လူတစ္ရာမွာ ၅၀ေလာက္က ေဘာက္နဲ႔ မကင္းတဲ့သူေတြပဲျဖစ္ပါတယ္။ ေဘာက္က အသက္ ၂၀-၃၀ ၾကားမွာ ပိုၿပီးျဖစ္ေပၚေလ့ရွိပါတယ္။ ဦးေရျပားကို ေျခာက္ေသြ႕ၿပီး ဆံပင္ကၽြတ္ဖို႔ ဦးေဆာင္ေနတဲ့ လကၡဏာပဲျဖစ္ပါတယ္။
လက္ဖက္ဆီ
ေခါင္းေလွ်ာ္ရည္ထဲမွာ လက္ဖက္ဆီပါဝင္ႏႈန္းက ၅% ပဲရွိတာေၾကာင့္ ေဘာက္ထတဲ့သူေတြအတြက္ ထိေရာက္မႈသိပ့္မရွိပါဘူး။ ဒါ့ေၾကာင့္ ေခါင္းမွာ ေဘာက္အရမ္းထတဲ့သူေတြ ေခါင္းေလွ်ာ္ရည္ကိုသုံးတဲ့အခါ ေခါင္းေလွ်ာ္ရည္ 200 ml တစ္ပုလင္းကိုလက္ဖက္ဆီ ၈ ေပါက္ ၉ေပါက္ေလာက္ထည့္ဖုိ႔ လိုအပ္ပါတယ္။ ဒါ့အျပင္ ဗာဒံသီဆီ သို႔မဟုတ္ အုန္ဆီ ေလးပုံတစ္ပုံခန္႔ကို လက္ဖက္ဆီ ၁၅ ေပါက္ေလာက္ထည့္ၿပီး သင့္ဦးေရျပားကို လိမ္းေပးပါ။ ေနာက္ေန႔မနက္မွ သင့္ေခါင္းကို ေလွ်ာ္လိုက္ပါ။ သိပ့္မၾကာခင္အခ်ိန္တိုအတြင္းမွာပဲ ရလဒ္ေကာင္းေတြ ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
Cider ရွာလကာရည္
ေအာ္ဂဲနစ္ပန္းသီးကထုတ္လုပ္ထားတဲ့ Cider ရွာလကာရည္မွာ Antifungal ဂုဏ္သတၱိမ်ားစြာပါဝင္လို႔ ေဘာက္ျဖစ္ျခင္း၊ ဦးေရျပားယားယံျခင္း နဲ႔ ေျခာက္ေသြ႕ျခင္းတို႔အတြက္ အသုံးျပဳႏိုင္ပါတယ္။ ေရနဲ႔ ပန္းသီး Cider ရွာလကာရည္ကို အခ်ိဳးတူေရာစပ္ၿပီး ေခါင္းေလွ်ာ္ၿပီး ဆံပင္စိုစြတ္ေနတဲ့ အခ်ိန္မွာ အဆိုပါ အေရာအေႏွာကို သင့္ဦးေရျပားထဲသို႔ ႏႈိက္ႏႈိက္ခၽြတ္ခၽြတ္ထပ္ေဆးေၾကာပါ။ ၁၅မိနစ္ေလာက္ၾကာတဲ့အခါမွ
သင့္ေခါင္းကို ေရျဖင့္ တဖန္ေဆးေၾကာလိုက္ပါ။
အုန္းဆီ
ကၽြန္ေတာ္တို႔ မိ႐ိုဖလာအသုံးျပဳလာတဲ့ အုန္းဆီဟာ သင့္ဆံပင္နဲ႔ ဦးေရျပားအတြက္ မ်ားစြာအက်ိဳးရွိပါတယ္။ ဒါေပမဲ့ ယခုေခတ္မွာေတာ့ ဆံပင္နဲ႔ ပတ္သတ္တဲ့ အလွကုန္ပစၥည္းေတြမ်ားစြာေပၚေပါက္လာတာေၾကာင့္ အုန္းဆီကို လွစ္လွ်ဴရွဴ႕ထားၾကပါေတာ့တယ္။ တကယ္ေတာ့ အုန္းဆီမွာ ေဘာက္ေတြကို ဖယ္ရွားပစ္ႏိုင္တဲ့ Antifungal ဂုဏ္သတၱိနဲ႔ ဆံသားႀကီးထြားဖြံ႕ၿဖိဳးၿပီး အဟာရဓာတ္မ်ားစြာရရွိႏိုင္ဖို႔ Lauric, Caprylic နဲ႔ Capric အက္ဆစ္တို႔ မ်ားစြာပါဝင္ပါတယ္။ ပန္ကန္ျပားတစ္ခ်က္ထဲမွာ သင့္ဆံပင္ကို လိမ္းမယ့္ပမာဏေလာက္မွန္းထည့္ၿပီး အနည္းငယ္ပူလာေအာင္ ေႏြးေပါပါ။ အုန္းဆီေႏြးေႏြးေလးျဖစ္သြားတဲ့အခါမ်ိဳးမွ သင့္ဆံပင္ကို ေသေသခ်ာခ်ာလိမ္းေပးပါ။ ေနာက္ေန႔မနက္မွ သင့္ေခါင္းကို ေခါင္းေလွ်ာ္ရည္ျဖင့္ ေလွ်ာ္ခ်လိုက္ပါ။
