အျပစ္အနာအဆာ ကင္းၿပီး smooth ျဖစ္ေနတဲ့ အသားအေရကို ပိုင္ဆိုင္ေစဖို႔ ႏိုင္ငံတကာက အသားအေရ ထိန္းသိမ္းနည္း

0
258

ျပင္သစ္ႏိုင္ငံအသုံးျပဳနည္း
ေရခဲ – ေရခဲတုံးျဖင့္ မ်က္ႏွာကို ညင္ညင္သာသာပြတ္တိုက္ေပးပါ။ ဒါဟာ ႐ိုးရွင္းတဲ့ကုသနည္းတစ္မ်ိဳးျဖစ္ၿပီး ေသြးလည္ပတ္မႈစနစ္ကိုလႈံ႕ေဆာ္ေပးပါတယ္။ ဒါ့အျပင္ သင့္အတြက္ က်န္းမာသန္စြမ္းတဲ့ အသားအေရကို ရရွိေစပါတယ္။
အပူ အေအး ေျပာင္းကပ္ေပးျခင္း – က်န္းမာတဲ့ အသားအေရကို ရရွိေစၿပီး ေသြးလည္ပတ္မႈစနစ္ကို ေကာင္းမြန္ေစပါတယ္။ အေရျပား က်ဳံ႕ႏိုင္ ခ်ဲ႕ႏိုင္စြမ္းကို ပိုမိုတိုးတက္ၿပီး အသားအေရစိုေျပေစပါတယ္။ ဒါကေတာ့ ႐ုိးရွင္းတဲ့နည္းလမ္းေလးတစ္ခုပဲျဖစ္ပါတယ္။ ေရေႏြးထဲကို ေပ်ာ႔ေပ်ာင္းတဲ့ မ်က္ႏွာသုတ္ပုဝါစကို ႏွစ္ၿပီးသင့္မ်က္ႏွာေပၚ အုပ္ထားေပးပါ။ ၿပီးလွ်င္ ေရေအးထဲသို႔ ထိုပုဝါစကို ႏွစ္ၿပီး ထိုကဲ့သို႔ တဖန္ျပန္လုပ္ပါ။ အႀကိမ္ေပါင္းမ်ားစြာ ထပ္ခါတလဲလဲ အသုံးျပဳႏိုင္ပါတယ္။
ေရာင္ရမ္းမႈကို ေလ်ာ့ခ်ဖို႔အတြက္ သံပုရာရည္အသုံးျပဳျခင္း – မ်က္ႏွာေပၚက ဝက္ၿခံေတြ ေရာင္ရမ္းျခင္းျဖစ္တဲ့အခါ ထိုေနရာေပၚမွာ သံပုရာရည္ တို႔ ထားေပးျခင္းျဖင့္ ကုသေပးႏိုင္ပါတယ္။

ခ်ီလီနိုင္ငံအသုံးျပဳနည္း


ခ်ီလီအမ်ိဳးသမီးေတြ ေတာက္ပတဲ့ အသားအေရေတြ ပိုင္ဆိုင္တာဟာ အနီေရာင္စပ်စ္သီးမွာပါဝင္တဲ့ Antioxidants ေၾကာင့္လို႔ ဆိုပါတယ္။ သူတို႔ဟာ ဂ်ဳံမႈန္႔ ၂ဇြန္းနဲ႔ အနီးေရာင္စပ်စ္သီးေဖ်ာ္ရည္ကို ေရာစပ္ၿပီး မ်က္ႏွာေပၚမွာ လိမ္းျခယ္ၾကပါတယ္။ ၁၀မိနစ္ေလာက္ အခ်ိန္ၾကာတဲ့အခါ မ်က္ႏွာေပၚက ခြာၿပီး သန္႔စင္ေပးလုိက္ပါတယ္။ ဒီနည္းလမ္းကို နံနက္ပိုင္းမွာ အသုံးျပဳတာက အသားအေရအတြက္ ပိုၿပီး ေကာင္းမြန္းပါတယ္။

