ခ်ိဳင္းေခၽြးနံ႔ေပ်ာက္ေဆးေတြ သံုးတဲ့အခါ တခ်ိဳ႕deodorant ေတြက အကၤ်ီေတြေပၚမွာ အဝါအစြန္းအကြက္ေတြက်န္ခဲ့တတ္ပါတယ္။ စီးပြားျဖစ္ deodorants အမ်ားစုမွာ ေတြရွိရတဲ့ ျဒပ္ေပါင္းမ်ားက သင္အဝတ္အစားေတြေပၚမွာ အစြန္းအထင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။ ရွပ္အကၤ်ီလက္ေပၚက ေခၽြးနံ႔ေပ်ာက္ေဆး အစြန္းအထင္းမ်ားကို ဖယ္ရွားဖို႔အတြက္ ေစ်းႀကီးတဲ့ထုတ္ကုန္ေတြကို ဝယ္ယူဖို႔ မလိုပါဘူး။ ဒီအစြန္းကြက္ေတြကို ေပ်ာက္ဖို႔ အသံုးျပဳႏိုင္မယ့္ ၁၀၀%ေသာ သဘာဝနည္းလမ္းေလးေတြ ရွိပါတယ္။
၁။ ဆားႏွင့္ ရွာလကာရည္အျဖဴ
ဆားနဲ႔ ရွာလကာရည္အျဖဴရဲ႕ ရိုးရွငး္တဲ့ ေပါင္းစပ္မႈက အဝတ္အစားေတြေပၚက deodorant အစြန္းအထင္းမ်ားႏွင့္ အၾကြင္းအက်န္ေတြကို ေလွ်ာ့ခ်ကူညီေပးႏိုင္ပါတယ္။ ဒီပါဝင္ပစၥည္း ၂ခုလံုးက fibersမွ်င္ေတြကို ထိုးေဖာက္ၿပီး သန္႔ရွင္းမႈႏွင့္ အနံ႔အသက္ကင္းမႈကို က်န္ခဲ့ေစပါလိမ့္မယ္။
ပါဝင္ပစၥည္းေတြကေတာ့ ဆားၾကမ္း ¾ cup (၁၅၀ဂရမ္)၊ ရွာလကာရည္အျဖဴ ၁ခြက္(၂၀၀မီလီ)၊ ေရပူတစ္ခြက္(၂၀၀မီလီ)၊ ပန္းကန္ေဆးဆပ္ျပာ ဇြန္းတစ္ဝက္ (၁၀ဂရမ္) တို႔ျဖစ္ပါတယ္။
ပန္းကန္လံုးအႀကီးတစ္လံုးထဲမွာ ဆားၾကမ္း၊ ရွာလကာရည္ ႏွင့္ ေရပူကိုထည့္ပါ။ ပန္းကန္ေဆးဆပ္ျပာထည့္ၿပီး သင့္အဝတ္ကို စိမ္ထားပါ။ ၃နာရီ၊ ၄နာရီေလာက္ စိမ္ထားၿပီးမွ ခါတိုင္းလိုပဲေလွ်ာ္ေပးပါ။
၂။ Baking soda
မုန္႔ဖုတ္ဆိုဒါက deodorant အစြန္းအထင္းေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ အစြန္းအထင္းေပၚမွာ တုိက္ရိုက္သုတ္လိမ္းေပးျခင္းျဖင့္ deodorant အၾကြင္းအက်န္မ်ားႏွင့္ မႏွစ္မ်ိဳ႕ဖြယ္အနံ႔ေတြကို စုပ္ယူေပးပါလိမ့္မယ္။
ပါဝင္ပစၥညး္ေတြကေတာ့ မုန္႔ဖုတ္ဆိုဒါ ¼ cup(၅၀ဂရမ္) ၊ေရက လိုသေလာက္ ျဖစ္ပါတယ္။
မုန္႔ဖုတ္ဆိုဒါႏွင့္ေရကို ခပ္ပ်စ္ပ်စ္ေဖ်ာ္ပါ။ အစြန္းအထင္းေပၚမွာ ပြတ္ေပးပါ။ မိနစ္ ၆၀ေလာက္ေနမွ ဘရပ္တစ္ခုႏွင့္ တိုက္ၿပီး ေလွ်ာ္ေပးပါ။
၃။ အက္စ္ပရင္ေဆးျပား
