တိရိစ္ဆာန်တွေအားလုံးထဲမှာ ခွေးဟာလူအတွက် အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်လို့ဆိုကြပါတယ်။ ခွေးတွေဟာ သင်ဘာပဲဖြစ်နေနေ ဘယ်တော့မှသင့်ကို မကောင်းကြံမှာ မဟုတ်သလို၊ သင်ဆင်းရဲရဲ၊ ချမ်းသာသာ သင်ဖက်မှာအမြဲတမ်းရပ်တည်နေမယ့် အဖော်ကောင်းတွေ ဆိုရင်လည်း မမှာပါဘူး။ သင်အိမ်ကိုပြန်လာတဲ့အခါ သင့်ကိုခြံဝကနေ အရင်ဆုံးကြိုမယ်၊ သင်ခေါ်ရာနောက်ကို ပျော်ပျော်ရွင်ရွင်နဲ့ လိုက်မယ့်သူတွေပါ။ အမေရိကန်နိုင်ငံမှာ လူကြိုက်အများဆုံး အိမ်မွေးတိရိစ္ဆာန်အဖြစ် ခွေးကစံချိန်တင်နေပြီး စုစုပေါင်း ၈၉.၅ မီလီယံလောက် မွေးမြူခြင်းခံရပါတယ်။
ခွေးတွေဟာ လူနဲ့နီးစပ်တဲ့အတွက် သင်ကြားပေးရင် လိမ္မာတယ်လို့ ဆိုကြပေမယ့် သင်ဘယ်လိုသင်သင် ဆိုးမြဲဆိုးနေမယ့် စရိုက်တွေလည်း ရှိကြပါတယ်။ ဒီလိုစရိုက်တွေကို John ဆိုတဲ့
၁။ လုပ်ချင်ရာလုပ်တတ်ပြီး မသိချင်ယောင် ဆောင်နေတတ်ကြတယ်

၂။ ခဏလေးလစ်လိုက်တာနဲ့ ရှိသမျှကိုဖွထားတတ်တယ်

၃။ ကားထဲမှာဆို ခွေးမွှေးတွေနဲ့ ခြေရာတွေချည်းပဲလေ

၎။ ပိုက်ဆံပိုရှာမှဖြစ်တော့မယ်

၅။ အဲ့လိုမျှော်လင့်ချက်နဲ့ မျက်လုံးတွေကိုကြောက်တာ

၆။ ဖုန်းထဲမှာလည်း သူတို့ပုံတွေချည်းပဲ

၇။ ကိုယ်အပန်းဖြေဖို့ထက် သူတို့အပန်းပြေဖို့ ပိုအရေးကြီးတယ်လေ

၈။ ဘဝကြီးဘယ်လောက်ထိပြောင်းလဲသွားလဲ ကြည့်ပါဦး

ဘာပဲဖြစ်ဖြစ် သူတို့တွေကို ချစ်နေရတာဟာ ဘဝအဓိပ္ပာယ်ပိုရှိလာ သလိုပါပဲ။ သင်လည်းခွေးတစ်ကောင်မွေးတဲ့အခါ ဒီလိုအဖြစ်တွေကြုံနိုင်ပေမယ့် မေတ္တာတရားနဲ့ သံယောဇဉ်အကြောင်းကို အရင်ကထက်ပိုပြီး နားလည်ခံစားတတ်လာမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်။
LM_Naung_Naung
Lifestyle_Myanmar