အောင်မြင်တဲ့လူတွေ ဘယ်တော့မှနှစ်ကြိမ်ထပ်မလုပ်တဲ့အရာ (၇) ခုကဘာတွေလဲ
#Lifestyle_Myanmar
#TB_Nandar
Souce-boredpanda
Unicode
ဉာဏ်ရည်နိမ့် မသန်စွမ်းသားလေးကို လက်လျော့ ငြင်းဆန်ခဲ့ပြီး ဟားဗတ်ရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်
Zou Hongyanသည် ၁၉၈၈မှာ သူမသားလေးကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် သူမသားလေးဟာ ဦးနှောက်၊ ခြေလက်သေတဲ့ရောဂါနဲ့အတူ မသန်မစွမ်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာပါ။ သူမရဲ့ဇာတိ ဟူဘေးပြည်နယ်စီရင်စုမှ ဆရာဝန်များက ကလေးဟာ စိတ်ဆင်းရဲပြီး တန်ဖိုးမရှိတဲ့ ဘဝကို ဦးတည်သွားစေလိမ့်မယ်လို့ သူတို့ယုံကြည်ကြတာကြောင့် သူမကို လက်လျော့ဖို့ အားပေးခဲ့ပါတယ်။ ဒါပေမယ့် Zou ကစကားကို နားမထောင်ခဲ့ပါဘူး။ ထို့အပြင် သူမရဲ့ခင်ပွန်းက ကလေးကို ငြင်းပယ်ခဲ့တာကြောင့် သူမကိုယ်တိုင် သားဖြစ်သူ Ding Dingရဲ့ဘဝကို မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူမက ခင်ပွန်းကိုကွာရှင်းခဲ့ပါတယ်။
Zou သည် Protocol သင်တန်းနှင့် အာမခံရောင်းချမှု အပါအဝင် သူမရဲ့သေးငယ်တဲ့မိသားစုလေးကို ထောက်ပ့ံဖို့ ၊သူမရဲ့သားကိုလည်း ဆေးကုသပေးဖို့ အနည်းဆုံးအလုပ် ၃ခုကို တစ်ပြိုင်နက်တည်းမှာ လုပ်ကိုင်ခဲ့ပါတယ်။ သူမသည် ကလေးရဲ့ဉာဏ်ရည်အခြေခံကို တည်ဆောက်ဖို့ ၊သူရဲ့အာရုံကို လှုံ့ဆော်ပေးဖို့ သားနဲ့အတူ ဦးနှောက်တိုးတတ်စေတဲ့ ဂိမ်းတွေကို ကစားခဲ့ပါတယ်။ “သားကို တူသုံးစွဲနိုင်ဖို့ သင်ပေးပါတယ်။ “ကျွန်မဟာ သားကို ရုပ်ပိုင်းဆိုင်ရာပြဿနာများနဲ့ ပတ်သတ်ပြီး ရှက်ကြောက်ခြင်း မခံစားစေချင်ပါဘူးလို”့ သူမကပြောပါတယ်။” သူက စွမ်းရည်နိမ့်တာကြောင့် အခက်အခဲများရှိခဲ့ပေမယ့် ကြိုးစားလုပ်ကိုင်ဖို့ သူ့အပေါ်မှာ အတော်လေးတင်းကြပ်ခဲ့တယ်လို့ ပြောပါတယ်။
၂၉နှစ်ကြာပြီးနောက် ထိုကောင်လေး Ding Ding သည် သဘာဝပတ်ဝန်းကျင်သိပ္ပံနဲ့ အင်ဂျင်နီယာဘွဲ့ကို ပီကင်းတက္ကသိုလ်ကရရှိခဲ့ပါတယ်။ မကြာသေးမီက သူသည် ဟားဗတ်တက္ကသိုလ်က ဥပဒေကျောင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ ကျနော်တို့သည် ဒီခက်ခဲတဲ့ အလုပ်ကိုလုပ်ခဲ့တဲ့ မိခင်သည် သူမသား၏ မယုံကြည်နိုင်လောက်အောင်တိုးတတ်ခဲ့မှုကို ဘယ်လောက်ဂုဏ်ယူနေလဲဆိုတာ စိတ်ကူးနှင့် မှန်းဆကြည့်နိုင်ပါတယ်။ Zou Hongyan က တကယ်တော်တဲ့မိခင်တစ််ယောက်ပါ။
#Lifestyle_Myanmar
#TB_Nandar
Souce-boredpanda