ပ်ားရည္
ပ်ားရည္ဟာ ဆံေကသာအလွအပအတြက္ ကုန္ၾကမ္းပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ ပ်ားရည္က ဆံေကသာပ်က္စီးသြားျခင္း၊ ဦးေရျပားေျခာက္ကပ္ျခင္းကို ကာကြယ္ေပးၿပီး ဦးေရျပားကို ေအးျမေစပါတယ္။ ပ်ားရည္မွာ ကယ္လစီယမ္း၊ မဂၢနီဆီယမ္၊ ပိုတက္စီယမ္နဲ႔ မရွိမျဖစ္လိုအပ္တဲ့ သတၱဳဓာတ္လည္းအမ်ားအျပား ပါဝင္တာေၾကာင့္ ေဘာက္နဲ႔ seborrheic dermatitis လို႔ ေခၚတဲ့ ဒက္နဲ႔ ယားနာကဲ့သို႔ အနားမ်ားကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ပထမဦးစြာ ဆံပင္ကို ေရစြတ္ထားၿပီး ပ်ားရည္ ၉၀% နဲ႔ ေရ ၁၀% ကို ေရာစပ္ၿပီး သင့္ေခါင္းနဲ႔ ဦးေရျပားေပၚသို႔ ၃-၅ မိနစ္ေလာက္ထိ ပြတ္သပ္ေပးပါ။ နာရီအနည္းငယ္ၾကာေတာ့မွ သင့္ေခါင္းကိုေဆးေၾကာလိုက္ပါ။
မုန္႔ဖုတ္ဆိုဒါ
မုန္႔ဖုတ္ဆိုဒါဟာ ဦးေရျပားေပၚမွာရွိတဲ့ အေရျပားဆဲလ္ေသေတြကိုဖယ္ရွားႏိုင္ေသာ အလြန္အစြမ္းထက္တ့ဲ Exfoliator ဓာတ္ပါဝင္ပါတယ္။ မုန္႔ဖုတ္ဆိုဒါကို အရည္အေသြးေကာင္းမြန္တဲ့ ေခါင္းေလွ်ာ္ရည္ျဖင့္ ေရာေႏွာၿပီး အသုံးျပဳေပးပါ။ ဒါမွမဟုတ္ပန္းသီး cider ရွာလကာရည္ျဖင့္ မုန္႔ဖုတ္ဆိုဒါကို ေရာေႏွာၿပီး အသုံးျပဳႏိုင္ပါတယ္။ ဒါအျပင့္ ႏွင္းဆီ ဆီျဖင့္လည္းေရာေႏွာအသုံးျပဳႏိုင္ပါတယ္။ အဆိုပါပါဝင္ပစၥည္းေတြကို ေရာေႏွာၿပီး ေခါင္းေလွ်ာ္ရည္ကဲ့သို႔အသုံးျပဳႏိုင္ပါတယ္။ သင့္ေခါင္းေပၚမွာ ၂-၃ မိနစ္ေလာက္ထားၿပီးမွ ေအးျမတဲ့ေရျဖင့္ေခါင္းကိုေဆးေၾကာေပးသင့္ပါတယ္။ သတိထားရမွာက မုန္႔ဖုတ္ဆိုဒါတစ္မ်ိဳးတည္းကို အသုံးမျပဳသင့္ပါဘူး။
တမာရြက္