ဆီြဒင္ႏိုင္ငံ အသုံးျပဳနည္း
ဆီြဒင္ႏိုင္ငံသူ၊ ႏိုင္ငံသားေတြကေတာ့ က်န္းမာတဲ့အစားအစာကို ပိုမိုစားသုံးျဖစ္ပါတယ္။ အလွအပနဲ႔ အသားအေရကိုပိုမိုဂ႐ုစိုက္သူေတြကေတာ့ Antioxidants ဓာတ္ျမင့္မားတဲ့ အသားငါး နဲ႔ အသီးအႏွံေတြကို ပိုမိုစားသုံးၾကပါတယ္။ ဒါ့အျပင္ ေခၽြးေပါင္းအိမ္ျဖင့္ ကုနည္းကိုလည္း အသုံးျပဳၾကပါတယ္။ ေခၽြးေပါင္းအိမ္ဟာ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ အဆိပ္ေတြကို ဖယ္ရွားတဲ့ေနရာမွာ အရမ္းကို ထိေရာက္တဲ့နည္းလမ္းေလးတစ္ခုလည္းျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံ အသုံးျပဳနည္း


ဂ်ပန္ႏိုင္ငံဟာ ဆန္ကို အဓိကထားၿပီး အသားအေရအတြက္ အသုံးျပဳၾကပါတယ္။ မ်က္ႏွာကို ဆန္ေဆးေရျဖင့္ ေဆးေၾကာေပးျခင္းဟာ ေကာ္လဂ်င္ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးၿပီး အသားအေရကို ေခ်ာေမြ႕ေစပါတယ္။ ေနာက္တစ္နည္းကေတာ့ ဆန္ကို ႀကိတ္စက္ထဲမွာထည့္ၿပီး အမႈန္႔ ျဖစ္ေအာင္ႀကိတ္ေပးပါ။ ရရွိလာတဲ့ ဆန္မႈန္႔ကို ေရေႏြး အနည္းငယ္၊ ဒိန္ခ်ဥ္အနည္းငယ္ထည့္ၿပီး သမေအာင္ေမႊေပးပါ။ ရရွိလာတဲ့ အေရာအေႏွာကို အသားအေရထဲ စိမ့္ဝင္ေအာင္ လက္ေခ်ာင္းေလးျဖင့္ ႏွိပ္နယ္ၿပီး သုတ္လိမ္းေပးပါ။ ၿပီးမွ သင့္မ်က္ႏွာကို သန္႔စင္ေပးလိုက္ပါ။
ေန႔စဥ္ႏွိပ္ေပးပါ – ႏွိပ္ေပးျခင္းဟာ အေရျပား က်ံဳ႕နိုင္ ခ်ဲ႕ႏိုင္စြမ္းကို တိုးတက္ေစၿပီး ေအာက္စီဂ်င္လည္ပတ္မႈရွိေအာင္ ကူညီေပးပါတယ္။ ႏွိပ္တဲ့အခါ အဆီတစ္မ်ိဳးမ်ိဳး သို႔မဟုတ္ ခရင္မ္ တစ္ခုခုကုိ အသုံးျပဳၿပီး သင့္မ်က္နွာက္ပတ္ပတ္လည္ကို နွိပ္နယ္ေပးလုိက္ပါ။ အသားအေရေပၚမူတည္ ၿပီး အသုံးျပဳသင့္တဲ့ ခရင္မ္/ဆီ ကို ေရြခ်ယ္အသုံးျပဳေပးပါ။

