ခေတ်မှီဆန်းသစ်မှုတွေအပြင် အခြားနိုင်ငံတွေနဲ့ မတူတဲ့ အိုင်ဒီယာမျိုးပိုင်ဆိုင်ထားတဲ့ ဂျပန်နိုင်ငံ

0
298
ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု
ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု

သေးငယ်တဲ့ ကျွန်းလေးတစ်ကျွန်းမှာ တည်ထောင်ထားတဲ့ ဂျပန်နိုင်ငံဟာဆိုရင် နည်းပညာပိုင်းအရ၊ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းအရ၊ လူနေမှုအဆင့်အတန်းအရ အားလုံးထက်ကို သားလွန်တဲ့ နိုင်ငံသေးလေးတစ်နိုင်ငံပဲဖြစ်ပါတယ်။ ကဲ! သူတို့နိုင်ငံ ဘယ်လောက်တိုးတက်မှုရှိလည်းဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အရာတွေကို ကြည့်ရင် သိရှိနိုင်မှာဖြစ်ပါတယ်။

ကားတွေတင် မောင်းသူမပါပဲ အလိုအလျှောက် ပါကင်းထိုးတာမဟုတ်ပါဘူး ဂျပန်နိုင်ငံမှာ ဖိနပ်တွေလည်း သူ့အလိုလို ပါကင်ထိုးတတ်ပါတယ်။

တိုကျိုမှာ မြေလွတ်နေရာသိပ့်မရှိတာကြောင့် ကားတွေကို ခုလို ပါကင်ထိုးကြပါတယ်။

မြေလွတ်မရှိပေမဲ့ စိတ်ကူးကောင်းကောင်းနဲ့ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းပေါ်က ကလေးကစားကွင်းလေး
လမ်းလယ်က အဝါရောင်မျဉ်းလေးဟာ မျက်မမြင်တွေ သွားလာလို့ရအောင် ဖန်တီးထားတဲ့ လမ်းပဲဖြစ်ပါတယ်။

ဝန်ထမ်းတွေအစား ဟိုတယ်တစ်ခုလုံးကို စက်ရုပ်တွေနဲ့ အစားထိုးအသုံးပြုကြပါတယ်။

မြင်လိုက်တာနဲ့ သွားရည်ကျစွယ်စွဲဆောင်ထားတဲ့ ဂျပန်စားသောက်ဆိုင်က 3D menu လေး Novera မှ စမတ်မှန်ဟာဆိုရင် စနိုးဝှိုက်ထဲက မှော်မှန်ကြီးသဖွယ် သင့်မျက်နှာ အလှအပနဲ့ ပတ်သတ်ပြီး မေးသမျှကို ပြန်ဖြေပေးနိုင်ပါတယ်။

လယ်မြေနေရာလွတ်တွေမရှိတော့လို့ တိုကျိုမြို့မှာ မြေအောက် စပါးစိုက်ပျိုးနည်းကို စမ်းသပ်ရှာဖွေခဲ့ပြီး အခုဆိုရင် စပါးကိုမြေအောက်မှာ စိုက်ပျိုးနေကြပါပြီ။

Happy World သွားစရာမလိုဘဲ အရုပ်ကောက်တဲ့ဂိမ်းကို အွန်လိုင်းကနေ ကစားနိုင်ပြီး ရရှိတဲ့ ဆုလက်ဆောင်ကိုလည်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်။

စက်ဘီးယူသွားလို့ ထားစရာနေရာမရှိမှာစိတ်မပူပါနဲ့။ မြေအောက်စက်ဘီးပါကင်တွေရှိပါတယ်။ စက်ထဲကို စမတ်ကဒ်လေးထည့်ပြီး ကုဒ်ရိုက်ထည့်လိုက်တာနဲ့ သင့်စက်ဘီးပြန်ရမှာဖြစ်ပါတယ်။

ပိုပြီးဆွဲဆောင်မှုရှိအောင် အသီးတွေကို ပုံသွင်းပြီး စိုက်ပျိုးလေ့ရှိပါတယ်။

ကြောက်စရာကောင်းတယ်လို့ ထင်မှတ်စရာမရှိအောင် လှပတဲ့နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ ဂျပန်နိုင်ငံက ခေတ်မှီသင်္ချိုင်း

Roller Coaster စီးရသလို ကြောက်စရာကောင်းတဲ့ ခံစားမှုမျိုးကို ခံစားစေရမဲ့ မတ်စောက်တဲ့ ကားလမ်းပဲဖြစ်ပါတယ်။ ဒီကားလမ်းဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကိုအန်တုပြီး စနစ်တကျတွက်ချက်ပြီးမှ နည်းပညာတွေနဲ့ဖန်တီးထားတာကြောင့် အန္တရာယ်မဖြစ်စေပါဘူး။

#Lifestyle_Myanmar

#Thar_Nage

Credit Photo – Bright side

ပန်းပွင့်ပေါင်း သန်း ၂၅၀နဲ့ တည်ဆောက်ထားတဲ့ ကန္တာရအလယ်က အလှပဆုံး မှော်ပန်းဥယျာဉ်လေး

LEAVE A REPLY

Please enter your comment!
Please enter your name here