Aspirin မွာပါဝင္တဲ့ အက္ဆစ္ျဒပ္ေပါင္းမ်ားက ဘယ္အစြန္းအထင္းမဆို ဖယ္ရွားေပးပါတယ္။ aspirin ကနာက်င္မႈသက္သာေစတဲ့ ေဆးအျဖစ္ သိၾကေပမယ့္ သန္႔ရွင္းေရးႏွင့္ ပတ္သတ္လာရင္လည္း အလြန္အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ ပါဝင္ပစၥညး္မ်ားကေတာ့ အက္စ္ပရင္ေဆးျပား၄ျပား၊ ေရပူ ¼ cup(၆၂မီလီ) တို႔ျဖစ္ပါတယ္။ အရင္ဆံုး အက္စ္ပရင္ေဆးျပားကို ႀကိတ္ဆံုနဲ႔ႀကိတ္ပါ။ စပေရးဘူးတစ္ခုထဲကို ေရပူနဲ႔ေရာထည့္ပါ။ ဒီေပ်ာ္ရည္ကို ဘယ္အစြန္းအထင္းမဆို ျဖန္းေပးၿပီး တစ္နာရီေလာက္ထားေပးပါ။ ၿပီးမွ ပံုမွန္အတိုင္းေလွ်ာ္ပါ။
၄။ သံပုရာရည္
သံပုရာရည္မွာပါတဲ့ citric acid က သင့္အဝတ္အစားကို သန္႔ရွင္းေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ဘယ္ခ်ိဳင္းေခၽြးနံ႔ေပ်ာက္ေဆးအစြန္းအထင္းမဆို ဖယ္ရွားေပးၿပီး သင့္အကၤ်ီအျဖဴေတြကို ေတာက္ပေစပါလိမ့္မယ္။
လိုအပ္တာကေတာ့ သံပုရာရည္ ¼ cup (၆၂မီလီ)ႏွင့္ ေရပူ ၂ခြက္ (၅၀၀မီလီ)တို႔ျဖစ္ပါတယ္။ သံပုရာရည္ကို ေရပူနဲ႔ေရာၿပီး စြန္းေနတဲ့အဝတ္ေတြကို စိမ္ပါ။ မေလွ်ာ္ခင္ ၂နာရီေလာက္ေစာင့္ပါ။
၅။ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုဒ္
ဒီထုတ္ကုန္က ပိတ္သားေပၚက ဘယ္အစြန္းအထင္းမဆို တုိက္ဖ်က္ေပးပါလိမ့္မယ္။ အေရာင္ေတြကို ဖယ္ရွားေပးၿပီး မွိန္သြားေစတာေၾကာင့္ အေရာင္နဲ႔ အဝတ္အစားေတြကို သံုးလို႔မရပါဘူး။ အျဖဴေရာင္အတြက္ပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းေတြကေတာ့ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုဒ္ ¼ cup(၆၂မီလီ)၊ ေရ၂ခြက္ (၅၀၀မီလီ)၊ ရွာလကာရည္အျဖဴ ထမင္းစားဇြန္း ၃ဇြန္း(၃၀မီလီ)။ အဝတ္ေလွ်ာ္ဇလံုထဲမွာ ပါဝင္ပစၥညး္အားလံုးကိုထည့္ၿပီးေကာင္းစြာေမႊပါ။ deodorant အစြန္းအထင္းေပၚမွာ ေလာင္းခ်ေပးၿပီး မိနစ္ ၄၀ေလာက္ထားၿပီးမွ ေရမ်ားမ်ားနဲ႔ေလာင္းေပးၿပီး ဆပ္ျပာနဲ႔ေလွ်ာ္ပါ။ သင့္ရဲ႕အဝတ္က အန႔ံအသက္မေကာင္းလွ်င္ ေရာထားတဲ့ထဲကို သံပုရာဆီအနညး္ငယ္ထည့္ပါ။
#Lifestyle_Myanmar
#LM_Nandar
Unicode
