ေခတ္မွီၿပီး ဖက္ရွင္က်တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ဖို႔အတြက္ လိုက္နာသင့္တဲ့ အၾကံျပဳခ်က္အခ်ိဳ႕

0
155

ေခတ္မွီၿပီး ဆြဲေဆာင္မႈရွိျခင္း၊ အျမဲတမ္းအမ်ားအလည္မွာ ဖက္ရွင္က်သူတစ္ေယာက္ျဖစ္ဖို႔ဆိုတာ အမ်ိဳးသမီးအမ်ားစုရဲ႕ အိမ္မက္ပါ။ ဒီလို လူအမ်ားအလယ္မွာ ထင္ေပၚေနဖို႔အတြက္ အေျခခံအရာေတြကို နားလည္ထားဖို႔ လိုအပ္ပါတယ္။ ကိုယ့္ရဲ႕ကိုယ္ပိုင္စတိုင္ကို ဖန္တီးဖို႔ဆိုတာဟာလည္း ျမင္ေနတဲ့အရာေတြ ေလ့လာစရာေတြကေန စတင္ၿပီးသင္ယူမွရမွာပါ။

၁။ ဖက္ရွင္မဂၢဇင္းနဲ႔ ဝက္ဆိုက္ေတြကို ဖတ္႐ႈပါ
ဖက္ရွင္က်တဲ့သူတစ္ေယာက္ ျဖစ္ဖို႔ဆိုရင္ အရင္ဆံုးေခတ္ေရစီးေၾကာင္းကို မ်က္ျခည္မျပတ္ၾကည့္ေနဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ဖက္ရွင္နဲ႔ပတ္သတ္တဲ့ မဂၢဇင္းေတြ ဝက္ဆိုက္ေတြကို အျမဲမျပတ္ေလ့လာေနဖို႔ လိုပါတယ္။

၂။ ဖက္ရွင္ဒီဇိုင္းေတြ တီထြင္တဲ့ ဘေလာ့ဂါ၊ ဒီဇိုင္နာေတြကို follow လုပ္ပါ
ဖက္ရွင္ဒီဇိုင္နာေတြအေတာ္မ်ားမ်ားဟာ ဘေလာ့ဂါေတြ ျဖစ္ေနၾကပါတယ္။ ဒါေၾကာင့္သူတို႔ရဲ႕တီထြင္ၾကံဆမႈေတြကို ေလ့လာႏိုင္ဖို႔အတြက္ follow လုပ္ဖို႔မေမ့ပါနဲ႔။

၃။ အဝတ္အစားေတြကို fit ျဖစ္ေစဖို႔အတြက္ အပ္ခ်ဳပ္ဆိုင္ကိုမၾကာခဏသြားပါ
အြန္လိုင္းမွာ အဝတ္အစားလွလွေလးေတြေတြ႕ရင္ ဝယ္ခ်င္ၾကတာ အမ်ိဳးသမီးေတြရဲ႕ ဓမၼတာပါ။ ဒါေပမယ့္ ဝယ္ယူၿပီးတဲ့ အခ်ိန္မွာေတာ့ ကိုယ္ထင္ထားသလို ျဖစ္မလာပဲ ပံုမက်ပန္းမက်ေတြ ျဖစ္ေနတတ္ပါတယ္။ ဒီလိုျပႆနာမျဖစ္ရေအာင္ ကိုယ္တိုင္းနဲ႔အပ္ခ်ဳပ္ဆိုင္ေကာင္းေကာင္းမွာ အပ္တဲ့အေလ့အက်င့္ကို ျပဳလုပ္ပါ။ မေတာ္တဲ့အဝတ္ေတြကိုလည္း ျပန္ျပင္ႏိုင္တဲ့အတြက္ သင့္ကိုစိတ္ခ်မ္းသာၿပီး ဖက္ရွင္က်ေနေစပါလိမ့္မယ္။

