်အတွင်းမှာ ခန္ဓာကိုယ်အတွင်းအနံဆိုးတွေ ထွက်ပေါ်လာတာတွေ့ရပါတယ်။ ဒါ့ကြောင့် ပင်ကိုယ်ခန္ဓာကိုယ်က ချွေးနံ့၊ ကိုယ်နံ့ပြင်းတဲ့အခါ ဒီလိုအစားအသောက်မျိုးကိုအလွန်အကျွံမစားသုံးတာအကောင်းဆုံးပါ။ သူ့အစား အဖြူရောင်အသားရှိတဲ့ ငါးကို စားသုံးသင့်ပါတယ်။
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here