Joanna ဟာ ေက်ာင္းတုန္းက ဘယ္သူမွအဖတ္မလုပ္ခ်င္ေအာင္ သူမရဲ႕ ႐ုပ္က ဆိုးပါတယ္။ သူမရဲ႕ ပုံစံက အရမ္းကို ဝတဲ့အျပင္ အသားကမဲ၊ မ်က္မွန္ႀကီးကလည္း တပ္ထားပါေသးတယ္။ ဒါ့အျပင္ ဝတ္စားဆင္ယင္မႈကလည္း ျပင္ျပင္ဆင္ဆင္မရွိတဲ့အခါ သူမကို စိတ္ဝင္စားဖို႔ေနေနသာသာ အားလုံးရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။ သူမငယ္ငယ္တုန္းက တစ္ဦးတည္းသမီးျဖစ္တဲ့အတြက္ မိဘေတြကလည္း သူမႀကိဳက္တဲ့ အစားအစာေတြ မုန္႔ေတြခ်ည္းပဲ ေကၽြးတဲ့အခါ သူမေက်ာင္းတတ္တဲ့အခ်ိန္မွာေတာ့ အခန္းထဲမွာ အဝဆုံးသူတစ္ဦးျဖစ္လာခဲ့ပါတယ္။ သူမ ၇ႏွစ္အရြယ္မွာပဲ ကိုယ္အေလးခ်ိန္ဟာ ၆၀ ကီလိုဂရမ္ရွိေနပါၿပီ။ Joanna ရဲ႕ မိဘေတြကလည္း သူမ ဒီေလာက္ႀကီး ဝလာလိမ့္မယ္လို႔ မထင္ထားမိခဲ့ပါဘူး။
သူမရဲ႕ အံ့ၾသစရာေကာင္းတဲ့အခ်က္က ထမင္း ၅ပန္းကန္ေလာက္ေတာ့ အသာေလးစားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသက္ ၁၃ႏွစ္အရြယ္မွာ သူမရဲ႕ ကိုယ္အေလးခ်ိန္ဟာ ၁၆၀ ကီလိုဂရမ္ထိျဖစ္လာပါတယ္။ အပ်ိဳေပါက္စအရြယ္ ေရာက္တဲ့အခ်ိန္မွာေတာ့ သူမကို အတန္းထဲက ဆရာ/ ဆရာမေတြ အစ က်ီစယ္သလိုလိုနဲ႔ ငယ္ငယ္ကထက္ပိုၿပီးေလွာင္ေျပာင္လာၾကပါတယ္။ ဒါ့ေၾကာင့္ Joanna ဟာ အသက္ ၁၅ႏွစ္အရြယ္ေရာက္တဲ့အခါမွာ သူမကိုယ္တိုင္ ဆုံးျဖတ္ခ်က္တစ္ခု ခ်မွတ္ခ့ဲပါတယ္။ အဲ့ဒီအရြယ္မွာ သူမက Justin Bieber ကို အ႐ူးအမူးစြဲလန္းခဲ့တဲ့အခ်ိန္လဲျဖစ္ပါတယ္။ ဒီအရာေတြကပဲ သူမရဲ႕ အလွတရားကို ေျပာင္းလဲလာေစတာျဖစ္ပါတယ္။
ဒီအခ်ိန္ကစၿပီး သူမဟာ က်န္းမာေရးနဲ႔ မညီညႊတ္တဲ့အစားအစာေတြ၊ က်န္းမာေရးအတြက္ အသုံးမဝင္တဲ့အစားအစာမွန္သမွ် အားလုံးကို လုံးဝမစားေတာ့ဘဲ က်န္းမာေရးနဲ႔ ကိုက္ညီမႈရွိတဲ့ အသီးအႏွံ ဟင္းသီးဟင္ရြက္ေတြကိုသာ ေန႔စဥ္စားသုံးပါေတာ့တယ္။ သူမရဲ႕ ဖက္ရွင္ဒီဇိုင္းေတြကအစ အားလုံးကို ခ်ိန္းပစ္ဖို႔ ႀကိဳးစားခဲ့ၿပီး သိပ့္မၾကာခင္မွာပဲ သူမဟာ မယံုႏိုင္ေလာက္ေအာင္ လွပတဲ့သူတစ္ဦးျဖစ္လာခဲ့ပါတယ္။
Selangor ကိုယ္စားျပဳ မေလးရွားအလွမယ္ ၂၀၁၆ Miss ၿပိဳင္ပြဲမွာ ဆန္ကာတင္အျဖစ္ေရြးခ်ယ္ခံခဲ့ရပါတယ္။ တစ္ခ်ိန္က ေလွာင္ေျပာင္ထားတဲ့သူေတြက အခုအခ်ိန္မွာ သူတို႔အားက်ရတဲ့ Queen တစ္ေယာက္အျဖစ္ Joanna ရပ္တည္လာႏိုင္ပါၿပီ။
#Lifestyle_Myanmar
#Thar_Nage
Ref-rachfeed
တန္ဖိုးႀကီး အိမ္္ၿခံေျမေတြ ပိုင္ဆိုင္ထားၾကတဲ့ ကိုရီးယားဆယ္လီေတြ
Unicode