ဘရာဇီးႏိုင္ငံအသုံးျပဳနည္း
ဘရာဇီးႏိုင္ငံကေတာ့ အသားအေရအတြက္ မုန္လာဥနီေဖ်ာ္ရည္ကို အသုံးျပဳၾကပါတယ္။ မုန္႔လာဥနီဟာ အသားအေရအတြက္ အလြန္ေကာင္းမြန္တဲ့ အိမ္တြင္းေစးတစ္လက္လည္းျဖစ္ပါတယ္။ လတ္ဆတ္တဲ့ မုန္လာဥနီကို ေဖ်ာ္ရည္ဟာ သင့္ခႏၶာကိုယ္ေပၚက ဝက္ၿခံနဲ႔ အနားေတြကို အျမန္ဆုံးသက္သာေပ်ာက္ကင္းေစပါတယ္။ ဘရာဇီးမွာေတာ့ မုန္႔လာဥနီနဲ႔ ထုတ္လုပ္ထားတဲ့ beta-carotene ဆိုတဲ့ ေဆးကိုအၿမဲသုံးစြဲၾကပါတယ္။

စပိန္ႏိုင္ငံအသုံးျပဳနည္း


စပိန္ႏိုင္ငံက အမ်ိဳးသမီးေတြဟာ မ်က္ကြင္းေနရာတစ္ဝႈိက္ အညိဳအမဲေတြျဖစ္တာ၊ မ်က္ကြင္းေတြညိဳတဲ့အခါ အာလူးကို အသုံးျပဳၾကပါတယ္။ အာလူးကို ခပ္ပါးပါးေလးလွီးၿပီး အညိဳအကြက္ေတြျဖစ္ေနတာ မ်က္ကြင္းေနရာတစ္ဝိႈက္မွာ ၁၀မိနစ္ေလာက္ကပ္ထားေပးလိုက္ပါ။ အျမန္ဆုံး မ်က္ကြင္းညိဳမဲျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။

ကိုရီယားႏိုင္ငံအသုံးျပဳနည္း
ကိုရီယားႏိုင္ငံမွာ အသားအေရကို ကုသရာမွာ လူႀကိဳက္မ်ားကုထုံးကေတာ့ ခ႐ုကိုယ္မွထြက္ေသာ အခၽြဲအက်ိ ပဲျဖစ္ပါတယ္။ ခ႐ုကိုယ္မွထြက္တဲ့ အခၽြဲအက်ိဟာ အသားအေရအတြက္အလြန္ေကာင္းမြန္ၿပီး ေကာ္လဂ်င္နဲ႔ Elastin တို႔ကို ထုတ္လုပ္ေပးပါတယ္။ ေနာက္တစ္နည္းကေတာ့ အဆီပဲျဖစ္ပါတယ္။ အသားအေရေခ်ာေမြ႕ၿပီး စိုေျပေစဖို႔အတြက္ အုန္ဆီ သို႔မဟုတ္ Argan ဆီကို မ်က္ႏွာေပၚသုတ္လိမ္းတတ္ၾကပါတယ္။

အိႏိၵယႏိုင္ငံအသုံးျပဳနည္း
အိႏၵိယႏိုင္ငံကေတာ့ ပ်ားရည္နဲ႔ သံပုရာသီးကို အေလးထားၿပီး အသုံးျပဳၾကပါတယ္။ ပ်ားေရဟာ အသားအေရကို ေခ်ာေမြ႕ေစၿပီး သံပုရာသီးကေတာ့ ဝက္ၿခံအဖုအပိတ္ေတြကို ေလ်ာ့နည္းေစပါတယ္။ ေသးငယ္တဲ့ ပန္းကန္တစ္လုံးထဲကို သံပုရာရည္ ၁ဇြန္း၊ ပ်ားရည္ ၁ဇြန္း ထည့္ၿပီး သင့္မ်က္ႏွာေပၚမွာ မိနစ္ ၂၀-၃၀ ေလာက္ထားထားေပးပါ။ ၿပီးမွ ေရျဖင့္ စင္ၾကယ္ေအာင္သန္႔စင္ေပးပါ။

