Home General Knowledge ဧပြီလ မွေးဖွားသူတွေရဲ့ ထူးခြားတဲ့ အချက်လေးများ

ဧပြီလ မွေးဖွားသူတွေရဲ့ ထူးခြားတဲ့ အချက်လေးများ

0
266


ရာသီခွင်မှာ နောက်ဆုံးဖြစ်တဲ့ မိန်ရာသီဟာ မတ်လအလယ်လောက်မှ ကုန်ဆုံးပြီနောက် ရာသီခွင်ရဲ့အစဖြစ်တဲ့ မိဿရာသီဟာ တပတ်ပြန်လည် ဝင်ရောက်လာတဲ့အချိန်ဖြစ်လို့ ဧပြီလဟာ လတွေထဲမှာ ပထမဆုံးလဖြစ်ပါတယ်။ ပထမဆုံးရာသီခွင် ဖြစ်သည်နှင့်အညီ အများနဲ့မတူ ထူးခြားတဲ့ လက္ခဏာရပ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ ဧပြီလမွးသူတွေရဲ့ ထူးခြားမှုလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ဧပြီလမွေးသူတစ်ဦးတိုင်းရဲ့စိတ်ဟာ အရမ်းကို sensitive ဖြစ်ပြီးတော့ အခြားသူတွေကို နားလည်ပေးနိုင်စွမ်း ကြီးမားကြတာကြောင့် ခံစားချက်လွယ်သူတွေ ဖြစ်ကြသလို စာနာစိတ်ကြီးမားသူတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ အတွေ့အကြုံတွေကနေ အခြားသူတွေကို ကောင်းတဲ့ အကြံတွေပေးတတ်ကြပြီး ကောင်းတဲ့လမ်းကို ညွှန်ပြတတ်သူတွေ ဖြစ်ကြပါတယ်။

၂။ ဧပြီလမွေးသူတွေဟာ ဟိုးအရင်ကတည်းက ကြောက်ရွှံခြင်း မရှိတတ်ကြသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ အခက်ခဲဆုံးကျိုးပမ်းမှုတွေကနေ အခွင့်အလမ်းတွေကို ကြည့်ရှုတတ်ကြသူတွေဖြစ်သလို စိန်ခေါ်မှုတွေအတွက်လည်း အသင့်ရှိနေတတ်ကြပါတယ်။

၃။ အခြားသူတွေအေပါ်မှာ အရမ်းကိုအလေးအနက်ထား ယုံကြည်တတ်သူတွေ ဖြစ်ကြတာကြောင့် သူတို့ကိုနာကျင်အောင် ပြုလုပ်သူတွေကိုလည်း ပြန်လည်တုံ့ပြန်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။ တကယ်လို့သင်က သူတို့ကိုထိခိုက်အောင် ပြုလုပ်မယ်ဆိုရင် သင့်အတွက်သူက အဆိုးဆုံးရန်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

၄။ ဧပြီလမွေးသူတွေဟာ ညှို့အားအပြင်းဆုံး ဘုရင်၊ ဘုရင်မတွေပါ။ ဧပြီလဖွားသူတွေဟာ တစ်ယောက်ချင်းစီတိုင်းမှာ ထူးခြားတဲ့ကျက်သရေတစ်ခုစီကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုအရည်အသွေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ကြတာကြောင့် သူတို့ရဲ့ပတ်ဝန်းကျင်မှာ ညှို့အား aura(ရောင်ဝါ) တွေဖြန့်ကျက်နေပြီး အထူးသဖြင့် မိန်းကလေးတွေဆိုရင် ဆွဲဆောင်မှု အားကောင်းသူတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် ဧပြီလမွေးတဲ့ မိန်းကလေးတစ်ယောက်ကို
သင်မြင်မြင်ချင်းချစ်မိသွားရင် မအံ့သြပါနဲ့။

၅။ သူငယ်ချင်းခင်မင်မှုဟာ ဧပြီလဖွားတွေအတွက် အရမ်းအရေးကြီးတဲ့ အရာဖြစ်ပါတယ်။ ဧပြီလမွေးသူတိုင်းဟာ သူငယ်ချင်းဖြစ်သူတွေကို အရမ်းတန်ဖိုးထားတတ်ကြပြီး သူတို့ရဲ့ မိသားစုထက်တောင်မှ ပိုချစ်တတ်ကြပါတယ်။

၆။ ဧပြီလဖွားတွေဟာ လုပ်ရိုးလုပ်စဥ်တွေကို မုန်းတီးတတ်ပြီး အသစ်သောအရာတွေကို စူစမ်းလိုသူတွေဖြစ်ကြပြီး အားကစားမှာလည်း ထူးချွန်သူတွေဖြစ်ကြပါတယ်။

၇။ ဧပြီလမွေးသူတွေဟာ အရမ်းကိုစိတ်မရှည်တတ်ကြသူတွေလည်း ဖြစ်ကြပါသေးတယ်။ သူတို့တွေဟာ တီတွင်ဖန်းတီးနိုင်စွမ်းနဲ့ စိတ်ကူးတွေကောင်းမွန်ကြသူတွေ ဖြစ်ကြပေမယ့် သူတို့လုပ်ရမယ့်အလုပ်ကို စောင့်ဆိုင်းနေရတာမျိုး၊ အခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတာမျိုးတွေမှာ အလွန်အမင်း စိတ်တိုတတ်ကြပါတယ်။

၈။ ဧပြီလဖွားတွေဟာ စွန့်စားမှုတွေကို နှစ်သက်တတ်တဲ့ lifestyle ရှိကြပါတယ်။ ဒါကြောင့် အခြားသူတွေမလုပ်တဲ့ လှုပ်ရှားမှုတွေနဲ့ ကိုယ့်ကိုယ်ကို ဖျော်ဖြေတတ်ကြသူတွေ ဖြစ်နေကြတာပါ။

၉။ ဒါ့အပြင်သူတို့တွေဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်နေတတ်ကြပြီး သူတို့ရဲ့အသိပညာနဲ့ စိတ်ကူးတွေကို အခြားသူတွေက ပုံဖော်ပေးရပြီး သူတို့တွေဟာ လျှင်မြန်စွာသင်ယူတတ်သူတွေလည်း ဖြစ်ကြပါတယ်။

၁၀။ ဧပြီလဖွားသူတွေဟာ ရိုမန်တစ်ဆန်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေဟာ အခြားတစ်ယောက်ကို လွယ်ကူစွာမချစ်တတ်ကြပေမယ့် သူတို့ချစ်မိတဲ့ အခါမှာတော့ အရမ်းကို ရိုတတ်ကြပြီး လက်တွဲဖော်ကို အကောင်းဆုံးခံစားချက်တွေ ပေးတတ်ကြသူတွေ ဖြစ်ကြပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here