၁။ ခရိုအေးရှားနိုင်ငံ
ခရိုအေးရှားနိုင်ငံဟာ မိခင်တစ်ယောက်ကလေးမီးဖွားပြီးဆိုရင် အရမ်းကိုအလေးထားဆောင်ရွက်ပေးပါတယ်။ သူတို့နိုင်ငံမှာ မိခင်တစ်ယောက်က ကလေးမီးဖွားပြီးဆိုလျှင် တရားဝင်ခွင့်ရှည် ရက်ပေါင်း ၄၁၀ ထိပေးအပ်ထားပါတယ်။ တစ်နှစ်ထက်ကျော်လွန်တဲ့အချိန်ကို တရားဝင်ပေးအပ်တဲ့အပြင် ကလေး ၆လသားအရွယ်အထိ ကျန်းမာရေးထောက်ပံ့ငွေအဖြင့် သူမရဲ့ လစာ ၁၀၀ရာခိုင်နှုန်းအပြည့် လစဉ်ထောက်ပံ့ပေးကြပါတယ်။
၂။ ဗြိတိန်နိုင်ငံ
ဗြိတိန်နိုင်ငံက မိခင်တစ်ယောက်ကလေးမီးဖွားပြီးဆိုရင် ရက်ပေါင်း ၃၆၅ရက်အထိ တရားဝင်ခွင့်ပေးအပ်ထားပါတယ်။ တစ်နှစ်စာခွင့်ပေးအပ်ထားပြီး မီးဖွားချိန် မိခင်က ၂ပတ်တိတိ သူတစ်ယောက်ထဲသာခွင့်ရပြီး ၂ပတ်ကျော်သွားတဲ့အခါဆိုရင်တော့ မိခင်ရော ဖခင်ပါ နှစ်ဦးစလုံး ရက်ပေါင်း ၃၅၀ တရားဝင်ခွင့်ရှည် ရရှိနိုင်ပါတယ်။ ထိုအချိန်မှာ မိမိတို့ရဲ့ သားသမီးတွေကို နှစ်ဦးစလုံး ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။
၃။ ဆွီဒင်နိုင်ငံ
ဆွီဒင်နိုင်ငံကတော့ မိခင်တစ်ယောက် ကလေးမီးဖွားပြီးဆိုလျှင် မိခင်တစ်ဦးတည်းက ရက်ပေါင်း ၂၄၀ ပြည့်တဲ့အထိ မိမိရဲ့ သားသမီးကို ပြုစုစောင့်ရှောင်ဖို့ တရားဝင်ခွင့်ရှည်ရရှိမှာဖြစ်ပြီး ဖခင်က ရက်ပေါင်း ၆၀ အထိတရားဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ မိမိရရှိတဲ့ခွင့်ရက်တွေကို အသုံးမပြုဘူးဆိုရင်တော့ သက်တမ်းကုန်ဆုံးသွားမှာဖြစ်ပါတယ်။
၎။ ရုရှားနိုင်ငံ
ရုရှားနိုင်ငံမှာ မီးမဖွားခင် ရက်ပေါင်း ၇၀နဲ့ မီးဖွားပြီး ရက်ပေါင်း ၇၀ စုစုပေါင်း ရက်ပေါင်း ၁၄၀ တရားဝင်ခွင့်ရှည်ရရှိမှာဖြစ်ပါတယ်။ မိမိရဲ့ကလေးကို တစ်နှစ်ခွဲအရွယ်ရောက်တဲ့အထိ စောင့်ရှောက်ဖို့အတွက် ခွင့်ထက်ယူမယ်ဆိုရင်တော့ မိမိရဲ့ လစာထဲက ၄၀% ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ မိမိရဲ့ မီးဖွားခွင့်ကို ထပ်တိုးနိုင်ပြီး ခွင့်ရှည်ယူထားပေမဲ့ မိမိရဲ့ အလုပ်အတွက်လည်း ဆိုးရိမ်စရာမရှိပါဘူး။ ၃နှစ်အထိ သင့်ရဲ့ အလုပ်က သင့်ကို ထုတ်ပယ်ဦးမှာမဟုတ်ပါဘူး။
၅။ ကာဇက်စတန်နိုင်ငံ
ကာဇက်စတန်နိုင်ငံမှာ ပုံမှန်အားဖြင့် ရက်ပေါင်း ၁၂၆ရက်အထိ ခွင့်ရှည်ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိခင်တစ်ဦးက ၂ယောက်သို့မဟုတ် ၂ယောက်ထက်ပိုပြီး ကလေးမီးဖွားလျှင် ထပ်မံပြီး ရက်ပေါင်း ၁၀ပတ်အထိ တရားဝင် ထပ်တိုးခွင့်ပေးအပ်ပါတယ်။ မိမိတို့ရဲ့ လစာမယူဘူးဆိုရင်တော့ မိမိရဲ့ကလေးကို ၃နှစ်အထိ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ခွင့်ရရှိမှာဖြစ်ပါတယ်။
၆။ ဖင်လန်နိုင်ငံ
ဖင်လန်နိုင်ငံကတော့ မီးဖွားခွင့် ရက်ပေါင်း ၁၂၆ရက်အထိရရှိနိုင်မှာဖြစ်ပြီး သင့်ကလေး အရွယ်ရောက်တဲ့အခါ မိမိစိတ်ကြိုက် ကလေးအတွက် မူကြိုကျောင်း ထားပေးနိုင်ပါတယ်။ ဒါမှမဟုတ် အစိုးရက ထောက်ပံ့ပေးတဲ့ ကလေးထိန်းကိုလည်း ငှားရမ်းနိုင်ပါတယ်။
