အသားအေရ ပင္ကိုယ္အတိုင္း ေခ်ာေမြ႕ၿပီး ႏူညံ့ေပ်ာ့ေပ်ာင္းဖို႔ဆိုတာ သဘာဝနည္းလမ္းေတြက အေကာင္းဆုံးျဖစ္ပါတယ္။ ပိုက္ဆံရွိတဲ့ သူေတြလို တန္ဖိုးႀကီးတဲ့ Brand အစစ္ေတြ မသုံးႏိုင္တဲ့အခါ ကၽြန္ေတာ္တို႔ သာမန္လူတန္းစားေတြ အေနနဲ႔ သူမ်ားညႊန္ရာ အလွကုန္ပစၥည္းေတြကို ဟိုစပ္စပ္ ဒီစပ္စပ္နဲ႔ လိုက္သုံးရင္း ဓာတ္မတည့္တဲ့အခါ ေဘးထြက္ဆိုးက်ိဳးေတြျဖစ္ေပၚလာပါတယ္။
သံပုရာရည္ျဖင့္ သန္႔စင္ျခင္း
သံပုရာသီးကို အရည္ညွစ္ၿပီး ပန္းကန္ထဲမွာ ထည့္ထားပါ။ အဆိုပါသံပုရာရည္ထဲသို႔ ခ်ည္ထည္အဝတ္စ တစ္စစိမ္ထားၿပီး အဆိုပါ အဝတ္စျဖင့္ မ်က္ႏွာကိုသန္႔စင္ေပးပါ။ အနည္းငယ္ေခ်ာ့ေသြ႕လာတဲ့အခါမွ သင့္မ်က္ႏွာကို ေရျဖင့္ ထပ္မံေဆးေၾကာေပးလိုက္ပါ။ တစ္ေနကုန္လႈပ္ရွားသြားလာတဲ့ အခါ သင့္ရဲ႕ မ်က္ႏွာေပၚမွာ အညစ္အေၾကးေပါင္းစုံနဲ႔ ဘက္တီးရီးယားပိုးမႊားမ်ားစြာ တြယ္ကပ္တတ္ပါတယ္။ အဆိုပါ အညစ္အေၾကးနဲ႔ ပိုးမႊားကို ဖ်က္ရွားဖို႔အတြက္ သံပုရာရည္က အေကာင္းဆုံးပဲျဖစ္ပါတယ္။ ပိုးမႊားနဲ႔ အညစ္အေၾကးသန္႔စင္တဲ့အျပင္ သင့္မ်က္ႏွာကိုလည္းပိုၿပီး ၾကည္လင္မႈရရွိေစ ပါတယ္။ ထိုနည္းကို တစ္ေန႔ ၂ႀကိမ္ျပဳလုပ္ၿပီး ၾကည္လင္ဝင္းပတဲ့အသားအေရကို ရယူလိုက္ပါ။
ၾကက္ဥ သံပုရာျဖင့္ ေပါင္းတင္ျခင္း
ပထမဦးစြာ သံပုရာရည္ ၂ဇြန္းကို ၾကက္ဥ အကာျဖင့္ ေရာသမေမႊထားပါ။ အဆိုပါ အေရာအေႏွာကို ညီတူညီမွ် သုံးပုံ ပုံထားပါ။ သင့္မ်က္ႏွာေပၚသို႔ အဆိုပါ ၾကက္ဥအကာနဲ႔ သံပုရာရည္ ေရာစပ္ထားတဲ့ အေရာအေႏွာ သုံးပုံ ပုံတစ္ပုံကို လိမ္းျခယ္လိုက္ပါ။ ေျခာက္သြားတဲ့အခါ စြန္႔ခြာၿပီး ေနာက္ထပ္က်န္တဲ့ ႏွစ္ပုံကို ထိုကဲ့သို႔ပဲ ေျခာက္ေသြ႕သြားတဲ့အခါ ခြာၿပီး လိမ္းျခယ္ေပးလိုက္ပါ။ သုံးႀကိမ္ေလာက္လိမ္းျခယ္ၿပီးတဲ့အခါ သင့္မ်က္ႏွာကို ေရေႏြးေႏြးျဖင့္ ေဆးေၾကာသန္႔စင္ေပးပါ။ အဆိုပါ နည္းလမ္းဟာ သင့္မ်က္ႏွာေပၚမွာ ဝက္ၿခံေပါင္းမ်ားစြာကို ေပ်ာက္ကင္းေစၿပီးအသားအေရကိုလည္း ႏူးညံ့ေပ်ာ့ေပ်ာင္းေစပါတယ္။
သံပုရာျခမ္းျဖင့္ပြတ္တိုက္ျခင္း
ၾကည္လင္တဲ့ အသားအေရကို ရရွိဖို႔အတြက္ သုံပုရာသီးစိပ္ျဖင့္ ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။ ၿပီးလွ်င္ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကသန္႔စင္ေပးလိုက္ပါ။ မ်က္ႏွာတစ္ခုတည္းတင္မက သင့္ရဲ႕ ခႏၶာကိုယ္တြင္ မဲေနတဲ့ ဒူဆစ္၊ တေတာင္ဆစ္၊ လည္ပင္း စတဲ့ ေနရာမ်ိဳးစုံကိုလည္း သံပုရာသီးျခမ္းျဖင့္ ပြတ္တိုက္ေပးလွ်င္ ရက္သတၱပတ္ အနည္းငယ္အတြင္း ျဖဴဝင္းၾကည္လင္လာေစမွာျဖစ္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
Unicode
ချောမွေ့ပြီး နူးညံ့တောက်ပတဲ့ အသားအရေရရှိနိုင်ဖို့အတွက် ပေါင်းတင်၊ ချေးချွတ်နိုင်တဲ့ နည်းလမ်းကောင်း