၄။ အေျခာက္ေလွ်ာ္ရမယ့္ အဝတ္အစားေတြကို မဝယ္ပဲမေနပါနဲ႔
သင္ႏွစ္သက္ေနေပမယ့္ ေရနဲ႔ေလွ်ာ္လို႔ မရတာေၾကာင့္ မဝယ္ဘူးလို႔ မဆံုးျဖတ္ပါနဲ႔။ ဖက္ရွင္က်တဲ့ သူေတြဟာ ေရနဲ႔ေလွ်ာ္လို႔မရတဲ့ အဝတ္ေတြကို ဘယ္ေတာ့မွ စိုးရိမ္ေလ့မရွိပါဘူး။ ဒါေၾကာင့္ ဆြယ္တာတစ္ထည္ကို မ်က္စိက်လို႔ ဝယ္မယ္ဆိုရင္ ဝယ္လိုက္ပါ။ ၿပီးလွ်င္လွလွပပဝတ္ၿပီး တလမွာတခါေလာက္ အေျခာက္ေလွ်ာ္ေပး႐ံုနဲ႔ အဆင္ေျပပါတယ္။

၅။ ဆိုဒ္အတြက္ စိတ္မပူပါနဲ႔
သင္ဝတ္ေနၾကဆိုဒ္ပဲ အျမဲတမ္းရွာေဖြေနမယ့္အစား မတူညီတဲ့ brand ေတြကို ဆိုဒ္မ်ိဳးစံုစမ္းဝတ္ၾကည့္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ brand တိုင္းဟာ တစ္ခုနဲ႔တစ္ခု ဆိုဒ္ကြာျခားေနတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝတ္ေနတဲ့ဆိုဒ္မရွိရင္လည္း အျခားဆိုဒ္ကိုစမ္းဝတ္ၾကည့္ဖို႔မေမ့ပါနဲ႔။

၆။ ဘယ္အခ်ိန္ဝတ္ရမယ္ဆိုတာကို မသိရင္ေတာင္မွ သင္ႀကိဳက္ေနရင္ဝယ္လိုက္ပါ
ေစ်းဝယ္ရင္း အဝတ္အစားလွလွေလးေတြ႕ေပမယ့္ ဝတ္မယ့္ေနရာမရွိလို႔ မလိုေသးဘူးဆိုၿပီး မဝယ္ပဲမေနပါနဲ႔။ ႀကိဳက္ေနရင္ဝယ္ထားပါ။ ဒါမွသင့္ရဲ႕အဝတ္ဗီ႐ိုထဲမွာ ကိုယ္ႏွစ္သက္တဲ့အရာေတြျပည့္ေနၿပီး မထင္မွတ္ပဲေပၚလာတဲ့ ကိစၥေတြရွိခဲ့ရင္လည္း အလွဆံုးနဲ႔အဆင္သင့္ျဖစ္ေနမွာပါ။

၇။ ဖက္ရွင္ trend အသစ္ေတြေပၚလာရင္လည္း စမ္းၾကည့္ပါ
ကေလးေတြကို ကၽြန္ေတာ္တို႔က အစားအစာအသစ္ေတြနဲ႔ မိတ္ဆက္ေပးသလိုပဲ ေခတ္ေရစီးေၾကာင္းအရ ေျပာင္းလဲေနတဲ့ ဖက္ရွင္ေတြကို မႀကိဳက္ရင္ေတာင္မွ စမ္းၾကည့္ဖို႔ ဝန္မေလးပါနဲ႔။ ဒါေပမယ့္ ေပၚလာသမွ်ဖက္ရွင္ေတြကို ဝယ္ယူရမယ္လို႔ မဆိုလိုပါဘူး။ သင့္ရဲ႕ကိုယ္ခႏၶာအခ်ိဳးအစား၊ ဖက္ရွင္အျမင္စတဲ့ေတြအားလံုးနဲ႔ အဆင္ေျပေလာက္မယ္ထင္တဲ့အရာေတြကိုသာ ေရြးခ်ယ္ၿပီးစမ္းဝတ္ၾကည့္ပါ။

