ဧည့်သည်တွေရဲ့ ခြေထောက်အောက်မှာ အက်သွားခဲ့ရတဲ့ ၁၀၃ထပ်ပေါ်က Skydeck မှန်ကြမ်းခင်း

0
1861

လူအများစုမှာ ကြောက်စိတ်အနည်းငယ်ရှိကြပေမယ့် မှန်ချပ်တွေနဲ့ချည်း ပြုလုပ်ထားတဲ့ အရမ်းမြင့်မားတဲ့ အဆောက်အဦးပေါ်ကနေ ရှုခင်းကြည့်ရတဲ့ အတွေ့အကြုံ၊ ကိုယ့်ခြေထောက်အောက်က ကြီးမားတဲ့ မိုးမျှော်တိုက်ကြီးတွေကို ငုံ့ကြည့်ရတဲ့ အတွေ့အကြုံကို လိုချင်ကြပါတယ်။

ဒီလို ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကို ကြည့်နေရင်း သင်ရပ်နေတဲ့ မှန်ချပ်က တဖြည်းဖြည်းအက်ကွဲနေသလို အသံကြားရရင် သင်ဘယ်လိုခံစားရမလဲ?စဉ်းစားကြည့်ယုံနဲ့ ကြက်သီးထစရာပါ။

တနင်္လာနေ့ ညနေခင်းက ချီကာဂိုရဲ့ Willis တာဝါ Skydeck မှာ ဧည့်သည်များဟာ ဒီလို ကြောက်စရာကောင်းတာကို ကြုံခဲ့ကြရပါတယ်။ Willis Tower Skydeck ဟာ ၁၀၃ထပ်ပေါ်မှာ တည်ရှိပြီး မီချီဂန်ရေကန်ကြီးနားမှာဖြစ်သလို တစ်မြို့လုံးရဲ့ လှပတဲ့ရှုခင်းတွေကို ကြည့်လို့ရတာကြောင့် ခရီးသွားတွေကို ဆွဲဆောင်ရလောက်အောင် နာမည်ကြီးပါတယ်။

ခရီးသွားဧည့်သည်တွေဟာ ထိုမှန်ပြားပေါ်မှာ လမ်းလျှောက်နေစဉ် မမျှော်လင့်ဘဲ Skydeck ရဲ့ ကာကွယ်ထားတဲ့ အလွှာဟာ အက်သွားခဲ့ပါတယ်။

Willis Tower Skydeckရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆိုအရ ဘယ်သူမှ အန္တရာယ် မဖြစ်ခဲ့ပါဘူး။
ဒီအလွှာဟာ မှန်ရဲ့ မျက်နှာပြင်ကို ကာကွယ်ဖို့ ဒီဇိုင်းပြုလုပ်စဉ် ကတည်းက အက်မယ်လို့ ယူဆထားကြောင်း သိရပါတယ်။

အပြင်ဘက်ကို ထွက်နေတဲ့ မှန်ကြမ်းခင်းကျဉ်းကျဉ်းလေးပေါ်မှာ ခြေချကြည့်ချင်ကြတာကြောင့် နှစ်စဉ် လူဦးရေ ၁.၇သန်းလောက်ဟာ ဒီတာဝါကို သွားရောက်လည်ပတ်ကြပါတယ်။

သူတို့ဝက်ဆိုဒ်ရဲ့ အဆိုအရ Skydeck ရဲ့ အစွန်းလေးက ခရီးသွားတွေကို ဆွဲဆောင်ထားတာဖြစ်ပါတယ်။ ၂၀၀၉မှာ ချီကာဂို Skydeck ကို နောက်ဆုံးပေါ် ဆွဲဆောင်မှုအဖြစ် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မှန်၄ထပ်နှင့် ပြုလုပ်ထားတဲ့ ဒီအစွန်းလေးဟာ Wacker Driveရဲ့ အထက်ပေ ၁၃၅၃ မှာ တည်ရှိပြီး တာဝါရဲ့ အပြင်ဘက်မှာ ၄.၃ပေလောက် ထွက်နေတာဖြစ်ပါတယ်။ မျက်နှာကျက်၊ ကြမ်းပြင်နဲ့ ဘေးအားလုံးကို မှန်ဖြင့်ပြုလုပ်ထားပြီး မမေ့နိုင်တဲ့ အတွေ့အကြုံကို ရစေဖို့ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ဧည့္သည္ေတြရဲ႕ ေျခေထာက္ေအာက္မွာ အက္သြားခဲ့ရတဲ့ ၁၀၃ထပ္ေပၚက Skydeck မွန္ၾကမ္းခင္း
လူအမ်ားစုမွာ ေၾကာက္စိတ္အနည္းငယ္ရွိၾကေပမယ့္ မွန္ခ်ပ္ေတြနဲ႔ခ်ည္း ျပဳလုပ္ထားတဲ့ အရမ္းျမင့္မားတဲ့ အေဆာက္အဦးေပၚကေန ရႈခင္းၾကည့္ရတဲ့ အေတြ႕အႀကဳံ၊ ကိုယ့္ေျခေထာက္ေအာက္က ႀကီးမားတဲ့ မိုးေမွ်ာ္တိုက္ႀကီးေတြကို ငုံ႔ၾကည့္ရတဲ့ အေတြ႕အႀကဳံကို လိုခ်င္ၾကပါတယ္။