အသားအရေ ပင်ကိုယ်အတိုင်း ချောမွေ့ပြီး နူညံ့ပျော့ပျောင်းဖို့ဆိုတာ သဘာဝနည်းလမ်းတွေက အကောင်းဆုံးဖြစ်ပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေလို တန်ဖိုးကြီးတဲ့ Brand အစစ်တွေ မသုံးနိုင်တဲ့အခါ ကျွန်တော်တို့ သာမန်လူတန်းစားတွေ အနေနဲ့ သူများညွှန်ရာ အလှကုန်ပစ္စည်းတွေကို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ လိုက်သုံးရင်း ဓာတ်မတည့်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာပါတယ်။
သံပုရာရည်ဖြင့် သန့်စင်ခြင်း
သံပုရာသီးကို အရည်ညှစ်ပြီး ပန်းကန်ထဲမှာ ထည့်ထားပါ။ အဆိုပါသံပုရာရည်ထဲသို့ ချည်ထည်အဝတ်စ တစ်စစိမ်ထားပြီး အဆိုပါ အဝတ်စဖြင့် မျက်နှာကိုသန့်စင်ပေးပါ။ အနည်းငယ်ချော့သွေ့လာတဲ့အခါမှ သင့်မျက်နှာကို ရေဖြင့် ထပ်မံဆေးကြောပေးလိုက်ပါ။ တစ်နေကုန်လှုပ်ရှားသွားလာတဲ့ အခါ သင့်ရဲ့ မျက်နှာပေါ်မှာ အညစ်အကြေးပေါင်းစုံနဲ့ ဘက်တီးရီးယားပိုးမွှားများစွာ တွယ်ကပ်တတ်ပါတယ်။ အဆိုပါ အညစ်အကြေးနဲ့ ပိုးမွှားကို ဖျက်ရှားဖို့အတွက် သံပုရာရည်က အကောင်းဆုံးပဲဖြစ်ပါတယ်။ ပိုးမွှားနဲ့ အညစ်အကြေးသန့်စင်တဲ့အပြင် သင့်မျက်နှာကိုလည်းပိုပြီး ကြည်လင်မှုရရှိစေ ပါတယ်။ ထိုနည်းကို တစ်နေ့ ၂ကြိမ်ပြုလုပ်ပြီး ကြည်လင်ဝင်းပတဲ့အသားအရေကို ရယူလိုက်ပါ။
ကြက်ဥ သံပုရာဖြင့် ပေါင်းတင်ခြင်း
ပထမဦးစွာ သံပုရာရည် ၂ဇွန်းကို ကြက်ဥ အကာဖြင့် ရောသမမွှေထားပါ။ အဆိုပါ အရောအနှောကို ညီတူညီမျှ သုံးပုံ ပုံထားပါ။ သင့်မျက်နှာပေါ်သို့ အဆိုပါ ကြက်ဥအကာနဲ့ သံပုရာရည် ရောစပ်ထားတဲ့ အရောအနှော သုံးပုံ ပုံတစ်ပုံကို လိမ်းခြယ်လိုက်ပါ။ ခြောက်သွားတဲ့အခါ စွန့်ခွာပြီး နောက်ထပ်ကျန်တဲ့ နှစ်ပုံကို ထိုကဲ့သို့ပဲ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး လိမ်းခြယ်ပေးလိုက်ပါ။ သုံးကြိမ်လောက်လိမ်းခြယ်ပြီးတဲ့အခါ သင့်မျက်နှာကို ရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ပေးပါ။ အဆိုပါ နည်းလမ်းဟာ သင့်မျက်နှာပေါ်မှာ ဝက်ခြံပေါင်းများစွာကို ပျောက်ကင်းစေပြီးအသားအရေကိုလည်း နူးညံ့ပျော့ပျောင်းစေပါတယ်။
သံပုရာခြမ်းဖြင့်ပွတ်တိုက်ခြင်း
ကြည်လင်တဲ့ အသားအရေကို ရရှိဖို့အတွက် သုံပုရာသီးစိပ်ဖြင့် ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ပြီးလျှင်ရေနွေးနွေးလေးဖြင့် ဆေးကြေသန့်စင်ပေးလိုက်ပါ။ မျက်နှာတစ်ခုတည်းတင်မက သင့်ရဲ့ ခန္ဓာကိုယ်တွင် မဲနေတဲ့ ဒူဆစ်၊ တတောင်ဆစ်၊ လည်ပင်း စတဲ့ နေရာမျိုးစုံကိုလည်း သံပုရာသီးခြမ်းဖြင့် ပွတ်တိုက်ပေးလျှင် ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြူဝင်းကြည်လင်လာစေမှာဖြစ်ပါတယ်။