ေခတ္မီဆပ္ျပာေတြဟာ အသားအေရႏွင့္ အဝတ္အထည္ေတြရဲ႕မ်က္ႏွာျပင္ကို ထိခိုက္ျခင္းမရွိဘဲ အညစ္အေၾကးေတြ၊ အစြန္းအထင္းေတြ ကိုအလြယ္တကူဖယ္ရွားႏိုင္ပါတယ္။ ဒါေပမယ့္ တခါတရံမွာ ေဘစင္၊ အိမ္သာေတြက အစြန္းအထင္းေတြဆိုရင္ သာမန္ဆပ္ျပာနဲ႔မရေတာ့ပါဘူး။ ေႂကြေၾကးခြၽတ္ေဆးလို သန္႔ရွငး္ေရးဓါတုပစၥည္းမ်ားကို သံုးရပါတယ္။ ဒီလိုအစြန္းခၽြတ္ေဆး၊ ေႂကြေၾကးခြၽတ္ေဆးလို ဓါတုပစၥည္းေတြကို သံုးတဲ့အခါ ပိုၿပီးထိေရာက္ဖို႔ဆိုၿပီး တျခားသန္႔ရွင္းေရးထုတ္ကုန္ေတြနဲ႔ ေပါင္းစပ္သံုးတတ္ၾကပါတယ္။ ဒီလိုအသံုးျပဳျခင္းက ဓါတ္မတည့္ရင္ ဆိုးရြားတဲ့က်န္းမာေရးႏွင့္ ေဘးကင္းလံုၿခံဳေရးဆုိင္ရာ ကိစၥမ်ားကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ ေရာစပ္ၿပီး မသံုးသင့္တဲ့ သန္႔ရွင္းေရးထုတ္ကုန္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။
ဟုိက္ဒရိုဂ်င္ပါေအာက္ဆိုဒ္ +ရွာလကာရည္

ဒီအေရာအေႏွာက ယေန႔ေခတ္ထုတ္ကုန္မ်ားမွာ အေတာ္ေလးရွားပါးပါတယ္။ ဒါကလည္း ေကာင္းပါတယ္။ ဒီႏွစ္ခုေပါင္းစပ္မႈက နွာေခါင္း၊ပါးစပ္၊ခနၶာကိုယ္အတြင္းပိုင္းတို႔မွာရွိတဲ့ အခၽြဲအေျမွးပါးေတြကို ထိခိုက္ေစႏိုင္ေသာ ျမင့္မားတဲ့ စုစညး္မႈျဖစ္တဲ့ peracetic (or) corrosive အက္ဆစ္ကို ဖန္တီးေပးပါတယ္။
အေရာင္ခၽြတ္ေဆး +အမိုးနီးယား

ဒီအေရာအေႏွာက အသက္ရႈျခင္းျပႆနာကို ျဖစ္ေပၚေစတဲ့ chloramine အေငြ႕ကို ထုတ္လႊတ္ေပးပါတယ္။ သန္႔ရွငး္ေရးထုတ္ကုန္အေတာ္မ်ားမ်ားမွာ bleach (အေရာင္ခၽြတ္ေဆး) သို႔မဟုတ္ ammonia (အမိုးနီးယား) ပါဝင္တာေၾကာင့္ မတူညီတဲ့ ဆပ္ျပာေတြကို မေရာစပ္သင့္ပါဘူး။
အေရာင္ခၽြတ္ေဆး + အယ္ကိုေဟာ

ဒီအေရာအေႏွာကုိ chloroform ဖန္တီးဖို႔ ရာဇဝတ္ေကာင္ေတြ အသံုးျပဳၾကပါတယ္။ ၎ရဲ႕စုစည္းမႈနည္းရင္ ပ်ိဳ႕အန္ျခင္းႏွင့္ မူးေဝျခင္းကို ျဖစ္ေစၿပီး ျပင္းအားျမင့္မားရင္ ကိုယ္တြင္းကလီစာေတြ ေလာင္ကၽြမ္းျခင္းႏွင့္ ေသေစတဲ့အထိေတာင္ ျဖစ္ႏိုင္ပါတယ္။
အေရာင္ခၽြတ္ေဆး + ရွာလကာရည္