႐ုရွားႏိုင္ငံအသုံးျပဳနည္း


႐ုရွားႏိုင္ငံက အမ်ိဳးသမီးေတြဟာ အုတ္ဂ်ဳံကို အသားအေရအတြက္ အသုံးျပဳၾကပါတယ္။ အုတ္ဂ်ံဳကို မ်က္ႏွာေပၚသို႔ ပြတ္တိုက္ေပးျခင္းျဖင့္ ေခၽြးေပါက္ေတြကို က်ဥ္းေစပါတယ္။ ဒါ့အျပင္ အုတ္ဂ်ဳံ၊ ပ်ားရည္၊ ဗာဒံသီးဆီ/ သံလြင္ဆီ/ အုန္းဆီ တစ္ခုခုျဖင့္ ေရာစပ္ၿပီး သင့္မ်က္ႏွာေပၚမွာ ပြတ္တိုက္ေပးပါ။ အခ်ိန္အနည္းငယ္ၾကာမွ ေရျဖင့္ သန္႔စင္ေပးလိုက္ပါ။

#Lifestyle_Myanmar

#Thar_Nage

အိမ္ရွင္မေတြသိထားသင့္တဲ့ အိမ္အတြက္ လိုအပ္တဲ့ လြယ္ကူတဲ့နည္းလမ္းေလးေတြ


Unicode

အပြစ်အနာအဆာ ကင်းပြီး smooth ဖြစ်နေတဲ့ အသားအရေကို ပိုင်ဆိုင်စေဖို့ နိုင်ငံတကာက အသားအရေ ထိန်းသိမ်းနည်း
ပြင်သစ်နိုင်ငံအသုံးပြုနည်း
ရေခဲ – ရေခဲတုံးဖြင့် မျက်နှာကို ညင်ညင်သာသာပွတ်တိုက်ပေးပါ။ ဒါဟာ ရိုးရှင်းတဲ့ကုသနည်းတစ်မျိုးဖြစ်ပြီး သွေးလည်ပတ်မှုစနစ်ကိုလှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် သင့်အတွက် ကျန်းမာသန်စွမ်းတဲ့ အသားအရေကို ရရှိစေပါတယ်။
အပူ အအေး ပြောင်းကပ်ပေးခြင်း – ကျန်းမာတဲ့ အသားအရေကို ရရှိစေပြီး သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ အရေပြား ကျုံ့နိုင် ချဲ့နိုင်စွမ်းကို ပိုမိုတိုးတက်ပြီး အသားအရေစိုပြေစေပါတယ်။ ဒါကတော့ ရိုးရှင်းတဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ ရေနွေးထဲကို ပျော့ပျောင်းတဲ့ မျက်နှာသုတ်ပုဝါစကို နှစ်ပြီးသင့်မျက်နှာပေါ် အုပ်ထားပေးပါ။ ပြီးလျှင် ရေအေးထဲသို့ ထိုပုဝါစကို နှစ်ပြီး ထိုကဲ့သို့ တဖန်ပြန်လုပ်ပါ။ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ အသုံးပြုနိုင်ပါတယ်။
ရောင်ရမ်းမှုကို လျော့ချဖို့အတွက် သံပုရာရည်အသုံးပြုခြင်း – မျက်နှာပေါ်က ဝက်ခြံတွေ ရောင်ရမ်းခြင်းဖြစ်တဲ့အခါ ထိုနေရာပေါ်မှာ သံပုရာရည် တို့ ထားပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။

ချီလီနိုင်ငံအသုံးပြုနည်း
ချီလီအမျိုးသမီးတွေ တောက်ပတဲ့ အသားအရေတွေ ပိုင်ဆိုင်တာဟာ အနီရောင်စပျစ်သီးမှာပါဝင်တဲ့ Antioxidants ကြောင့်လို့ ဆိုပါတယ်။ သူတို့ဟာ ဂျုံမှုန့် ၂ဇွန်းနဲ့ အနီးရောင်စပျစ်သီးဖျော်ရည်ကို ရောစပ်ပြီး မျက်နှာပေါ်မှာ လိမ်းခြယ်ကြပါတယ်။ ၁၀မိနစ်လောက် အချိန်ကြာတဲ့အခါ မျက်နှာပေါ်က ခွာပြီး သန့်စင်ပေးလိုက်ပါတယ်။ ဒီနည်းလမ်းကို နံနက်ပိုင်းမှာ အသုံးပြုတာက အသားအရေအတွက် ပိုပြီး ကောင်းမွန်းပါတယ်။