၈။ ဝယ္ေနၾကအေကာင္းဆံုးဆိုင္နဲ႔ ခင္မင္ေအာင္ေနပါ
ကိုယ္ဝယ္ေနၾကဆိုင္နဲ႔ ရင္းႏွီးေနတဲ့အတြက္ အသစ္ေရာက္တဲ့အရာေတြ၊ အၾကံဥာဏ္ေတြ၊ ဝန္ေဆာင္မႈေတြကို အျမဲတမ္းရေနေစတဲ့အတြက္ ပိုၿပီးအဆင္ေျပေစပါတယ္။

၉။ ကိုယ္ရဲ႕ကိုယ္ပိုင္စတိုင္ကို နားလည္ၿပီး ႏွစ္သက္မႈကိုဦးစားေပးပါ
သင္ႏွစ္သက္တဲ့ ကိုယ္ပိုင္စတိုင္ဟာ ႐ိုးရွင္းေနေပမယ့္ အမ်ားအျမင္မွာ သင့္ကိုၾကည့္ေကာင္းေနတယ္ဆိုရင္ ထိန္းသိမ္းထားသင့္ၿပီး ပိုေကာင္းေအာင္ျပင္ဆင္ေနထိုင္သင့္ပါတယ္။ ဖက္ရွင္အေၾကာင္းကိုလည္း ပိုမိုနားလည္သိရွိေအာင္ ႀကိဳးစားေနျခင္းျဖင့္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ပိုရွိလာၿပီး ေအာင္ျမင္မႈေတြ ေပ်ာ္ရြင္မႈေတြ ရရွိပါလိမ့္မယ္။

၁၀။ ေစ်းႀကီးတဲ့ အရာအေသးေလးတစ္ခုေလာက္ပဲဝယ္႐ံုပါပဲ
သင့္ရဲ႕ကိုယ္မွာ ဆင္ထားတဲ့အရာေတြအားလံုးဟာ ေစ်းႀကီးတဲ့ branded ေတြျဖစ္ေနဖို႔မလိုပါဘူး။ ဒီအစား ခါးပတ္၊ ဖိနပ္၊ လက္ကိုင္အိတ္၊ သို႔မဟုတ္ ရတနာ စတဲ့အရာေလးတစ္ခုက အျမဲတမ္းေစ်းႀကီးၿပီး နာမည္ႀကီး brand ျဖစ္ေနရင္ကို လံုေလာက္ပါတယ္။

LM_Naung_Naung
Lifestyle__Myanmar

ခေတ်မှီပြီး ဆွဲဆောင်မှုရှိခြင်း၊ အမြဲတမ်းအများအလည်မှာ ဖက်ရှင်ကျသူတစ်ယောက်ဖြစ်ဖို့ဆိုတာ အမျိုးသမီးအများစုရဲ့ အိမ်မက်ပါ။ ဒီလို လူအများအလယ်မှာ ထင်ပေါ်နေဖို့အတွက် အခြေခံအရာတွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်စတိုင်ကို ဖန်တီးဖို့ဆိုတာဟာလည်း မြင်နေတဲ့အရာတွေ လေ့လာစရာတွေကနေ စတင်ပြီးသင်ယူမှရမှာပါ။
၁။ ဖက်ရှင်မဂ္ဂဇင်းနဲ့ ဝက်ဆိုက်တွေကို ဖတ်ရှုပါ
ဖက်ရှင်ကျတဲ့သူတစ်ယောက် ဖြစ်ဖို့ဆိုရင် အရင်ဆုံးခေတ်ရေစီးကြောင်းကို မျက်ခြည်မပြတ်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဖက်ရှင်နဲ့ပတ်သတ်တဲ့ မဂ္ဂဇင်းတွေ ဝက်ဆိုက်တွေကို အမြဲမပြတ်လေ့လာနေဖို့ လိုပါတယ်။