ကျောင်းတုန်းက ရုပ်ဆိုးလွန်းလို့ အနိုင်ကျင့် အလှောင်ပြောင်ခံတဲ့ Joanna joseph ဟာ အခုချိန်မှာတော့ မော်ဒယ်ဖြစ်လာခဲ့ပါတယ်။
Joanna ဟာ ကျောင်းတုန်းက ဘယ်သူမှအဖတ်မလုပ်ချင်အောင် သူမရဲ့ ရုပ်က ဆိုးပါတယ်။ သူမရဲ့ ပုံစံက အရမ်းကို ဝတဲ့အပြင် အသားကမဲ၊ မျက်မှန်ကြီးကလည်း တပ်ထားပါသေးတယ်။ ဒါ့အပြင် ဝတ်စားဆင်ယင်မှုကလည်း ပြင်ပြင်ဆင်ဆင်မရှိတဲ့အခါ သူမကို စိတ်ဝင်စားဖို့နေနေသာသာ အားလုံးရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ သူမငယ်ငယ်တုန်းက တစ်ဦးတည်းသမီးဖြစ်တဲ့အတွက် မိဘတွေကလည်း သူမကြိုက်တဲ့ အစားအစာတွေ မုန့်တွေချည်းပဲ ကျွေးတဲ့အခါ သူမကျောင်းတတ်တဲ့အချိန်မှာတော့ အခန်းထဲမှာ အဝဆုံးသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူမ ရနှစ်အရွယ်မှာပဲ ကိုယ်အလေးချိန်ဟာ ၆၀ ကီလိုဂရမ်ရှိနေပါပြီ။ Joanna ရဲ့ မိဘတွေကလည်း သူမ ဒီလောက်ကြီး ဝလာလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။
သူမရဲ့ အံ့သြစရာကောင်းတဲ့အချက်က ထမင်း ၅ပန်းကန်လောက်တော့ အသာလေးစားနိုင်ပါတယ်။ ဒါ့ကြောင့် အသက် ၁၃နှစ်အရွယ်မှာ သူမရဲ့ ကိုယ်အလေးချိန်ဟာ ၁၆၀ ကီလိုဂရမ်ထိဖြစ်လာပါတယ်။ အပျိုပေါက်စအရွယ် ရောက်တဲ့အချိန်မှာတော့ သူမကို အတန်းထဲက ဆရာ/ ဆရာမတွေ အစ ကျီစယ်သလိုလိုနဲ့ ငယ်ငယ်ကထက်ပိုပြီးလှောင်ပြောင်လာကြပါတယ်။ ဒါ့ကြောင့် Joanna ဟာ အသက် ၁၅နှစ်အရွယ်ရောက်တဲ့အခါမှာ သူမကိုယ်တိုင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ အဲ့ဒီအရွယ်မှာ သူမက Justin Bieber ကို အရူးအမူးစွဲလန်းခဲ့တဲ့အချိန်လဲဖြစ်ပါတယ်။ ဒီအရာတွေကပဲ သူမရဲ့ အလှတရားကို ပြောင်းလဲလာစေတာဖြစ်ပါတယ်။
ဒီအချိန်ကစပြီး သူမဟာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ၊ ကျန်းမာရေးအတွက် အသုံးမဝင်တဲ့အစားအစာမှန်သမျှ အားလုံးကို လုံးဝမစားတော့ဘဲ ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ အသီးအနှံ ဟင်းသီးဟင်ရွက်တွေကိုသာ နေ့စဉ်စားသုံးပါတော့တယ်။ သူမရဲ့ ဖက်ရှင်ဒီဇိုင်းတွေကအစ အားလုံးကို ချိန်းပစ်ဖို့ ကြိုးစားခဲ့ပြီး သိပ့်မကြာခင်မှာပဲ သူမဟာ မယုံနိုင်လောက်အောင် လှပတဲ့သူတစ်ဦးဖြစ်လာခဲ့ပါတယ်။ Selangor ကိုယ်စားပြု မလေးရှားအလှမယ် ၂၀၁၆ Miss ပြိုင်ပွဲမှာ ဆန်ကာတင်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ တစ်ချိန်က လှောင်ပြောင်ထားတဲ့သူတွေက အခုအချိန်မှာ သူတို့အားကျရတဲ့ Queen တစ်ယောက်အဖြစ် Joanna ရပ်တည်လာနိုင်ပါပြီ။