ချွေးနံ့ပျောက်ဆေး အစွန်းအထင်းတွေကို ဖယ်ရှားဖို့ နည်းလမ်း ၅ခု
ချိုင်းချွေးနံ့ပျောက်ဆေးတွေ သုံးတဲ့အခါ တချို့deodorant တွေက အင်္ကျီတွေပေါ်မှာ အဝါအစွန်းအကွက်တွေကျန်ခဲ့တတ်ပါတယ်။ စီးပွားဖြစ် deodorants အများစုမှာ တွေရှိရတဲ့ ဒြပ်ပေါင်းများက သင်အဝတ်အစားတွေပေါ်မှာ အစွန်းအထင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ရှပ်အင်္ကျီလက်ပေါ်က ချွေးနံ့ပျောက်ဆေး အစွန်းအထင်းများကို ဖယ်ရှားဖို့အတွက် စျေးကြီးတဲ့ထုတ်ကုန်တွေကို ဝယ်ယူဖို့ မလိုပါဘူး။ ဒီအစွန်းကွက်တွေကို ပျောက်ဖို့ အသုံးပြုနိုင်မယ့် ၁၀၀%သော သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။
၁။ ဆားနှင့် ရှာလကာရည်အဖြူ
ဆားနဲ့ ရှာလကာရည်အဖြူရဲ့ ရိုးရှငး်တဲ့ ပေါင်းစပ်မှုက အဝတ်အစားတွေပေါ်က deodorant အစွန်းအထင်းများနှင့် အကြွင်းအကျန်တွေကို လျှော့ချကူညီပေးနိုင်ပါတယ်။ ဒီပါဝင်ပစ္စည်း ၂ခုလုံးက fibersမျှင်တွေကို ထိုးဖောက်ပြီး သန့်ရှင်းမှုနှင့် အနံ့အသက်ကင်းမှုကို ကျန်ခဲ့စေပါလိမ့်မယ်။
ပါဝင်ပစ္စည်းတွေကတော့ ဆားကြမ်း ¾ cup (၁၅ဝဂရမ်)၊ ရှာလကာရည်အဖြူ ၁ခွက်(၂ဝဝမီလီ)၊ ရေပူတစ်ခွက်(၂ဝဝမီလီ)၊ ပန်းကန်ဆေးဆပ်ပြာ ဇွန်းတစ်ဝက် (၁ဝဂရမ်) တို့ဖြစ်ပါတယ်။
ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ဆားကြမ်း၊ ရှာလကာရည် နှင့် ရေပူကိုထည့်ပါ။ ပန်းကန်ဆေးဆပ်ပြာထည့်ပြီး သင့်အဝတ်ကို စိမ်ထားပါ။ ၃နာရီ၊ ၄နာရီလောက် စိမ်ထားပြီးမှ ခါတိုင်းလိုပဲလျှော်ပေးပါ။
၂။ Baking soda
မုန့်ဖုတ်ဆိုဒါက deodorant အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အစွန်းအထင်းပေါ်မှာ တိုက်ရိုက်သုတ်လိမ်းပေးခြင်းဖြင့် deodorant အကြွင်းအကျန်များနှင့် မနှစ်မျို့ဖွယ်အနံ့တွေကို စုပ်ယူပေးပါလိမ့်မယ်။
ပါဝင်ပစ္စညး်တွေကတော့ မုန့်ဖုတ်ဆိုဒါ ¼ cup(၅ဝဂရမ်) ၊ရေက လိုသလောက် ဖြစ်ပါတယ်။
မုန့်ဖုတ်ဆိုဒါနှင့်ရေကို ခပ်ပျစ်ပျစ်ဖျော်ပါ။ အစွန်းအထင်းပေါ်မှာ ပွတ်ပေးပါ။ မိနစ် ၆ဝလောက်နေမှ ဘရပ်တစ်ခုနှင့် တိုက်ပြီး လျှော်ပေးပါ။