ဒီအေရာအေႏွာက မ်က္စိ သို႔မဟုတ္အဆုတ္ကို ဓါတုေလာင္ကၽြမ္းမႈျဖစ္ေစႏိုင္တဲ့ chloramine အေငြ႕ကို ထုတ္လႊတ္ပါတယ္။
ဒီလုိသန္႔ရွင္းေရးဓါတုပစၥည္းေတြက အႏၱရာယ္ရွိတာေၾကာင့္ ေရာစပ္ၿပီးဘယ္ေတာ့မွ မသံုးသင့္ပါဘူး။
– soda, mustard, lemon juice ကဲ့သို႔ အိမ္လုပ္ထုတ္ကုန္ေတြ၊ အေပ်ာ့စားဆပ္ျပာေတြကို သံုးစြဲဖို႔ ႀကိဳးစားပါ။
– ဘယ္သန္႔ရွင္းေရး Product မဆို မသံုးခင္ ႏွာေခါင္းစည္း၊ ရာဘာလက္အိတ္ေတြကို ဝတ္ဆင္ပါ။
– သန္႔ရွင္းေရးလုပ္ၿပီးတိုင္း မ်က္ႏွာနဲ႔ လက္ေတြကို ေသေသခ်ာခ်ာ ေဆးေၾကာပါ။
– Product ေတြက အေရျပားယားယံတာတို႔၊ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္လာတာတို႔ ျဖစ္ေပၚလာရင္ သန္႔ရွင္းေရးကို ခ်က္ခ်င္းရပ္တန္႔ပါ။
Lifestyle_Myanmar
LM_Nandar
Unicode
အန္တရာယ်ရှိတဲ့ ပေါင်းစပ်မှုဖြစ်တာကြောင့် ဘယ်တော့မှာ ရောစပ်မသုံးသင့်တဲ့ သန့်ရှင်းရေး Product များ
ခေတ်မီဆပ်ပြာတွေဟာ အသားအရေနှင့် အဝတ်အထည်တွေရဲ့မျက်နှာပြင်ကို ထိခိုက်ခြင်းမရှိဘဲ အညစ်အကြေးတွေ၊ အစွန်းအထင်းတွေ ကိုအလွယ်တကူဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် တခါတရံမှာ ဘေစင်၊ အိမ်သာတွေက အစွန်းအထင်းတွေဆိုရင် သာမန်ဆပ်ပြာနဲ့မရတော့ပါဘူး။ ကြွေကြေးချွတ်ဆေးလို သန့်ရှငး်ရေးဓါတုပစ္စည်းများကို သုံးရပါတယ်။ ဒီလိုအစွန်းချွတ်ဆေး၊ ကြွေကြေးချွတ်ဆေးလို ဓါတုပစ္စည်းတွေကို သုံးတဲ့အခါ ပိုပြီးထိရောက်ဖို့ဆိုပြီး တခြားသန့်ရှင်းရေးထုတ်ကုန်တွေနဲ့ ပေါင်းစပ်သုံးတတ်ကြပါတယ်။ ဒီလိုအသုံးပြုခြင်းက ဓါတ်မတည့်ရင် ဆိုးရွားတဲ့ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စများကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရောစပ်ပြီး မသုံးသင့်တဲ့ သန့်ရှင်းရေးထုတ်ကုန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် +ရှာလကာရည်
ဒီအရောအနှောက ယနေ့ခေတ်ထုတ်ကုန်များမှာ အတော်လေးရှားပါးပါတယ်။ ဒါကလည်း ကောင်းပါတယ်။ ဒီနှစ်ခုပေါင်းစပ်မှုက နှာခေါင်း၊ပါးစပ်၊ခန္ဓာကိုယ်အတွင်းပိုင်းတို့မှာရှိတဲ့ အချွဲအမြှေးပါးတွေကို ထိခိုက်စေနိုင်သော မြင့်မားတဲ့ စုစညး်မှုဖြစ်တဲ့ peracetic (or) corrosive အက်ဆစ်ကို ဖန်တီးပေးပါတယ်။
အရောင်ချွတ်ဆေး +အမိုးနီးယား
ဒီအရောအနှောက အသက်ရှုခြင်းပြဿနာကို ဖြစ်ပေါ်စေတဲ့ chloramine အငွေ့ကို ထုတ်လွှတ်ပေးပါတယ်။ သန့်ရှငး်ရေးထုတ်ကုန်အတော်များများမှာ bleach (အရောင်ချွတ်ဆေး) သို့မဟုတ် ammonia (အမိုးနီးယား) ပါဝင်တာကြောင့် မတူညီတဲ့ ဆပ်ပြာတွေကို မရောစပ်သင့်ပါဘူး။
အရောင်ချွတ်ဆေး + အယ်ကိုဟော
ဒီအရောအနှောကို chloroform ဖန်တီးဖို့ ရာဇဝတ်ကောင်တွေ အသုံးပြုကြပါတယ်။ ၎င်းရဲ့စုစည်းမှုနည်းရင် ပျို့အန်ခြင်းနှင့် မူးဝေခြင်းကို ဖြစ်စေပြီး ပြင်းမားမြင့်မားရင် ကိုယ်တွင်းကလီစာတွေ လောင်ကျွမ်းခြင်းနှင့် သေစေတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။
အရောင်ချွတ်ဆေး + ရှာလကာရည်
ဒီအရောအနှောက မျက်စိ သို့မဟုတ်အဆုတ်ကို ဓါတုလောင်ကျွမ်းမှုဖြစ်စေနိုင်တဲ့ chloramine အငွေ့ကို ထုတ်လွှတ်ပါတယ်။
ဒီလိုသန့်ရှင်းရေးဓါတုပစ္စည်းတွေက အန္တရာယ်ရှိတာကြောင့် ရောစပ်ပြီးဘယ်တော့မှ မသုံးသင့်ပါဘူး။
soda, mustard, lemon juice ကဲ့သို့ အိမ်လုပ်ထုတ်ကုန်တွေ၊ အပျော့စားဆပ်ပြာတွေကို သုံးစွဲဖို့ ကြိုးစားပါ။
ဘယ်သန့်ရှင်းရေး Product မဆို မသုံးခင် နှာခေါင်းစည်း၊ ရာဘာလက်အိတ်တွေကို ဝတ်ဆင်ပါ။
သန့်ရှင်းရေးလုပ်ပြီးတိုင်း မျက်နှာနဲ့ လက်တွေကို သေသေချာချာ ဆေးကြောပါ။
Product တွေက အရေပြားယားယံတာတို့၊ စပ်ဖျဉ်းဖျဉ်းဖြစ်လာတာတို့ ဖြစ်ပေါ်လာရင် သန့်ရှင်းရေးကို ချက်ချင်းရပ်တန့်ပါ။