၂။ ဖက်ရှင်ဒီဇိုင်းတွေ တီထွင်တဲ့ ဘလော့ဂါ၊ ဒီဇိုင်နာတွေကို follow လုပ်ပါ
ဖက်ရှင်ဒီဇိုင်နာတွေအတော်များများဟာ ဘလော့ဂါတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့်သူတို့ရဲ့တီထွင်ကြံဆမှုတွေကို လေ့လာနိုင်ဖို့အတွက် follow လုပ်ဖို့မမေ့ပါနဲ့။

၃။ အဝတ်အစားတွေကို fit ဖြစ်စေဖို့အတွက် အပ်ချုပ်ဆိုင်ကိုမကြာခဏသွားပါ
အွန်လိုင်းမှာ အဝတ်အစားလှလှလေးတွေတွေ့ရင် ဝယ်ချင်ကြတာ အမျိုးသမီးတွေရဲ့ ဓမ္မတာပါ။ ဒါပေမယ့် ဝယ်ယူပြီးတဲ့ အချိန်မှာတော့ ကိုယ်ထင်ထားသလို ဖြစ်မလာပဲ ပုံမကျပန်းမကျတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုပြဿနာမဖြစ်ရအောင် ကိုယ်တိုင်းနဲ့အပ်ချုပ်ဆိုင်ကောင်းကောင်းမှာ အပ်တဲ့အလေ့အကျင့်ကို ပြုလုပ်ပါ။ မတော်တဲ့အဝတ်တွေကိုလည်း ပြန်ပြင်နိုင်တဲ့အတွက် သင့်ကိုစိတ်ချမ်းသာပြီး ဖက်ရှင်ကျနေစေပါလိမ့်မယ်။

၄။ အခြောက်လျှော်ရမယ့် အဝတ်အစားတွေကို မဝယ်ပဲမနေပါနဲ့
သင်နှစ်သက်နေပေမယ့် ရေနဲ့လျှော်လို့ မရတာကြောင့် မဝယ်ဘူးလို့ မဆုံးဖြတ်ပါနဲ့။ ဖက်ရှင်ကျတဲ့ သူတွေဟာ ရေနဲ့လျှော်လို့မရတဲ့ အဝတ်တွေကို ဘယ်တော့မှ စိုးရိမ်လေ့မရှိပါဘူး။ ဒါကြောင့် ဆွယ်တာတစ်ထည်ကို မျက်စိကျလို့ ဝယ်မယ်ဆိုရင် ဝယ်လိုက်ပါ။ ပြီးလျှင်လှလှပပဝတ်ပြီး တလမှာတခါလောက် အခြောက်လျှော်ပေးရုံနဲ့ အဆင်ပြေပါတယ်။

၅။ ဆိုဒ်အတွက် စိတ်မပူပါနဲ့
သင်ဝတ်နေကြဆိုဒ်ပဲ အမြဲတမ်းရှာဖွေနေမယ့်အစား မတူညီတဲ့ brand တွေကို ဆိုဒ်မျိုးစုံစမ်းဝတ်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ brand တိုင်းဟာ တစ်ခုနဲ့တစ်ခု ဆိုဒ်ကွာခြားနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝတ်နေတဲ့ဆိုဒ်မရှိရင်လည်း အခြားဆိုဒ်ကိုစမ်းဝတ်ကြည့်ဖို့မမေ့ပါနဲ့။