ဆွီဒင်နိုင်ငံ အသုံးပြုနည်း
ဆွီဒင်နိုင်ငံသူ၊ နိုင်ငံသားတွေကတော့ ကျန်းမာတဲ့အစားအစာကို ပိုမိုစားသုံးဖြစ်ပါတယ်။ အလှအပနဲ့ အသားအရေကိုပိုမိုဂရုစိုက်သူတွေကတော့ Antioxidants ဓာတ်မြင့်မားတဲ့ အသားငါး နဲ့ အသီးအနှံတွေကို ပိုမိုစားသုံးကြပါတယ်။ ဒါ့အပြင် ချွေးပေါင်းအိမ်ဖြင့် ကုနည်းကိုလည်း အသုံးပြုကြပါတယ်။ ချွေးပေါင်းအိမ်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်တွေကို ဖယ်ရှားတဲ့နေရာမှာ အရမ်းကို ထိရောက်တဲ့နည်းလမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အသုံးပြုနည်း
ဂျပန်နိုင်ငံဟာ ဆန်ကို အဓိကထားပြီး အသားအရေအတွက် အသုံးပြုကြပါတယ်။ မျက်နှာကို ဆန်ဆေးရေဖြင့် ဆေးကြောပေးခြင်းဟာ ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။ နောက်တစ်နည်းကတော့ ဆန်ကို ကြိတ်စက်ထဲမှာထည့်ပြီး အမှုန့် ဖြစ်အောင်ကြိတ်ပေးပါ။ ရရှိလာတဲ့ ဆန်မှုန့်ကို ရေနွေး အနည်းငယ်၊ ဒိန်ချဉ်အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးပါ။ ရရှိလာတဲ့ အရောအနှောကို အသားအရေထဲ စိမ့်ဝင်အောင် လက်ချောင်းလေးဖြင့် နှိပ်နယ်ပြီး သုတ်လိမ်းပေးပါ။ ပြီးမှ သင့်မျက်နှာကို သန့်စင်ပေးလိုက်ပါ။
နေ့စဉ်နှိပ်ပေးပါ – နှိပ်ပေးခြင်းဟာ အရေပြား ကျုံ့နိုင် ချဲ့နိုင်စွမ်းကို တိုးတက်စေပြီး အောက်စီဂျင်လည်ပတ်မှုရှိအောင် ကူညီပေးပါတယ်။ နှိပ်တဲ့အခါ အဆီတစ်မျိုးမျိုး သို့မဟုတ် ခရင်မ် တစ်ခုခုကို အသုံးပြုပြီး သင့်မျက်နှာက်ပတ်ပတ်လည်ကို နှိပ်နယ်ပေးလိုက်ပါ။ အသားအရေပေါ်မူတည် ပြီး အသုံးပြုသင့်တဲ့ ခရင်မ်/ဆီ ကို ရွေချယ်အသုံးပြုပေးပါ။

ဘရာဇီးနိုင်ငံအသုံးပြုနည်း
ဘရာဇီးနိုင်ငံကတော့ အသားအရေအတွက် မုန်လာဥနီဖျော်ရည်ကို အသုံးပြုကြပါတယ်။ မုန့်လာဥနီဟာ အသားအရေအတွက် အလွန်ကောင်းမွန်တဲ့ အိမ်တွင်းစေးတစ်လက်လည်းဖြစ်ပါတယ်။ လတ်ဆတ်တဲ့ မုန်လာဥနီကို ဖျော်ရည်ဟာ သင့်ခန္ဓာကိုယ်ပေါ်က ဝက်ခြံနဲ့ အနားတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ဘရာဇီးမှာတော့ မုန့်လာဥနီနဲ့ ထုတ်လုပ်ထားတဲ့ beta-carotene ဆိုတဲ့ ဆေးကိုအမြဲသုံးစွဲကြပါတယ်။

