မိမိအသားအရေကို ဂရုစိုက်ရတာက လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အထူးသဖြင့် အလှအပနဲ့ အလှမ်းဝေးတဲ့သူတွေဆို ပိုဆိုးပါတယ်။ မျက်နှာမှာ ဝက်ခြံတွေ နီရဲအောင် ပေါက်နေရင်တောင် ဒီအတိုင်း ပစ်ထားတတ်ကြတာပါ။ မိမိရဲ့ မျက်နှာကို ဒီအတိုင်းမပစ်ထားဘဲ တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်လောက် ဂရုစိုက်ပေးမယ်ဆိုရင်တောင် မျက်နှာအသားအရေက လှပစိုပြေပြီး ငယ်ရွယ်နုပျိုနေမှာပဲဖြစ်ပါတယ်။ နွေ၊ မိုး၊ ဆောင်း ဥတုမရွေး အဆီပြန်တတ်သူတွေက မိမိအသားအရေကို ပိုလို့တောင် ထိန်းသိမ်းသင့်ပါတယ်။ သဘာဝနည်းလမ်းတွေနဲ့ တစ်ပတ်တစ်ကြိမ်လောက် ဂရုစိုက်လို့ရအောင် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။
သံပုရိုသီးနဲ့ ကြေးချွတ်ပါ
သံပုရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပျားရည် (သို့) သံလွင်ဆီ တစ်စက်၊ နှစ်စက်ခန့်တို့ လိုအပ်ပါမယ်။ ပျားရည်၊ သကြားနဲ့ သံပုရိုရည်တို့ကို သမအောင် ရောမွှေပြီးနောက် မျက်နှာပေါ် ၂ မိနစ်၊ ၃ မိနစ်ခန့် ညင်ညင်သာသာ ပွတ်လိမ်းပေးလိုက်ပါ။ ပြီးတဲ့အခါ ရေနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ်ခန့်ဆို လုံလောက်ပေမယ့် ရလဒ်ကောင်း ရချင်တယ်ဆိုရင်တော့ တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

သင်္ဘောသီး
သင်္ဘောသီး တစ်စိတ်ခန့်ကို အနှစ်ရအောင် ကြိတ်ချေပြီးနောက် သံပုရိုရည် ၃၊ ၄ စက်ခန့်ဖြင့် ရောပေးလိုက်ပါ။ (သံပုရိုရည် မထည့်လည်းရပါတယ်) ထို့နောက် မျက်နှာနဲ့ လည်ပင်းတွေပေါ်မှာ သုတ်လိမ်းပေးပြီးနောက် မျက်နှာကို မိနစ်အနည်းငယ်ကြာအောင် စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် နှိပ်နယ်ပေးလိုက်ပါ။ ၁၀ မိနစ်လောက်ကြာရင် ရေဆေးချလိုက်လို့ရပါပြီ။
ကော်ဖီအကြမ်းမှုန့်
ကောဖီအကြမ်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီးနောက် မျက်နှာပေါ်မှာ တစ်မိနစ်၊ နှစ်မိနစ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။ ၅ မိနစ်လောက်ကြာမှာ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

သံပုရိုရည်နဲ့ ပင်လယ်ဆား
သံပုရိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းကို ပင်လယ်ဆား စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ရောနှောပေးလိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် မျက်နှာကို နှိပ်နယ်ပေးလိုက်ပါ။ ပြီးမှ မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။
Lifestyle_Myanmar
ref-stylecraze