စိုပြေစေပါတယ်။ နာနတ်သီးနဲ့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာကိုတွဲပြီး စားသုံးပေးခြင်းဟာ သင့်အတွက် ထိရောက်စွာအဆီချပေးပြီး တစ်ပတ်အတွင်းမှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီကို လျော့ကျစေပါတယ်။
#Lifestyle_Myanmar
#Thar_Nage
သူ့ကောင်မလေးရဲ့ဘရာစီယာအတွင်းက ထူးဆန်းတဲ့ အိတ်တွေကို ရှာတွေ့ခဲ့တဲ့အမျိုးသား
Unicode
အခြားသူတွေ အပြစ်တင်ရက်စရာမရှိအောင် လှပချင်ရင်တော့ ဒီအချက်တွေသိထားဖို့လိုပြီးနော်။
၁။ အသားအရေကိုးလှပပြီး ခါးကအဆီတွေကျဖို့အတွက်
အန္ဓာကိုယ်က အဆီတွေကို ဖျက်ဆီးနိုင်ဖို့အတွက် Citrus အုပ်စုထဲမှာပါဝင်တဲ့ သစ်သီးက သင့်အတွက် အရမ်းကောင်းမွန်ပြီး ရရက်အတွင်း ကိုယ်အလေးချိန်ကိုလျော့ချစေနိုင်ပါတယ်။ Citrus အုပ်စုထဲမှာပါဝင်တဲ့ နာနတ်သီးနဲ့ ပရိုတိန်းဓာတ်ပါဝင်တဲ့အစားအစားဟာ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီတွေကို ဖျက်စီးပစ်နိုင်အောင် ကြီးမားတဲ့ အက်ဆစ်ဓာတ်တွေပါဝင်ပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံဖြစ်တာကြောင့် သင့်အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အသားအရေကိုလည်း
စိုပြေစေပါတယ်။ နာနတ်သီးနဲ့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာကိုတွဲပြီး စားသုံးပေးခြင်းဟာ သင့်အတွက် ထိိရောက်စွာအဆီချပေးပြီး တစ်ပတ်အတွင်းမှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီကို လျော့ကျစေပါတယ်။
၂။ ဝမ်းဗိုက်ကြွက်သား အဆီကျပြီး တင်းရင်းစေဖို့အတွက်
ခန္ဓာကိုယ်မှာ အဆီအများဆုံးခိုအောင်းနေနိုင်တဲ့ နေရာကတော့ ဝမ်းဗိုက်ပဲဖြစ်ပါတယ်။ ယောကျာ်းလေးတွေအတွက် ဗိုက်ပူတာဘာမှမဖြစ်သလိုခံစားရပေမဲ့ မိန်းကလေးအတွက်တော့ ဗိုက်ပူပြီး အဆီဖုံးလာရင်စိတ်ညစ်တာကများပါတယ်။ ဒါ့ကြောင့်ဝမ်းဗိုက်က အဆီတွေကို ချေဖျက်ပေးမဲ့ နည်းလမ်းလေးကတော့ မုန်လာဥနီနဲ့ ပန်းသီးကို ရအောင်စ ဆီ ဆတူရောစပ်ပြီး ဖျော်ရည်အဖြစ်သောက်သုံးပေးပါ။ တစ်နေ့ကို ၆ကြိမ်အထိသောက်သုံးနိုင်ပြီး သင့်ဝမ်းဗိုက်က အဆီတွေအတွက် အချိန်တိုအတွင်း
သိသာတဲ့ရလဒ်ကောင်းတွေရရှိနိုင်ပါတယ်။ ဒါ့အပြင် မနက်စာနဲ့ နေ့လည်စာအတွက် ကြက်ဥပြုတ်၊ မုန်လာဥနီ ထဲကို sour cream တစ်ဇွန်ထည့်ပြီး ရောနှောပြီး စားသုံးပေးပါ။ ညစာအတွက် သကြားမထည့်ဘဲ အစိမ်းရောင်လက်ဖက်ရည်ကိုသောက်သုံးပေးပါ။
၃။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူ/အညောင်းထိုင်တဲ့သူတွေ ကိုယ်ရေစစ်ဖို့အတွက်
ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူ ဒါမှမဟုတ် ထိုင်ခုံမှာပဲ တစ်နေကုန်အညောင်းထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေဟာ ကိုယ်အလေးချိန်တက်ပြီး အဆီတွေတစ်နေ့တစ်ခြား တိုးလာဖို့ အလားအလာရှိပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ တစ်နေ့တာအတွက် ပူစီနံနဲ့သံပုရာသီးကို ရေနွေပူပူဖြင့် ဖျော်ထားပြီး သင်နေ့စဉ်သောက်မဲ့ အချိုရည်တွေအစား ထိုဖျော်ရည်ကိုသောက်သုံးပေးပါ။ နေ့လည်စာတွင် သကြားမုံလာ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ် စတဲ့အစားအစာမျိုးကို စားသုံးပေးပါ။ ညဘက်ရောက်တဲ့အခါ
အခြား ဝိတ်တတ်စေမဲ့ မုန့်မျိုးစားသုံးမဲ့အစား စပျစ်ခြောက်၊ သံပုရာခြောက် စတဲ့ အသီးခြောက်လေးတွေကို ရေနဲ့အတူ စားသုံးပေးပါ။ ပူစီနံနဲ့ သံပုရာရည် သောက်သုံးခြင်းကြောင် သင့်ရဲ့ဝမ်းအတွင်း သန့်ရှင်းပြီး အသားအရေကိုကြည်လင်သန့်ရှင်းစေပါတယ်။
၄။ ဘရာစီယာကို တင်းကြပ်စွာဝတ်ဆင်ခြင်း
အမျိုးသမီးများအနေနဲ့ အိပ်တဲ့အခါမှာ ဘရာစီယာကို ချွတ်ပြီး အိပ်ခြင်း ဒါမှမဟုတ် သက်သောက်သက်သာရှိမဲ့ အတွင်းခံ အကျီ င်္မျိုးကိုရွေးချယ်ဝတ်ဆင်ပြီး အိပ်စက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘရာစီယာကို တင်းကြပ်စွာဝတ်ဆင်ခြင်း၊ ကြိုးတစ်ချောင်း ဘရာစီယာများဖြင့် အိပ်စက်ခြင်းဟာ ရင်သားကို တင်းကြပ်စေပြီး သွေးလည်ပတ်မှုစနစ်ကိုများ မကောင်းမွန်ခြင်း၊ အရေပြား ယားယံခြင်း၊ နာကျင်ခြင်း၊ ဘရာစီယာကြိုးဖြင့်ဖိထားတဲ့ အသားအရေနေရာတစ်ဝိုက် ရောင်ယမ်းခြင်း၊ မဲခြင်းများဖြစ်ပေါ်တက်ပြီး ရင်သားကြီးထွားမှုနှုန်းကိုလဲ ဆုတ်ယုတ်စေပါတယ်။ ဒါကြောင့် အမျိုးသမီးများ ညဘက်အိပ်စက်တဲ့အခါမှာ သက်သောက်သက်သာရှိစေမဲ့ အတွင်းခံအကျီ င်္ကို ဝတ်ဆင်ပြီး အိပ်သင့်ပါတယ်။