စပိန်နိုင်ငံအသုံးပြုနည်း
စပိန်နိုင်ငံက အမျိုးသမီးတွေဟာ မျက်ကွင်းနေရာတစ်ဝှိုက် အညိုအမဲတွေဖြစ်တာ၊ မျက်ကွင်းတွေညိုတဲ့အခါ အာလူးကို အသုံးပြုကြပါတယ်။ အာလူးကို ခပ်ပါးပါးလေးလှီးပြီး အညိုအကွက်တွေဖြစ်နေတာ မျက်ကွင်းနေရာတစ်ဝှိုက်မှာ ၁၀မိနစ်လောက်ကပ်ထားပေးလိုက်ပါ။ အမြန်ဆုံး မျက်ကွင်းညိုမဲခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ကိုရီယားနိုင်ငံအသုံးပြုနည်း
ကိုရီယားနိုင်ငံမှာ အသားအရေကို ကုသရာမှာ လူကြိုက်များကုထုံးကတော့ ခရုကိုယ်မှထွက်သော အချွဲအကျိ ပဲဖြစ်ပါတယ်။ ခရုကိုယ်မှထွက်တဲ့ အချွဲအကျိဟာ အသားအရေအတွက်အလွန်ကောင်းမွန်ပြီး ကော်လဂျင်နဲ့ Elastin တို့ကို ထုတ်လုပ်ပေးပါတယ်။ နောက်တစ်နည်းကတော့ အဆီပဲဖြစ်ပါတယ်။ အသားအရေချောမွေ့ပြီး စိုပြေစေဖို့အတွက် အုန်ဆီ သို့မဟုတ် Argan ဆီကို မျက်နှာပေါ်သုတ်လိမ်းတတ်ကြပါတယ်။

အိန္ဒိယနိုင်ငံအသုံးပြုနည်း
အိန္ဒိယနိုင်ငံကတော့ ပျားရည်နဲ့ သံပုရာသီးကို အလေးထားပြီး အသုံးပြုကြပါတယ်။ ပျားရေဟာ အသားအရေကို ချောမွေ့စေပြီး သံပုရာသီးကတော့ ဝက်ခြံအဖုအပိတ်တွေကို လျော့နည်းစေပါတယ်။ သေးငယ်တဲ့ ပန်းကန်တစ်လုံးထဲကို သံပုရာရည် ၁ဇွန်း၊ ပျားရည် ၁ဇွန်း ထည့်ပြီး သင့်မျက်နှာပေါ်မှာ မိနစ် ၂၀-၃၀ လောက်ထားထားပေးပါ။ ပြီးမှ ရေဖြင့် စင်ကြယ်အောင်သန့်စင်ပေးပါ။

ရုရှားနိုင်ငံအသုံးပြုနည်း
ရုရှားနိုင်ငံက အမျိုးသမီးတွေဟာ အုတ်ဂျုံကို အသားအရေအတွက် အသုံးပြုကြပါတယ်။ အုတ်ဂျံုကို မျက်နှာပေါ်သို့ ပွတ်တိုက်ပေးခြင်းဖြင့် ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ ဒါ့အပြင် အုတ်ဂျုံ၊ ပျားရည်၊ ဗာဒံသီးဆီ/ သံလွင်ဆီ/ အုန်းဆီ တစ်ခုခုဖြင့် ရောစပ်ပြီး သင့်မျက်နှာပေါ်မှာ ပွတ်တိုက်ပေးပါ။ အချိန်အနည်းငယ်ကြာမှ ရေဖြင့် သန့်စင်ပေးလိုက်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here