၇။ ပေါ်တူဂီနိုင်ငံ
ပေါ်တူဂီနိုင်ငံမှာ မိခင်အတွက် မီးဖွားခွင့် ရက်ပေါင်း ၁၂၀ထိ ရရှိနိုင်မှာဖြစ်ပါတယ်။ ဖခင်ဖြစ်သူကတော့ ၅ရက်ထက်ပိုပြီး ခွင့်မရရှိနိုင်ပါဘူး။ ၅ရက်ထက်ပိုပြီး ခွင်ယူလို့ မိမိရဲ့ အလုပ်တာဝန်များ ပျက်ကွက်လျှင် ဒဏ်ငွေပေးဆောင်ရပါလိမ့်မယ်။
၈။ ပြင်သစ်
ပြင်သစ်မှာ မီးဖွင့်ခွင့် ရက်ပေါင်း ၁၁၂ရက် ရရှိမှာဖြစ်ပြီး မီးမဖွားခင် ၂လနဲ့ ပြီးဖွားပြီး ၂လ သတ်မှတ်ပေးထားပါတယ်။ မီးဖွားမည့်အမျိုးသမီးက ကျန်းကျန်းမာမာနဲ့ မီးဖွားနိုင်တဲ့သူဆိုလျှင် မီးမဖွားခင် ၃ပတ်သာ ခွင့်ရရှိမှာဖြစ်ပါတယ်။ မိမိရဲ့ အလုပ်က အများဆုံးအနေနဲ့ သူအတွက် ခွင့် ၃၆ပတ်အထိ ခွင့်ပြုပေးထားနိုင်ပြီး အလုပ်မှထုတ်ပယ်ခြင်းလည်း ပြုလုပ်မှာမဟုတ်ပါဘူး။
၉။ တရုတ်
တရုတ်နိုင်ငံကတော့ မီးဖွားခွင့်ကို ရက်ပေါင်း ၉၀ ကနေ ၁၂၀ ထိရရှိနိုင်မှာဖြစ်ပြီး လူရဲ့ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်ပေါ်မူတည်ပြီး ခွင့်ရှည်ပေးသင့် မပေးသင့်ဆုံးဖြတ်ပြီး တရားဝင်ခွင့်ရှည်ကို ပေးဆောင်သွားမှာဖြစ်ပါတယ်။ အသက်အရွယ်ကြီးတဲ့သူတွေအတွက်တော့ ခွင့်ကြာကြာရရှိမှာဖြစ်ပါတယ်။
၁၀။ အိုက်စလန်နိုင်ငံ
အိုက်စလန်နိုင်ငံရဲ့ မီးဖွားခွင့်ကတော့ အနည်းငယ် ထူးခြားနေပါတယ်။ သူတို့ရဲ့ ပုံသေနည်းက ၃-၃-၃ ဆိုတဲ့ပုံသေနည်းအတိုင်း ပထမဦးဆုံး မီးဖွားပြီး ၃လကို မိခင်မှ ထိန်းကျောင်းရပါတယ်။ နောက် ၃လကို ဖခင်ကထိန်းကျောင်းရပါတယ်။ နောက်ဆုံး ၃လကိုတော့ မိဘနှစ်ဦးစလုံးက ထိန်းကျောင်းခွင့် ရရှိမှာဖြစ်ပါတယ်။
၁၁။ အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံမှာတော့ မီးဖွားခွင့်ဟာ မိမိအိမ်မှာရှိတဲ့ ကလေးအရေအတွက်ပေါ်မူတည်ပြီး ခွင့်ပေးတာဖြစ်ပါတယ်။ မိမိအိမ်မှာ နောက်ထပ်ကလေး ၁ယောက် သို့မဟုတ် ၂ယောက်ရှိတယ်ဆိုရင် မီးဖွားခွင့်ကို ရက်ပေါင်း ၁၈၂ရက်ထိရရှိမှာဖြစ်ပြီး ၂ယောက်ထပ်ပိုတဲ့ ကလေးတွေရှိရင်တော့ သူမအတွက် မီးဖွားခွင့်က ရက်ပေါင်း ၈၄ရက်သာ ရရှိမှာဖြစ်ပါတယ်။
၁၂။ ယူအေအီးနိုင်ငံ
ယူအေအီးနိုင်ငံရဲ့ မိခင်တွေအတွက် မီးဖွားခွင့်ဟာ သူတို့ရဲ့ အလုပ်အကိုင်ပေါ်မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ပုဂ္ဂလိကကုမ္ပဏီမျိုးမှာ အလုပ်လုပ်သူတွေအတွက် မီးဖွားခွင့်ကို ရက်ပေါင်း ၄၅ရက်သာရရှိမှာဖြစ်ပြီး အစိုးရထဲမှာအလုပ်လုပ်တဲ့ ဝန်ထမ်းတွေကတော့ ရက်ပေါင်း ၉၀ မီးဖွားခွင့်ရရှိမှာဖြစ်ပါတယ်။
#Lifestyle_Myanmar
#Thar_Nage
မုန့်ဖုတ်ဆိုဒါရဲ့ ဘက်စုံ အသုံးဝင်ပုံ (၉)မျိုး
Unicode
အခြားနိုင်ငံတွေမှာ မိခင်တစ်ယောက် ကလေးမီးဖွားပြီဆိုရင် တရားဝင်ခွင့်နဲ့ ထောက်ပံ့မှုတွေ ဘယ်လိုပြုလုပ်ပေးသလဲ။