၃။ အက်စ်ပရင်ဆေးပြား
Aspirin မှာပါဝင်တဲ့ အက်ဆစ်ဒြပ်ပေါင်းများက ဘယ်အစွန်းအထင်းမဆို ဖယ်ရှားပေးပါတယ်။ aspirin ကနာကျင်မှုသက်သာစေတဲ့ ဆေးအဖြစ် သိကြပေမယ့် သန့်ရှင်းရေးနှင့် ပတ်သတ်လာရင်လည်း အလွန်အထောက်အကူဖြစ်စေနိုင်ပါတယ်။ ပါဝင်ပစ္စညး်များကတော့ အက်စ်ပရင်ဆေးပြား၄ပြား၊ ရေပူ ¼ cup(၆၂မီလီ) တို့ဖြစ်ပါတယ်။ အရင်ဆုံး အက်စ်ပရင်ဆေးပြားကို ကြိတ်ဆုံနဲ့ကြိတ်ပါ။ စပရေးဘူးတစ်ခုထဲကို ရေပူနဲ့ရောထည့်ပါ။ ဒီပျော်ရည်ကို ဘယ်အစွန်းအထင်းမဆို ဖြန်းပေးပြီး တစ်နာရီလောက်ထားပေးပါ။ ပြီးမှ ပုံမှန်အတိုင်းလျှော်ပါ။
၄။ သံပုရာရည်
သံပုရာရည်မှာပါတဲ့ citric acid က သင့်အဝတ်အစားကို သန့်ရှင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဘယ်ချိုင်းချွေးနံ့ပျောက်ဆေးအစွန်းအထင်းမဆို ဖယ်ရှားပေးပြီး သင့်အင်္ကျီအဖြူတွေကို တောက်ပစေပါလိမ့်မယ်။
လိုအပ်တာကတော့ သံပုရာရည် ¼ cup (၆၂မီလီ)နှင့် ရေပူ ၂ခွက် (၅ဝဝမီလီ)တို့ဖြစ်ပါတယ်။ သံပုရာရည်ကို ရေပူနဲ့ရောပြီး စွန်းနေတဲ့အဝတ်တွေကို စိမ်ပါ။ မလျှော်ခင် ၂နာရီလောက်စောင့်ပါ။
၅။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
ဒီထုတ်ကုန်က ပိတ်သားပေါ်က ဘယ်အစွန်းအထင်းမဆို တိုက်ဖျက်ပေးပါလိမ့်မယ်။ အရောင်တွေကို ဖယ်ရှားပေးပြီး မှိန်သွားစေတာကြောင့် အရောင်နဲ့ အဝတ်အစားတွေကို သုံးလို့မရပါဘူး။ အဖြူရောင်အတွက်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ¼ cup(၆၂မီလီ)၊ ရေ၂ခွက် (၅ဝဝမီလီ)၊ ရှာလကာရည်အဖြူ ထမင်းစားဇွန်း ၃ဇွန်း(၃ဝမီလီ)။ အဝတ်လျှော်ဇလုံထဲမှာ ပါဝင်ပစ္စညး်အားလုံးကိုထည့်ပြီးကောင်းစွာမွှေပါ။ deodorant အစွန်းအထင်းပေါ်မှာ လောင်းချပေးပြီး မိနစ် ၄ဝလောက်ထားပြီးမှ ရေများများနဲ့လောင်းပေးပြီး ဆပ်ပြာနဲ့လျှော်ပါ။ သင့်ရဲ့အဝတ်က အန့ံအသက်မကောင်းလျှင် ရောထားတဲ့ထဲကို သံပုရာဆီအနညး်ငယ်ထည့်ပါ။
#Lifestyle_Myanmar
#LM_Nandar