ဒီလို ရင္သပ္ရႈေမာဖြယ္ ရႈခင္းေတြကို ၾကည့္ေနရင္း သင္ရပ္ေနတဲ့ မွန္ခ်ပ္က တျဖည္းျဖည္းအက္ကြဲေနသလို အသံၾကားရရင္ သင္ဘယ္လိုခံစားရမလဲ?စဥ္းစားၾကည့္ယုံနဲ႔ ၾကက္သီးထစရာပါ။

တနလၤာေန႔ ညေနခင္းက ခ်ီကာဂိုရဲ႕ Willis တာဝါ Skydeck မွာ ဧည့္သည္မ်ားဟာ ဒီလို ေၾကာက္စရာေကာင္းတာကို ႀကဳံခဲ့ၾကရပါတယ္။ Willis Tower Skydeck ဟာ ၁၀၃ထပ္ေပၚမွာ တည္ရွိၿပီး မီခ်ီဂန္ေရကန္ႀကီးနားမွာျဖစ္သလို တစ္ၿမိဳ႕လုံးရဲ႕ လွပတဲ့ရႈခင္းေတြကို ၾကည့္လို႔ရတာေၾကာင့္ ခရီးသြားေတြကို ဆြဲေဆာင္ရေလာက္ေအာင္ နာမည္ႀကီးပါတယ္။

ခရီးသြားဧည့္သည္ေတြဟာ ထိုမွန္ျပားေပၚမွာ လမ္းေလွ်ာက္ေနစဥ္ မေမွ်ာ္လင့္ဘဲ Skydeck ရဲ႕ ကာကြယ္ထားတဲ့ အလႊာဟာ အက္သြားခဲ့ပါတယ္။

Willis Tower Skydeckရဲ႕ ေျပာေရးဆိုခြင့္ရွိသူ အဆိုအရ ဘယ္သူမွ အႏၲရာယ္ မျဖစ္ခဲ့ပါဘူး။
ဒီအလႊာဟာ မွန္ရဲ႕ မ်က္ႏွာျပင္ကို ကာကြယ္ဖို႔ ဒီဇိုင္းျပဳလုပ္စဥ္ ကတည္းက အက္မယ္လို႔ ယူဆထားေၾကာင္း သိရပါတယ္။

အျပင္ဘက္ကို ထြက္ေနတဲ့ မွန္ၾကမ္းခင္းက်ဥ္းက်ဥ္းေလးေပၚမွာ ေျခခ်ၾကည့္ခ်င္ၾကတာေၾကာင့္ ႏွစ္စဥ္ လူဦးေရ ၁.၇သန္းေလာက္ဟာ ဒီတာဝါကို သြားေရာက္လည္ပတ္ၾကပါတယ္။

သူတို႔ဝက္ဆိုဒ္ရဲ႕ အဆိုအရ Skydeck ရဲ႕ အစြန္းေလးက ခရီးသြားေတြကို ဆြဲေဆာင္ထားတာျဖစ္ပါတယ္။ ၂၀၀၉မွာ ခ်ီကာဂို Skydeck ကို ေနာက္ဆုံးေပၚ ဆြဲေဆာင္မႈအျဖစ္ ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။
မွန္၄ထပ္ႏွင့္ ျပဳလုပ္ထားတဲ့ ဒီအစြန္းေလးဟာ Wacker Driveရဲ႕ အထက္ေပ ၁၃၅၃ မွာ တည္ရွိၿပီး တာဝါရဲ႕ အျပင္ဘက္မွာ ၄.၃ေပေလာက္ ထြက္ေနတာျဖစ္ပါတယ္။ မ်က္ႏွာက်က္၊ ၾကမ္းျပင္နဲ႔ ေဘးအားလုံးကို မွန္ျဖင့္ျပဳလုပ္ထားၿပီး မေမ့ႏိုင္တဲ့ အေတြ႕အႀကဳံကို ရေစဖို႔ျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here