တမာရြက္မွာ ဘက္တီးရီးယားပိုးမႊားကို ဆန္႔က်င္ႏိုင္ၿပီး Antifungal လို႔ေခၚတဲ့ မႈိစြဲတဲ့ယားနာေရာဂါလကၡဏာမ်ားကို ကာကါယ္ေပးႏိုင္တာေၾကာင့္ အိႏိၵယမွာ ႏွစ္ေပါင္းရာနဲ႔ခ်ီၿပီး အသုံးျပဳလာတဲ့ ေဆးစြမ္းတစ္လတ္ပဲျဖစ္ပါတယ္။ တမာရြက္ဟာခႏၶာကို္ယ္အတြက္ မလိုလားအပ္တဲ့ ေရာဂါပိုးနဲ႔ dermophytes ကို ဖယ္ရွားေပးႏိုင္ရန္ လုံေလာက္တဲ့စြမ္းအင္းေတြ အမ်ားအျပားရွိပါတယ္။ တမာရြက္ျပဳတ္ရည္ျဖင့္ သင့္ေခါင္းကို ႏႈိက္ႏႈိက္ခၽြတ္ခၽြတ္ေဆးေၾကာေပးျခင္းျဖင့္ ေဘာက္နဲ႔ ဦးေရျပားယားယံျခင္းကိုေပ်ာက္ကင္းေစပါတယ္။
သံပုရာသီး
သံပုရာသီးဟာ ေဘာက္ပ်ံ႕ပြားမႈကို မျဖစ္ေပၚရန္ ကာကြယ္ေပးႏိုင္ၿပီး ဦးေခါင္းအေရျပားထဲမွာရွိတဲ့ ညစ္ေၾကးတဲ့ အဆီေတြကို ဖယ္ရွားေပးရန္ ကူညီေပးပါတယ္။ သင့္ရဲ႕ ဦးေရျပားေပၚကို သံပုရာရည္ျဖင့္ႏႈိက္ႏႈိက္ခၽြတ္ခၽြတ္ သုတ္လိမ္းေပးသင့္ၿပီး၃၅-၄၀ မိနစ္ၾကာမွ သင့္ေခါင္းကိုေရျဖင့္ေဆးေၾကသန္႔စင္ေပးပါ။ အဆိုပါ သံပုရာသီးကို ပ်ားရည္နဲ႔လည္း ေပါင္းစပ္ အသုံးျပဳႏိုင္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ဗိုက္ထဲအစာမရွိခ်ိန္မွာ ဂ်င္းေဖ်ာ္ရည္ေသာက္ျခင္းေၾကာင့္ သင့္က်န္းမာေရးအတြက္ ဘယ္လိုေကာင္းက်ိဳးေတြ ရရွိေစမလဲ
Unicode
ခေါင်းက ဘောက်လေးတစ်ခုနဲ့တော့ သင့်ရဲ့ အလှတွေကို အမှတ်လျော့မခံပါနဲ့။
လူတစ်ရာမှာ ၅၀လောက်က ဘောက်နဲ့ မကင်းတဲ့သူတွေပဲဖြစ်ပါတယ်။ ဘောက်က အသက် ၂၀-၃၀ ကြားမှာ ပိုပြီးဖြစ်ပေါ်လေ့ရှိပါတယ်။ ဦးရေပြားကို ခြောက်သွေ့ပြီး ဆံပင်ကျွတ်ဖို့ ဦးဆောင်နေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။
လက်ဖက်ဆီ
ခေါင်းလျှော်ရည်ထဲမှာ လက်ဖက်ဆီပါဝင်နှုန်းက ၅% ပဲရှိတာကြောင့် ဘောက်ထတဲ့သူတွေအတွက် ထိရောက်မှုသိပ့်မရှိပါဘူး။ ဒါ့ကြောင့် ခေါင်းမှာ ဘောက်အရမ်းထတဲ့သူတွေ ခေါင်းလျှော်ရည်ကိုသုံးတဲ့အခါ ခေါင်းလျှော်ရည် 200 ml တစ်ပုလင်းကိုလက်ဖက်ဆီ ၈ ပေါက် ၉ပေါက်လောက်ထည့်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဗာဒံသီဆီ သို့မဟုတ် အုန်ဆီ လေးပုံတစ်ပုံခန့်ကို လက်ဖက်ဆီ ၁၅ ပေါက်လောက်ထည့်ပြီး သင့်ဦးရေပြားကို လိမ်းပေးပါ။ နောက်နေ့မနက်မှ သင့်ခေါင်းကို လျှော်လိုက်ပါ။ သိပ့်မကြာခင်အချိန်တိုအတွင်းမှာပဲ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Cider ရှာလကာရည်