၆။ ဘယ်အချိန်ဝတ်ရမယ်ဆိုတာကို မသိရင်တောင်မှ သင်ကြိုက်နေရင်ဝယ်လိုက်ပါ
ဈေးဝယ်ရင်း အဝတ်အစားလှလှလေးတွေ့ပေမယ့် ဝတ်မယ့်နေရာမရှိလို့ မလိုသေးဘူးဆိုပြီး မဝယ်ပဲမနေပါနဲ့။ ကြိုက်နေရင်ဝယ်ထားပါ။ ဒါမှသင့်ရဲ့အဝတ်ဗီရိုထဲမှာ ကိုယ်နှစ်သက်တဲ့အရာတွေပြည့်နေပြီး မထင်မှတ်ပဲပေါ်လာတဲ့ ကိစ္စတွေရှိခဲ့ရင်လည်း အလှဆုံးနဲ့အဆင်သင့်ဖြစ်နေမှာပါ။

၇။ ဖက်ရှင် trend အသစ်တွေပေါ်လာရင်လည်း စမ်းကြည့်ပါ
ကလေးတွေကို ကျွန်တော်တို့က အစားအစာအသစ်တွေနဲ့ မိတ်ဆက်ပေးသလိုပဲ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲနေတဲ့ ဖက်ရှင်တွေကို မကြိုက်ရင်တောင်မှ စမ်းကြည့်ဖို့ ဝန်မလေးပါနဲ့။ ဒါပေမယ့် ပေါ်လာသမျှဖက်ရှင်တွေကို ဝယ်ယူရမယ်လို့ မဆိုလိုပါဘူး။ သင့်ရဲ့ကိုယ်ခန္ဓာအချိုးအစား၊ ဖက်ရှင်အမြင်စတဲ့တွေအားလုံးနဲ့ အဆင်ပြေလောက်မယ်ထင်တဲ့အရာတွေကိုသာ ရွေးချယ်ပြီးစမ်းဝတ်ကြည့်ပါ။

၈။ ဝယ်နေကြအကောင်းဆုံးဆိုင်နဲ့ ခင်မင်အောင်နေပါ
ကိုယ်ဝယ်နေကြဆိုင်နဲ့ ရင်းနှီးနေတဲ့အတွက် အသစ်ရောက်တဲ့အရာတွေ၊ အကြံဉာဏ်တွေ၊ ဝန်ဆောင်မှုတွေကို အမြဲတမ်းရနေစေတဲ့အတွက် ပိုပြီးအဆင်ပြေစေပါတယ်။

၉။ ကိုယ်ရဲ့ကိုယ်ပိုင်စတိုင်ကို နားလည်ပြီး နှစ်သက်မှုကိုဦးစားပေးပါ
သင်နှစ်သက်တဲ့ ကိုယ်ပိုင်စတိုင်ဟာ ရိုးရှင်းနေပေမယ့် အများအမြင်မှာ သင့်ကိုကြည့်ကောင်းနေတယ်ဆိုရင် ထိန်းသိမ်းထားသင့်ပြီး ပိုကောင်းအောင်ပြင်ဆင်နေထိုင်သင့်ပါတယ်။ ဖက်ရှင်အကြောင်းကိုလည်း ပိုမိုနားလည်သိရှိအောင် ကြိုးစားနေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိလာပြီး အောင်မြင်မှုတွေ ပျော်ရွင်မှုတွေ ရရှိပါလိမ့်မယ်။

၁၀။ ဈေးကြီးတဲ့ အရာအသေးလေးတစ်ခုလောက်ပဲဝယ်ရုံပါပဲ
သင့်ရဲ့ကိုယ်မှာ ဆင်ထားတဲ့အရာတွေအားလုံးဟာ ဈေးကြီးတဲ့ branded တွေဖြစ်နေဖို့မလိုပါဘူး။ ဒီအစား ခါးပတ်၊ ဖိနပ်၊ လက်ကိုင်အိတ်၊ သို့မဟုတ် ရတနာ စတဲ့အရာလေးတစ်ခုက အမြဲတမ်းဈေးကြီးပြီး နာမည်ကြီး brand ဖြစ်နေရင်ကို လုံလောက်ပါတယ်။

LM_Naung_Naung
Lifestyle__Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here