အော်ဂဲနစ်ပန်းသီးကထုတ်လုပ်ထားတဲ့ Cider ရှာလကာရည်မှာ Antifungal ဂုဏ်သတ္တိများစွာပါဝင်လို့ ဘောက်ဖြစ်ခြင်း၊ ဦးရေပြားယားယံခြင်း နဲ့ ခြောက်သွေ့ခြင်းတို့အတွက် အသုံးပြုနိုင်ပါတယ်။ ရေနဲ့ ပန်းသီး Cider ရှာလကာရည်ကို အချိုးတူရောစပ်ပြီး ခေါင်းလျှော်ပြီး ဆံပင်စိုစွတ်နေတဲ့ အချိန်မှာ အဆိုပါ အရောအနှောကို သင့်ဦးရေပြားထဲသို့ နှိုက်နှိုက်ချွတ်ချွတ်ထပ်ဆေးကြောပါ။ ၁၅မိနစ်လောက်ကြာတဲ့အခါမှ
သင့်ခေါင်းကို ရေဖြင့် တဖန်ဆေးကြောလိုက်ပါ။
အုန်းဆီ
ကျွန်တော်တို့ မိရိုဖလာအသုံးပြုလာတဲ့ အုန်းဆီဟာ သင့်ဆံပင်နဲ့ ဦးရေပြားအတွက် များစွာအကျိုးရှိပါတယ်။ ဒါပေမဲ့ ယခုခေတ်မှာတော့ ဆံပင်နဲ့ ပတ်သတ်တဲ့ အလှကုန်ပစ္စည်းတွေများစွာပေါ်ပေါက်လာတာကြောင့် အုန်းဆီကို လှစ်လျှူရှူ့ထားကြပါတော့တယ်။ တကယ်တော့ အုန်းဆီမှာ ဘောက်တွေကို ဖယ်ရှားပစ်နိုင်တဲ့ Antifungal ဂုဏ်သတ္တိနဲ့ ဆံသားကြီးထွားဖွံ့ဖြိုးပြီး အဟာရဓာတ်များစွာရရှိနိုင်ဖို့ Lauric, Caprylic နဲ့ Capric အက်ဆစ်တို့ များစွာပါဝင်ပါတယ်။ ပန်ကန်ပြားတစ်ချက်ထဲမှာ သင့်ဆံပင်ကို လိမ်းမယ့်ပမာဏလောက်မှန်းထည့်ပြီး အနည်းငယ်ပူလာအောင် နွေးပေါပါ။ အုန်းဆီနွေးနွေးလေးဖြစ်သွားတဲ့အခါမျိုးမှ သင့်ဆံပင်ကို သေသေချာချာလိမ်းပေးပါ။ နောက်နေ့မနက်မှ သင့်ခေါင်းကို ခေါင်းလျှော်ရည်ဖြင့် လျှော်ချလိုက်ပါ။
ပျားရည်
ပျားရည်ဟာ ဆံကေသာအလှအပအတွက် ကုန်ကြမ်းပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ပျားရည်က ဆံကေသာပျက်စီးသွားခြင်း၊ ဦးရေပြားခြောက်ကပ်ခြင်းကို ကာကွယ်ပေးပြီး ဦးရေပြားကို အေးမြစေပါတယ်။ ပျားရည်မှာ ကယ်လစီယမ်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်လည်းအများအပြား ပါဝင်တာကြောင့် ဘောက်နဲ့ seborrheic dermatitis လို့ ခေါ်တဲ့ ဒက်နဲ့ ယားနာကဲ့သို့ အနားများကို ပျောက်ကင်းစေနိုင်ပါတယ်။ ပထမဦးစွာ ဆံပင်ကို ရေစွတ်ထားပြီး ပျားရည် ၉၀% နဲ့ ရေ ၁၀% ကို ရောစပ်ပြီး သင့်ခေါင်းနဲ့ ဦးရေပြားပေါ်သို့ ၃-၅ မိနစ်လောက်ထိ ပွတ်သပ်ပေးပါ။ နာရီအနည်းငယ်ကြာတော့မှ သင့်ခေါင်းကိုဆေးကြောလိုက်ပါ။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါဟာ ဦးရေပြားပေါ်မှာရှိတဲ့ အရေပြားဆဲလ်သေတွေကိုဖယ်ရှားနိုင်သော အလွန်အစွမ်းထက်တဲ့ Exfoliator ဓာတ်ပါဝင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို အရည်အသွေးကောင်းမွန်တဲ့ ခေါင်းလျှော်ရည်ဖြင့် ရောနှောပြီး အသုံးပြုပေးပါ။ ဒါမှမဟုတ်ပန်းသီး cider ရှာလကာရည်ဖြင့် မုန့်ဖုတ်ဆိုဒါကို ရောနှောပြီး အသုံးပြုနိုင်ပါတယ်။ ဒါအပြင့် နှင်းဆီ ဆီဖြင့်လည်းရောနှောအသုံးပြုနိုင်ပါတယ်။ အဆိုပါပါဝင်ပစ္စည်းတွေကို ရောနှောပြီး ခေါင်းလျှော်ရည်ကဲ့သို့အသုံးပြုနိုင်ပါတယ်။ သင့်ခေါင်းပေါ်မှာ ၂-၃ မိနစ်လောက်ထားပြီးမှ အေးမြတဲ့ရေဖြင့်ခေါင်းကိုဆေးကြောပေးသင့်ပါတယ်။ သတိထားရမှာက မုန့်ဖုတ်ဆိုဒါတစ်မျိုးတည်းကို အသုံးမပြုသင့်ပါဘူး။
တမာရွက်
တမာရွက်မှာ ဘက်တီးရီးယားပိုးမွှားကို ဆန့်ကျင်နိုင်ပြီး Antifungal လို့ခေါ်တဲ့ မှိုစွဲတဲ့ယားနာရောဂါလက္ခဏာများကို ကာကါယ်ပေးနိုင်တာကြောင့် အိန္ဒိယမှာ နှစ်ပေါင်းရာနဲ့ချီပြီး အသုံးပြုလာတဲ့ ဆေးစွမ်းတစ်လတ်ပဲဖြစ်ပါတယ်။ တမာရွက်ဟာခန္ဓာကို်ယ်အတွက် မလိုလားအပ်တဲ့ ရောဂါပိုးနဲ့ dermophytes ကို ဖယ်ရှားပေးနိုင်ရန် လုံလောက်တဲ့စွမ်းအင်းတွေ အများအပြားရှိပါတယ်။ တမာရွက်ပြုတ်ရည်ဖြင့် သင့်ခေါင်းကို နှိုက်နှိုက်ချွတ်ချွတ်ဆေးကြောပေးခြင်းဖြင့် ဘောက်နဲ့ ဦးရေပြားယားယံခြင်းကိုပျောက်ကင်းစေပါတယ်။
သံပုရာသီး
သံပုရာသီးဟာ ဘောက်ပျံ့ပွားမှုကို မဖြစ်ပေါ်ရန် ကာကွယ်ပေးနိုင်ပြီး ဦးခေါင်းအရေပြားထဲမှာရှိတဲ့ ညစ်ကြေးတဲ့ အဆီတွေကို ဖယ်ရှားပေးရန် ကူညီပေးပါတယ်။ သင့်ရဲ့ ဦးရေပြားပေါ်ကို သံပုရာရည်ဖြင့်နှိုက်နှိုက်ချွတ်ချွတ် သုတ်လိမ်းပေးသင့်ပြီး၃၅-၄၀ မိနစ်ကြာမှ သင့်ခေါင်းကိုရေဖြင့်ဆေးကြေသန့်စင်ပေးပါ။ အဆိုပါ သံပုရာသီးကို ပျားရည်နဲ့လည်း ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။